ငွေ့ မင်းခန့်လက်မောင်းပေါ်မှသူမရဲ့ခေါင်းလေးကိုထောင်လိုက်ကာ ဘေးနားက ခေါင်းအုံးကိုလှမ်းယူလိုက်ပြီး ကလေးလေးရဲ့ဘေးကို ပြောင်းအိပ်လိုက်သည်။ထိုအခါမှ ကိုကိုဟာ သူမနဲ့ကလေးလေးရဲ့ ပါးပြင်ကို နမ်းပြီး ထထွက်သွားသည်။ကိုကို ထထွက်သွားတာ၊ရေချိုးခန်းထဲကိုဝင်သွားတာ၊ပြန်ထွက်လာပြီး အဝတ်လဲတာကအစအဆုံးကို သိနေမြင်နေရသော်လည်း အိပ်ရာထဲက မခို့တခို့အကြည့်နဲ့မသိမသာကြည့်နေလိုက်ပြီး အိပ်ရာကတော့ မထသေးပေ။
ကိုကိုဟာ ငွေ့ဘက်ကို လှည့်ကြည့်လိုက်တာကြောင့် မျက်လုံးလေးမှိတ်ပြီး အိပ်နေယောင်ဆောင်လိုက်တော့သည်။
မင်းခန့်လည်း ပြုံးလိုက်၍ သူမသဘောတိုင်း မသိချင်ယောင်ပြန်ဆောင်လိုက်ပြီး မှန်တင်ခုံကိုသွားပြီး နက်ပြောင်နေသောဆံပင်ကိုသေသပ်စွာဖြီးလိုက်သည်။အနားမှာရှိသော ရေမွှေးကိုယူကာ နှစ်ချက်လောက်ဆွတ်လိုက်၏။မင်းခန့်သူ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့ ဆင်စွယ်ရောင်အကျီနဲ့ဘောင်းဘီခဲရောင်ကို တွဲဖက်ဝတ်ဆင်ထားသည်က အလွန်ကြည့်၍ကောင်းနေသည်။
"ချောလိုက်တာ မင်းသားလေးအတိုင်းပဲ...''
ငွေ့ရည်နူတ်ကနေ တိုးတိုးလေးပြောလိုက်တာကို မင်းခန့်က ကြားဖြစ်အောင်ကြားလိုက်သေးတယ်။ထို့ကြောင့် နူတ်ခမ်းလေးက ပြုံးယောင်သမ်းသွားပြီး ချောင်းသံပေးလိုက်၏။
"အဟက်..အဟက်...''
ငွေ့ရည်လည်း မင်းခန့်ကိုကြည့်နေသော သူမရဲ့မျက်လုံးတွေကို ပြန်ယူလိုက်ပြီး ကလေးလေးအနားမးကို ကပ်ပြီး မျက်လုံးများမှိတ်ထားလိုက်သည်။ထိုအခါ ရုတ်တရက်ကြီးဆိုသလို ငွေ့ပါးပြင်ထက်သို့ အနမ်းလေးကျရောက်လာခဲ့ပြီး
"နိုးနေပြီးမဟုတ်လား ထတော့ ...ကိုကို ခဏနေအလုပ်သွားတော့မှာ...ကိုကိုဝတ်ထားတာ ကိုကိုနဲ့လိုက်ဖက်ရဲ့လား၊ကြည့်လို့ကောင်းရဲ့လား ကြည့်ပေးပါဦးကွာ...နောက်ပြီး ကိုကို့ကို ဘာလုပ်ပေးရမလဲ ဆိုတာသိတယ်မလား...''
မင်းခန့်ဟာ လှဲလျက်သားရှိသောငွေ့ရဲ့အနားမှာထိုင်ပြီး မျက်နှာပေါ် ဖရိုဖရဲကျနေသော ဆံနွယ်တွေကို သတ်တင်ပေးရင်း မေးလိုက်သည်။
"မသိတော့ဘူး..မေ့သွားသလားပဲ ကိုကိုရယ်...ဘာပေးရမှာလဲဟင်..ကိုကိုပြောပြပေး ငွေ့မသိတော့လို့..''
