Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၄၃

"တီ..တီ..တီ..''

"ပြန်လာပြီပဲ...''

ကားဟွန်းတီးသံကြားလိုက်တာနဲ့ ငွေ့ရည်ဟာ အခန်းထဲက ထွက်လာခဲ့ပြီး ခြံထဲကို ပြေးဆင်းသွားတော့သည်။အရင်ဆုံး ကားထဲကနေ ထွက်လာသည့် မင်းခန့်ကို အတင်းပြေးဖက်လိုက်၏။

"ဖြေးဖြေးလာပါ ငွေ့ရည်..ချော်လဲသွားမှဖြင့် ငွေ့လေး နာသွားပါအုန်းမယ်...''

"ချော်လဲရအောင် ငွေ့က ကလေးမှမဟုတ်တာ..နောက်ပြီး ငွေ့က ကိုကို့ကို မေးချင်လွန်းအားကြီးလို့ ပြေးလာတာ...''

"ငွေ့က ကိုကို့ကို ဘာပြောချင်လို့လဲ ..ဆိုစမ်းပါဦးဗျာ...''

ငွေ့ရည်ဟာ သူမရဲ့ရင်ဘတ်ကို လက်ညိုးနဲ့ ထိုးပြီး

"ကိုကို ဒီနားကို နားထောင်ကြည့်ပါလား..''

"အဲနားက ဘာဖြစ်လို့လဲ..နာလို့လား ငွေ့...''

"မဟုတ်ဘူး ကိုကို...ကိုကိုထွက်ပြီးထဲက အဲနေရာက တအားခုန်နေတာ အခုထိပဲ..ငွေ့ ဘာရောဂါဖြစ်နေလဲ မသိဘူး..အဲရောဂါကို ကိုကိုသိတယ်လို့ မမမူကပြောတယ်...ကိုကို နားထောင်ကြည့်ပေး..''

"အွန်း..ကိုကို နားထောင်ကြည့်မယ်နော်...''

မင်းခန့် ငွေ့ရည်ရဲ့ ရင်ဘတ်လေးပေါ် နားလေးကပ်ပြီး နားထောင်လိုက်ရင်း ပြုံးလိုက်၏။တဒုတ်ဒုတ်နဲ့ ခုန်နေတဲ့ ရင်ခုန်သံတွေက သူကြောင့်ပါတဲ့လေ။ငွေ့ဟာ သူ့ကို ရင်ခုန်နေသည်တဲ့လား။

"ကြားရလား ကိုကို...''

"အင်း...ကိုကို ကြားရတယ်...တဒုတ်ဒုတ်နဲ့...ခုန်ပေါက်နေတာ...''

"အဲတာ ဘာဖြစ်တာလဲ ကိုကို...''

"အဲ့အသံကို ရင်ခုန်သံလို့ ခေါ်တယ်..

ကိုယ်ချစ်တဲ့သူကြောင့် နှလုံးသားကနေ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံလှိုင်းလေး ငွေ့ရဲ့..အဲဒါကြောင့် ငွေ့ရဲ့နှလုံးသားလေးက တဒုတ်ဒုတ်နဲ့ ခုန်နေတာ သိလား...''

"ငွေ့က ဘယ်သူ့ကို ရင်ခုန်နေတာလဲဟင်..''

"ဘယ်သူရှိရမှာလဲ.. ငွေ့က ကိုကို့ကို ရင်ခုန်နေတာပေါ့...ငွေ့ရဲ့ ရင်ခုန်သံတွေက ကိုကို့ကို ငွေ့ချစ်တယ်ဆိုပြီး ပြောနေတာ ...''

"ငွေ့တော့ မကြားရပါဘူး...ခုန်နေတာပဲသိတာ...''

ဘာမှ နားမလည်သည့် အူတူတူအတတ ပုံစံလေးနဲ့ သူ့ကို ကြည့်ပြီး ပြောလာတဲ့ ငွေ့ကို သူ ပြုံးပြလိုက်ပြီး ပါးလေးကို ကလေးများလို ဘယ်ညာနမ်းလိုက်တော့သည်။

"ငွေ့လဲ ကိုကို့ကို ပြန်နမ်းမယ်...မွမွ..''

