ကောင်လေးရဲ့ နောက်ဆုံး တောင်းဆိုချက်က သူ့ဘွဲ့ယူတဲ့အခါ ငွေရည်နဲ့သမီးလေးကို သူ့အနားမှာ ရှိချင်လို့ပါတဲ့လေ...။ကောင်လေးရဲ့ တောင်းဆိုချက်က သူ့ဘဝအတွက် အမှတ်တရထဲကအမှတ်တရအဖြစ် ကျန်ရစ်မယ့်အရာလေးတစ်ခုဖြစ်တာကြောင့် ငွေ့ရည် လက်ခံလိုက်တယ်။
ငွေ့ရည်တို့ကွာရှင်းမယ့် အကြောင်းကို ကိုကိုနဲ့မမကို သူပြောပြလိုက်သလား မသိပါ နောက်တစ်နေ့မှာ အိမ်ကိုရောက်လာခဲ့သည်။ကိုကိုက ငွေ့ရည် ကောင်လေးကို ကွာရှင်းခွင့်တောင်းတာကို ဆိုးသည်ကောင်းသည် ဘာတစ်ခုမှ ဝင်ပြောခြင်းမရှိပါ။
"ညီမလေးကို စိတ်မဆိုးဘူးမဟုတ်လားကိုကို...ကိုကိုက ညီမလေးကို နားလည်ပေးမယ်မှတ်လားဟင်...''
"ကိုကို နားလည်ပါတယ်..ညီမလေး ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ကိုကို့ညီမလေးကို ပျော်ရွှင်စေမယ့်တဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးပါ့မယ်...ကိုကို့သားရဲ့ နှလုံးသားကကို နာကျင်စေတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နေရင်တောင်ပေါ့ ညီမလေးရယ်...''
"ကျေးဇူး ကိုကို...''
ငွေ့ရည် တုန်ယင်တဲ့ အသံနဲ့ ပြောလိုက်၏။ငွေ့ရည် ကိုကို့ဘေးနားက မမကို ကြည့်တော့ မမက ငွေ့ရည်ကို သူ့သားအတွက် သနားခံသည့် မျက်ဝန်းနဲ့ ကြည့်လာသည်။ငွေ့ရည်လည်း ထိုအကြည့်ကို ရင်မဆိုင်နိုင်တာကြောင့် မျက်နှာလွဲလိုက်မိသည်။
"ငွေ့ရည်...''
"ရှင်...''
"သားအပေါ် နည်းနည်းလောက် ပြန်စဥ်းစားပေးလို့ မရဘူးလား...မမ တောင်းဆိုပါတယ်...''
ငွေ့ရည် နူတ်ဆိတ်နေခဲ့သည်။
"ချို...ညီမလေးက အခုမှနေကောင်းခါစပါ..စိတ်ညစ်သွားစေမယ့် စကားတွေကို မမေးပါနဲ့ကွာ...''
"ချို သားကို သနားလို့ပါ မောင်ရယ်...သား ခံစားနေရတာကို မိခင်တစ်ယောက်အနေနဲ့ ချိုမကြည့်ရက်ဘူး...''
ကောင်လေးကြောင့် ငွေ့ရည်ခံစားခဲ့ရတာထက်စာရင် အခု ကောင်လေးခံစားနေရတာက အစပဲရှိပါသေးတယ်။ဒီလောက်တော့ ခံစားသင့်တာပေါ့။ကောင်လေးကြောင့် ငွေ့ရည်ခံစားခဲ့ရတာ စိတ်အစဥ်ပဲမဟုတ် နှလုံးပါနာကျင်ခံစားခဲ့ရတာ
အဲတော့ ငွေ့ရည်နဲ့ထပ်တူ မခံစားရရင်တောင် နည်းနည်းလောက်တော့ ခံစားသင့်တယ်မဟုတ်လား..။ဘာလို့ ငွေ့ရည်ခံစားခဲ့ရတာကိုကျ မေ့သွားကြတာလဲ။
"ကိုကိုတို့ ပြန်တော့မယ်နော်...''
"ဟုတ် ကိုကို...''
