"ပေပေ''
ငွေ့ရဲ့လက်ထဲကနေ လက်သေးသေးလေးက သူ့ဆီကို လှမ်းကမ်းပြီး မပီကလာလေးနဲ့ ပေပေဟု ခေါ်လိုက်သောအသံလေးက သူ့ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားသည်။
"ကိုကို့သမီးကို ထိန်းရတာ ငွေ့ပင်ပန်းလိုက်တာ..သမီးက အငြိမ်မနေဘူး...''
"ကိုကို့ကလေးလေး ပင်ပန်းသွားပြီ...''
သမီးလေးက အရင်လို ပတ်လက်ထားပတ်လက်နေတဲ့အရွယ်လေးမဟုတ်တော့ တောက်တောက်နဲ့ မတ်တပ်စမ်းနေသည့်အရွယ်ကလေးဆိုတော့ ငွေ့ ပင်ပန်းရသည်။အဖေ အမေမှတ်တက်လာသည့်အရွယ်ဆိုတော့ မမူတို့မပိုးလေးတို့ခေါ်လို့မရတော့ ငွေ့သာထိန်းရသည်။
"ကိုကိုဘဲ ကိုကို့သမီးကို ဆက်ထိန်းတော့ ငွေ့အိပ်တော့မယ်...ဝါး..''
ငွေ့ သန်းလိုက်ပြီး အိပ်ရာပေါ် တွင် သူမကိုယ်လေးကို လှဲကျပြစ်လိုက်တော့သည်။မင်းခန့်ကတော့ ငွေ့ကိုကြည့်ပြီး ပြုံးလိုက်၏။
"မေမေ့ဘေးမှာ ခဏနေအုန်းနော်.. ဖေဖေ အကျီလဲလိုက်အုန်းမယ်...''
သမီးလေးကို ငွေ့အနားမှာ ထားပြီးအကျီလဲရလေသည်။သမီးလေးက ငွေ့ရဲ့ ဆံပင်တွေကို ဆွဲနေတော့သည်။
"အား..ကိုကိုရေ လုပ်ပါအုံး..ကိုကို့သမီး ငွေ့ဆံပင်ကိုဆွဲနေတယ်..''
သူ့မှာ ကျစ်နေအောင် ဆုပ်ထားသည့် သမီးလေးလက်ထဲက ဆံပင်တွေကို မနည်းလုပ်ရလေသည်။
"အား..ကုန်ပါပြီ..ဟီးဟီး...ငွေ့ဆံပင်တွေ ကုန်ပြီ... ကိုကို့သမီးလုပ်လို့ ငွေ့ဆံပင်တွေ ကုန်ပြီ.. ဟီးဟီး..''
မင်းခန့်ကို ငိုနေသည့် ငွေ့ကိုမနည်းချော့လိုက်ရသည်။သမီးလေးကလည်း ငွေ့ကိုတဲ့အခါ လိုက်ငိုတော့သည်။ငွေ့နဲ့သမီးရဲ့ ငိုသံတွေကြောင့် မမူနဲ့မပိုးလေးရယ် ဝိုင်းစိန်မပါ အခန်းထဲကို ပြာပြာသလဲလဲ ရောက်လာကြသည်။
//
တဖြေးဖြေးနဲ့ အချိန်တွေကုန်လာတဲ့အခါ ငွေ့ရဲ့ ကျန်းမာရေးအခြေအနေ အနည်းငယ် ကောင်းလာခဲ့သည်။ငွေ့ပြန်ကောင်းလာရင် ငွေ့ရဲ့ဆုံးဖြတ်ချက်ကို သိထားတာကြောင့် ငွေ့ကို လက်လွှတ်လိုက်ရမှာကို ကြောက်နေသည့်စိတ်တွေက တဖွားဖွားပင်။
ငွေ့ရဲ့ တစ်ချက်တစ်ချက် စိမ်းကားသွားသည့်အကြည့်တွေအပြောတွေကြောင့် မင်းခန့်နှလုံးသား ကွဲကြေမတက် နာကျင်စွာ ခံစားရ၏။အပြုံးလွင်လွင်လေးနဲ့ ချွဲနွဲ့စွာပြောသည့် စကားသံချိုချိုလေးတွေက တစ်စတစ်စနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်တော့သည်။
ဖန်ခွက်ထဲ၌တစ်ဝက်လောက်ကျန်နေသည့် အရက်ပြင်းပြင်းကိုတစ်ချက်ထဲမော့ပစ်လိုက်ပြီးနောက်ထပ်စားပွဲပေါ်ကပုလင်းဆီလက်လှမ်းလိုက်ချိန်မှာ
"ထပ်မသောက်နဲ့တော့...မင်းများနေပြီ မင်းခန့်...ညဥ့်လဲညဥ့်နေပြီကွာ..အမ မင်းကိုမျှော်နေမယ်...''
