Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၂၄

လေဆိပ်ထဲမှာ လူတွေပြည့်ကျပ်နေကာ လရိပ်နဲ့ သံစဉ်တို့ကတော့ ခရီးဆောင်အိတ်တွေကို ဆွဲပြီး ခရီးသည်တွေကြားထဲမှာ ရောနှောလျှောက်လာကြသည်။

"နောက်ဆုံးတော့ ထွက်လာနိုင်ပြီ.."

သံစဉ်က လရိပ်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"ငါတို့...ဒီနေ့ကစပြီး ဘဝအသစ်စကြမယ်"

လရိပ် သံစဉ် စကားကြောင့် ပြုံးလိုက်မိပေမဲ့

သူမ ရင်ထဲမှာတော့ ဘာကြောင့်မှန်းမသိအနည်းငယ် လေးလံနေသည်။

သူမစိတ်ထင် နေတာနေမှာပါ ဘာပဲပြောပြော သူမ ဒီမြို့ကနေ ထွက်ခွာသွားတာဟာ အတိတ်ကို အပြီးအပိုင် နှုတ်ဆက်လိုက်ပြီး ဘဝသစ်စတင်လိုက်တာမို့ ရှေ့လျှောက်သူမ ဘဝဟာ ပိုပြီး ကောင်းလာမယ်လို့ယုံကြည်ထားရင်း သူမ

အသက်ပြင်းပြင်းရှူကာ ပြုံးလိုက်မိသည်။

အဲ့အချိန်မှာပင် လေဆိပ်အပြင်ဘက်မှာ ဆူညံသံတွေထွက်ပေါ်လာပြီးအနက်ရောင် ကားကြီးများစွာက လေဆိပ်ဝင်ပေါက်ရှေ့တွင် တန်းစီရပ်လိုက်ကာကားတံခါးများ တစ်ပြိုင်နက်တည်း ပွင့်လာပြီး အနက်ရောင်ဝတ်စုံများ ဝတ်ထားသော အမျိုးသားများ ကားထဲကနေ တစ်ပြိုင်နက်တည်း ဆင်းလာကြသည်။

သူတို့ရဲ့ လျင်မြန်သော လှုပ်ရှားမှုများကြောင့် လေဆိပ်ထဲကလူအုပ်ကြီးက အလန့်တကြား

လူစုခွဲလိုက်ကြပြီး....

"ဘာဖြစ်တာလဲ..ရုပ်ရှင်ရိုက်နေတာလား"

လူအုပ်ကြီးဆီက တီးတိုးပြောဆိုသံတွေထွက်ပေါ်လာပြီး ထိုအဝတ်စုံအနက်ရောင်နဲ့ လူတွေကို ဝိုင်းကြည့်နေကြသည်။

လရိပ် ချက်ချင်းပင် ဒီလူတွေကဘာလဲဆိုတာ သလောပေါက်လိုက်ကာ တုန်သွားသလို သံစဉ်ကလည်း သူမကို ချက်ချင်းအနောက်ပို့လိုက်ပြီး သူ့နဲ့ကွယ်ထားလိုက်ပေမဲ့ မမှီတော့ပေ။

အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က သူမတို့ကိုမြင်သွားကာလူအုပ်ထဲကနေ ထွက်လာပြီး သူမတို့နားလျှောက်လာကာအရှေ့အနည်းငယ်အကွာမှာ ရပ်လိုက်ပြီး အနည်းငယ်ဦးညွှတ်လိုက်ပြီးမှ....

"မလရိပ်မြူ ကျွန်တော်က Sun လုပ်ငန်းစုရဲ့ လုံခြုံရေးခေါင်းဆောင်..သီဟမင်းပါ...CEO လွှမ်းက မလရိပ်မြူကို ခေါ်ဖို့ကျွန်တော်တို့ကို လွှတ်လိုက်တာပါ"

အဲ့စကားကြားပြီး သံစဉ်က မနေနိုင်တော့ဘဲ ချက်ချင်း လရိပ်ရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်ကာထိုလူရဲ့ မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး....