ကိုကိုဟာ ငွေ့ရည်ကို မိုးကုတ်က အိမ်သော့ကို ပေးပြီးတာနဲ့ သမီးလေးကို ခဏချီပွေ့နမ်းပြီး ပြန်သွားတော့သည်။မမပြောသွားတဲ့ စကားတွေကို မမူတို့ ကြားသွားသည်နေမယ်။ငွေ့ရည် အသီးယူဖို့ သွားတော့ သုံးယောက်သား အစ်ကိုလေးကို သနားလိုက်တာ မမလေးက ရက်စက်တယ်ဆိုပြီးပြောကာ ငိုနေကြသည်။
"မမလေးက အစ်ကိုလေးအပေါ်ကို သိပ့်ရက်စက်တာပဲ...အစ်ကိုလေးက အရမ်းချစ်ပေးနေတာကိုနော်..''
ငွေ့ရည်လည်း ယူစရာရှိတာကိုယ်ယူပြီး ရေခဲသေတ္ထာကို အသံထွက်အောင်ပိတ်လိုက်ပြီး ထွက်လာခဲ့သည်။
"ငါတို့ပြောတာကို မမလေးကြားလားမသိဘူး..အို..ဒုက္ခပါပဲ...''
တိုးတိုးလေး ပြောလိုက်တဲ့ သူတို့ စကားကိုတောင် ငွေ့ရည် ကြားလိုက်ရ၍ ပြုံးလိုက်၏။
ဟွန့်...ဘာတဲ့ ငွေ့ရည်က ရက်စက်တယ်တဲ့..နောက်ပြီး အရမ်းချစ်ပေးနေတာကိုက ပါလိုက်သေးတယ်...။သူတို့ အစ်ကိုလေး ငွေ့ရည်ပေါ်ရက်စက်ခဲ့တာကို သူတို့ကမသိပဲနဲ့...ချစ်ပေးတဲ့အချိန်က လွဲနေတာကို..။
သမီးကို သိပ်ထားပြီးတာနဲ့ မျက်မှန်လေးယူ လက်တော့ပ်ကိုယူပြီး နှစ်နှစ်ကျော်လောက် ဆေးလောက အဆက်အသွယ်ပြတ်ခဲ့တာဆိုတော့ ပြန်လေ့လာပြီး အချိန်ကုန်ခဲ့သည်။ကြာတော့ အာရုံမစိုက်နိုင်တော့တာနဲ့ လက်တော့ပ်ကိုပိတ်လိုက်တော့သည်။
"ဘယ်အချိန်ရှိပြီလဲ...ဘာလို့ ပြန်မရောက်သေးတာလဲ..လမ်းမှာ တစ်ခုခုများ...။မဖြစ်လောက်ပါဘူး...''
ဒီနေ့ ရုံးပိတ်ရက်ကြီးကို မနက်ထဲက ထွက်သွားလိုက် ညဆယ်နာရီကျော်နေပြီ ကောင်လေး အခုထိပြန်မလာသေးပါ။အိပ်ပျော်နေသော သမီးလေးကို ထားခဲ့ပြီး အောက်ကို ဆင်းလာခဲ့သည်။အောက်ရောက်တော့ မမူနဲ့မပိုးလေးက ခေါင်းစိုက်ပြီး အိပ်ငိုက်နေကြသည်။
"မမူနဲ့မပိုးလေး အချိန်လည့်ညဥ့်နက်နေပြီ..သွားအိပ်ကြတော့လေ..''
"အစ်ကိုလေး မလာသေးလို့ပါ...''
"စောင့်မနေနဲ့..သူက ကလေးမှမဟုတ်ဘဲ...ဒီအချိန်မှမလာရင် ပြန်မလာတော့ဘူး..စောင့်နေရင် တစ်ညလုံး မအိပ်ရဘဲ ဖြစ်သွားလိမ့်..''
