Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၅၁

သမီးလေးက ကောင်းလေးကို ငွေ့ရည်နေမကောင်းတဲ့အချိန်အတွင်းမှာ ခင်တွယ်သွားသည်ထင်ရဲ့..။ကောင်လေး လက်ထဲရောက်သွားရင် ငွေ့ရည်ပြန်ခေါ်လို့ မရတော့ပါလေ။အလုပ်သွားတဲ့အချိန်ဆို ပိုဆိုးသည်။ငွေ့ရည်ရဲ့ လက်ထဲကနေ သူ့အဖေကို လက်ကလေးကမ်းပြီး ငိုယိုပြီး ချီခိုင်းပုံလေးက သနားစရာကောင်းသည်..။အဲလို သူ့အဖေက အလုပ်မသွားတော့ဘဲ သူ့သမီးအနားမှာ အချိန်ကုန်တော့သည်။

ဒါကလဲ အကြောင်းပြချက်ပါပဲ။သမီးအကြောင်းပြပြီး ငွေ့ရည်ကို သူ့စကားကြွယ်ကြွယ်နဲ့ စိတ်ယိုင်အောင်လုပ်နေတာ..။ငွေ့ရည် မသိရအောင် ကလေးမှမဟုတ်ပဲ..။ခဏလေးအတွင်းမှာ သမီးလေးရဲ့ အချစ်ကို ပေါပေါသီ ရနေတဲ့ ကောင်လေးကို မနာလိုမိပါရဲ့..။ငွေ့ရည်ရဲ့ အချစ်တွေကိုပါ ငွေ့ရည်မသိအောင် ခိုးယူသွားကိုလဲ မကျေနပ်ပါ..။

တဖြေးဖြေးနဲ့ အချိန်တွေကုန်လာလိုက်တာ မနက်ဆို ကောင်လေး ဘွဲ့ယူမယ့်နေ့ကို ရောက်လာခဲ့ပြီ။မနက်ဆို ကောင်လေးကို ဘွဲ့ဝတ်စုံနဲ့ မြင်ရတော့မယ်။ကိုကိုနဲ့မမတော့ ကောင်းလေးအတွက် ဂုဏ်ယူနေတော့မှာ အသေအချာပါပဲ။

သမီးလေးရဲ့ဘေးနားမှာ အိပ်ပျော်နေသော ကောင်လေးရဲ့ ပါးပြင်ကို သူမရဲ့လက်ကလေးနဲ့ အသာကိုင်ပြီးနောက် ဖြောင့်စင်းတဲ့ နှာတံလေးကို လက်ညိုးလေးနဲ့ ထိတို့ပြီး တစ်ဆက်ထဲ နီထွေးနေတဲ့ နူတ်ခမ်းတစ်စုံရယ်ကို ထိတို့လိုက်၏။ထို့နောက် နူတ်ခမ်းလေးကို သူမရဲ့နူတ်ခမ်းလေးနဲ့ ဖွဖွလေး ထိကပ်နမ်းလိုက်သည်မှာ နူတ်ခမ်းနှစ်စုံ ထပ်တူကျသွားတော့သည်။

မနက်မိုးလင်းတာနဲ့ ငွေ့ရည် ကောင်လေးအတွက် အကုန်ပြင်ဆင်ပေးထားပြီးသားဖြစ်လေသည်။ကောင်လေးက ယောကျ်ားလေးဆိုတော့ မိန်းမသားတွေလို မပြင်မဆင်ရတာကြောင့် ငွေ့ရည် သမီးလေးကို ရေချိုးပေးပြီး အဝတ်အစား ဝတ်ပေးလိုက်သည်။

"မမူရေ သမီးကို ခဏထိန်းပေးဦး...''

"ဟုတ်ကဲ့ မမလေး...''

