"ကိုယ်တို့ ရောက်ပြီငွေ့..''
ငွေ့ရည်နိုးလာတော့ ငွေ့ရည်ကို ပြုံးပြီး ပြော၏။ငွေ့ရည်လည်း သူရောက်ပြီပြောတော့ ကားပေါ်ကနေ ဆင်းလာတော့ အိမ်မဟုတ်ပါဘဲ သူကုမ္ပဏီရှေ့ဖြစ်နေ တယ်။ထို့ကြောင့် သမီးလေးကို ချီထားရင်း သူ့ကို မျက်ကုတ်ပြီး ဘုကြည့်ကြည့်လိုက်သည်။
သူကတော့ ငွေ့ရည်ကိုဘာမှမပြော သူ့သမီးကို ငွေ့ရည်လက်ထဲက ချီလိုက်ပြီး ဝင်သွား၏။ငွေ့ရည်လည်း သူ့နောက်က လိုက်ခဲ့ရတော့တယ်။ အထဲရောက်တော့ သူက ငွေ့ရည်ရဲ့ပုခုံးလေးကို လှမ်းဆွဲဖက်လိုက်၏။လှပ်ရပ်တပြတ် သူ့ရဲ့ လုပ်ရက်ကြောင့် မျက်လုံးပြူးလေးနဲ့ သူ့ကိုမော့ကြည့်မိလိုက်သည်။ထိုအခါ သူပြောလိုက်သည့် စကားသည်မှာ
"ကိုကို ချောပြီးသားပါ အဲလောက်ကြည့်စရာ မလိုပါဘူး ငွေ့တဲ့..''
ငွေ့ရည်လည်း သူ့ရဲ့ ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်၏။လက်သည်းမရှိတော့ မနာပါဘူးထင်ရဲ့..။ပြုံးတောင်နေသေးသည်။ သူ့ဝန်ထမ်းများက ငွေ့ရည် သူ့ကို သတ်နေတာကို သူတို့အမြင်မှာ ကြည်စယ်နေသလားလို့ ထင်နေသလားမသိပါ။အပြုံးချိုချိုလေးများနဲ့ ကြည့်ကြပြီး ခေါင်းလေးညွန့်ပြီး နူတ်ဆက်ကြတယ်။ငွေ့ရည် အပြုံးကလေးနဲ့ ပြန်ပြီး နူတ်ဆက်လိုက်သည်။
ထိုအခါ သူ့မျက်ကြီးက ပြုံးဖြီးလို့ရယ်။
"သူဌေး ကျွန်တော် အကုန်လုံးတော့ ပြန်စစ်ပြီးသွားပါပြီ..ပိုသေချာသွားအောင် သူဌေးတစ်ခေါက်လောက်ပြန်စစ်ကြည့်ပြီး လက်မှတ်လေးထိုးပေးပါ...''
"ကျေးဇူးပဲ ကိုသက်ပိုင်...''
"မလိုပါဘူး သူဌေး..ကျွန်တော်တို့နဲ့သူဌေးက ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပါ..ဒါနဲ့သူဌေးနဲ့ သူဌေးကတော်လေးအတွက် သောက်စရာယူလာဖို့ အပူလား အအေးလားဗျ..''
"အမတို့မသောက်တော့ဘူး...သမီးဖေဖေ လက်မှတ်ထိုးပြီးတာနဲ့ ခဏနေ ပြန်တော့မှာ..''
မင်းခန့် ပြောလိုက်ချိန်တောင် မရလိုက်ပါ။ငွေ့က သူ့အစား ပြောလိုက်ပြီးသား ဖြစ်နေသည်။ကိုသက်ပိုင်ကတော့ ငွေ့က သူ့မကိုယ်သူမ အမရယ်လို့ ပြောဆိုလိုက်၍ မယားသည့်ခေါင်းကို ကုတ်ပြီး ထွက်သွားသည်။သူကတော့ သက်ပိုင်ပေးသွားသည့် ဖိုင်တွေကိုမစစ်ဘဲ သမီးကိုချော့မြူနေသော ငွေ့ကိုသာ ငေးကြည့်နေတော့သည်။
"ငါ့ကို ကြည့်နေလို့ အလုပ်ကပြီးသွားမှာလား မင်းခန့်ကိုကို...''
"ရှေ့နှစ်လုံးကိုဖြုတ်ပြီး နောက်ကနှစ်လုံးကိုပဲ ခေါ်ပါလား...''
