Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၄၉

"ကိုခန့် သမီးလေးက ချစ်စရာလေးရယ်...အပြင်မှာ ပိုချစ်ဖို့ကောင်းသား ...ရယ်လိုက်ရင် ပါးချိုင့်လေးပါပါသေးတယ်တော်...သမီးချောလေး မွေးထားတော့ သန်ကွန်ချာနဲ့ အုပ်ထားရတော့မယ်နဲ့တူတယ် ကိုခန့်ရေ...တီတီပြောတာ ဟုတ်တယ်မလားမီးမီး...''

"ခစ်..ခစ်...''

မင်းခန့်ကတော့ ကြွေရုပ်ပြောတာကို သဘောကျ၍ ခေါင်းတညိတ့်ညိတ့်နဲ့ ပြုံးဖြီးနေတော့သည်။

ကြွေရုပ်ကတော့ သူပြောတာကို တခစ်ခစ်နဲ့ အသံထွက်အောင် ရယ်ပြလေသည့် အမုန်းလေးကိုကြည့်ပြီး သဘောကျ၍ မဆုံးပေ။ရယ်လိုက်ရင် ပါးချိုင့်လေးတွေပေါ်ထွက်လာတဲ့ ပါးဖောင်းဖောင်းလေးကို အသဲယားယားနဲ့ နမ်းလိုက်ပါတော့သည်။

"ဖေဖေ့သမီးလေးက တီတီပြောတာကို သိလို့ရယ်နေတာလား...''

ထိုအခါ သမီးလေးဟာ ခေါင်းညိတ်ပြလေ၏။

"ကိုခန့်သမီးလေးက အတက်ကလေး..

တော်တော်တောင်လည်နေပြီ...တစ်နှစ်ကျော်နေပြီဆိုတော့ စကားပြောနေပြီပေါ့နော်...''

"အင်း...ဖေဖေ မေမေ ခေါ်တက်နေပြီ..မပီကလာပီလာ ပေပေ မီမီဆိုပြီးတော့လေ...''

"ဟုတ်လားမီးမီး..တီတီကို ဖေဖေလို့ခေါ်ပြလား..''

ထိုအခါ ကြွေရုပ်လက်ထဲက အမုန်းလေးက ခေါင်းရမ်းပြလေ၏။မင်းခန့်လည်း သမီးလေးရဲ့ ပေပေလို့ ခေါ်သံလေးကို ကြားချင်၍ ခေါ်ခိုင်းလေသည်။

"ဖေဖေလို့ ခေါ်ပါအုန်း..''

"ပေပေ..'

"ထပ်ခေါ်ပါအုန်း ဖေဖေကြားချင်သေးတယ်..ဖေဖေလို့..''

"ပေပေ..''

ကြွေရုပ်ကတော့ သူမလက်ထဲက ကိုခန့်ကို ပေပေလို့ ခေါ်နေသော အမုန်းလေးကိုကြည့်ပြီး အသံထွက်ရယ်မောလိုက်လေသည်။မင်းခန့်ကလည်း ထိုနည်းတူပင်။ထို အခြေအနေကိုကြည့်ပြီး စိတ်အလိုမကျဖြစ်နေသူ တစ်ယောက်ရှိနေတာကိုတော့ သူတို့နှစ်ယောက်စလုံး သတိမမူမိပါ။

ဟွန့်...မျက်နှာများတဲ့ကောင်..အပြောတစ်မျိုးအလုပ်တမျိုးနဲ့ ငွေ့ရည်ကို ချစ်တယ်ပြောပြီး သူ့မတော်လိုက်ရတဲ့ သူချစ်သူနဲ့ ရယ်မောနေလိုက်တာမျာ ဒီအိမ်မှာ သူတို့နှစ်ယောက်ပဲ ရှိနေသည့်အတိုင်းပဲ။မုန်းစရာကောင်းလိုက်တာ အပေါ်တက်တာပဲကောင်းတယ်။

"သမီးလေး ငိုရင် လာပို့လိုက်...အပေါ်မှာရှိနေမယ်...ညီမလေးလည်း အေးဆေးမှပြန်နော်..တစ်ခါတစ်လေလာတုန်း စကားအေးဆေးပြောကြပေါ့ကွယ်..အမ လုပ်စရာလေးရှိလို့ အပေါ်သွားလိုက်မယ်..''

"ဟုတ်ကဲ့ တီချယ်...''