ငွေ့ရည် မမူကို သမီးပေးထားပြီး ရေချိုးလိုက်တယ်။ပြီးတော့ မျက်နှာကလေးကို မိတ်ကပ်ပါးပါးကြည်ကြည်လေး လိမ်းလိုက်ပြီး နူတ်ခမ်းတစ်စုံကိုလည်း နူတ်ခမ်းနီးလေး ဆိုးလိုက်၏။မျက်နှာ အစိတ်အပိုင်းအားလုံးကို ခြယ်သပြီးတာနဲ့ အဝတ်အစား ဝတ်ပြီးမှ ဆံပင်ကို တစ်လွှာကလေး စီးလိုက်ပါတော့သည်။

ငွေ့ရည်နဲ့သမီးလေး ပြင်ဆင်လို့ပြီးသွားတာတောင် ကောင်လေးက မနိုးသေးချေ။ထို့ကြောင့် စိတ်ပူသွားရသည်။ကောင်လေးရဲ့ ရင်ဘတ်လေးပေါ်ကို ငွေ့ရည် နားလေးကပ်ပြီး နားထောင်ကြည့်လိုက်တော့သည်။

"မင်းခန့်ကိုကို..နင်မထသေးဘူးလား..ဘယ်အချိန်မှထပြီး ဘယ်အချိန်မှ ဘွဲ့သွားယူမှာလဲ..''

"ထပြီ..''

ငွေ့ရည် စိတ်တိုသွားတာနဲ့ အော်လိုက်တော့၏။ဘွဲ့ယူမယ့်သူက သူလားကိုယ်လားတောင် မခွဲခြားတက်တော့ဘူး..။တကယ်ပါပဲ..။

ရေချိုးခန်းထဲ ဝင်သွားတော့လည်း တော်တော်နဲ့ပြန်မထွက်လာတာကြောင့်

"မင်းခန့်ကိုကို ငါ စိတ်တိုလာပြီနော်..''

"ပြီးပြီ.. ''

ထွက်လာတော့ ခေါင်းတစ်ခါသုတ်နေတာ မပြီးတော့ဘူး..။စိတ်မရှည်တဲ့ ငွေ့ရည်ကပဲ သူ့လက်ထဲက သဘက်ဆွဲယူပြီး သူ့ကို မွေ့ယာပေါ်ထိုင်ခိုင်းပြီး သုတ်ပေးလိုက်ရသည်။မကျီလည်း ဝတ်ပေးလိုက်သည်။ပုဆိုးပဲ မဝတ်ပေးလိုက်ရတာပဲရှိတယ်..။

"မင်း မပျော်ဘူးလား...''

"အင်း''

"ဘာလို့လဲ...''

"ငွေ့ကို လက်လွှတ်ပေးရတော့မှာမို့လို့လေ...''

ဒီလိုကျတော့လည်း ငွေ့ရည် ရင်ထဲမကောင်းပေ။

"မင်းရဲ့မပျော်မရွင်ဖြစ်နေတဲ့ မျက်နှာနဲ့ဆို ငါ မင်းအနားမှာ ရပ်ပြီး ဓာတ်ပုံရိုက်ခံမှာ မဟုတ်ဘူးနော်...''

"အင်းပါ..ကိုယ် ကြိုးစားပြီး ပြုံးနေပါ့မယ်နောက်ပြီး ကျေးဇူးပါ ငွေ့...''

"ဘာအတွက်လဲ...''

"ကိုယ်ဘွဲ့ယူတဲ့နေ့မှာ ရှိပေးလို့...''

ထိုအခါ ငွေ့က ခေါင်းလေးညိတ်ပြီး ပြုံးလေသည်။ထိုအပြုံးလေးက သူ မေ့နိုင်မည် မဟုတ်ပါ။

မင်းခန့် ကျောင်းကိုရောက်လာသည်အထိ မျက်နှာထက်မှာ အပြုံးအရယ်မရှိ တည်တံ့လွန်းနေသည်။ငွေ့ရည်က သူ့ကို မျက်နှာကလေးဆူပုတ်သွားတော့မှ မပီမပြင်သော အပြုံးလေး ထွက်ပေါ်လာခဲ့သည်။သူများတွေအတွက် ဘွဲ့ယူတဲ့နေ့က အပျော်ဆုံးနေ့ဆိုသော်လည်း သူ့အတွက်ကတော့ ဘဝမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ပါပဲ။

"အမ လှလိုက်တာ.. သွန်းသွန်းထက်တောင်နုသေးတယ် သိလား...''