"ရှင်တို့..အိပ်မက်မက်နေတာလား..ရှင်တို့ သူဌေးက ခေါ်ခိုင်းတယ်ဆိုတိုင်း ငါ့သူငယ်ချင်းကလိုက်ရမှာတဲ့လား"

လရိပ် ဘာမှမပြောသေးဘဲ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့သူတွေကိုသာ တိတ်တဆိတ်ကြည့်လိုက်မိသည်။

ဒီလောက်လူတွေ အများကြီး ပြီးတော့ဒီလို public ဧရိယာကြီးမှာ....

နေကမ္ဘာလွှမ်းရဲ့ အကျင့်ကို သူမကောင်းကောင်းသိတယ်...

တကယ်လို့ အခု သူမငြင်းမယ် မလိုက်ဘူးဆိုရင် ဒီလူတွေက သူမ ကိုအလွှတ်ပေးမှာမဟုတ်ဘဲ

အတင်းအကျပ် ကားထဲကို ခေါ်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်သည်။

အခုသူတို့က သူမဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာသိပြီးသားမို့ တကယ်လို့ အခု သူ့လက်က လွတ်သွားနိုင်ရင်တောင် နောက်ပိုင်းနိုင်ငံခြားမှာလည်း သူမဘဝက လိုက်နှောက်ယှက်ခံနေရအုံးမှာပင်။

ပြီးတော့..အဓိကက သံစဉ် သူမ သူငယ်ချင်းလည်း ဒုက္ခရောက်နိုင်သည်။

လရိပ်တွေးရင်း ရင်ထဲမှာ ခါးသီးမှုတစ်ခု ပေါ်လာခဲ့သည်။

ငါးနှစ်ကြာသွားပြီဖြစ်တာတောင် သူမဘဝကတော့ အခုထိ ရွေးချယ်ခွင့်မရှိတဲ့သူ

ဖြစ်နေဆဲပင်။

သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ...

"ကျွန်မ လိုက်ခဲ့မယ်.."

"ဒါပေမဲ့ ကျွန်မသူငယ်ချင်းကိုတော့ လွတ်ထားခဲ့လိုက်ပေးပါ"

လရိပ် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားပြောလိုက်တော့....

"လရိပ်!!"

သံစဉ်က သူမလက်ကို ဆွဲထားပြီး မယုံနိုင်သလို ကြည့်လာကာ....

"နင်ရူးနေတာလား..နင် အဲဒီလူကို ပြန်သွားတွေ့စရာမလိုဘူး"

လရိပ် သံစဉ်ကို ပြုံးပြီး လှည့်ကြည့်လိုက်

ကာလက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီးမှ...

"သံစဉ် ..နင်အရင်သွား နှင့်နော်...ဒီကိစ္စတွေလုံးဝအပြီးဖြတ်ပြီးရင် ငါနင့်ဆီ လိုက်လာခဲ့မယ်"

"ဟင့်အင်း..လုံးဝမရဘူး..အခုတစ်ခါထဲလိုက်ခဲ့ပါ"

ပြောပြီး သံစဉ် ဝတ်စုံအမဲရောင်နဲ့လူကို ဒေါသနဲ့စိုက်ကြည့်လိုက်သည်။

လရိပ် သံစဉ်ရဲ့ လက်ရို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီးမှ ပြုံးပြလိုက်ကာ...

"သံစဉ် ငါ့ကိုယုံတယ်မလား...နင်အရင်သွားနှင့်နော်..ငါသေချာပေါက်‌လိုက်လာခဲ့မယ်.."

သံစဉ်က သူမ မျက်လုံးတွေကို စိုက်ကြည့်လာပြီးမှ လက်လျှော့လိုက်တဲ့ပုံနဲ့ ခေါင်းညိတ်ပြပြီး...

"ငါစောင့်နေမယ်နော်ကြားလား..သေချာပေါက်လိုက်လာခဲ့နော်...တစ်ခုခုဆို ငါ့ကိုလှမ်းပြော"

"ဟုတ်ပါပြီ...သွားတော့နော် လေယာဉ်ထွက်ခါနီးနေပြီ..ဂရုစိုက်နော်"

သူမ သံစဉ်ကို ပြောပြီး သီဟမင်း ဆိုတဲ့ လူဘက်ပိုကြည့်လိုက်တာနဲ့ ထိုလူကလက်ဟန်ပြလိုက်ပြီးအဝေးက အမျိုးသားနှစ်ယောက်က