"ငွေ့က မသိတော့ဘူး မေ့သွားပြီ ဆိုတော့ ကိုကိုက သတိပြန်ပေးရတော့မှာပေါ့ကွာ..ဒီတစ်ခါပဲနော်..နောက်တစ်ခါထပ်မေ့ရင် ငွေ့ ကိုကို့ကို အတိုးအရင်းပေါင်းပြီး နှစ်ဆပြန်ပေးရမှာ...''
မင်းခန့် ငွေ့ရည်ရဲ့ နူတ်ခမ်းလေးကို ထိကပ်နမ်းပြလိုက်၏။
"ကိုကိုနော်..ညစ်ပတ်တယ်.. ငွေ့မှမျက်နှာမသစ်ကသေးတာကို နမ်းတယ်...''
"အဲဆို ရေးချိုဖို့ပြင်တော့ ကိုကိုနောက်ကနေ အနမ်းခံဖို့ စောင့်နေမယ်...''
မင်းခန့် နူတ်ခမ်းလေးဆူထားသော ငွေ့ကို နှစ်လိုဖွယ်ကောင်းတဲ့ အကြည့်ဖြင့်ကြည့်လိုက်ပြီး အိပ်ထား၍ အစ်မို့မို့ဖြစ်နေသော မျက်ခွံလေးတွေကို နီထွေးနေတဲ့ သူ့နူတ်ခမ်းလေးနဲ့ နမ်းလိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
မမမူတို့ပြောသလို ကိုကိုဟာ ငွေ့နေမကောင်းဖြစ်နေတာကိုတောင် ဒီလောက်ထိချစ်ပေးနေတာ သာမန်လူတစ်ယောက်လို နေကောင်းသွားရင် ဒီထက်ပိုချစ်လောက်မှာ သေချာတယ်။
"ငွေ့ မြန်မြန် နေကောင်းချင်ပြီ ကိုကိုရယ်..''
အရင်က မမမူတို့ ဆေးလာတိုက်တိုင်း အယောင်ပြသောက်လိုက်သော်လည်း မမမူအခန်းထဲကပြန်ထွက်သွားရင် ရေချိုးခန်းထဲ ပြေးဝင်ပြီး ထွေးထုတ်ပစ်လိုက်သည်။အခု ကိုကို့ကို ငွေ့ကြောင့်နဲ့ စိတ်မပူရအောင် နေကောင်းသွားရင် ကိုကိုသွားတဲ့နောက်ကိုတကောက်ကောက်လိုက်ပြီး အမြဲနားမှာတောက်တက်လေးလို ကပ်တွယ်ရအောင် ဆေးသောက်တော့မည့်လို့ စိတ်ထဲ သန္နိဌာန်ချလိုက်၏။
"မမူ ငွေ့ကို တစ်ယောက်ထဲ ခြံထဲကို မဆင်းစေပါနဲ့...တကယ်လို့ ငွေ့က အိမ်ထဲမှာပြင်းလို့ ခြံထဲဆင်းချင်တယ်ဆိုရင် ငွေ့နဲ့ အဖော်နေပေးပါ...''
"စိတ်ချပါ အစ်ကိုလေးရယ်...မမလေးကို အစ်ကိုလေးမရှိတဲ့အချိန် အကောင်းဆုံးစောင့်ရှောက်ပေးပါ့မယ်..မမလေးအတွက် စိတ်မပူဘဲ အလုပ်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့သာ လုပ်ပါ...''
"ကျေးဇူးပဲ မမူရာ..အားကိုးမယ်ဗျာ...ငွေ့အတွက်ရော သမီးအတွက်ရော မမူတို့မပိုးလေးတို့ ဝိုင်းစိန်မတို့ပဲ အားကိုးရတော့မယ်...''
