Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၂၅

အိမ်ကြီးတစ်လုံးလုံးဟာ မမြင်နိုင်တဲ့ ပိုက်ကွန်တစ်ခုနဲ့ ဖုံးအုပ်ထားသလို ဖြစ်နေသည်။

မြင့်မားတဲ့ခြံစည်းရိုးထိပ်မှာ မသိမသာလင်းလက်နေတဲ့ လျှပ်စစ်ကြိုးများ တပ်ဆင်ထားသလိုခြံထဲက စိမ်းလန်းပြီးထူထပ်နေတဲ့ သစ်ရွက်များကြားမှာလည်း လုံခြုံရေးကင်မရာ

များကို လျို့ဝှက်တပ်ဆင်ထားသည်။

ပြီးတော့အိမ် အတွင်းအပြင်ရှိ ထွက်ပေါက်တိုင်းနဲ့ မြင်ကွင်းကျယ်ကျယ်ကို မြင်နိုင်သည့်နေရာတိုင်းတွင် လုံခြုံရေးအစောင့်များက အသင့်စောင့်ကြပ်နေကြသည်။

သူတို့မျက်လုံးများက စူးရှနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သတိအပြည့်ဖြင့် စောင့်ကြည့်နေကြသည်။

လရိပ် အိပ်ခန်းထဲက မှန်ပြတင်းပေါက်ကြီးရှေ့တွင် ရပ်နေပြီး အောက်ထပ်မြက်ခင်းပြင်တွင် ပုံမှန်အတိုင်း ကင်းလှည့်နေကြသော လူများကို ကြည့်နေမိသည်။

ဒီနေရာက နန်းတော်တစ်ခုလိုထင်ရပေမဲ့တကယ်တမ်းမှာတော့ လှောင်အိမ်ကြီး

တစ်ခုသာ ဖြစ်နေသည်။

သူမ ဘယ်နေရာကိုမှ သွားလို့မရပေ။

နေရောင်ခြည်က မှန်ပြတင်းပေါက်ကို ဖြတ်သန်းဝင်လာပြီး ဖြူဖျော့နေသောသူမလက်ချောင်းများပေါ် ကျရောက်နေသော်လည်း နွေးထွေးမှု‌ တော့ မပေးနိုင်ခဲ့ပေ။

သူမ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး ဖုန်းဖွင့်လိုက်တာနဲ့ နန်းသစ္စာရဲ့ မင်္ဂလာဝတ်စုံ တွေတန်းစီထားတဲ့ရှေ့မှာ ရပ်နေတဲ့ ပုံက သူမဆီတက်လာသည်။

နန်းသစ္စာ မျက်နှာပေါ်တွင် ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုများပြည့်နှက်နေကာသူမက ရိုးရှင်းတဲ့ ဖဲသားမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ကင်မရာဘက်သို့ ကိုယ်ကိုစောင်းထားကာ လက်ချောင်းများဖြင့် ပုလဲများနဲ့အလှဆင်ထားသော မင်္ဂလာဝတ်စုံတစ်ထည်ကို ညင်သာစွာ ထိတွေ့နေသည်။

ပုံအောက်တွင် ရေးထားက...

*ရွေးရတာတောင် ခက်နေပြီ..အားလုံးက အရမ်းလှနေတာပဲ~ #WeddingDress*

ဓာတ်ပုံနောက်ခံကတော့ အဆင့်အတန်းမြင့် မင်္ဂလာဝတ်စုံအထူးချုပ်ဆိုင်ကြီးတစ်ခု ဖြစ်သည်။

လရိပ် ထိုဓာတ်ပုံကို တိတ်တိတ်လေး စိုက်ကြည့်နေမိရင်း နှလုံးသားထဲဓားနဲ့ထိုးသလို နာကျင်လာမည်ဟု ထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် သူမခံစားလိုက်ရတာက နာကျင်မှုမဟုတ်ဘဲ တိတ်ဆိတ်ခြင်းနဲ့ ထုံကျင်ခြင်းသာ ဖြစ်နေသည်။

သူမ နာကျင်ခြင်း...ဝမ်းနည်းခြင်းကို လုံးဝမခံစားရတော့ပေ။

တစ်ချိန်က သူနဲ့အတူ မင်္ဂလာဝတ်စုံပုံစံအကြောင်း ဆွေးနွေးခဲ့ဖူးသူ...