"ဘာ..''
ငွေ့ရည် ရယ်ကျဲကျဲနဲ့ ပြောနေသော သူ့ကို မျက်စောင်းလေးထိုးလိုက်တော့၏။ထိုအခါ သူက ထိုင်နေရာကနေ ငွေရည့်တို့သားမိထိုင်နေသည့် နေရာကိုလာပြီး ရုတ်တရပ် ငွေ့ရည်ကို ပွေ့ဖက်လိုက်ရင်း လည်တိုင်ကြားမှာ မျက်နှာအပ်ပြီး မင်မက်မောမောနမ်းရှိုက်လိုက်သည့်အခါ မထင်ထားသော သူ့ရဲ့လုပ်ရက်ကြောင့် ငွေ့ရည် မငြင်းဆန်မိပါ။မျက်လုံးတစ်စုံကို မှိတ်လိုက်ပြီး သူ့လက်မောင်းကို ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။ပါးပြင်ကို နမ်းရှိုက်ကာ ထိုမှတစ်ဆင့် နောက်ဆုံး နူတ်ခမ်းတစ်စုံကို နမ်းရှိူက်လာသည်။အနမ်းတွေ ပြင်းရှနေ သည့် အသက်ရှူသံတွေဟာ အခန်းထဲမှာ ဖုံးလွှမ်းသွားလေသသည်။အသိလေးဝင်သည့်အခါ ငွေ့ရည် ရုန်းလိုက်တော့သည်။သူကတော့ ငွေ့ရည်ကို မလွတ်ပေးဘဲ တင်းကြပ်စွာဖက်ထားပြီး မက်မက်မောမော နမ်းရှိုက်လာလေသည်။အနမ်းတွေက မွတ်သိပ်ပြီး ကြမ်းလာတော့သည်။သမီးလေးကတော့ သူတို့ကိုကြည့်ပြီး တခစ်ခစ်နဲ့ အသံထွက်အောင် ရယ်နေတော့သည်။ထိုအခါမှ ငွေ့ရည်ကို နမ်းနေရာမှ လွတ်လိုက်ပြီး
"ကိုယ်တောင်းပန်တယ် ငွေ့...ကိုယ်ကို စိတ်မဆိုးပါနဲ့.. ကိုယ် စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါနော်... ''
"မလိုဘူး..အခုချိန်ထိ ငါက မင်းရဲ့ဇနီးမယားတစ်ယောက်အဖြစ်ရှိနေသေးတာဆိုတော့ ဒီထက်ပိုတဲ့အရာတွေကိုလည်း မင်းမှာရယူပိုင်ခွင့်ရှိပါတယ်...''
"အဲလို မဟုတ်ဘူးလေ ငွေ့ရာ...ငွေ့ဘက် မကြည်ဖြူဘဲ ကိုယ်အတင်းအကြပ်ဘယ်တော့ မလုပ်ယူပါဘူး..အခုဟာလည်း ငွေ့က ချစ်စရာကောင်းနေလို့ ကိုယ်စိတ်မထိန်းနိုင်ဖြစ်သွားတာပါ...''
"ဟွန့်..ချစ်စရာကောင်းတယ်လို့ပြောရအောင် ငွေ့ရည်က သမီးလို ကလေးလည်း မဟုတ်ပါဘဲနဲ့..စကားတက်တိုင်း အပိုတွေ သိပ်ပြောတာပဲ..မုန်းချင်စရာကောင်းလိုက်တာ..မမုန်းနိုင်ဖြစ်နေတာက သိပ်ခက်တာပဲ ဟူး..''
ငွေ့ရည် သက်ပြင်းရှည်ကြီး ရှိုက်ချလိုက်တော့သည်။
"သွား..သွား.. မင်း လုပ်စရာရှိတာ သွားလုပ်တော့..ခဏနေ သမီးရဲ့အိပ်ချိန်ရောက်မှာ ..မအိပ်ရလို့ ဂျီကျရင် သိတဲ့တိုင်းပဲ...''
"ကိုယ့်ကို စိတ်မဆိုးမဟုတ်လား...''
"အင်း...''
"တကယ်လား...''
"အင်းလို့..''
"ငွေ့ တကယ်ပြောတာနော်...''
"အင်းပါလို့ဆိုနေ..ဘာလို့ ခဏခဏ မေးနေတာလဲ...ကိုယ့်အလုပ်ကိုသာ သွားလုပ်စမ်းပါ...''