သူမတို့နားရောက်လာပြီး သူမရဲ့ ခရီးဆောင်အိတ်တွေကို သယ်လိုက်သည်။

"မလရိပ်မြူ ဒီဘက်ကို ကြွပါဗျ"

သီဟမင်း အသံကိုနှိမ့်ကာ လေးလေးစားစားနဲ့ပြောလိုက်ကာအနက်ရောင်ဝတ်ထားသူတွေက သူမကို ဝိုင်းရံကာ အကာအကွယ်ပေးပြီး လေဆိပ်အပြင်ဘက်ဆီ ခေါ်ဆောင်သွားကြသည်။

သူမတို့ လေဆိပ်အပြင်ဘက် ရောက်တာနဲ့

ကားတစ်စီးက သူမရှေ့တည့်တည့်မှာ ရပ်လာကာ သီဟမင်းက ရှေ့တိုးပြီး ကားတံခါးကို ဖွင့်ပေးလာသည်။

လရိပ် ခဏ တွန့်ဆုတ်သွားပြီးနောက် လှည့်ကာ လေဆိပ်ထဲကို ပြန်ကြည့်မိတော့သံစဉ်က မှန်တံခါးနားမှာ ရပ်နေပြီး စိုးရိမ်နေသည့်မျက်နှာဖြင့် သူမကိုလှမ်း ကြည့်နေသည်။

လရိပ်အဆင်ပြေပါတယ်ဆိုတဲ့ အပြုံးနဲ့ လှမ်းပြုံးပြလိုက်ပြီး ကားပေါ်တက်ခဲ့လိုက်သည်။

အနက်ရောင်ကား တန်းရှည်ကြီးက မြို့ရဲ့ စည်ကားတဲ့နေရာတွေကို ဖြတ်ကျော်ပြီး မြို့အနောက်ဘက်းဆီ ဦးတည်သွားနေသည်။

ဒီလမ်းတွေကို သူမမှတ်မိပါတယ်..အရင်က လွှမ်းသူမအတွက်ဆိုပြီး ခေါ်သွားပေးခဲ့တဲ့ ဗီလာ အိမ်ကို သွားနေတဲ့လမ်းပင်။

နေဝင်ချိန်‌အလင်းရောင်က ကားပြတင်းပေါက်မှတစ်ဆင့် လရိပ်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေါ် ဖြာကျနေသည်။

သူမ အပြင်ဘက်က ရှုခင်းတွေကိုကြည့်ရင်း ငေးမောကာ လိုက်ပါလာခဲ့သည်။

ကားက သစ်ပင်ကြီးတွေ ဝန်းရံထားတဲ့ လမ်းမကြီးထဲ ဝင်သွားကာ လမ်းဘေးနှစ်ဖက်မှာ စိုက်ထားတဲ့ သစ်ပင်ကြီးတွေက အပေါ်မှာ အကိုင်းအခက်တွေ ဆက်စပ်နေပြီး သဘာဝအကာအရံကြီးတစ်ခုလို ဖြစ်နေသည်။

လမ်းကွေ့တစ်ခုကို ချိုးလိုက်တာနဲ့ခမ်းနားထည်ဝါတဲ့ ဗီလာအိမ် ကြီးကို တွေ့လိုက်ရသည်။

အရင်ကတော့ လူမရှိပေမဲ့ အခု တော့ အိမိတစ်ဝိုက်မှာ အနက်ရောင်ဝတ်စုံဝတ်ထားသော ကိုယ်ရံတော် အနည်းဆုံး အယောက်နှစ်ဆယ်

ခန့် ရပ်နေကြသည်။

"မလရိပ်မြူ ဒီဘက်ကို ကြွပါခင်ဗျ"

သီဟမင်းကသူမဘေးကို လာပြီး ဦးညွှတ်ကာ ပြောလာသလိုအခြားကိုယ်ရံတော်တွေကလည်း နှစ်တန်းစီရပ်ပြီး လမ်းဖယ်ပေးလာသည်။

သူမ အထဲဝင်လိုက်တော့ ဧည့်ခန်းထဲမှာ အလုပ်ရှုပ်နေကြတဲ့ အိမ်အကူအမျိုးသမီးတွေက သူမ ဝင်လာတာကို မြင်လိုက်တာနဲ့ အားလုံး အလုပ် လုပ်နေတာကိုရပ်လိုက်ပြီး ...