"အဟမ်း..အဟမ်း ''

အနောက်မှာ ပါတဲ့သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ သူရိန်က ချောင်းဟန့်လိုက်တော့မှ သူ့ပါးကို နမ်းပြီး ပုလဲလုံးလေတွေစီထားသလို ညီညာနေသော သွားတန်းလေးတွေ ပေါ်နေသည့်အထိ ပြုံးနေသော ငွေ့ဟာ မျက်နှာလေးတည်သွားကာ အသံလာရာကို ကြည့်လိုက်ချိန် ပါးလေးနှစ်ဖက်ဟာ ပန်းရောင်လေး သမ်းသွားလေ၏။

"ကိုကို သူတို့က ဘယ်သူတွေလဲ...ဘာလို့ ငွေ့တို့အိမ်ကို ရောက်လာတာလဲဟင်..''

"သူတို့က ကိုကို့သူငယ်ချင်းတွေလေ...ငွေ့ကို တွေ့ချင်တယ် ပြောလို့ ကိုကို ခေါ်လာတာ..''

"အွန်း..''

"ကိုကိုတို့အိမ်ဝင်ရအောင်..အိမ်ထဲရောက်ရင် ငွေ့ကို သူတို့နဲ့ မိတ်ဆက်ပေးမယ်...''

ငွေ့ဟာ သူ့ကို ခေါင်းလေးညိတ်ပြ၏။ထိုအခါ သူလဲ ငွေ့ရဲ့ လက်ကလေးကို ကိုင်ကာ အိမ်ထဲကို ဦးဆောင်ဝင်လိုက်တော့သည်။မိုးည သူရိန် သွန်းသွန်းနဲ့ ဇွဲပြည့်ကတော့ မင်းခန့်နဲ့ငွေ့ရည်တို့ရဲ့ ကြည်နူးစရာ မြင်ကွင်းလေးကြောင့် ပြုံးရင်း နောက်ကနေ တစ်ပါတည်းလိုက်ပါခဲ့သည်။

သူတို့အိမ်ထဲရောက်တာတော့ မမူလက်ထဲက သမီးလေးဟာ သူ့ကို ခေါ်ဖို့ရာ လက်သေးသေးလေးနှစ်ဖက်က ကမ်းလေသည်။ချစ်စရာကောင်းသည့် သမီးလေးရဲ့ အမူအရာလေးကြောင့် သူငယ်ချင်းတွေကပါ ဝိုင်း၍ သဘောကျကြလေသည်။

"သမီးကဖေဖေ့ဆီကို လာလို့လား..လာချင်ရင် ဖေဖေက ခေါ်မှာပေါ့ သမီးလေးရယ်...''

"ခစ်...ခစ်..ခစ်...''

သူ့လက်ထဲကို သမီးလေးရောက်တာနဲ့ နမ်းလိုက်တော့သည်။သူ့အနားက ငွေ့ကတော့ သူတို့သားဖနှစ်ယောက်ကို ကြည့်ပြီး ပြုံးရယ်နေလိုက်တာများ သူငေးကြည့်၍ မဝနိုင်ပါ။

"ငွေ့ သူက သွန်းသွန်းလို့ ခေါ်တယ်..ကိုကိုတို့ ငါးယောက်ထဲမှာ သူကရုပ်ဆိုးမလေးလေ...''

"ချစ်ဖို့ကောင်းပါတယ် ကိုကိုရယ်...''

ငွေ့ရည်ဟာ သွန်းသွန်း၏ မျက်နှာကလေးကို ကြည့်ပြီး ထိုသို့ ပြောလိုက်၏။

"ဟုတ်တယ်နော်..သွန်းသွန်းက ချစ်ဖို့ကောင်းတာကို ဒီကောင်က ရုပ်ဆိုးတယ် ရှိရသေးတယ်..ဖြန်း..ဖြန်း...''

သွန်းသွန်းကတော့ ငွေ့ရည်၏ ချီးမွမ်းစကားကြောင့် ငွေ့ရည်ကို ရယ်မောကာ ပြန်ပြောရင်း မင်းခန့်ရဲ့ လက်မောင်းကို လှမ်းရိုက်လိုက်တော့သည်။

"သူ့ယောကျာ်းလဲ မဟုတ်ပဲနဲ့.. ငွေ့ယောကျာ်းကို ဘာလို့ရိုက်တာလဲ...အဲဆို ချစ်စရာမကောင်းတော့ဘူးနော်...''

"ဟင်..''