အခုတော့ အဲဒီချိုမြိန်တဲ့ စကားတွေကို ပြန်စဉ်းစားမိတိုင်း ရင်ထဲမှာ အေးစက်တဲ့ လှောင်ပြောင်မှုတစ်ခုလိုပဲ ခံစားရသည်။

သူမဖုန်းပိတ်လိုက်ပြီး ဖုန်းကို ဆိုဖာပေါ် ပစ်ချလိုက်ပေမဲ့ အဲ့အချိန်မှာပဲ ဖုန်းမြည်သံက အခန်းထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

သူမ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ သံစဉ် ဖြစ်နေတာကြောင့်..ချက်ချင်းဖုန်းကိုင်လိုက်သည်။

"ဟယ်လို..သံစဉ်"

"ဟယ်လို လရိပ် နင်အဆင်ပြေရဲ့လား အဲဒီကောင်စုတ်က နင့်ကို ဒုက္ခပေးသေးလား"

သံစဉ်ရဲ့ စိုးရိမ်နေတဲ့အသံက ဖုန်းထဲက‌နေထွက်ပေါ်လာသည်။

"အဆင်ပြေပါတယ်..ဒါပေမဲ့ သူက... အခုတော့ ငါ့ကို ထွက်ခွင့်မပေးသေးဘူး.."

"ဘာကို ထွက်ခွင့်မပေးတာလဲ..ဘာအခွင့်အရေးနဲ့လဲ..ရဲတိုင်လိုက်! ရဲကို ဖုန်းခေါ်ကြမယ်"

"အကျိုးမရှိဘူးလေ နင်သိတယ်မလားသူ့အာဏာကို နင်လည်း သိတာပဲ"

သူမ စကားကြောင့် ဖုန်းတစ်ဖက်တွင် အသံ ခဏ တိတ်ဆိတ်သွားပြီး သံစဉ်ရဲ့

ထိန်းချုပ်ထားတဲ့ အသက်ရှူသံသာ ကြား

နေရသည်။

"နင် ဘာဆက်လုပ်မလဲ.. ငါ နင့်ကို အဲ့ဒီမှာ တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချဘူး"

"ငါ့အတွက် စိတ်မပူပါနဲ့...နင်အရင် သွားပြီး နေရာချထားတာက ပိုကောင်းတာပဲ‌ လေငါလည်း အတတ်နိုင်ဆုံး နင့်ဆီ အမြန်ဆုံးလိုက်လာခဲ့မယ်‌"

အဲ့လို အချိန်ဟာ ဘယ်အချိန်လဲဆိုတာကိုတော့ သူမကိုယ်တိုင်လဲ အတိအကျမသိပေ။

သံစဉ်ကို စိတ်မပူစေချင်သလို ဒီကိစ္စထဲကိုလည်း သူမရဲ့သူငယ်ချင်းကို မဆွဲသွင်းချင်တာမို့ သူမ သံစဉ်စိတ်အေးသွားအောင်လိမ်ပြောလိုက်သည်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူမ ဒီအိမ်ကနေ ထွက်လို့ရအောင်ကြိုးစားပြီး သူနားကနေ တတ်နိုင်သမျှ အဝေးဆုံးကို ပျောက်ကွယ်သွားမည်ဆိုတာပင်။

"လရိပ်..."

သံစဉ်က စိတ်ပူတဲ့အသံနဲ့ ထပ်ခေါ်လာပြန်တာကြောင့်...