ကြွေရုပ်ကိုပြုံးပြပြီး မင်းခန့် သူ့ကိုတော့ အလိုမကျတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ထွက်သွားသည့် ငွေ့ကိုကြည့်ပြီး နားမလည်ဖြစ်သွားလေသည်။

ကြွေရုပ်ကတော့ ငွေ့ရည်၏ ပြုမူသွားသည့်က မိန်းကလေးတစ်ယောက်အနေနဲ့ မင်းခန့်ကို သဝန်တိုသွားတယ်ဆိုကို သိလိုက်ရ၍ ပြုံးလိုက်မိတယ်။

မင်းခန့်မှာက ငွေ့ရည်ဖြစ်သွားတာကို နားမလည်ဖြစ်နေကာမှ ကြွေရုပ်ကပါ ပြုံးစစဖြစ်နေသောအခါ သူ မျက်မှောင်ကျုံ့လိုက်သည်မှာ ဝေးကွာနေသော မျက်ခုံးတွေက ထိဆက်လုနီးဖြစ်သွားတော့သည်။

"ကြွေရုပ်နဲ့ငွေ့ကို ကြည့်ရတာ ကိုယ့်စိတ်ထဲ တမျိုးပဲ... ငွေ့ကလည်း ကိုယ့်ကို ဘာအလိုမကျဖြစ်သွားလည်းမသိဘူး..''

ထိုအခါ ကြွေရုပ်က သူ့ကိုပြုံးပြပြီး သမီးလေးကို သူ့လက်ထဲထည့်၍ ပြောလာသည့်စကားကြောင့် သူ့နူတ်ခမ်းလေး ကွေးသွားတော့သည်။

"ကိုခန့် ကြွေရုပ်ပြန်တော့မယ်နော်..တီချယ့်ကိုလည်း သွားချော့လိုက်ပါအုန်း...ကိုခန့်နဲ့ကြွေရုပ်ကို သဝန်တိုပြီး အပေါ်တက်သွားပြီ..မိန်းကလေးချင်းမို့လို့ တီချယ် ကိုခန့်ကို သဝန်တိုနေတယ်ဆိုတာ သေချာတယ် သိလား...''

ကြွေရုပ်ဟာ ထိုသို့ပြောပြီး သူ့ကိုနူတ်ဆက်ကာ ပြန်သွားသည်။သူလည်း သမီးလေးကို ချီလာပြီး အပေါ်တက်လာခဲ့၏။အခန်းရှေ့ရောက်တော့ တစ်ယောက်ထဲ စကားပြောနေသော အသံယဲ့ယဲ့လေးကို ကြားလိုက်ရသည်။ထို့ကြောင့် မဝင်ဘဲ အခန့်ရှေ့မှာ ရပ်ပြီး နားထောင်နေလိုက်မိသည်။

"ဟုတ်ကဲ့..နောက်နှစ်လလောက်နေရင် ငွေ့ရည် မိုးကုတ်ကိုပြန်လာမှာပါ ဆရာ...''

.......?

"ဟုတ်ကဲ့ပါ ဆရာ..ငွေ့ရည် အနားနီးမှ ပြန်ဆက်သွယ်လိုက်ပါမယ်ရှင့်..''

.......?

"ကျေးဇူးပါ ဆရာ...''

ငွေ့ရဲ့ အသံတိတ်ဆိတ်သွားတော့မှ တံခါးကို ဖြေးဖြေးချင်းဖွင့်ပြီး ဝင်လာခဲ့သည်။သူရောက်လာတာကို သိနေပေမယ့် လှည့်မကြည့်ဘဲ သူ့အလုပ်သူလုပ်ကာ စကားဆို၏။

"မင်းဧည့်သည် ပြန်သွားပြီးလား...''

"အင်း..ကိုယ့်ဧည့်သည်ဆိုပေမယ့် ငွေ့ဆီကို လာတာဆိုတော့ ငွေ့ရဲ့ဧည့်သည်ပဲ မဟုတ်လား..''

အမှန်ဆို ကြွေရုပ်က သူ့ဆီကို လာတာမဟုတ်..ငွေ့ဆီကိုလာပြီး နားမလည်သော စာကို ငွေ့ဆီကို ရှင်းပြခိုင်းချင်းသာ ဖြစ်၏။သူမကို စကားနာ ပြန်ထိုးနေသည့် ကောင်လေးဘက်ကို ချင်ချင်းပင် ကိုယ်လေးလှည့်လိုက်ပြီး မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။

"အစောကြီးရှိသေးတာကို ဘာလို့ပြန်သွားတာလဲ...''