မင်းခန့်တစ်ယောက် သမီးကိုမြူနေရာကနေ ငွေ့ရည်ရဲ့ ငွေ့ယောကျ်ားဆိုသည့် စကားကြောင့် အံ့သြမှုတွေနဲ့အတူ သူမကို မမြင်ဖူးသည့် တစ်ယောက်ပမာ မော့ကြည့်လိုက်တယ်။ သွန်းသွန်းကလဲ သူမကို မျက်နှာကလေးချီချီနဲ့ မကျေမနပ်နဲ့ပြောလာတာကြောင့် ကြောင်ရက်သားဖြစ်သွားသလို ဇွဲပြည့်ရယ် သူရိန်ရယ် မိုးညတို့လဲ ငွေ့ရည်ကိုငေးကြည့်နေမိသည်။တွေးလိုက်ရင်း ကြည်နူးရတာကြောင့်မင်းခန့်တစ်ယောက်ကတော့ ဟန်မဆောင်နိုင်တော့ဘဲ နွားပြာကြီး အောက်သွားလွှတ်သလို ပြုံးဖြီးလို့ နေတော့သည်။

"ပြောအုန်း ငွေ့ရာ...ကိုကို့ကိုဆို အမြဲတမ်း ရိုက်နေတာ ကိုကိုအရမ်းနာတာပဲ...သူက မိန်းကလေးဆိုတော့ ကိုကိုကပြန်လုပ်လို့မရတော့ ကိုကို့ကို အနိုင်ကျင့်နေတော့ပဲ..''

"ဟုတ်လား..သူက ကိုကို့ကို အမြဲရိုက်တာပေါ့လေ..ငွေ့ယောကျာ်းကို သနားလိုက်တာ.. အရမ်းနာနေမှာပဲနော်...ဥုံဖွ...နားသေးလား...''

"နာနေသေးတယ်...''

"ဟုတ်မှာ..လက်မောင်းကို ရဲသွားတာပဲ...ငွေ့ယောကျာ်းကို ငွေ့တောင်မရိုက်ဘူး...သူများက လာရိုက်နေတယ်...''

ငွေ့ရည်က သွန်းသွန်းကို မျက်စောင်းလေးထိုးကာ ခါခါနဲ့ ပြောနေတာကြောင့် သွန်းသွန်းလည်း မနေသာတော့ဘဲ မျက်နှာချိုသွေးကာ

"သွန်းသွန်း နောက်ဆို မင်းခန့်ကို မရိုက်တော့ပါဘူးနော် အမ...စိတ်မဆိုးပါနဲ့နော်...သွန်းသွန်းက တစ်ခုခုဆို လက်က အကျင့်ပါနေလို့ပါ...''

"ငါက အရမ်းအိုနေလို့ဟင်...ကိုကိုတောင် ငွေ့ကို ကလေးလို့ခေါ်တာပါ..နင်က ဘာလို့ ငါကိုအမလို့ ခေါ်တာလဲ...''

"ရှင်..ဟို..မအိုပါဘူး..အရမ်းနုပါတယ်..ဟိုလေ သွန်းသွန်းက ယဥ်ကျေးသမှုနဲ့ အမလို့ခေါ်လိုက်တာပါ..မကြိုက်ရင်မခေါ်တော့ဘူးနော်..ဟင်း..''

သွန်းသွန်းရဲ့ ချွေးထွက်နေသောပုံစံကိုကြည့်ပြီး မင်းခန့်တို့တွေ ရယ်ချင်စိတ်တွေ တဖွားဖွားရယ်။သူတို့တွေကိုဆို အမြဲဆရာကြီးလုပ်ပြီး လက်ပါတဲ့ စွာတေးလန်မက ငွေ့နဲ့ကြမှ ယုန်ကလေးလို ကုတ်နေတာကြည့်ပြီး သူတို့တွေ သဘောကျ၍မဆုံးပါ။

"ကိုကို သူတို့သုံးယောက် နာမည်ကို ပြောပြအုန်းလေ..''

"သြော်..ဟုတ်သားပဲ..

သွန်းသွန်းဘေးနာက သူက ဇွဲပြည့်တဲ့ မ.. ကိုကို့အနားက သူရိန်..အလယ်ကတော့ မိုးညလို့ခေါ်တယ်...''

"ဒီကောင်လေးကို ငွေ့မြင်ဖူးဘူးတယ်...''

"ဗျာ..''

"ဘာ...''