"မဂ်လာပါ မမလေး "

အကုန်လုံးကနှုတ်ဆက်ကြပေမဲ့ သူမ ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်သည်။

အဲ့အချိန် လှေကားပေါ် ကနေအသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဆင်းလာကာ သူက အနက်ရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး လှုပ်ရှားပုံကအစ တည်ငြိမ်သပ်ရပ်သည်။

"မဂ်လာပါကျွန်တော်က အိမ်တော်ထိန်း ဦးရာဇ ပါ သခင်လေးက မမလေးလရိပ်မြူ လိုအပ်တာအားလုံးကို ကျွန်တော့်ကို စီစဉ်ပေးဖို့ အထူးမှာထားပါတယ်"

လရိပ် ခေါင်းသာညိမ့်ပြလိုက်ပြီးဘာမှပြန်မ

ပြောပဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့အရာအားလုံးက သူမအတွက် စိမ်းကားပြီး

အေးစက်နေသည်။

မြင့်မားတဲ့ မျက်နှာကျက်ကြီးတွေ...ကြီးမားလှပတဲ့ မီးပန်း တွေနဲ့ တန်ဖိုးကြီးပန်းချီကားတွေအားလုံးက ဒီအိမ်ပိုင်ရှင်ရဲ့ အာဏာနဲ့ ဂုဏ်ပကာသနကို တိတ်တဆိတ် ဖော်ပြနေသည်။

"နေကမ္ဘာလွှမ်း ဘယ်မှာလဲ"

လရိပ် တိုက်ရိုက်ပဲမေးလိုက်ကာ အသံက သူမထင်ထားတာထက် ပိုပြီးတည်ငြိမ်နေသည်။

သူမရဲ့ အမေးကြောင့် အိမ်တော်ထိန်း ဦးရာဇရဲ့ မျက်နှာမှာ တော့တွန့်ဆုတ်မှုတစ်ချက် ပေါ်လာလာတာကိုတွေ့လိုက်ပေမဲ့ လရိပ်ဂရုမစိုက်ဘဲ ထပ်ပြောလိုက်သည်။

"ကျွန်မ နေမ္ဘာလွှမ်းကို အခုတွေ့ချင်တယ်"

"ဟို သခင်လေးက အရေးကြီးကိစ္စတစ်ခု ရှိနေလို့ပါ ဒါပေမဲ့ ဒီည ပြန်လာမယ်လို့ ကတိပေးထားပါတယ် အဲဒီမတိုင်ခင် အရင်နားလိုက်ပါလား.. လမ်းခရီးမှာလည်း ပင်ပန်းလာတာဆိုတော့"

သူမ စကားတွေအများကြီး ဆက်ပြောချင်စိတ်မရှိတော့တာကြောင့် ခေါင်းသာညိမ့်ပြလိုက်သည်။

ဒီကိစ္စက နေမ္ဘာလွှမ်းနဲ့ ရှင်းမှပြီးမဲ့ကိစ္စမို့ သူမ သူပြန်လာတဲ့အချိန်ထိ စောင့်ဖို့ဆုံးဖြတ်လိုက်သည်။

သူမ ‌လက်ခံလိုက်တာနဲ့ အိမ်တော်ထိန်းက အေးအေးဆေးဆေးပင် အနားက

အိမ်အကူကို မျက်ရိပ်ပြလိုက်ပြီး...

"မမလေးလရိပ်မြူ အခန်းဆီ လိုက်ပို့ပေးလိုက်ပါ"

သူမလဲ ရှေ့ကနေခေါ်သွားပေးတဲ့ အိမ်အကူတွေနောက်ကိုသာ ‌လိုက်ခဲ့လိုက်သည်။

အိမ်အကူကအိပ်ခန်းဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီးတံခါးကို ဖွင့်လိုက်တော့

အခန်းထဲမှာ အရင်က သူမလာဖူးတဲ့အချိန်ထက် ပစ္စည်းတွေပိုများနေတာကို

တွေ့လိုက်ရသည်။

မူလက ရိုးရှင်းတဲ့ ခေတ်မီစတိုင်အိပ်ခန်းမှာ အခုတော့ အိမ်လိုနွေးထွေးတဲ့ အငွေ့အသက်တွေ ရှိလာသည်။