"တကယ်လား...မုန့်ဝယ်ကျွေးမယ်နော်...အခုတော့ မဟုတ်ဘူး..နောက်ရက် ကောင်လေးဆီကနေ ဓားပြတိုက်ပြီး ဝယ်ကျွေးမယ်...''

ဘွဲ့ဓာတ်ပုံရိုက်တဲ့အခါ သမီးလေးက ကောင်လေးရဲ့ လက်ထဲမှာ ပြုံးပျော်လို့..။အမွှာနှစ်ယောက်ကလည်း သူတို့အစ်ကိုရဲ့ခေါင်းစောင်းကိုယူပြီး ပိုစ့်တွေပေးလိုက်တာ အမောပင်။ကိုကိုနဲ့မမကတော့ သူ့တို့သားကိုကြည့်ပြီး ပီတိတွေဝေဖြာလို့..။

"ငွေ့နဲ့ကိုယ် နှစ်ယောက်ထဲပုံလေး ရိုက်ချင်လို့..ရလား''

"အင်း..''

နှစ်ယောက်ထဲ ရိုက်ချင်တယ်ပြောပြီး အပြုံရယ်မရှိ ကျောက်ရုပ်ကြီးလို့ ရပ်နေတာကြောင့် ငွေ့ရည်ဘက်ကနေ စပြီး ပုံလှလှလေးတွေ ထွက်အောင် ကောင်လေးရဲ့ပါးပြင်လေးကို နမ်းလိုက်ကာ ဦးဆောင်လိုက်ရသည်။

"ဟင်...''

"ဘွဲ့ရလို့ လက်ဆောင်ပေးတာ ကြိုက်တယ်မဟုတ်လား...''

"အင်း...''

ထိုမြင်းကို မြင်လိုက်ရသည့် ကောင်းက ပြုံးလိုက်သည်။ငွေ့ရည်ရဲ့ စိတ်ထဲမှာ သားဖြစ်သူအပေါ် အချစ်တွေရှိနေတာကြောင့်လည်း ဝမ်းသာသွားတော့သည်။သူ့သားသမီးပမာ စောင့်ရှောက်လာတာကြောင့် ငွေ့ရည်ရဲ့ ရင်ထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ အကုန်သိသည်။

"မောင် ဘာတွေပြုံးနေတာလဲ...''

"ဒီလိုပဲ ချိုရာ...''

"ချိုနဲ့သားက မပျော်နိုင်ဖြစ်နေတာကို..မောင်နဲ့မောင့်မွေးစားညီမကတော့ ပျော်နေတယ်ပေါ့လေ.. အေးပေါ့လေ..မောင်တို့..!''

"ဆက်မပြောပါနဲ့လား ချိုရယ်...သား ဘယ်လောက်ခံစားရမလဲဆိုတာ မောင်လဲ ခံစားဖူးတော့ ချို့ထက်မောင် ပိုသိပါတယ်ကွာ...''

"ဒါပေမယ့်..!''

"မောင့် ညီမလေးအကြောင်း မောင့်ထက် ချိုက ပိုသိပါ့မလား...အဲဒါကြောင့် စိတ်မကောင်း မဖြစ်နဲ့..မောင့်မိန်းမ ကျန်းမာရေးထိခိုက်မယ်...မောင်ပြောတာကို ယုံလိုက်...''

"အင်းပါ မောင့်ကို ယုံလိုက်မယ်...''