ကြွေရုပ်ကလေးလို ယမင်းရုပ်ကလေးလို လှပတဲ့ သူ့ဇနီးသည်လေးက သူနဲ့ဆင်တူဝယ်ထားသည့် ဆင်စွယ်ရောင်ဂါဝန်ကားကားလေးကိုဝတ်ဆင်ထားပြီး အပေါ်ကနေ တစ်လှမ်းခြင်း ဆင်းလာခဲ့သည်။ရင်ကိုအေးစေသော ငွေ့ရဲ့ အပြုံးချိုချိုလေးက သူ့အတွက် မူပိုင်။
သူ့ကိုပြုံးပြလာတဲ့ ငွေ့ကိုကြည့်ပြီး သူတွေးမိသည်။မေမေဟာ သူ့အပြုံးတွေကိူ ဖေဖေတစ်ယောက်ကလွှဲလို့ သူစိမ်းယောကျ်ားတစ်ယောက်ကိုမှ ဖော်ရွှေစွာ မပြုံးပြဘူးတဲ့။ဒါကိုဖေဖေရဲ့သူငယ်ချင်းတွေက မေမေ့ကို လူမှုရေး ညံ့တယ်လို့ ပြောကြသည်။ထိုအခါ ဖေဖေက မေမေ့ရဲ့ သူ့အပေါ်ထားတဲ့ လေးနက်သော အချစ်တွေကိုဘဲ မမြင်တာလားမပြောတက်ပေ။မေမေ့အပေါ် သူ့သူငယ်ချင်းတွေအပေါ် အန်တီဆောင်းလို ဖော်ရွေမှုလဲမရှိဘူးဆိုပြီး ဖေဖေက မေမေ့ကို ပြောခဲ့ဖူးသည်။
သူကတော့ ဖေဖေ့လိုမဟုတ်ပေ။ငွေ့ကို မေမေလို သူ့ခင်ပွန်းတစ်ယောက်ထဲကိုပဲ ပြုံးပြတဲ့သူဖြစ်စေချင်တယ်။ငွေ့ရဲ့ အပြုံးကို သူတစ်ယောက်သာ မြင်ချင်တယ်။ငွေ့ရဲ့အပြုံးတွေက သူ့အတွက်သာ ဖြစ်ချင်သည်။ ငွေ့ကို မုန်းခဲ့တုန်းကအတိုင်းအဆမရှိသလို ချစ်မိပြန်တော့လဲ အတိုင်းအဆမရှိပေ။ရူးလောက်မတက်အောင် ချစ်ပါသည်။ငွေ့နဲ့သမီးလေးက သူ့ဘဝအရာရာဖြစ်သည်။လက်လွှတ်ဆုံးရှုံးခံဖို့ကို သူဘယ်နည်းနဲ့မှ လက်ခံနိုင်သည်မဟုတ်ပါ။
"ကိုယ် ငွေ့ကိုဆုံးရှုံးရမှာ ကြောက်တယ် ငွေ့ရယ်..ကျေးဇူးပြုပြီး ကိုယ့်အနားမှာပဲ နေပေးလို့မရဘူးလား...''
မင်းခန့်ဟာ ငွေ့ရည်ကို သနားခံနေသော အကြည့်နဲ့ကြည့်ရှာသည်။ထိုအခါ ပြုံးနေသည့် ငွေ့ရည်၏ မျက်နှာကလေးဟာ ရုတ်ချည်းဆိုသလို တည်သွားလေ၏။မြန်မြန်ဆန်ဆန်နဲ့ ငွေ့ရည်ဟာ လက်ဖမိုးလေးကို မင်းခန့်ရဲ့နဖူးပေါ်တင်ပြီး စမ်းရင်း ပြောလေသည်။
"နေမကောင်းဘူးလား ကိုကို...ဟွန့် ကိုယ်လည်းမပူပါဘူး...ဗိုက်ဆာနေလို့များလားဟင် ကိုကို..''
"အွန်း...''
သူနဲ့ ငွေ့ ထမင်းစားကြသည့်အခါ မမူလက်ထဲက သမီးလေးကတော့ စားချင်နေတာလားမသိ။သူတို့စားနေတာကိုကြည့်ပြီး မမူလက်ထဲမှာ အငြိမ်မနေဘဲ လက်တွေက ဆွဲချင်နေရှာသည်။ငွေ့ကတော့ သမီးလေးကို ပြောင်စားပြလေရဲ့။ထိုအခါ သမီးလေးက စိတ်ကြီးပြီး ငိုပါတော့သည်။ဒါကို ငွေ့က မချော့တဲ့အပြင် သမီးလေးကို ကြည့်ပြီး ရယ်မောလေတယ်။သူကတော့ သမီးလေးကို ကြည့်ပြီး စိတ်မကောင်းပေ။
"သမီးလေးကို မစပါနဲ့ ငွေ့ရယ်...ငိုနေတာကြည့်ပါဦး...မျက်ရည်တွေပေါက်ပေါက်နဲ့ကျနေတာ သနားဘူးလား...''