"ခဏနေရင် ကြွေရုပ် စာလုပ်ရမယ့် အချိန်ရောက်ပြီ..အဲဒါကြောင့် ပြန်သွားတာ ငွေ့ရဲ့...''

"အသေးစိတ်ကအစ ဂရုတစိုက်ရှိသားပဲ..ငါ့ကြောင့် အဲဆက်ဆံရေးလေး ပြတ်တောက်သွားတဲ့အတွက် တောင်းပန်တယ်နော်...အဲပြတ်တောက်သွားတဲ့ကြိုးကို ငါကပဲ ပြန်လည်ထုံးဖွဲ့ပြီး ခိုင်မြဲအောင် ချည်ပေးပါ့မယ်...''

"မင်းခန့် သူ စကားပြောမှားသွားပြီဆိုတာကို သိလိုက်ပြီ..ငွေ့က တကယ်ပဲ ကြွေရုပ်ပြောသလို သူ့အပေါ် သဝန်တိုနေတာများလား..''

ငွေ့ကို သူ အကဲခတ်ကြည့်လိုက်သည်။ငွေ့မျက်နှာက တစ်ခုခုကို မကျေမနပ်ဖြစ်နေသည့် ပုံစံလေး ဖြစ်နေသည်ကို တွေ့လိုက်ရငေါအခါ မင်းခန့် နှစ်လိုဖွယ် ပြုံးလိုက်၏။ငွေ့ မြင်သွားမှာဆိုး၍ အကြာကြီးလည်း မပြုံးပါ။

"ငွေ့..''

"ဘာလဲ ဝမ်းသာသွားလို့လား...''

"မဟုတ်ပါဘူး..''

"ငွေ့..''

"ဘာလဲ..''

"ငွေ့က အဲကြိုးကို ပြန်ချည်ပေးလဲ ချည်လို့မရတော့ဘူး..''

"ဘာလို့မရရမှာလဲ...''

"ဘာလို့ဆိုရင် ကိုယ်နဲ့ကြွေရုပ်ရဲ့ အဲကြိုးက အဖြူရောင်သံယောဇဥ်ကြိုးတစ်ချောင်းဖြစ်လို့ပဲငွေ့...ကိုယ်တို့ရဲ့ ဆက်ထုံးလေးကမှသာ အချစ်တွေနဲ့ချည်နှောင်ထားတဲ့ ပန်းနုရောင် ဆက်ထုံးပေးပါ ငွေ့ရယ်..''

ငွေ့ မင်းခန့်စကားကြောင့် တည်တန့်ထားသော နူတ်ခမ်းတစ်စုံရယ်က ကွေးသယောင်လေး ဖြစ်သွားသည်။သို့သော် မင်းခန့်ကို ကြည့်လိုက်သည့်အခါမှာတော့ မျက်နှာကလေး တင်းမာလိုက်၏။

"ဘာ.အချစ်တွေနဲ့ချည်နှောင်ထားတဲ့ ပန်းနုရောင်ဆက်ထုံးလေးပါ ဟုတ်လား..ငါတို့က ချစ်ခဲ့လို့လား..မုန်းခဲ့တာမဟုတ်လား..ငါတို့နှစ်ယောက် ကြားမှာ အမုန်းတွေပဲရှိလို့ သမီးကိုတောင် အမုန်းချည်လို့ မှည့်ပေးထားတာပါ ကောင်လေးရယ်...မင်းဦးနှောက်က အခန်းပျက်သွားတာတော့ မဟုတ်လောက်ဘူး...''

"အဲအမုန်းက တဒင်္ဂလေးပါ ငွေ့ရယ်...ချစ်မိတဲ့အချစ်ကသာ ရာသက်ပန် ဘဝအဆက်ဆက် ချည်နှောင်သွားမယ့် အချစ်ကြိုးလေးပါ ငွေ့...''