မောင်က မြေးမလေးကို သားလက်ထဲကနေ ခေါ်လိုက်၏။မြေးမလေးက သားလက်ထဲကနေ ချီလိုက်ထဲက မျက်ရည်တွေ ပေါက်ပေါက်ကျပြီး ငိုပါတော့သည်။

"မရဘူး ဖေဖေ..သားကို ပြန်ပေးပါ...''

"ရတယ်...ခဏနေ မောရင် တိတ်သွားလိမ့်မယ်..သားတို့ ရှင်းစရာရှိတာကို အိမ်ရောက်ရင် တစ်ခါထဲ ရှင်းလိုက်ကြတော့...ရှင်းပြီးသွားရင် ညီမလေးက ကိုကိုတို့အိမ်မှာ လာအိပ်..မနက်မိုးလင်းရင် ထက်ဝေယံနဲ့ မိုးကုတ်သွားဖို့ပြင်ဆင်ထားတော့..ကလေးကို ကိုကိုခေါ်သွားမယ်...''

ကောင်းပြောတဲ့ အခါ နှစ်ယောက်စလုံး မျက်နှာပျက်သွားသည်။ကောင်းလည်း မသိချင်ယောင်ဆောင်ပြီး လှည့်ထွက်လာခဲ့သည်။ထိုအခါမှ ချိုဟာ ကောင်းရဲ့အကြံကို သဘောပေါက်ပြီး ကောင်းနဲ့အတူ ပြုံးလိုက်၏။

"ချို့ ယောကျ်ားက တော်လိုက်တာ..''

"မောင်တော်တာ မောင်သိပါတယ်ကွာ..အခုတော့ လွတ်ထားလိုက် မောင်တို့သွားကြမယ်...''

"အင်းပါ မောင်...''

************** ****************

"တကယ် အဲဒီလို လုပ်မှဖြစ်မှာလား...ငွေ့က ကိုယ့်ကို မုန်းနေတာဆိုတော့ လုပ်နိုင်တာကို သိပါတယ်...ကိုယ်က ငွေ့ကို အများကြီး ချစ်တယ်..အဲဒါကြောင့် ကိုယ် မလုပ်နိုင်ဘူး... ကိုယ် ကတိမတည်နိုင်ဘူး ငွေ့...ကိုယ့်ဘဝမှာ မင်းနဲ့သမီးမရှိလို့မဖြစ်လို့ပါ...မကွာရှင်းပါရစေနဲ့ကွာ...ငွေ့နဲ့သမီးလေးသာ ကိုယ့်အနားမှာ မရှိရင် ကိုယ်သေသွားလိုက်မယ်...ကိုယ် ငွေ့ကို အရမ်းချစ်လို့ပါ...''

မင်းခန့် ငွေ့ရည်ကို တကယ်ဆုံးရူံးလိုက်ရမယ်ဆိုတော့ သူ ဘယ်လိုမှ လက်မခံနိုင်ဖြစ်နေတော့သည်။သူ့အနားမှာ နေ့ရက်ကစ ငွေ့ကိုမတွေ့ရတော့ဘူး ဆိုသည့်အသိက ရင်ဘတ်ကို မီးမြိုက်နေသလို ပူလောင်နေသည်။

ငွေ့ ကို ညိုးနွမ်းလျတဲ့ မျက်ဝန်းနဲ့ ကြည့်ပြီး ယောကျာ်းတန်မယ့် ဒူးထောက်မတက် ငိုကြွေး တောင်းပန်နေရှာသည်။

သူ့ကိုကြည့်ရင်း ငွေ့ရည်လည်း မျက်ရည်တွေ အလိုလိုစီးကျလာသည်။ငွေ့ရည် ကောင်လေးက ငိုသည်တဲ့လား..။ငွေ့ရည် ကောင်လေးကို ဖက်လိုက်ပြီး

"တကယ်လား..ငွေ့ကို တကယ် ချစ်တာဟုတ်ရဲ့လား...သမီးကြောင့် မဟုတ်လား..''