"ငါ ပြောတာ နားထောင်ပါ သံစဉ် ကိုယ့်ကိုယ်ကို ဂရုစိုက်.. ငါလာတော့မယ်ဆိုတဲ့ သတင်းကိုသာ စောင့်နေနော်"

"ဟုတ်ပါပြီ...အမြန်ဆုံးလာခဲ့နော်..ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်..ငါမျှော်နေမယ်"

နောက်ဆုံး သံစဉ်က စိတ်လျှော့လိုက်တဲ့ ပုံနဲ့ပြောလာသည်။

လရိပ် ဖုန်းချပြီးနောက် သူမ မျက်လုံးမှိတ်လိုက်မိသည်။

သူမ အလွန်ပင်ပန်းနေပြီ...စိတ်ရော..လူကော..

အပြင်ဘက်က ကောင်းကင်ဟာ တဖြည်းဖြည်း မှောင်လာပြီး ဗီလာထဲက မီးများလည်း တစ်လုံးပြီးတစ်လုံး လင်းလာသည်။

လရိပ်ကတော့ သူမအခန်းထဲက မီးမဖွင့်ဘဲ မှိန်ပြပြအလင်းရောင်ထဲတွင်သာ ထိုင်နေပြီး ပန်ချီဆက်ဆွဲနေမိသည်။

သူမဆွဲနေတဲ့ ပန်းချီစင် ရှေ့မှာသာ နေဝင်ချိန်ရဲ့ နောက်ဆုံးနေရောင်ခြည်လေး မှိန်ပြပြ လင်းနေသည်။

အဲ့အချိန် သူမအခန်းအပြင်ဘက်မှ ခြေသံ

ကြားရပြီးနောက်အခန်း တံခါးပွင့်လာကာ

နေကမ္ဘာလွှမ်း ဝင်လာခဲ့သည်။

သူက မီးခိုးရောင် ဆွယ်တာကို ဝတ်ထားပြီး အလုပ်ခွင်တွင် မြင်ရသည့် ခက်ထန်မှုများ လျော့နည်း နေကာ ပိုနူးညံ့တဲ့ပုံစံ ဖြစ်နေသည်။

လရိပ် သူ့ကို ခဏ သာ လှည့်ကြည့်လိုက်ပြီးကျောပေးလိုက်ကာ ပန်းချီဆက်ဆွဲနေလိုက်သည်။

သူမ နောက်ကိုလုံးဝလှည့်မကြည့်တော့ပေ။

"ပန်းချီဆွဲနေတာလား"

သူက သူမအနားကို ကပ်လာပြီး အသံကိုလျှော့ကာပြောလာသည်။

"ဘာလို့ မီးမဖွင့်ထားတာလဲ"

လရိပ်ကတော့ ပြန်မဖြေဘဲ သူမလက်ထဲက စုတ်တံကိုသာ ဆက်ရွှေ့နေလိုက်သည်။

ပန်းချီကားကတော့ ရှုပ်ထွေးပြီး စိတ်ဖိစီးစရာအရောင်ကွက်များသာ ဖြစ်နေသည်။

လွှမ်း သူမနောက်မှာ ရပ်ပြီး ပန်းချီကားကို စိုက်ကြည့်လိုက်တော့ဒါဟာ သူမရဲ့ပုံမှန် တောက်ပနွေးထွေးသောပန်းချီပုံစံ မဟုတ်ပေ။

ပန်းချီကားတစ်ခုလုံးက လျှံထွက်လာမတတ် ထူထပ်နေတဲ့ အမှောင်ထုများနဲ့ ပြည့်နေသည်။

လွှမ်း ကြည့်ရင်းသူ့နှလုံးသားကို တစ်စုံတစ်ခုက ထုရိုက်လိုက်သလို ခံစားလာရပြီး စူးရှသောနာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။

သူ ရုတ်တရက် လက်နှစ်ဖက်နဲ့ လရိပ်ကို အနောက်ကနေ ဖက်ထားလိုက်သည်။

သူမကို လုံးဝ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ကာ သူမလည်ပင်းဘေးတွင် မျက်နှာအပ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

သူမရဲ့ ကိုယ်သင်းနံ့ကို သူ့နှလုံးသားထဲမှာ ထာဝရမှတ်သားထားချင်သည်။

လရိပ် သူ့ရဲ့တုန်ယင်နေတဲ့ နှလုံးခုန် သက်ပြင်း

ချသံကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူက သူမကို ဖက်ထားရင်း...