နူတ်ကနေလည်းပြောရင်းသူရိန်ဟာ စားပွဲပေါ်ကပုလင်းကိုတစ်ဖက်ကိုရွေ့ဖို့ပြင်လိုက်တော့သည်။
"ငါ ဘယ်လိုလုပ်လဲ သူရိန်..ငါရူးတော့မယ်...ငွေ့သာငါ့အနားက ထွက်သွားရင်...ငါရူးသွားလိမ့်မယ်ထင်တယ်ကွာ...''
စကားနဲ့အတူ သူရိန်ပြောင်းရွေ့လိုက်သည့် အရက်ပုလင်းကို ဆွဲယူပြီး ပုလင်းထဲကအရက်တို့ကိုဖန်ခွက်ထဲဖြည့်ကာထပ်ပြီးမော့လိုက်သည်။လည်ချောင်းထဲသို့ဖြတ်သန်းစီးဆင်းသွားတဲ့ပူလောင်ပြင်းရှတဲ့ ဆိုးဝါးလှတဲ့ အရသာက မင်းခန့်ရင်ထဲက အပူလောင်မှုကို စာတောင်ဖွဲ့၍မရနိုင်ပေ။တစ်ခွက်ပြီးတစ်ခွက်သောက် ရေလို တစ်ဂျိုက်ထဲ သောက်နေသော မင်းခန့်ကိုကြည့်၍
"မင်း များနေပြီ မင်းခန့်...တော်လောက်ပြီကွာ...အမ မင်းနောက်ကျနေလို့ စိတ်ပူနေလိမ့်မယ်... ''
"ငါ့ရင်ထဲမှာ တအားပူလောင်နေလို့ပါကွာ...''
ပြောရင်းမင်းခန့် အရက်ခွက်ကိုထပ်ပြီးမော့လိုက်တော့သူရိန် သက်ပြင်းတစ်ချက်ကိုရိူက်ချလိုက်ပြီး
"အမကြောင့်လား...
" အင်း.. "
"အဲ့လောက်ထိလည်းစိတ်ညစ်မနေပါနဲ့ကွာ...အမပြန်ကောင်းလည်း မင်းအမအပေါ်ထားတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္ထာတွေကို အမလည်းခံစားမိမှာ...ဖြစ်မလာသေးတဲ့ အရာတွေအတွက် မင်းကိုယ်မင်း ခံစားမနေပါနဲ့ကွာ...''
"အဟက်...''
သူရိန်ရဲ့စကားကြောင့်မင်းခန့် အသက်မပါသလိုပြုံးလိုက်ရင်း
" မင်းမသိပါဘူး သူရိန်...ငါကြောင့် ငွေ့က အများကြီးနာကျင်ခံစားခဲ့ရတာ...ငါ့ကြောင့် ကလေးကိုပါ အဲလိုထိတောင် လုပ်ရက်ခဲ့တာ...
ငါ့ဆီက ထွက်သွားဖို့က ငွေ့အတွက် လွယ်ကူတဲ့အရာဖြစ်နေမှာ...ငါ တကယ်နောင်တရတယ်..ငွေ့အပေါ် ဥပက္ခာပြုခဲ့တာတွေအပေါ် နောင်တရတယ်ကွာ...တကယ်ဆိုငါကဒီ့ထက်ပိုပြီးနာကျင်ခံစားရဖို့ထိုက်တန်တဲ့ကောင်ပဲ...ဟုတ်တယ်မဟုတ်လား သူရိန်..အဟက်..''
စကားအဆုံးခပ်ဟက်ဟက်ရယ်မောလိုက်သံကနာကျင်ကြေကွဲမူ့အပြည့်နှင့်ဖြစ်၏။
သူရိန်ကမင်းခန့်ကိုဘာစကားမှမပြောဘဲ မင်းခန့်ကို စာနာနားလည်သည့်အကြည့်နဲ့သာ သက်ပြင်းရှိုက်ချရင်း ဆွေးမြေ့စွာ ကြည့်နေခဲ့သည်။
"ဖေဖေ ကပြောတယ်....ငွေ့ကို ကွာရှင်းပေးလိုက်ပါတဲ့ကွာ...ငွေ့သာတစ်နေ့ ပကတိပြန်ကောင်းသွားရင် ငါ့ကို ကွာရှင်းခိုင်းမှာ သေချာတယ်တဲ့...ငါ...ငါ...''