"သမီးကြောင့်မဟုတ်ပါဘူး..ကိုယ်က ငွေ့ကို ချစ်လို့ မခွဲနိုင်တာပါ ငွေ့ရယ်...ကိုကို့ကို ယုံပါ...''

မူးမိုက်တာသည့် ခေါင်းကြောင့် ငွေ့ရည် မျက်လုံးတွေ ပြာဝေသွားပြီး သူ့ရင်ထဲမှာ ပျော့ခွေသွားပြီး အမှောင်အတိဖြစ်သွားတော့သည်။

"ဟင်..ငွေ့..ငွေ့...ဘာဖြစ်သွားတာလဲ...''

မင်းခန့် ငွေ့ရည်ကို ပွေ့ချီကာ အခန်းထဲက ပြေးထွက်လာခဲ့သည်။ဆေးရုံကို ရောက်တော့မှ အန်တီနုနယ်ဆီက စကားကို ကြားရတော့မှ အပူလုံးကျသွားပြီး ဝမ်းသာလုံးဆို့တက်လာခဲ့သည်။

ငွေ့ရည် သတိရလာတော့ နှာခေါင်းထဲ တိုးဝင်နေသည့် အနံံ့ကြောင့် ဆေးခန်းရောက်နေတာကို သိလိုက်ရသည်။သူမ ဘာကြောင့်ရောက်လာတာလည်းဆိုတာကိုလဲ ပြောစရာမလိုအောင် သိနေခဲ့သည်။

"ငွေ့ သတိရလာပြီ..ခေါင်းမူးသေးလား..အနအချင်လား...''

"ဟင့်အင်း..''

"ကျေးဇူးပါ ငွေ့ရယ်..ကိုကို့အတွက် နောက်တပ် ကလေးလေး မွေးပေးလို့...''

"အင်း...''

"ငွေ့က မပျော်ဘူးလား..ကိုကိုတော့ သိသိချင်း အရမ်းပျော်သွားတာပဲ...''

"ကောင်လေး ပျော်ရင်ပြီးတာပဲ....''

"ငွေ့..ဒီကလေးကို မလိုချင်ရင်..!''

ငွေ့ရည် မင်းခန့်ပြောလာမည့်စကားကို သိလိုက်တာကြောင့် မင်းခန့် နူတ်ခမ်းကို သူ့လက်ညိုးလေးနဲ့ ပိတ်လိုက်၏။

"ငွေ့ သိနေပြီးသားပါမို့ မအံ့သြတော့ပါ...တစ်မျိုးမထင်နဲ့ သိလား...ဒီကလေးကိုလဲ အများကြီး ချစ်ပေးရမယ်နော် ကိုကို...''

"ဘယ်လို ခေါ်လိုက်တယ်..ကိုကို လို့ ခေါ်လိုက်တာ မဟုတ်လား ငွေ့...''

"အင်း...အရင်လိုချွဲချင်လို့ ကိုကိုလို့ ခေါ်တာမဟုတ်ဘူးနော်..နောက်နှစ်လုံးကို ကြိုက်လို့ ခေါ်တာ သိလား...''

မင်းခန့် သူမရဲ့ နဖူးလေးကို နမ်းပြီးနောက် ဗိုက်ပြားပြားကလေးကို ပွတ်သတ်ပြီး ခပ်ရေးရေးလေးပြုံးလိုက်ပါတော့သည်။ငွေ့ရည်လည်း မင်းခန့် ပျော်နေတာကိုကြည့်ပြီး ပြုံးနေပါတော့သည်။

မကွာရှင်းလိုက်ရဘဲ ကလေးပါရှိနေတယ်ဆိုတဲ့ သတင်းစကားကြောင့် နောက်မနက်မှာ သူငယ်ချင်းတွေက အိမ်ကိုရောက်လာခဲ့ပြီး သူ့ကို ဝိုင်းစနောက်ကြလေသည်။သူငယ်ချင်းတွေက စနောက်ကြသော်လည်း သူ့မှာအပြုံးအပျက်ပေ။

"ငါတို့က မင်းများကွာရှင်းခံလိုက်ရလို့ ငိုနေသလား ဆိုပြီး လာနှစ်သိမ့်တာကွာ...ငါတို့ကဘဲမင်းဆီကနေ နှစ်သိမ့်ပေးမှု ယူရတော့မယ့်အတိုင်းပဲကွာ...''