အိပ်ရာဘေးမှာ လိမ္မော်ရောင်မီးအိမ်လေးတစ်လုံး၊ နံရံမှာ ပန်းချီကားအချို့နဲ့ပြတင်းပေါက်ဘေးမှာတော့အစိမ်းရောင်

အပင်လေးတွေ ရှိနေသည်။

ဒါပေမဲ့အဲ့ဒါတွေအားလုံးထက် သူမကို အံ့ဩသွား‌စေတာကတော့ နှင်းလုံး နဲ့ အလွန်ဆင်တူတဲ့ ကြောင်ဖြူလေးတစ်ကောင် အိပ်ရာပေါ်မှာ ကွေးကွေးလေး အိပ်နေခြင်းပင်။

ကြောင်ဖြူလေးက တံခါးဖွင့်တဲ့ အသံကြောင့် ခေါင်းမော့လာပြီး သူမကိုမြင်တာနဲ့ အပြာရောင်မျက်လုံးတွေနဲ့စိုက် ကြည့်လာသည်။

အဲ့မျက်လုံး အဲ့ပုံစံတွေက နှင်းလုံးနဲ့ တစ်ပုံစံတည်းတူတဲ့ အကြည့်မျိုးပင်။

ကြောင်ဖြူလေးက အိပ်ရာပေါ်ကနေ ခုန်ဆင်းလာပြီး သူမခြေထောက်တစ်ဝိုက် လှည့်ပတ်‌လာကာ အမြီးကလည်း သူမခြေသလုံးကို ပွတ်သပ်သွားသည်။

တကယ် နှင်းလုံးရဲ့ အကျင့်အတိုင်းပင်။

လရိပ် ထိုင်ချလိုက်ပြီး ကြောင်လေးရဲ့ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်တော့ ကြောင်လေးက ကျေနပ်စွာ အော်နေပြီး မျက်လုံးမှိတ်ကာ သူမရဲ့အထိအတွေ့ကိုဇိမ်ခံနေသည်။

"နင်က နှင်းလုံး မဟုတ်ဘူး"

သူမ ကြောင်လေးကို အသံတိုးတိုးလေးနဲ့ပြော လိုက်သည်။

"ဒါပေမဲ့ သူနဲ့ အရမ်းတူတယ်"

ပြောပြီး သူမထရပ်လိုက်ကာ ပြတင်းပေါက်နားကို လျှောက်သွားလိုက်ပြီး အပြင်ဘက်ကောင်းကင်က လိမ္မော်ရောင် ကနေ ...

နောက်ဆုံး အမှောင်ထုဖုံးသွားသည်အထိ သူမ အချိန်အတော်ကြာ ရပ်နေခဲ့သည်။

ကြောင်ဖြူလေးကလည်း သူမဘေးမှာ

တိတ်တိတ်လေးအလိုက်သတိ ရှိနေပြီး တစ်ခါတစ်ရံ သူမခြေထောက်ကို နူးညံ့စွာ

လာပွတ်သတ်‌ နေသည်။

----

အချိန်တွေ တဖြည်းဖြည်းကုန်သွားပြီး နာရီလက်တံက ညဆယ်နာရီကို ညွှန်ပြလာသည်။

သူမ အိမ်တော်ထိန်းပို့လာတဲ့ ညစာကိုလည်း ငြင်းလိုက်ပြီး ရေနွေးအနည်းငယ်သာ သောက်ထားသည်။

10နာရီ အကျော်လောက်မှာတော့ တံခါးပွင့်လာပြီး နေကမ္ဘာလွှမ်းက အခန်းထဲဝင်လာခဲ့သည်။

သူက ထုံးစံအတိုင်း သပ်သပ်ရပ်ရပ် ဝတ်ထားပေမယ့် ဆံပင်အနည်းငယ် ရှုပ်နေပြီး မျက်လုံးတွေကလည်း ပင်ပန်းနွမ်းနယ်မှုကြောင့် နီရဲနေသည်။

"အိမ်တော်ထိန်းဆီက မင်းညစာမစားဘူးလို့ ကြားတယ်... ကြက်ပေါင်းခေါက်ဆွဲလေးချက်ပေးရမလား.."