မင်းခန့် ငွေ့ရည်ကိုတော့ ထပ်မနမ်းတော့ဘဲ သမီးလေးကိုသာ နမ်းလိုက်ပြီးမှ သူ့အလုပ်စားပွဲကို ပြန်လာခဲ့သည်။သူ ငွေ့ကို အကြာကြီး နမ်းရှိုက်လိုက်ရတာကြောင့် သူ့နူတ်ခမ်းကို ကိုင်လျက် ပြုံးနေသည်မှာ မျက်နှာပိုးကမသေတော့ချေ။
အိမ်ရောက်လာတဲ့ အထိလည်းမျက်နှာပိုးကမသေသေးပေ။မမူနဲ့မပိုးလေးကတော့ သူနဲ့ငွေ့ကို အဆင်ပြန်ပြေသွားပြီးလားလို့ အနားကပ်ပြီး တိုးတိုးလေးမေးရှာသည်။အဆင်ပြေတယ်လဲမဟုတ် မပြေဘူးလဲမဟုတ်တော့ ဘယ်လိုဖြေရမှန်းကို မသိပေ။ဒါပေမယ့် ငွေ့ဟာ အရင်ရက်တွေက သူ့အပေါ် ခပ်တင်းတင်းမရှိတော့တာကြောင့် ငွေ့ဟာ သူ့အချစ်တွေကို ခံစားမိနေတယ်လို့ ခံစားရလေသည်။
"မင်းကို မမူတို့က ဘာတွေပြောနေတာလဲ...''
"ဟို..ကိုယ် ဘွဲ့ယူရင် သူတို့လည်း လိုက်ခဲ့ချင်လို့တဲ့..အဲဒါ ပြောတာ ငွေ့...''
"သြော်...''
ငွေ့ရည် ဆွဲငင်တဲ့အသံလေးရဲ့ ရေရွတ်လိုက်သည်။လက်ထဲ၌ အိပ်ပျော်လာသော သမီးလေးကြောင့် ဘာမှဆက်မမေးတော့ဘဲ အပေါ်ကိုသာ တက်လာခဲ့သည်။ကောင်လေးကလည်း နောက်ကနေ ထပ်ချက်တခွာ လိုက်ပါလာခဲ့သည်။သမီးလေးကို ကုတင်အိပ်ယာပေါ်မှာ နေရာချသိပ့်လိုက်ပြီး ကောင်လေးအတွက် ရေချိုးဖို့ ပြင်ဆင်ဖို့ရာ ရေချိုးခန်းထဲကို ဝင်ခဲ့သည်။အကုန်ပြင်ဆင်ပြီးတာနဲ့ ပြန်ထွက်လာခဲ့၏။
"မင်း ရေချိုးလို့ရပြီနော်...''
"အင်း...''
မင်းခန့် ငွေ့ရည် ပြောတာနဲ့ ရေချိုးခန်းထဲကို တန်းဝင်သွားတော့သည်။
ငွေ့ရည် ဒီနေ့ လမ်းတော်တော်လေးလျှောက်လိုက်ရလို့ထင်တယ်။ခန္ဓာကိုယ်တစ်ခုလုံး နုံးချီ့နေပြီး ပင်ပန်းနွမ်းလျနေသလို ခံစားနေရတာကြောင့် သမီးလေးရဲ့ ဘေးမှာ ဝင်လှဲလျောင်းအိက်လိုက်တော့သည်။ငွေ့ရည် အိပ်ပျော်သွားလိုက်သည်မှာ မင်းခန့် ပြန်ထွက်လာသည်ကိုတောင် မသိတော့ပေ။
မင်းခန့်လည်း ငွေ့ရည် ထုတ်ပေးထားတဲ့ အဝတ်အစားတွေကို ဝတ်လိုက်ပြီး ကုတင်မွေ့ယာစွန်းကနေ ထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့ ငွေ့ရည်ကို တစိမ့်စိမ့်ထိုင်ကြည့်နေပါတော့သည်။အိပ်ပျော်နေသော ငွေ့နဲ့သမီးလေးရဲ့ ပုံစံလေးတွေက သူ့အတွက် တန်ဖိုးမဖျက်နိုင်တဲ့ ပန်းချီးကား တစ်ချပ်နှယ်..။
ထိုအချိန် အပြင်ကနေ တံခါးခေါက်သံကြောင့် ငွေ့နိုးသွားမှာ ဆိုး၍ ငွေ့ဘေးနား ထိုင်နေရာကနေ ထလိုက်ပြီး မြန်ဆန်တဲ့ ခြေလှမ်းလျဲများနှင့် သွားလိုက်ပြီး တံခါးကိုဖြေးဖြေးလေးဖွင့်ပေးလိုက်ကာ သူ့ရဲ့လက်မကို အခန်းထဲကို ထိုးပြလိုက်တော့သည်။