"ညစာ ဘာစားချင်လဲ..ကိုယ် ပြင်ဆင်ခိုင်းလိုက်မယ်"

လရိပ် သူ့ကို ဘာမှပြတ်မဖြေသလို နောက်လည်းလှည့် မကြည့် ပေ။

သူမ ခန္ဓာကိုယ်က ချက်ချင်းတောင့်တင်းသွားပြီး သူမလက်ထဲက စုတ်တံက လေထဲမှာ ရပ်သွားကာ ဆေးစက်များက အောက်သို့ကျပြီး ဆေးပန်းကန်ပေါ်တွင် အကွက်လေးတစ်ခု ဖြစ်လာသည်။

"တော်တော့..."

လွှမ်းက ပြောပြီး ရုတ်တရက် အနောက်ကနေ သူမလက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်တာကြောင့် စုတ်တံက သူမလက်ထဲ ကနေလွတ်ကျသွားပြီး ကော်ဇောပေါ်တွင် အနီရင့်ရောင်ဆေးစက်တွေ ပေကျံသွားသည်။

"ကျွန်မလက်ကိုလွှတ်.."

လရိပ် သူ့ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်ပြီး ရုန်းလိုက်‌ပေမဲ့သူက လုံးဝမလှုပ်ပဲ သူမကို ပွေ့ချီလိုက်ကာအခန်းထဲကနေခေါ်လာပြီး လှေကားမှတစ်ဆင့် အောက်ထပ်ကို ဆင်းလာသည်။

သူမတို့ ထမင်းစားခန်းထဲ ဝင်လာတာနဲ့ အစေခံများက ခေါင်းငုံ့ထားကြသည်။

"မစားချင်ဘူး..ကျွန်မ မစားဘူး"

ပြောပြီး လရိပ်ဘယ်သူ့ကိုမှ မကြည့်ဘဲ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။

လွှမ်းက သူမကို ဘာမှမပြောတော့ဘဲ လက်ခုပ်တီးလိုက်တော့ သူ လက်ခုပ်တီးလိုက်တာနဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့အစေခံနှစ်ယောက် ကဝင်လာပြီး အစားအစာများကို

စတင်ခင်းကျင်းပေးကြသည်။

သူမအကြိုက်ဆုံး အရာ တွေကတော့ မပါ

မဖြစ် ဖြစ်သည်။

"စားကြည့်... စားဖိုမှူးက မင်းအတွက် အထူးပြင်ဆင်ပြီး ချက်ပေးထားတာ"

သူက ပြောပြီး ကြက်သား စွပ်ပြုပ်ကို ဇွန်းနဲ့အနည်းငယ် ခပ်လိုက်ပြီး အေးသွားအောင် အသာလေးမှုတ် လိုက်ကာသူမနှုတ်ခမ်းနား

မှာ ဇွန်းကိုတေ့ပေးလာပြီး....

"ပါးစပ်ဟ..."

သူ့အသံက အမိန့်ပေးသံလိုဖြစ် နေပေမဲ့

ထူးထူးခြားခြား နူးညံ့နေသည်။

သူမကတော့ သူပြောတာကို မကြားသလိုပဲနေလိုက်ကာ ပါးစပ်မဟပေးပဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရှေ့တည့်တည့်ကိုသာ ဆက်ကြည့်နေသည်။

လရိပ် အဲ့အတိုင်းအချိနိ အတော်ကြာနေနေပေမဲ့ သူကတော့ သည်းခံမှုက အဆုံးမရှိသလိုပင်... စွပ်ပြုတ်လုံးဝအေးသွားသည်အထိ ဇွန်းကို အဲ့ဒီအတိုင်းကိုင်ထားသည်။

နောက်ဆုံး သူမ လုံးဝ မတုံ့ပြန်တဲ့အခါ မှသူက သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့မျက်လုံးထဲတွင် ခိုင်မာသောဆုံးဖြတ်ချက်တစ်ခု ပေါ်လာပြီး...