သူက လက်ကောက်ဝတ်က ကြယ်သီးတွေကို ဖြုတ်ပြီး ရှပ်အင်္ကျီလက်တွေကို လက်မောင်းအထိ လိပ်တင်လိုက်ကာ သူမကို ပုံမှန်အတိုင်း အေးဆေးမေးလာသည်။

လရိပ် သူ့ကို စိုက်ကြည့်လိုက်ပြီး...

" နေကမ္ဘာလွှမ်း ရှင်ဘာလုပ်ချင်တာလဲ...ရူးနေတာလား..လေဆိပ်ကနေ ကျွန်မကို အင်အားအများကြီးသုံးပြီး အတင်းခေါ်လာတာ ကိုတောင် အခုဘာမှမဖြစ်သလို ညစာစားဖို့လာပြောနေတာလား"

သူမ အသက်ပြင်းပြင်းရှူပြီး ရင်ထဲက ဒေါသ စိတ်တွေကိုအတတ်နိုင်ဆုံး ထိန်းလိုက်ကာ...

"ရှင် လည်း မကြာခင် လက်ထပ်တော့မှာမဟုတ်လား...အဲ့ဒါကို လမ်းခွဲတာကိုတောင် ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူးလား"

"ကျွန်မတို့ နှစ်ယောက် အေးအေးဆေးဆေး လမ်းခွဲလိုက်ရအောင်"

"ကြားလား နေကမ္ဘာလွှမ်း ကျွန်မကို လွှတ်ပေးပါ.. လမ်းခွဲကြရအောင်.. ရှင်နဲ့ နန်းသစ္စာတို့

ပျော်ရွှင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်"

သူမ စကားအဆုံး လွှမ်းရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး သူ့မျက်လုံးတွေက ဓားသွားတွေလို စူးရှလာကာ သူမရှေ့ကို ပိုတိုး‌ လျှောက်လာပြီးသူ့လက်ချောင်းတွေက ရုတ်တရက် သူမမေးစေ့ကို ဆုပ်ကိုင်လိုက်ကာ မျက်နှာကို အတင်းမော့လိုက်ပြီး သူ့မျက်လုံးတွေကို ကြည့်စေကာ..

"လရိပ် ဒီလိုစကားတွေ မပြောပါနဲ့...မင်းပါးစပ်ကနေ ဒီစကားတွေ ထွက်လာတာကို ကိုယ်မခံနိုင်ဘူး"

သူ့အသံက တိုတိုးလေးဆိုပေမဲ့ အန္တရာယ်ရှိတဲ့အရိပ်အယောင်တွေပါနေသည်။ စကားလုံးတိုင်းကိုလည်း အံ့ကြိတ်ပြီး ပြောနေပုံရသည်။

လရိပ် မေးရိုး တွေနာကျင်လာပေမယ့် လွှမ်းရဲ့ အားကြောင့် သူမမရုန်းနိုင်ဘဲ အတင်းမျက်နှာမော့ပြီး သူ့ရဲ့ အေးစက်နေတဲ့မျက်လုံးတွေကို ကြည့်နေရသည်။

သူ့ရဲ့အခြားလက်တစ်ဖက်ကလည်း သူမလက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်တာကြောင့် သူမပိုပြီး ရုန်းလို့မရတော့

ပေ။

သူက သူမကို သူ့နားကပ်အောင်ပိုဆွဲလိုက်တာကြောင့် နှစ်ယောက်ကြားအကွာအဝေးက အလွန်နီးကပ်သွားကာအသက်ရှုသံတွေပင်

ကြားနေရသည်။

"ကိုယ် မင်းကို ပြောပြီးသားပဲ..မင်းက ကိုယ့်လူပဲ"

"ကျွန်မက ရှင့်ပိုင်ဆိုင်တဲ့ပစ္စည်း မဟုတ်ဘူး..

ပြီး‌ တော့ရှင် ကျွန်မကို အမြဲ ချုပ်ကိုင်ထားလို့မရဘူး"

"နေကမ္ဘာလွှမ်း..."

သူမ ထပ်ပြောဖို့ ကြိုးစားလိုက်ပေမဲ့...

"တော်တော့.."

သူက ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်ပြီး...

"ဒီအကြောင်းအရာကို ဒီမှာပဲ ရပ်လိုက်ရအောင်ပြီးတော့ မင်း ဘယ်မှသွားလို့မရဘူး"

« ရှေ့အခန်း - အခန်း -၂၃ နောက်အခန်း - အခန်း-၂၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