"ဟား... ဟား...သူတော်ကောင်းကိုကွ..နတ်ကောင်းမတာ မဆန်းပါဘူး သူရိန်ရာ ..''

သူရိန်ကို အောင်နိုင်သူ ပီပီ အားပါးတရ ရယ်မောပြီး ရယ်ကျဲကျဲနဲ့ ပြောလိုက်၏။ဇွဲပြည့်ကတော့

"မင်းခန့်တို့များ မိန်းမနဲ့ကလေးကတစ်ယောက်တစ်ဗိုက်နဲ့ ဘွဲ့လဲရသွားပြီး အကုန်လုံးကို ပြည့်စုံနေတော့ပဲ...''

"အဲဆို မင်းလည်း သွန်းသွန်းကို ဖမ်းဆွဲထားလိုက်တော့လေကွာ...''

"မင်းခန့်စုတ်နော်..ငါ အမနဲ့တိုင်မှာနော်..''

"ငါက နင့်ကိုအပျိုကြီး ဖြစ်မှာဆိုးလို့ပါ သွန်းသွန်းရာ..နင်မကြိုက်ရင်မပြောတော့ဘူး..ငွေ့နဲ့တော့ မတိုင်ပါနဲ့..ဟဲဟဲ..''

မင်းခန့် ရှေ့က သုံးယောက်ကို ရယ်မောပြီး ပြောလာခဲ့သမျှ မိုးညနဲ့ကြမှ မရယ်နိုင်ပါ။

"ငါကတော့ မင်းသမီးကိုပဲ စောင့်နေတော့မယ်ကွာ...''

"ခွေးကောင်...ငါ့သမီးတော့မရဘူး..ငါ့ လက်သီးပဲရမယ်...''

"ဟားဟား..နောက်တာပါ ယောက္ခထီးကြီးရာ...စိတ်လျော့ပါ...''

ငွေ့ရည်ကတော့ သူတို့ကိုကြည့်ပြီး ပြုံးနေတော့သည်။သမီးလေးကလည်း သူ့အဖေရယ်တဲ့အခါ တခစ်ခစ်နဲ့ လိုက်ရယ်လေသည်။ထိုအခါ သမီးလေးကို မိုးညက နမ်းတော့ သူ့မှာ မျက်စီမျက်နှာကို ပျက်လို့နေသည်။ထိုအရိပ်အကဲ မြင်တဲ့မိုးညက ပိုပြီး နမ်းပါသည်။သမီးလေးကတော့ မိုးညနမ်းတာ မငိုတဲ့အပြင် သဘောတွေကျလို့ နေတော့သည်။

ငွေ့ရည် ကောင်လေးကို ကြည့်ပြီး ပြုံးမိတယ်..။သူ့သမီးသေးသေးလေးကို သဝန်တိုနေပါတယ်တဲ့...ဗိုက်ထဲက ကလေးလေးတောင် မိန်းကလေးသာဆို ကောင်လေးနဲ့ သမီးနှစ်ယောက်နဲ့ တွေ့ပါပြီ..။သံကွန်ချာ ခုနစ်ထပ်နဲ့များ အုပ်ထားမလား မပြောပါ..။

သမီးလေးမေမေရဲ့ ဗိုက်ထဲမှာ မောင်လေးရှိနေပြီ..မောင်လေးအပြင်ထွက်ရင် မေမေ့ကိုကူပြီး ဝိုင်းထိန်းပေးမယ်နော်...

ခစ်..ခစ်...

« ရှေ့အခန်း - အပိုင်း၅၀ နောက်အခန်း - (အပိုင်း ၅၂)ဇာတ်သိမ်းပိုင်း »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