"ကိုယ့်ကိုယ်ကို အငတ်ခံပြီး သေချင်နေတာလား"

သူက သူမတို့နှစ်ယောက်သာ ကြားနိုင်လောက်အောင် အသံကို လျှော့ပြောလာသည်။

"ရတယ်..မစားဘူးဆိုရင် ဆရာမကြီးရဲ့ အုတ်ဂူ ကိုနေရာကနေဖယ်ရှားပြီး တူးထုတ်ခိုင်းလိုက်မယ်"

"ရှင် မလုပ်ရဲပါဘူး.."

"အာဆို..စမ်းကြည့်လိုက်လေ..."

သူမ ပြောလိုက်တော့ နေကမ္ဘာလွှမ်း မျက်လုံးများက အလွန်အေးစက်သွားသော်လည်း သူ့လက်ထဲက ဇွန်းကတော့ သူမနှုတ်ခမ်းနားတွင် မတုန်မလှုပ်ရှိနေသေးသည်။

သူ့ရဲ့ပုံစံကိုကြည့်ပြီး လရိပ် နှုတ်ခမ်းများ တုန်ယင်သွားကာ နောက်ဆုံးသူမ ဒီအတိုင်းဆို ပြသနာက ပြီးမှာမဟုတ်တာကြောင့် ပါးစပ်ဖွင့်လိုက်ရသည်။

သူမ ပါးစပါဟ လိုက်တာနဲ့ စွပ်ပြုတ်က သူမလည်ချောင်းထဲကို စီးဝင်လာပြီး အဲ့အရသာဟာ

သူမအကြိုက်ဆုံးအရသာပင်။အပူချိန်ကလည်း အတော်ဖြစ်ပြီး အရသာကလည်း ကွတ်တိ ဖြစ်သည်။

သူမ စားလိုက်တာကြောင့် နေကမ္ဘာလွှမ်း မျက်လုံးထဲတွင် ကျေနပ်မှုတွေ

ဖြတ်သန်းသွားပြီး.....

"ဒီ..ငါးကလည်း အရမ်းလတ်တယ်...စားကြည့်"

ပြောရင်းသူက တူဖြင့် ငါးရိုးများကို ဖယ်ရှားကာ ဖြူနူးနေသော ငါးအသားလေးတစ်တုံးကို ယူကာ ဆော့စ်ထဲနှစ်ပြီး သူမကို ခွံကျွေးလာပြန်သည်။

သူက စွပ်ပြုတ်ကနေနောက်ဆုံး အချိုပွဲအထိ ညစာတစ်ခုလုံးကို တစ်လုပ်ချင်းစီ သူမကို သူကိုယ်တိုင် ကျွေးခဲ့သည်။

နောက်ဆုံးအချိုပွဲ စားပြီးသွားတော့ သူက လက်ကိုင်ပဝါဖြင့် သူမနှုတ်ခမ်းထောင့်ကို ညင်သာစွာ သုတ်ပေးလာကာ...

"အရသာတွေဘယ်လိုလဲ..မင်းကြိုက်လား..."

သူမေးလာပေမဲ့ လရိပ် ပြန်မဖြေပဲ မကြားသလိုသာနေနေလိုက်သလို..သူကလည်း သူမကို အတင်းမပြောခိုင်းဘဲ လက်ကိုသာကိုင်ပြီး ထမင်းစားခန်းထဲကနေ ခေါ်ထွက်လာခဲ့သည်။

---

တဖြည်းဖြည်းညနက်လာပေမဲ့လရိပ် အိပ်မပျော်နိုင်သေးဘဲ အိပ်ရာပေါ်မှာ မျက်လုံးဖွင့်လျက် မျက်နှာကျက်ရှိ မီးဆိုင်းက အလင်းရောင်ကို စိုက်ကြည့်နေမိသည်။

အဲ့အချိန်အခန်းတံခါးပွင့်လာပြီး လွှမ်းက အခန်းထဲဝင်လာကာ သူ့မဘေးက မွေ့ရာပေါ် မှာ သူလှဲလိုက်သည်။