သူ့ ငွေ့ကို အသက်ထက်မက ချစ်တာကိုသူသာလျှင်သိသည်။။သူ့ကြောင့်အများကြီး နာကျင်ခဲ့ရတာဆိုတော့ သူ့မယုံရဲတာ ဖြစ်သင့်ပါသည်။အခုချိန် ငွေ့က သူ့အချစ်တွေကို မယုံကြည်ပေမယ့် တစ်နေ့နေ့မှာ ငွေ့အပေါ်သူ့ ချစ်ခြင်းရဲ့ နူးညံ့မှုတွေကို ယုံကြည်လာလိမ့်မယ်လို့ မင်းခန့် မျှော်လင့်နေမိသည်။

**************** ****************

"ငွေ့..ဒီဖနပ်လေးက ငွေ့နဲ့ဆို အရမ်းလှနေမှာ..စီးကြည့်ပါလား..''

"အို...''

ကောင်လေးက ပြောပြောဆိုဆိုနဲ့ ငွေ့ရည်ရဲ့ လက်ကိုဆွဲပြီး ခေါ်တာကြောင့် ငွေ့လက်ထဲမှာ သမီးလေးက ရှိနေ၍ ရုန်းလို့မရသည့်အခါ ကောင်လေးဆွဲခေါ်သွားရာနောက်ကို ပါသွားတော့သည်။ဆိုင်ထဲရှိ ဝန်ထမ်းလေးတွေကတော့ ပြုံးစိစိနဲ့ ကြည့်လာကြသည်။ထိုအခါ ရှက်မိတာကြောင့် ကောင်းလေးကိုသာ ထုရိုက်ချင်တော့သည်။

မင်းခန့် ငွေ့ကို ထိုင်စေပြီး သူမရဲ့ရှေတွင် မုဆိုးဒူးထောက်လိုက်ပြီး ငွေ့ရဲ့ခြေထောက်လေးကို ယူလိုက်၏။ထိုအခါ

"ဘာလုပ်တာလဲ... ''

"ငြိမ်ငြိမ်လေးနေ..''

ငွေ့ရည်လည်း ဝန်ထမ်းတွေရှိနေတာကြောင့် ပြောသလိုနေလိုက်၏။ဟွန့် ပြောတော့ ချစ်တယ်တဲ့..။အမိန့်ဆန်ဆန်နဲ့ ပြောနေပြီး ဒါလားချစ်တာ..။

သူက ဖိနပ်ကို ယူလိုက်ကာ ငွေ့ရည်ခြေထောက်လေးကို တယုတယနဲ့ကိုင်ပြီး ဝတ်ပေးနေတာကြောင့် ကောင်လေးရဲ့မျက်နှာကို ငွေ့ရည် မသိမသာလေး ခိုးကြည့်လိုက်၏။ပြုံးနေသည့် သူ့ရဲ့ မျက်နှာကို မြင်လိုက်ရ၍ ငွေ့ရည်ပါ ပြုံးလိုက်မိသည်။

"လှလိုက်တာ ငွေ့ရယ်..ဖိနပ်လေးက ငွေ့ခြေထောက်ထဲ ရောက်သွားတော့မှ ပိုလှသွားတယ်ကွာ...''

ဖိနပ်ကလေးက တကယ်ပဲ သူပြောသလို ငွေ့ရည် ခြေထောက်လေးနဲ့ လိုက်ဖက်လွန်းသည်။တစ်ရံပြီးတစ်ရံ ဝတ်ပေးတဲ့ သူ့ကြောင့် ငွေ့ရည် မျက်နှာပူလာတော့သည်။ ဝန်ထမ်းလေးတွေကတော့ ငွေ့ရည်တို့ကိုကြည့်ပြီး ပြုံးစစနှင့်ရယ်ပါ။

"တော်ပြီလေ...''

"အွန်း..''

"ညီမ ဒီနှစ်ရံယူမယ်နော်...''

ကောင်လေး ယူမယ်ပြောလိုက်တဲ့ ဖိနပ်လေးက အဖြူရောင်လေးနဲ့ ခဲမဲရောင်လေးဖြစ်သည်။သူ ယူလိုက်တဲ့ အရောင်တွေကို ငွေ့ရည် ကြိုက်ပါသည်။ဒါပေမယ့် ငွေ့ရည်ကို ကြိုက်ရဲ့လားလို့ တစ်ခွန်းမမေးဘဲ သူ့သဘောတိုင်း ယူလိုက်တာကြောင့် စိတ်ထဲ အလိုမကျ ဖြစ်ရသည်။