ဆိုတဲ့ မတူညီတဲ့ အသံနှစ်ခုဟာ သံစဥ်နှစ်ခုရောယှက်သွားသလိုပင်။မင်းခန့်ရဲ့ မျက်နှာက အပြုံးဟာလည်း ပျောက်ကွယ်သွားတော့သည်။

"ငွေ့ မိုးညကို ဘယ်လိုခေါ်လိုက်တာလဲ...ကောင်လေး ဟုတ်လား...ဘာလို့ အဲလိုခေါ်တာလဲ ငွေ့ရာ...''

သိသိသာသာ မင်းခန့် မျက်နှာပျက်သွား၏။မင်းခန့် မျက်နှာပျက်သွားတာကို အားလုံးကလဲ သတိထားမိလိုက်သည်။

"ဘာလို့လဲဟင်... အဲလိုခေါ်တာကို မကြိုက်လို့လား..''

ငွေ့ရည်ကတော့ မင်းခန့်ကို မော့ကြည်ကာ မေးလေသည်။

"အင်း.. ကိုယ် မကြိုက်ဘူး...''

ငွေ့ရည် ခေါင်းလေးဆက်ကာ မိုးညဖက်ကို မျက်နှာမူလိုက်ပြီး

"နင်ရော ငွေ့ အဲလိုတာ ကြိုက်လား..''

"ဗျာ..ဟုတ်..ကြိုက်ပါတယ် မမ..''

သူက ကြိုက်တယ်လို့ ပြောလိုက်တဲ့အခါ သူ့ကိုကြည့်လာသည့် မင်းခန့်ရဲ့ မျက်လုံးအကြည့်တွေက မီးဝင်းဝင်းတောက်နေသည့် အလား ကြောက်စရာ ကောင်းလှသည်။သို့ပေမယ့်လဲ မတက်နိုင်ပါ။မမကို အရင်လို ပြန်ကောင်းလာဖို့က အရေးကြီးတာကြောင့် မမကို ကြိုက်ပါသည်ဟုပြောလိုက်ရသည်။

"မရဘူး..မခေါ်ရဘူးနော် ငွေ့.. ကိုကိုမကြိုက်ဘူးနော်...သူများကို ဘာလို့ ကောင်လေးလို့ခေါ်မှာလဲ...နောက်မခေါ်နဲ့နော်..ငွေ့က လိမ္မာပါတယ် ...''

"မရပါဘူး...အဲလိုပဲ ခေါ်ချင်တယ်...''

"မရဘူးလို့ ကိုယ်ပြောနေတယ်လေ ငွေ့ရာ...ကိုကို့စကားကို နားထောင်ပေးနော်..''

"ခေါ်မှာပဲ...''

"အင်းပါ..ငွေ့က ခေါ်မယ်ဆိုတော့လဲ ကိုကိုမပြောတော့ဘူး..''

သူ့မှာ မတက်သာတဲ့အဆုံး လက်လျော့လိုက်ဖို့ ဆုံးဖြတ်လိုက်ရသည်။ငွေ့ သူကြောင့်နဲ့ စိတ်ညစ်ပြီး ဝမ်းနည်းသွားမှာ မလိုချင်ပါ။မိုးညကို ကောင်လေးလို့ ခေါ်တာကိုတော့ ဘယ်လိုမှ မကြိုက်ပေ။သူ့တစ်ယောက်ထဲအတွက်သာ ဖြစ်ချင်သည်။

"မျက်နှာကြီးက ဘာဖြစ်သွားတာလဲ...ပြုံးလိုက်ကိုကို..ငွေ့ သူ့ကို အဲလိုမခေါ်တော့ဘူးနော်...''

ငွေ့က မိုးညကို အဲလိုမခေါ်တော့ဘူး ပြုံးလိုက်ပါပြောလိုက်တာနဲ့ ပြုံးလိုက်သည်မှာ ပါးပစ်က နားရွက်ကို တက်ချိတ်တော့မည်။

"ကဲ..မင်းတို့ရဲ့ အချိန်တွေကို ငါတို့ဖဲ့မယူချင်တော့ပါဘူးကွာ...ပြန်တော့မယ်...''

"ကျေးဇူးပဲ..''