"ဟိဟိ...ချစ်လို့ပါ ကိုကိုရယ်...''
မင်းခန့် ထမင်းကိုအမြန်စားပြီး မမူလက်ထဲက သမီးလေးကို ချီလိုက်၏။သူနမ်းတဲ့အခါ အသံထွက်အောင် တခစ်ခစ်နဲ့ ရယ်လေတယ်။ရယ်လိုက်သောအခါ အောက်သွားလေးနှစ်ချောင်းက ပေါ်လာသည်။
"ကလေးကို ငွေ့ကိုပေးတော့ကိုကို...အလုပ်သွားရတော့မှာလေ...''
ငွေ့ သမီးကို ကိုကို့ဆီကနေချီတဲ့အခါ သမီးက မလိုက်ပေ။ငွေ့ကို မျက်နှာလွဲလိုက်ပြီး ကိုကို့ကို ဖက်တွယ်ထားသည်။ကိုကိုကတော့ သူ့သမီးရဲ့ ပြုမှုပုံလေးကို ကြည့်ပြီး သဘောတွေကျလေရဲ့။
"သမီး မေမေ့ဆီကိုလာ...ဖေဖေက အလုပ်သွားရမှာ မေမေ့ဆီကို လာနော်...''
သမီးလေးကတော့ ကိုကို့ ပုခုံးလေးကိူမှီပြီး ဖက်တွယ်ထားဆဲပင်။ဘယ်လိုခေါ်ခေါ်မရပါ။ငွေ့ အတင်း ချီတဲ့အခါ မျက်နှာကလေးမဲ့သွားသည်က သနားစရာကောင်းလွန်းသည်။ထုံးစံအတိုင်း မင်းခန့်ဟာ ငွေ့တို့သားမိကိုပြီး ငွေ့ဆီက အနမ်းကိုလဲယူပြီး ထွက်လာခဲ့တော့သည်။
//
//
သူ ကုမ္ပဏီထဲကို ဝင်လိုက်တာနဲ့ ဝန်ထမ်းတစ်ချို့က မအုံမနွေးကြည့်ကြသည်။သူ့အတွင်းရေးမှူးဖြစ်တဲ့ကိုသက်ပိုင်ကတောင် တစ်ခုခုကိုမေးချင်သလိုလိုနဲ့ သူ့ကို ခဏခဏကြည့်တက်သည်။သူ့ကိုယ်မှာများ တစ်ခုခုဖြစ်နေသည်လား ကြည့်တော့လဲ ဘာမှ လိုအပ်ချက်မရှိချေ။
"ကိုသက်ပိုင် ခင်ဗျား ကျွန်တော့်ကို ဘာပြောလို့လဲ...ပြောစရာပြောလို့ရတယ်...''
"ဟို..ဟိုလေ သူဌေး..ဘယ်လိုပြောရလဲ...ဟိုဟာလေ ..လိုင်းပေါ်က ပုံအကြောင်းလေးလေ..အဲဒါ အမှန်လား သူဌေး..ကျွန်တော် သိချင်လို့..''
"အင်း..အမှန်လေ..ကျွန်တော့်အကောင့်မှာ တင်မှတော့ အမှန်ပေါ့ ကိုသက်ပိုင်...ဒီကိစ္စက နောက်စရာလား...ဘယ်လိုလဲ ကျွန်တော့်ဇနီးနဲ့သမီးလေးက ချစ်ဖို့ကောင်းတယ်မဟုတ်လား...''
"ဟုတ်..ဟုတ်ကဲ့ ..''
ရုံးခန်းထဲရောက်တော့ ကိုသက်ပိုင်က ဒီနေ့အတွက် အချိန်ဇယားတွေကို တင်ပြပြီး သူ လက်မှတ်ထိုးပေးရမည့် စာရွက်စာတမ်းတွေကို ထားခဲ့ပြီးမှ ကိုသက်ပိုင်ဟာ ထွက်သွားတော့သည်။
သူလည်း ညထဲက ပုံတင်ပြီးထဲက ပြန်မကြည့်ရသေးတာနဲ့ ကြည့်လိုက်၏။မန့်တွေကိုကြည့်ပြီး ပြုံးနေသည်မှာ သွားပင်မစိနိုင်ပါ။
"ကလေးလေးက ဖေဖေတူသမီးလေးတော် ချစ်ဖို့ကောင်းလိုက်တာ''
"ကလေးက ချစ်စရာလေး... ကလေးမေမေရောပဲ..ဖေဖေကတော့ ဘယ်လောက်များချစ်နေလိုက်မလဲ...''