ပြောတော့ ချစ်တယ်တဲ့...ဒါလား ချစ်တာ...အရင်လို ငွေ့ရည်အပေါ် အနိုင်ယူတုန်းပဲ..ဆံပင်မွှေးကို ဆွဲပြီး နင် ငါ့ကိုချစ်တာ လိမ်ပြောနေတာလားဆိုပြီးသာ မေးလိုက်ချင်တော့တယ်..ဟူး..။

ပိုးထည်တိုက်ရောက်တော့လည်း ယူရမယ့်သူက ငွေ့ရည်ကို ငွေ့ရည်ကို မမေးဘဲ သူ့သဘောအတိုင်း သူ့အကြိုက်အရောင်ကို ယူပြန်သည်။ချုပ်ဖို့အတွက် ဒီဇိုင်နာဆီကို ရောက်တော့လည်း ချုပ်ပုံကို ငွေ့ရည်ကမပြော ရဘဲ သူပဲပြောလေသည်။ထိုအခါ ဒီဇိုင်နာမမက သူ့ကိုကြည့်ပြီး ပြုံးလိုက်နဲ့ ငွေ့ရည်ကို ကြည့်ပြီးပြုံးလိုက်နဲ့ဆိုတော့ ငွေ့လည်း ပြန်ပြုံးပြရလေသည်။

အစားသောက်ဆိုင်တစ်ခုကိုရောက်တော့ ငွေ့ရည်တို့စားနေတုန်းမှာ သမီးလေးက နို့စာ၍ ငိုလေသည်။သမီးလေး ငိုတဲ့အခါ မျက်စိပျက်မျက်နှာပျက် ဖြစ်နေသည့်က ငွေ့ရည်မဟုတ်ဘဲ မင်းခန့်သာဖြစ်လေသည်။ထိုအခါ ငွေ့ရည်ကို ထိုင်နေရာကနေ အတင်းပဲ သန့်စင်ခန်းဘက်ခေါ်သွား၏။

အခုမှဘဲ သဘောပေါက်တော့တယ်။ကောင်လေးက သူ့သမီး ငိုတာကိုကြိုက်ဘူးလေ။သူ့သမီး ငိုသံကြားရရင် သူနေလို့မကောင်းပါတဲ့..။သူကနေလို့မကောင်းဘူးဆိုတော့ ငွေ့ရည်ကပဲ နေလို့ကောင်းနေတဲ့အတိုင်း ပြောပုံက မုန်းစရာကောင်းလိုက်တာ..။

ငွေ့ရည် သမီးကို နို့တိုက်ပြီးထွက်လာသည်အထိ မသွားသေးဘဲ သန်စင်ခန်းရှေ့ ရှိနေတုန်းပဲ။သူ ရှိနေလို့ထင်ပါရဲ့ သန့်ခန်းလာတဲ့ မိန်းကလေးတွေက အထဲမဝင်ဘဲနဲ့ အပြင်မှာ ရပ်စောင့်နေကြတယ်။ငွေ့ရည်ဖြင့် အားနာလိုက်တာ သူ့အစားမျက်နှာတောင်ပူတယ်။သူကတော့ ဒါကို ဂရုတောင်မစိုက်ဘူးထင်တယ်။ငွေ့ရည်ကို တွေ့တာနဲ့ သူ့သမီးကို အတင်းပဲချီပြီး နို့ဆို့ရတာ ဝလားလို့ ပေးပါရဲ့လေ။ဘေးနားက မိန်းကလေးတွေက ငွေ့ရည်တို့ကိုကြည့်ပြီး ပြုံးစစနဲ့ တိုးတိုးလေးကပ်ပြီး ပြောကြသည်။

"အမျိုးသားက မိန်းမနဲ့ကလေးလေးကို တော်တော်လေး ချစ်ပုံပဲနော်...''

"မေမေနဲ့ကလေးလေးက ချစ်စရာလေးကို ကောင်လေးက သည်းသည်းလှုပ်တာ မစမ်းဘူးလေဟာ.. ''

ငွေ့ရည်ပြုံးလိုက်၏။သူကတော့ သူ့သမီးနဲ့အလုပ်ရှုပ်ပြီး သမီးလေးကို ချီးထွက်သွားသည်မို့ ကြားလိုက်မည်မထင်ပါ။ငွေ့ရည် ပြုံးလိုက်သော မျက်နှာကလေးကို ပြန်တည်လိုက်ပြီး သူ့နောက်ကို မနည်းလိုက်လာရသည်။

« ရှေ့အခန်း - အပိုင်း ၄၈ နောက်အခန်း - အပိုင်း၅၀ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