စကားကိုချက်ချင်းမဆက်နိုင်သလိုမင်းခန့်ရဲ့အသံကပြန်ပြီးတိတ်ကျသွားသည်။သူရိန့်ကို ကြည့်လိုက်တဲ့ သူ့မျက်လုံးတွေကလည်း ကြေကွဲမူ့တို့အပြည့်ပင်
"ငါကြောက်တယ်...ငါငွေ့ကို ဆုံးရူံးရမှာကြောက်တယ်...ငွေ့နဲ့သမီးလေး ငါ့ရဲ့ဘေးမှာမရှိတော့မှကို ငါသေမတက် ကြောက်တယ်ကွာ...ငွေ့အမုန်းကို ငါခံနိုင်ပေမယ့် ငါ့အနားမှာ ငွေ့မရှိဘဲ မနေနိုင်ဘူး သူရိန်..ငါ ဘယ်လိုလုပ်ရမလဲကွာ...ငွေ့နဲ့သမီးလေးကိုခေါ်သွားပြီး ငါ့အဝေးကနေ ထွက်သွားမှာကို ငါဘယ်လိုလုပ်ရမလဲ သူရိန်ရာ...''
ငွေ့ရည် နေကောင်းတာတာနဲ့အမျှ သူ့ကို ထားသွားမှာကို ကြောက်ရွံ့နေတဲ့ သူ့ရင်ထဲမှာတစ်ချိန်လုံးမွန်းကြပ်စွာသိမ်းဆည်းထားရတဲ့နာကျင်ခံစားမှုတို့ကို မြိုသိပ်မထားတော့ဘဲ မျက်လုံးအိမ်မှ မျက်ရည်တို့ကျလျက် ရင်ဖွင့်နေတော့၏။
ငိုနေသည့်မင်းခန့်ရဲ့ မျက်နှာကိုကြည့်ပြီး စိတ်မကောင်းပေ။သူရိန့်မှာ မင်းခန့်ရဲ့ ပုခုံးလေးကို ပုတ်ပေးရင်း နှစ်သိမ့်ရုံမှလွဲ၍ မတက်နိုင်ပါ။
မင်းခန့် ပခုံးပေါ်ကသူရိန်ရဲ့လက်ကို ဖယ်ချလိုက်ကာ အရက်ခွက်ကို လက်ကမ်းလိုက်ပြန်သည်။ထိုအခါ မင်းခန့်ကို ကြည့်နေရင်း သူရိန် နောက်တစ်ကြိမ်သက်ပြင်းတစ်ချက်ကိုရိူက်လိုက်ပြန်သည်။မင်းခန့်ကြောင့်နဲ့ သူရိန့်မှာ ခဏလေးအတွင်း သက်ပြင်းချနေရသည်မှာ အကြိမ်ကြိမ်ပင်။
"မင်း အမအပေါ်ဘယ်လောက်ချစ်သလဲဆိုတာ ငါတို့တွေ အားလုံးမြင်ပါတယ်...အမလည်း ပြန်ကောင်းလာရင်တောင် သူ့အပေါ်ထားတဲ့အချစ်တွေကို မြင်ရမှာပါကွာ..အဲဲဒါကြောင့် အရမ်းကြီးလဲ မခံစားနေပါနဲ့ကွာ..''
"အင်း..''
အသက်မပါသည့် အပြုံးယေးယေးရဲ့ ခေါင်းညိတ်ပြလိုက်၏။
************* *************
အခန်းတံခါးခပ်ဖြေးဖြေးဖွင့်ပြီးအထဲကိုဝင်လိုက်တာနှင့် အခန်းထဲက အိပ်ရာကုတင်ထက်မှာ သမီးလေးကိုရင်ခွင်ထဲထည့်ပြီး အိပ်နေသည့်ပုံရိပ်လေးကိုလှမ်းမြင်လိုက်ရလေ၏။မင်းခန့် မူးနေပြီး ခြေလှမ်းတွေ ယိုင်နှဲ့နေသော ခြေလှမ်းများနှင့် ငွေ့နဲ့သမီးလေးရှိရာ ထိုအနားကိုလျှောက်လာလိုက်သည်။သမီးလေး အိပ်ပျော်နေသည်မှာ ပါးစပ်လေးကို ဟလို့နေ၏။
မင်းခန့် စက္ကန့်မိနစ်ပေါင်းများစွာကြာမြင့်သည်အထိ ငွေ့နဲ့သမီးလေးကို ဒီအတိုင်းငေးစိုက်ကြည့်နေခဲ့ရင်း မျက်ရည်တို့စီးကျလျက်...သမီးလေးကို နမ်းရင်း သမီးလေးရဲ့ မျက်နှာပေါ် ကျနေသည့် ငွေ့ရဲ့ ဆံနွယ်စတွေကိုခပ်ဖွဖွလေးယူကာ သပ်တင်ပေးလိုက်ရင်း၊ငွေ့ရဲ့ နဖူးလေးအား ခေါင်းငုံ့ကာ အရက်နံ့တွေလှိုင်နေသည့် သူ့နူတ်ခမ်းဖြင့် နမ်းရိူက်လိုက်သည်။
အတင်းခေါင်းထောင်လာပြီး သူ့နမ်းလိုက်သော သူမရဲ့နူတ်ခမ်းလေးကို လက်ဖမိုးလေးနဲ့ သုတ်လိုက်ပြီး သူ့ကိုအော်လိုက်၏။
"ဘာလုပ်တာလဲ..''