ပြောပြီးတာနဲ့ ငွေ့ရည်လည်းအပေါ် ပြန်တက်လာခဲ့သည်။အိပ်ချိန်ကို ကျော်နေပြီဆိုတော့ အိပ်ယာထဲ ခေါင်းချလိုက်တာနဲ့ မျက်လုံးတို့မှေးစင်းသွားပြီး အိပ်စက်ခြင်းသို့ ရောက်သွားတော့သည်။
မင်းခန့် အိမ်ပြန်ရောက်လာသည့်အချိန်က တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သတ်နေသည်။ယိုင်နဲ့နဲ့ခြေလှမ်းများနှင့် အပေါ်ကို တက်လာခဲ့တယ်။အရက်က မူးနေသော်လည်း အသိလေးရှိနေတာကြောင့် တံခါးကိုဖြေးဖြေးလေး တွန်းဖွင့်လိုက်ပြီး အထဲကိုလှမ်းဝင်လိုက်၏။
ကုတင်အိပ်ယာထက် အိပ်ပျော်နေသော သမီးလေးကို နမ်းချင်သော်လည်း အရက်နံ့တွေကြောင့် မနမ်းတော့ပေ။ငွေ့ရဲ့ နောက်ကျောကနေ ဝင်လှဲကာ ကိုယ်လုံးလေးကို ဖက်ပြီး အိပ်လိုက်တော့သည်။
သူနိုးလာတော့ သမီးရောငွေ့ရောကို မတွေ့ချေ။လက်က နာရီကို ကြည့်လိုက်မိတော့ ကိုးနာရီပင်ကျော်နေပြီ။သူ ရေမိုးချိုး အဝတ်အစားလဲ ဖြီးလိမ်းပြီး အောက်ကိုဆင်းလာတော့ ငွေ့က သမီးကို မနက်စာကျွေးနေသည်။သူ့အတွက်လည်း ပြင်ဆင်ထားသည်။
"ပေ့ပေ့...''
"ဖေဖေ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ..ရွတ်..ရွတ်...''
"ငါ့ သမီးကိုမနမ်းနဲ့..''
"ငွေ့...''
မင်းခန့် အသံက မာသွား၏။သို့သော် နောက်ထပ် နူတ်ကထွက်ပေါ်လာသည့်အသံက သိပ်ကိုဆွေးမြေ့လှ၏။
"ကိုယ်က သမီးကိုတောင် နမ်းခွင့်မရှိတော့ဘူးလား ငွေ့ရယ်...''
ငွေ့က သူပြောတဲ့အခါ ဘာမှပြန်တော့ပေ။ငွေ့ဆီကနေ တိကျတဲ့ အဖြေတစ်ခုကို မရတာတောင့် ရင်ထဲမှာ နေသာထိုင်မရှိလှပါ။ထို့ကြောင့်..။
"ကိုယ်မေးတာကိုဖြေပေးပါ ငွေ့..ကိုယ်ဟာ သမီးလေးရဲ့ အဖေတစ်ယောက် ဖြစ်ပါလျက်နဲ့ သမီးကို နမ်းခွင့်တောင်မရှိတော့ဘူးလား...ကိုယ်မေးတာကိုဖြေပေးစမ်းပါ..မဟုတ်ရင် ကိုယ်ရူးသွားလိမ့်မယ်...''
"မကြာခင် ငါနဲ့သမီးလေး နှစ်ယောက်ထဲနေရတော့မှာ..သမီးလေး မင်းကိုတအားခင်တွယ်သွားပြီး နေမကောင်းဖြစ်တာတို့ တခြားသောအရာတွေ ဖြစ်မှာဆိုလို့ ကြိုထားတဲ့ သဘော...ငါ့သမီးအကျင့်ဖြစ်သွားမှာကြောက်လို့ ရှင်းပြီးလား...''
"အဲအတွက်ဆို မပူပါနဲ့...သမီးလေးကို အကျင့်မပြတ်အောင် ကိုယ်ကလုပ်ပေးမှာ...ကိုယ်နဲ့ကွာရှင်းပြီး ငွေ့က မိုးကုတ်ကအိမ်မှာ ပြန်နေမှာမဟုတ်လား..ကိုယ်ကလည်း ငွေ့ရှိတဲ့ နေရာဘယ်နေရာမဆို လိုက်နေမှာ..နောက်ပြီး ကိုယ်က အခုထဲက ငွေ့နဲ့ကပ်ရပ်ဖြစ်တဲ့ အိမ်နဲ့ခြံကို ဝယ်ထားလိုက်ပြီ..''
"ဘာ...''