အရင်လို သူမကိုဖက်ရန် မကြိုးစားဘဲ သူမဘေးတွင် တိတ်တိတ်လေး လှဲနေသည်။

လရိပ် သူဝင်လာထဲက လှည့်လဲမကြည့်သလို..လှုပ်လဲမလှုပ်ပဲ အဲ့အတိုင်းသာငြိမ်

နေသလို သူကလဲ ဘာမှပြောမလာပေ။

အခန်းထဲတွင် သူမတို့နှစ်ယောက်ရဲ့ အသက်ရှူသံများသာ ကြားနေရသည်။

အချိန်အတော်ကြာသွားပြီးသူအိပ်ပျော်သွားပြီလို့ လရိပ် ထင်လိုက်တဲ့ အချိန်မှာပဲ သူက ရုတ်တရက် သူ့ကိုယ်ကိုသူမဘက်လှည့်လာပြီး...သူ့ရဲ့နွေးထွေးတဲ့ အသက်ရှူသံက သူမ

ပါးပြင်ကို ထိတွေ့သွားသည်။

သူ..သူမမျက်နှာကို သူ စိုက်ကြည့်နေတာကို

လရိပ် ခံစားလိုက်ရသည်။

လရိပ် သူလှည့်လာတာနဲ့ ချက်ချင်း မျက်လုံးမှိတ်ပြီး အိပ်ပျော်နေသလို ဟန်ဆောင်လိုက်‌

ပေမဲ့ သူမခန္ဓာကိုယ်ကတော့ မသိမသာ တောင့်တင်းသွားခဲ့သည်။

အဲ့အချိန် သူ့နှုတ်ခမ်းများက သူမရဲ့တုန်ယင်နေသော မျက်တောင်များကို အသာလေးထိတွေ့လာပြီး နောက်ဆုံးတွင် နဖူးပေါ်သို့ အနမ်းတစ်ခု ကျရောက်လာသည်။

ပြီးတော့ သူ့ဆီကအသံတိုးတိုးလေးထွက်လာပြီး ထိုအသံထဲတွင် မသိမသာ ပျော့ညံ့မှုတွေပါဝင်နေသည်။

"လရိပ်... ကိုယ် မင်းကို ချစ်တယ်.."

လရိပ် ထိုစကားကြောင့် မျက်တောင်များ အနည်းငယ်တုန်ယင်သွားပေမဲ့ သူမလုံးဝ မျက်လုံးမဖွင့်ခဲ့ပေ။

သူမ ပြန်လည်းမပြောခဲ့သလို လုံးဝလဲ မလှုပ်ခဲ့ပေ။

သူမ အတွက်တော့အဲဒီစကားဟာ ပြတင်းပေါက်ဘောင်ကြားကနေ ဖြတ်သန်းသွားတဲ့ လေပြည်တစ်ချက်လိုပင် ခဏသာတာ စိတ်ထဲ ဖြတ်သန်းသွားသည်။

သူမ ဆီကဘာတုံ့ပြန်မှုမှမရပေမဲ့ သူက သူမနဖူးကို အချိန်အတော်ကြာ ဆက်နမ်းနေပြီးအတော်ကြာမှ သူမကို လွှတ်ကာ ပြန်လှဲသွားသည်။

လရိပ် အဲ့ကျမှ အမှောင်ထဲတွင် သူမ မျက်လုံးကို များကို ဖြည်းညင်းစွာ ဖွင့်လိုက် တော့မျက်ရည်များက တိတ်တိတ်လေး စီးကျလာပြီး ခေါင်းအုံးပေါ်သို့ စိမ့်ဝင်သွားခဲ့သည်။

အချစ်တဲ့လား...

သူ့ရဲ့အချစ်က လှပခမ်းနားတဲ့ လှောင်အိမ်တစ်ခုနဲ့ နူးညံ့တဲ့ဓားတစ်ချောင်းလိုပင်...

သေချာသည်...သူမကတော့ အဲဒီအချစ်ကို

လုံးဝကို မလိုချင်တော့ပေ..

« ရှေ့အခန်း - အခန်း -၂၄ နောက်အခန်း - အခန်း -၂၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