"ဟင်..''
ငွေ့ရည်၏ သူ့အပေါ်သူစိမ်းဆန်သွားသည့်အပြုအမူလေးကို ကြည့်ပြီး တုန်လှုပ်သွားရသည်။သူ့ကိုကြည့်နေတဲ့ ငွေ့ရဲ့ မျက်လုံးတွေဟာ အရင်လိုမဟုတ်တော့ချေ။မျက်လုံးအကြည့်တွေအရ ငွေ့ အားလုံးကို ပြန်မှတ်မိသွားလောက်ပြီ။သူ အကြောက်ဆုံးအရာက သူ့ဆီကို စိုက်စိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပြီ ဖြစ်သည်။
"ငွေ့...''
"မခေါ်နဲ့...မကြားချင်ဘူး...အရင်လို ခင်ဗျားလို့ပဲခေါ်စမ်းပါ...ငါ အသားမကျတဲ့ နာမ်စားနဲ့ ငါ့ကိုမခေါ်ပါနဲ့လား...''
သေချာသွားပြီ..ငွေ့က အရင်ပန်းငွေ့ရည်ဖြစ်သွားပြီဆိုတာ..သူ့ကို ချစ်ပြီး သူနမ်းတိုင်း အပြုံးလွင်လွင်လေးနဲ့ သဘောကျတက်တဲ့ငွေ့.. သူ့ကို ကိုကိုလို့ခေါ်တဲ့ ငွေ့ မဟုတ်တော့ဘူးဆိုတာ တကယ်သေချာသွားခဲ့ပြီ။
"ကိုယ် တောင်းပန်ပါတယ်...''
ငွေ့ရည် ကိုယ်လို့သုံးနှုန်းလိုက်သည့် မင်းခန့်ကို နူတ်ခမ်းလေးတစ်ခြမ်းမဲ့လိုက်ကာ မင်းခန့်မျက်ကို ကြည့်လိုက်ပြီး
"ဟွန့်...ဘာတဲ့ ကိုယ်တောင်းပန်ပါတယ်တဲ့လား..မလိုပါဘူး...မင်း ငါ့ကို တောင်းပန်ဖို့ မလိုဘူး ကောင်လေး...ငါကပဲ မင်းကို တောင်းပန်ရမှာမဟုတ်လား.. မင်းတို့ ချစ်သူနှစ်ယောက်ကို ဝေးကွာသွားအောင်လုပ်မိလို့လေ...မင်းတို့နှစ်ယောက်က ရေစက်တွေရှိသေးတယ်ထင်တယ်..ဘာလို့လဲဆိုရင် ငါကမင်းကို ကွာရှင်းပေးတော့ပါမှာလေ..''
"ဘာ..''
ငွေ့ရဲ့ ကွာရှင်းပေးတော့ပါမှာလေဆိုတဲ့ စကားကြောင့် သူတုန်လှုပ်သွားသည်။သူ့ရင်ဘတ်ထဲက တစ်ခုခုကို ဆွဲနှုတ်ယူခံလိုက်ရသလို ရင်ဘတ်ထဲမှာ လစ်ဟာသွားသည်။ဖေဖေပြောသလို ငွေ့ဟာ သူ့ကိုကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်နေခဲ့တာလား။ဘယ်အချိန်ထဲကလဲ။သူ့ဆီကနေ ဘယ်အချိန်ထဲက ထွက်သွားဖို့ပြင်ဆင်နေခဲ့တာလဲ။
ငွေ့ အိပ်ရာပေါ်က ဆင်းပြီး မှန်တင်ခုံ အံဆွဲထဲကနေ တစ်ခုခုယူနေတာကို တွေ့လိုက်ရသည်။ငွေ့ လက်ထဲက ပါသည့်အရာကို မြင်လိုက်ရ၍ မူးနေသည့်အမူးပင် ပျောက်သွားသလို..ငွေ့ဟာ ကွာရှင်းစာချုပ်နဲ့ ဘော့ပင်ကို ယူလာပြီး သူ့ကို ကမ်းလာသည်။
"မင်းလက်မှတ်ထိုးဖို့ပဲ ကျန်တော့မယ်...''