ငွေ့ရည် အံ့သြမိသည်မှာ အမှန်ပါ။ပြောစကားတောင် ပျေက်ရှသွားလေသည်။သူနဲ့ဝေးရာကို ပြေးပါတယ်ဆိုကာမှ သူက ကိုယ့်အနားကို ပန်းဝတ်ရည်ရှိတဲ့ ပန်းပွင့်တွေအနား ပျားပိတုန်းတို့လို ဝဲပျံနေတော့တာပဲ။
"မင်း အရူးပဲ...မင်း အနားမှာတောင် မနေချင်လို့ ကွာရှင်းမှာကို မင်းကဘာဖြစ်နေလဲ မင်းခန့်ကိုကို...''
ကိုယ်က ငွေ့နဲ့သမီးလေးကို မခွဲနိုင်တာ...
"အပိုတွေ..အရင်တုန်းက ငါနဲ့သမီးကို နင်ရက်တွေအများကြီး ဖြစ်ချင်သလိုဖြစ်ဆိုပြီး ပစ်ထားနိုင်ခဲ့သေးတာပဲ...ဘာလို့ အခုမှ မခွဲနိုင်ဘူး ပြောနေတာလဲ...''
ငွေ့ပြောလာတဲ့စကားမှာ သူ့ အရှိုက်တည့်တည့်ကို ထိမှန်လာတာကြောင့် မျက်နှာဟာမဲမှောင် ညိုပုပ်သွား၏။ငွေ့ကိုကြည့်လိုက်တော့လည်း
မျက်ရည်ကြည်ဥတွေ ဝဲရစ်တွဲခိုလျက် သူ့ကို စိုက်ကြည့်နေသည်။ထိုအခါ သူလည်း ငွေ့ကို ရင်ခွင်ထဲ ထည့်သွင်းလိုက်ပါတော့သည်။သူ့ကို ရုန်းနေပေမယ့် သူ ပြန်လည်တင်းကြပ်စွာ ဖက်ထားလိုက်တယ်။
"ကိုယ် တောင်းပန်တယ်..ကိုယ့်အမှားတွေပါ. ကိုယ်က ငွေ့ကို အများကြီး နာကျင်စေခဲ့တာပဲ..ကိုယ်က တကယ် မကောင်းတဲ့ကောင်ပါကွာ...ကိုယ် တစ်သတ်လုံး တောင်းပန်ပါဆိုလည်း တောင်းပန်ပါတယ်...''
"ဟုတ်တယ်..မင်းက တကယ် မကောင်းတဲ့ယောကျာ်းပဲ...ငါ ဒီအိမ်ကြီးမှာ လသားသမီးလေးက ဘယ်လောက်ကြောက်ခဲ့ရလဲ မင်း မသိဘူး...မင်းက ငါ့ကို အကြိမ်ကြိမ် နာကျင်အောင်လုပ်ခဲ့တာ...ငါ မင်းကို မုန်းတယ်..အရမ်း မုန်းတာပဲ...''
"မငိုပါနဲ့ ငွေ့ရယ်..ကိုယ်ကြောင့် မျက်ရည်မကျပါနဲ့...ကိုယ် တောင်းပန်ပါတယ်...''
မင်းခန့် သူ့ရင်ခွင်ထဲမှာ ငိုကြွေးနေတဲ့ ငွေ့ရဲ့ကိုယ်လေးကို မလွှတ်တမ်းဖက်ထားလေသည်။ငွေ့မှာသူ့ကြောင့် ငိုရလွန်းလို့ ရှိုက်သံလေးတောင် ထွက်လာခဲ့သည်။သူ့ကြောင့် အများကြီး နာကျင်ခဲ့ရတဲ့ ဒီအမျိုးသမီးလေးကို အများကြီးပြန်ပေးဆပ်ချင်ပါတယ်။
မင်းခန့် အလုပ်သာလုပ်နေတာ စိတ်က မနက်က သူ့ကြောင့် ဝမ်းနည်သွားရတဲ့ ငွေ့ဆီမှာသာ..။ငွေ့ တစ်ယောက်ထဲ အခန်းထဲမှာ ကြိတ်ငိုကြွေးနေမလား သိချင်မိလာတယ်။အချိန်တွေကို မြန်မြန်ကုန်ချင်လာသည်။မင်းခန့် ပြန်လာတဲ့ အခါ ငွေ့ရည်ကြိုက်တဲ့ ကြေးအိုးဝယ်လာခဲ့သည်။ခြံထဲရောက် ကားတစ်ကို တွေ့လိုက်တာကြောင့် မျက်နှာက အလိုမကျမှုနဲ့အတူ မျက်မှောင်ကုတ်လိုက်သည်။
"ညီမလေး ပြောသလို တကယ်လား...ပြန်စဥ်းစားပေးလို့ မရဘူးလား ငွေ့ရည်..ကိုယ့်တူက ငွေ့ရည်ကို အခု မြတ်မြတ်နိုးနိုးနဲ့ တကယ်ချစ်တာပါ...''