ငွေ့ နိုးလာတော့မှ ရေမိုးချိုးပြီးသွားတော့မှ သူတို့ ထမင်းစားဖို့ အောက်ကိုဆင်းလာခဲ့သည်။ငွေ့က လုပ်ထုံးလုပ်နည်းအတိုင်း သူ့ပန်းကန်ထဲကို ဟင်းထည့်ပေးလာသည်။ငွေ့ကတော့ သူ့ကိုပြန်မကြည့်တော့ဘဲ သမီးလေးကိုသာ ထမင်းကျွေးနေသည်။သမီးလေးကို ဂရုတစိုက် ထမင်းကျွေးနေတဲ့ပုံစံလေးက မင်းခန့်ရင်မှာ ကြည်နူးမှုက အပြည့်..။သမီးကိုပဲ ထမင်းကျွေးနေလို့ ငွေ့ထမင်းစားပျက်မှာကို စိတ်ပူလာသည်။
"ငွေ့ သမီးကို မမူတို့ကို ကျွေးခိုင်းလိုက်ပါလား...''
"ရတယ်...''
"ငွေ့ ထမင်းစားလေ...ကိုယ် သမီးလေးကို ကိုယ်ကျွေးပေမယ်..ကိုယ့်ကို ပေး...''
"ရတယ်...''
သမီးလေးကို ကျွေးပြီးမှ ငွေ့က စားလေသည်။မင်းခန့် စားလို့ပြီးသွားသော်လည်း ထမင်းဝိုင်းက မထသေးဘဲ ငွေ့စားနေတာလေးကို တစိမ့်စိမ့်ထိုင်ကြည့်လေသည်။ငွေ့ စားလို့ပြီးသွားမှ သူက သမီးလေးကိုချီပြီး အပေါ်တက်လာခဲ့သည်။
တဖြေးဖြေးနဲ့ ငွေ့ဟာ သူ့အပေါ်ကို အရင်ရက်တွေလိုမဟုတ်တော့ဘဲ နူးညံ့လာတယ်လို့ ခံစားရလေသည်။သူ့ကို အရင်ကအကြောင်းတွေနှင့်လည်း အစဖော်ပြီး သူ့ကိုမပြောတော့ပေ။သူ သမီးကို နမ်းရင်လည်း ဘာမှမပြောပေ။ငွေ့ကိုတော့ သူနမ်းချင်ပေမယ့် ပြောထားသည့်စကားခံကြောင့် မနမ်းရဲပါ။အိပ်ပျော်နေသည့် အချိန်မှာတောင် တစိမ့်စိမ့်ကြည့်ရုံပဲ ကျေနပ်ခဲ့ရသည်။
**************** ****************
"Ring..Ring..''
"ဘာပြောမလို့လဲ...''
"ကိုယ် အလုပ်စားပွဲမှာ အစည်းအဝေးမှာ တင်ပြမယ့် ဖိုင်တွဲကျန်ခဲ့လို့ ..ငွေ့လာပို့ပေးပါလား..ကိုယ်အတွက် အရေးကြီးနေလို့...''
"အင်း...''
ငွေ့ရည်လည်း ဖိုင်တွဲကို ယူလိုက်ပြီး အောက်ကိုဆင်းလာရင်း မမူကိုပါ တစ်ဆက်တည်း ခေါ်လိုက်ပါသည်။မမူလာတဲ့ အခါ လက်ထဲက သမီးကို ပေးလိုက်ဖို့ပြင်၏။ထိုအခါ သမီးက မမူဆီကို မလိုက်ဘဲ ငိုယိုပြီး ငွေ့ရည်ကို ဖက်တွယ်ထားလေသည်။လုံးဝမရတဲ့အဆုံး သမီးကိုပါ ခေါ်သွားဖို့ ဖြစ်လာခဲ့သည်။
ကောင်လေးရုံးခန်းကို ရောက်တော့ အသံမပေးဘဲ စိတ်ဝင်တစား အလုပ်ကို အာရုံစိုက်ပြီးလုပ်နေတဲ့ ကောင်လေးကို ငေးကြည့်ရင်း ပြုံးလိုက်၏။ငွေ့ကသာ ကောင်လေး အလုပ်နောက်နှေးသွားမှာကြောင့် အသံတောင်မပေးရကို သမီးလေးက သူ့အဖေကို အသံပေးလိုက်ပါတော့လေ၏။
"ပေပေ ချီ...''