"ဟင့်အင်း...ကိုယ် မလုပ်နိုင်ဘူး ငွေ့...ကိုယ် ငွေ့ကို ကွာရှင်းမပေးနိုင်ဘူး...ကိုယ့်အမှားတွေအတွက် ငွေ့ကိုတောင်းပန်ပါတယ်...ကိုယ့်ကို ပြင်ဆင်ခွင့်လေး တစ်ကြိမ်လောက်ပေးပါ ငွေ့ရယ်...ငွေ့ ကိုယ့်အနားမှာ မရှိရင် ကိုယ်ရူးသွားလိမ့်မယ်...ကိုယ် ငွေ့ကို ချစ်တယ်..ငွေ့နဲ့သမီးလေးအပေါ် ကိုယ့်ဘဝနဲ့ရင်းပြီး ချစ်ပေးမှာမို့လို့ ကိုယ့်ကို ထားသွားဖို့ မတွေးပါနဲ့လား...''
မင်းခန့် ငွေ့ရည်ရဲ့ကိုယ်လေးကို တင်းကြပ်စွာ ဖက်ထားပြီး ထပ်တစ်လဲလဲ တောင်းပန်နေပေမယ့် ငွေ့ရည် နူတ်ကထွက်လာသည့် စကားဟာ မင်းခန့်၏ နှလုံးသားကို နင်းခြေဖျက်စီးလိုက်သလိုပင်။
"မင်း တကယ် ငါ့ကိုချစ်တယ်ဆိုရင် ကွာရှင်းပေးပါ...အခုချိန်မှာ မင်းဆီက ငါလိုချင်တာဆိုလို့ မင်းရဲ့လက်မှတ်ပဲ ကောင်လေး...မင်ဆီက ကျန်တာ ဘာတစ်ခုမှ မလိုချင်တော့ဘူး...''
အရင်အချိန်တွေကသာ ငွေ့ရည်ကို ချစ်ပါတယ်ဆိုတဲ့ သည်စကားကို ပြောခဲ့ရင် ငွေ့ရည် ခေါင်းညိတ်မိမယ်ထင်တယ်၊မဟုတ်ဘူး ငွေ့ရည် ခေါင်းညိတ်လိုက်မှာပါ။သူ့ရင်ခွင်ထဲ ထိုးဝင်ပြီး ပျော်နေမှာ။
"တကယ်ကြီး ကိုယ့်ကို ထားခဲ့တော့မလို့လား ငွေ့ရယ်...''
မင်းခန့် ၏ အသံမှာ သိပ်ကိုဆွေးမြေ့လှ၏။
"မနက်တော့ မင်းလက်မှတ်ထိုးထားတဲ့ စာချုပ်ကို မြင်ချင်တယ်...''
"ကိုယ်တောင်းပန်ပါတယ် ငွေ့ရယ်...ကိုယ် မကွာရှင်းပါရစေနဲ့နော်...ကိုယ်မကွာရှင်းပေးနိုင်ဘူး...လုံးဝ မကွာပေးနိုင်ဘူး...''
ငွေ့က သူ့ကိုဘာမှမပြောဘဲ စက္ကန့်အနည်းငယ်မျှ မင်းခန့်မျက်နှာနွမ်းနွမ်းလေးကို ကြည့်ပြီးနောက်..လှည့်ထွက်လာကာ အိပ်ရာပေါ်တက်သွားလိုက်ပြီး သမီးလေးအနားကို ဝင်လှဲလျောင်းအိပ်စက်လိုက်တော့သည်။
မင်းခန့် သူ့လက်ထဲက ကွာရှင်းစာချုပ်ကို တစ်စစီ ဖြဲစုတ်ပစ်လိုက်သည်။သူ့နှလုံးသားလိုပင် ငွေ့ရည်ပေးသွားသော ကွာရှင်းစာချုပ်ဟာလည်း တစ်စစီ ဖြစ်နေတော့သည်။
အခန်းမှတ်ချက်များ (0)