"ငွေ့ရည် လုပ်စရာလေးရှိလို့ ဒေါက်တာ...''
"ကိုယ်ပြောတာကို ပြန်စဥ်းစားစေချင်ပါတယ်..''
ငွေ့ရည် ခေါင်းညိတ်လိုက်၏။
မင်းခန့် ဘုန်းမင်းရဲ့ ကိုယ်ပြောတာကို ပြန်စဥ်းစားစေချင်ပါတယ်လို့ ပြောလိုက်သည့်စကားကြောင့် ဒေါသထွက်ကာ လက်သီးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။
"အရင်ထဲက ဦးဦး က ငွေ့ကို ချစ်ခဲ့တာဆိုတော့ သူနဲ့ငွေ့ ကွာရှင်းတော့မယ့်အကြောင်းကို သိသွားလို့ ငွေ့ကို....ကျစ်..''
"အလယ် ဦးဦး... ''
"အင်း...ဆိုပါတော့...''
"အလုပ်များတဲ့ ဆရာဝန်ကြီးက ကျွန်တော်တို့အိမ်ကို မျက်စိလယ်လာပေါ့..''
"အဲလိုပဲ ဆိုရမှာပေါ့ကွာ...အခုတော့ ဦးဦး ပြန်တော့မယ်...''
"အင်း...''
ငွေ့ရည် မင်းခန့်ကို ကြည့်ပြီး မျက်နှာကလေး ပင့်ချီလျက်
"မင်း ဦးလေးတွေ အဒေါ်တွေက မင်းကိုသိပ်ချစ်ပုံပဲနော်..မကွာရှင်းပေးဖို့အရေး တစ်ယောက်ပြီးတစ်ယောက် လာတောင်းဆိုနေလိုက်တာများ လူစေ့ထောက်စေ့ပဲ...တော်တော် တရားဖို့ ကောင်းကြတယ် သိလား...ငါ့ခံစားချက်ကို ကိုကိုနဲ့ကိုကြီးထက်ဝေယံကလွဲလို့ ဘယ်သူမှ နားမလည်ပေးဘူး..''
"တောင်းပန်ပါတယ်...''
"ခဏခဏပဲ တောင်းပန်နေလိုက်တော့ သိလား..''
ငွေ့ သူ့ကိုပြောပြီး အပေါ်တက်ဖို့ပြင်တော့
"ကြေးအိုးဝယ်လာတယ်..စားလိုက်ပြီးမှ အပေါ်တက်ပါလား...ကိုယ် ပန်းကန်ထဲ ထည့်ပေးမယ်..''
ငွေ့ရည် အပေါ်ကိုမတက်တော့ဘဲ ကောင်လေးနောက်ကနေ ထမင်းစားခန်းထဲကို ဝင်လိုက်၏။
မင်းခန့် သူ့ထည့်ပေး ကြေးအိုးကို အကုန်သောက်ပစ်သည့် ငွေ့ကိုကြည့်ပြီး ပြုံးနေတော့၏။ဒါကို ငွေ့က သူ့ကိုမျက်စောင်းလေးထိုးပြီး ပန်းကန်ကို ထားခဲ့ကာ ထွက်သွားသည်။
"ကိုယ် ဒီတစ်လကျော်အတွင်း ငွေ့ရဲ့ အချစ်ကိုရအောင် ယူပြမယ် သမီးလေးမေမေရေ...''
အခန်းမှတ်ချက်များ (0)