"ဟင်...သမီးပါပါလာတာလား...''
"ဟုတ်တယ်...သမီးက ထားခဲ့လို့မရတာနဲ့ ခေါ်လာလိုက်တာ...ရော့..ဒီဟာတွေလား ကြည့်ကြည့်အုန်း...''
"အင်း...''
မင်းခန့် ငွေ့ရည်ရဲ့ လက်ထဲကနေ သူ့ကို လက်ကမ်းပြီး ခေါ်ခိုင်းနေတဲ့ သမီးလေးကို နမ်းရင်း အရင်ချီလိုက်ပါတော့တယ်။သမီးလေးရဲ့မေမေကိုပါ နမ်းချင်သော်လည်း မနမ်းဘဲ မျက်နှာကလေးကိုသာ ကြည့်ပြီး တစ်နေ့နာအတွက် အားယူလိုက်ရသည်။
သမီးက သူ့အဖေကိုမြင်တာနဲ့ ငွေ့ရည်ကိုရှိတယ်လို့တောင် မထင်တော့ပေ။မြူးနေသော သားဖနှစ်ယောက်ကို ကြည့်ပြီး ငွေ့ရည် ကလိကလိနဲ့ရယ်..။ငွေ့ရည်က သူတို့သားဖအတွက် အပိုလူတစ်ယောက်ကိုဖြစ်လို့..။
"သမီးကို ပေးတော့ ပြန်တော့မယ်...မင်းလည်း လုပ်စရာရှိတာ လုပ်တော့...အစည်းအဝေးရှိတယ်ဆို...''
"အင်း..ဒါပေမယ့် မသွားသေးလို့ မရဘူးလား...ကိုယ် နေ့လည်စာ ငွေ့နဲ့တူတူစားချင်လို့ပါ...''
"ငါ ထည့်ပေးလိုက်တာက တစ်ယောက်စာထဲလေ..နှစ်ယောက် ဘယ်လိုစားမလဲ..မင်း မဝဘဲဖြစ်နေမှာပေါ့...''
"ငွေ့စားနေတာကြည့်ရင်းတောင် ကိုယ်က ဗိုက်ပြည့်တယ် သိလား....''
ကောင်လေးရဲ့ စကားကြောင့် ငွေ့မျက်နှာလေးမှာ ပြုံးရောင်သမ်းသွားတော့တယ်။
"ပြီးရော...သမီးကိုပေး အလုပ်ကိုသာလုပ်တော့...''
"ကျေးဇူးပါ ငွေ့ရယ်...ဒါနဲ့လေ ငွေ့ကိုနမ်းလို့ရမလား...''
"ဟင်..''
ကောင်လေးရဲ့ နူးညံ့ညင်သာသော အသံလေးရဲ့ပြောလာသည့်အခါ တဖြေးဖြေးနဲ့ ကောင်လေးရဲ့ အချစ်ကို ဦးညွတ်ချင်လာသည့် ငွေ့ရည်ရဲ့ နှလုံးသားလေးဟာ မမာကြောနိုင်ချေ။ငွေ့ရည် ခေါင်းညိတ်တော့မည့် ဆဲဆဲမှာ ကောင်လေးက သနားစရာ မျက်နှာလေးနဲ့ ငွေ့ရည်ကိုကြည့်ပြီး
"ပါးလေးပါပဲ ငွေ့ရယ်...ပါးလေးကိုတော့ နမ်းလို့ရတယ်မဟုတ်လား..''
"အင်း...''
ထိုအခါ ငွေ့ရည်လည်း မဆိုင်းမတွ ခေါင်းကိုညိတ်လိုက်သည်။
မင်းခန့် ခွင့်ပြုချက်ရသွားတာနဲ့ ငွေ့ရဲ့ ပါးပြင်လေးတွေကို ဘယ်ညာနမ်းလိုက်ပါတော့သည်။ထို့နောက်
"ကိုယ်တို့ မကွာရှင်းလို့မရဘူးလား ငွေ့ရယ်...''
"ဟင့်အင်း...''
အခန်းမှတ်ချက်များ (0)