မင်းခန့် သူ့သူငယ်ချင်းတွေပြန်သွာတာနဲ့ ငွေ့ကို ခေါ်ပြီး ဖေဖေတို့ဆီကို လာခဲ့သည်။ပြန်လာချိန်က မှောင်ချိန်သမ်းတဲ့အချိန်ဖြစ်တာကြောင့် သမီးလေးကိုတော့ ခေါ်မလာခဲ့ဘဲ မမူတို့နဲ့ ထားခဲ့လေသည်။

မင်းခန့်တို့ အိမ်ထဲရောက်လာတော့ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ကြည့်ရတာ ဖေဖေရောမေမေရောက သူ့ကားသံကိုမကြားလိုက်လို့ပဲ အောက်ကိုဆင်းမလာခဲ့သေးတာလား မပြောတက်ပေ။

"ဒေါက်..ဒေါက်..''

မင်းခန့် တံခါးခေါက်သံ ပေးလိုက်၏။

"ရောက်လာကြပြီလား..''

"ဟုတ်ကဲ့ ဖေဖေ...''

"ဖေဖေတို့ အောက်ကိုသွားကြပေါ့...''

"ဟုတ်ကဲ့...''

သူ့မျက်စီရှေ့မှာ ရှိနေတဲ့ ဖေဖေနဲ့မေမေဟာ မျက်နှာမကောင်းကြပေ။သူ့ကို ပြောချင်တဲ့စကားက ကောင်းတဲ့စကားတော့ မဖြစ်နိုင်ချေ။

"ဖေဖေ သားကို ပြောစရာရှိတယ်...''

"ပြောပါ ဖေဖေ...''

ဖေဖေဟာ သူ့ကိုစကားပြောဖို့အရေး သက်ပြင်းရှိုက်ချလိုက်သည်။မေမေက ဘေးနာကနေ ဖေဖေရဲ့လက်ကို ဆုပ်ကိုင်ပြီး ခေါင်းညိတ်ပြနေ၏။ထိုတော့မှ

"ဖေဖေလည်း သေချာစဥ်းစားပြီးမှ အခုလိုဆုံးဖြတ်ချက် ချလိုက်တာ သား ...

ညီမလေးကို ကွာရှင်းပေးလိုက်ပါတော့ သား...''

"ဖေဖေ ဘာတွေပြောနေတာလဲ.. သားက ငွေ့ကို ဘာလို့ကွာရှင်းပေးရမှာလဲ...အခု သားတို့ချင်းအဆင်ပြေနေတာ ဖေဖေတို့လဲ မြင်နေတာပဲလေဗျာ...ဖေဖေက ဘာလို့ သားပျော်ရွှင်မှုကို ဖျက်စီးနေချင်နေရတာလဲဗျာ...''

"ငွေ့ ကိုယ်တို့ပြန်ကြရအောင်..''

သူ့ဟာ ငွေ့ရဲ့လက်ကလေးကိုဆွဲပြီး ထိုင်ကနေ ထလိုက်ပြီး

"ဒီအကြောင်းကြောင့် သားကို တွေ့ဖို့ဘယ်တော့မှ မခေါ်ပါနဲ့ ဖေဖေ..''

ကောင်း သူတို့ကို ကျောခိုင်းထွက်သွားဖို့ ပြင်နေတဲ့ သားဖြစ်သူကို

"ညီမလေးကတော့ အရင်လိုစိတ်တွေပုံမှန်ပြန်ဖြစ်လာရင် သားကို ကျိန်းသေပေါက် ကွာရှင်းမယ့်စကားကို ဆိုလာလိမ့်မယ်...အဲအခါကျရင် သားဘက်က ကွာရှင်းပေးလိုက်ပါလို့ ဖေဖေက အခုထဲက တောင်းဆိုနေတာပါ..ညီမလေးက ကောင်းစဥ်အချိန်ထဲက သားကို ကွာရှင်းဖို့ဆုံးဖြတ်ထားတာပဲ သား...သူနာကျင်ခံစားရတဲ့ ဒီရပ်ဝန်းကနေ အဝေးကိုပျံသန်းခွင့်ပြုလိုက်ပါလို့ ဖေဖေက တောင်းဆိုနေတာပါ..''

မင်းခန့်မျက်နှာပျက်သွား၏။ခြေလှမ်းတွေဟာ ရပ်တန့်သွားသည်။ ထိုစကားကို ကြားလိုက်သည်က သူ့နှလုံးသားတွေအထပ်ထပ်အခါခါ ကြေကွဲနေရသည်ကို ဘယ်သူမှ သိနိုင်မည်မထင်။

« ရှေ့အခန်း - အပိုင်း ၄၂ နောက်အခန်း - အပိုင်း၄၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