"ကလေးက ချစ်ဖို့ကောင်းလိုက်တာ..အဲလိုကလေးမျိုး လိုချင်လိုက်တာ "
"ကလေးအမေက ပိုချစ်ဖို့ကောင်းတယ်..ကလေးလေးတစ်ယောက်လိုပဲ...''
.....?
မေမေနဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မိုးည သူရိန် ဇွဲပြည့်နဲ့သွန်းသွန်းအပြင် ကြွေရုပ်ပါ ဝင်မန့်ထားသည့် မန့်တွေကိုလည်း ဖတ်လိုက်သည်။
"မေမေ့မြေးမလေးက ချစ်ဖို့ကောင်းလိုက်တာ ဘယ်သူနဲ့တူလို့ပါလိမ့်...''
"ငါ့တူမလေးက ချစ်ဖို့ကောင်းလိုက်တာ အမနဲ့သူလို့ဖြစ်မယ်...''
"ပျော်ရွှင်စရာကောင်း မိသားစုလေးဖြစ်ပါစေကွာ...''
"နောက်ထပ်စုဗူးလေးလဲ မြန်မြန်ရပါစေ ကောင်ငါကြီးရေ...''
"ကလေးလေးနဲ့မေမေက ချစ်ဖို့ကောင်းလိုက်တာ...ကလေးလေးက ရယ်နေလိုက်တာ အသဲယားစရာလေး ကြွေရုပ် နမ်းချင်လိုက်တာနော်..''
"ယောက္ခထီးကြီး''
မိုးညရဲ့ တိုတုတ်သည့်မန့်ကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်မှာ မျက်ခုံးနှစ်သွယ့် ထိကပ်လုပြီးဖြစ်သွား၏။သူလည်း ထိုအောက်ကနေ လက်ခလယ်ထောင်သည့်ဟာလေး ပြန်ပို့လိုက်သည်။
အောက်ကိုဆွဲပြီး တခြားမန့်တွေ ဝင်ဖတ်ကြည့်သည့်အခါ ကြွေရုပ်ရဲ့ကျောင်းက ကြွေရုပ်နဲ့သူရဲ့အကြောင်းကို သိကြတဲ့တချို့က ဝင်ရေးထားတာကို တွေ့လိုက်ရ၏။
"မဖြစ်နိုင်ပါဘူး..စနောက်ပြီး တင်ထားတာဖြစ်မယ်..သူ့ကောင်မလေးက တို့ဆေးကျောင်းက တစ်ယောက်ပါ..''
"ဟုတ်တယ်...သူ့ကောင်မလေးက တို့ကျောင်းကပါ...''
"မြင်ဖူးနေသလိုပဲ..ရင်းရင်းနှီးနှီးကို မြင်ဖူးတယ်..ဒါပေမဲ့ အစဖော်မရဘူး...''
"တို့ကျောင်းကို စာလာသင်သွားတဲ့ တီချယ်မဟုတ်လား...''
"ပါးရိုက်ခံလိုက်ရတဲ့ ဆရာမလေကွာ..ဘယ်လိုလုပ် အဲတစ်ယောက်ရဲ့မိန်းမဖြစ်သွားတာပဲ...''
"မဖြစ်နိုင်တာကြီးကွာ..သူ့ကောင်မလေးအတွက်နဲ့ ပါးရိုက်ခံရတဲ့ တို့ကျောင်းက ဆရာမမဟုတ်လား..''
....?
စသည့် မန့်တွေ မြင်ရသည့်အခါ ပြုံးနေသော သူ့မျက်နှာဟာ ပျက်ယွင်းသွားတော့သည်။ဆက်ပြီး ဘဲ ဖုန်းပိတ်လိုက်၏။
အခန်းမှတ်ချက်များ (0)