Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၄၂

ကောင်းတို့တွေ သားရဲ့ အိမ်ကိုရောက်လာတဲ့အခါ သားကိုလည်းမတွေ့ရသလို ညီမေလးကိုလဲ မတွေ့ရပေ။အလုပ်ပိတ်ရက်ဆိုတော့ အိပ်နေတုန်းပဲလား ဆိုပြီး အပေါ်တက်ကိုလဲ မသွားပဲ ဧည့်ခန်းမှာသာ ထိုင်လိုက်၏။ချိုကတော့ မုန့်ထည့်လာသည့် ချိုင့်ကြီးနဲ့ဆိုတော့ ထမင်းစားခန်းဝင်ဖို့ သမီးတွေကို မေးလိုက်သည်။

"သမီးတို့ ဖေဖေနဲ့နေခဲ့မလား..မေမေနဲ့လိုက်ခဲ့မလား...''

"မေမေနဲ့လိုက်မယ်လေ...ပီစိလေးကို အရမ်းတွေ့ချင်နေပြီ...နမ်းချင်နေလို့မေမေ..မေမေနဲ့လိုက်မယ်လေနော်..''

သမီးတွေဟာ မြေးမလေးကို တွေ့မယ်အထင်နဲ့ ချိုနဲ့အတူ မီးဖိုခန်းထဲ လိုက်လာခဲ့သည်။မီးဖိုခန်းထဲရောက်တော့ လက်ထဲက ပါလာတဲ့ ချိုင့်ကို ထမင်းစားဝိုင်းမှာ တင်လိုက်၏။

"မမလေးချိုတို့ လာလည်တာလား...ပန်းနဲ့နှင်းလဲ ပါလာတယ်...''

"ဟုတ်တယ် ပိုးလေးရေ..နင့်အစ်ကိုလေးလဲပါတယ်..ဧည့်ခန်းမှာ ထိုင်နေတယ်..မုန့်လုပ်စားတာနဲ့ သားတို့စားဖို့ လာပို့တာ.. ပိုးလေးတို့ပါစားဖို့ မမ ပိုထည့်လာတယ်...ဒါနဲ့သားနဲ့ညီမလေးက ထိအချိန်ထိ အိပ်နေကြတုန်းလား..ကလေးရော အိပ်တုန်းလား.. ''

"မဟုတ်ဘူးမမလေးချိုရဲ့...အစ်ကိုလေးက အလုပ်ကိစ္စနဲ့အပြင်သွားတယ်..မမေလးက ဆေးသောက်ထားလို့ အိပ်နေတယ်...အမုန်းလေးကို မူမူထိန်းနေတယ်..မမေလးကို သွားနိုးလိုက်ရမလား...''

"အိပ်ပါစေ...နိုးလိုက်လို့ စိတ်မကြည်ဖြစ်နေပါအုန်းမယ် ပိုးလေးရယ်...မြေးမလေးကိုပဲ တွေ့ပြီး ပြန်လိုက်ပါတော့မယ်..''

"ဟုတ်မမလေးချို..ခဏလေးနော်..မူမူဆီကေန ပိုလေးသွားခေါ်လာခဲ့မယ်...''

"အင်း...''

ချိုဟာ သမီးလေးတွေကို ခေါ်ပြီး မောင်ရှိရာ ဧည့်ခန်းကို ထွက်လာခဲ့သည်။ချိုလဲ သားမရှိတဲ့အကြောင်း ကောင်မလေးအိပ်နေတဲ့အကြောင်း ပြောပြလိုက်၏။ထိုအခါ မောင်ဟာ အပေါ်တက်သွားလေသည်။ချိုလည်း မောင်နဲ့အတူလိုက်သွားချင်ပေမယ့် သမီးလေးနှစ်ယောက်က ရှိနေတော့ အဆင်မပြေတာနဲ့ မလိုက်တော့ပဲ မြေးလေးကိုခေါ်လာမည့် ပိုးလေးကိုသာ စောင့်နေလိုက်တော့သည်။

ကောင်း အခန်းထဲရောက်တော့ ငွေ့ရည်ဟာ နစ်ခြိုက်စွာ အိပ်ပျော်နေရှာတယ်။ကောင်းလည်း မျက်နှာထက်မှာ ဖုံးအုပ်နေသော ဆံနွယ်တွေကို ဖယ်ပေးလိုက်သည်။

"ကိုကို့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် ကိုကို့ညီမလေးကို နာကျင်စေရပြီ...ကိုကိုမှားသွားတယ်..ညီမေလးကို သားရဲ့လက်ထဲကို ထည့်ပေးလိုက်မိတာ အမှားကြီးမှားသွားတာပဲ...အခုကစပြီး ကိုကို့ညီမလေး မနာကျင်စေရဘူးလို့ ကိုကိုကတိပေးတယ်နော်...''

ငွေ့ရည်ရဲ့ နဖူးလေးကို ဖွဖွလေးနမ်းပြီး ပြန်ထွက်လာခဲ့သည်။သူအောက်ကိုရောက်တော့ ချို့လက်ထဲက ကလေးကို သမီးချောနှစ်ယောက်က ပါးကိုဆွဲလိုက် လက်ကလေးတွေကို နမ်းလိုက်နဲ့ ရယ်မောနေလေရဲ့။

"ချို သားက ဘယ်အချိန်ဘယ်ရောက်မှာတဲ့လဲ..''

"ကြာအုန်းမယ်ထင်တယ် မောင်...မောင်က သားကို အရေးတကြီးပြောစရာရှိလို့လားဟင်...အရေးကြီးတယ်ဆိုရင် ချို ဖုန်းဆက်ပြီးခေါ်ပေးရမလား...''

"ရတယ်..မဆက်လိုက်နဲ့ ချို...ညနေမှဘဲ သားကို အိမ်လာခဲ့ဖို့ မောင်ဘဲ ဖုန်းဆက်လိုက်မယ်...ကလေးကို မောင့်ဆီကမ်းပါအုန်းကွာ..''

"ဦးဦးရဲ့တူမချောလေး.. အချစ်တုံးလေး..ရွှေရည်ကိုကိုလေး..ဦးဦး ပေးတဲ့နာမည်ကို ကြိုက်တယ်မလား...''

"ဟိဟိ..''

ချိုဟာ မောင့်ကိုကြည့်ပြီး ရယ်လိုက်၏။ကိုယ့်သားက မွေးတဲ့ကလေးကို ခေါ်လိုက်ပုံများ တူမလေးတဲ့။သူ့ကိုယ်သူလဲ ဦးဦးတဲ့။ချို ဘယ်လိုမှ မရယ်ပဲမနေနိုင်ပါ။

"ချို ဘာရယ်တာလဲ...''

"မောင့်ကြောင့်ပေါ့မောင်ရဲ့...သားရဲ့ကလေးကိုများ တူမလေးရှိရသေးတယ်...ဖိုးဖိုးရဲ့မြေးမလေးလို့ သုံးရတော့မှာ သိလား...မောင်က အဖိုးဖြစ်နေပြီ..''

"မောင်က နူတ်ချိုးနေလို့ပါကွာ...''

"ဒါနဲ့လေ..ချိုတို့မြေးမလေးရဲ့နာမည်က ရွှေရည်ကိုကိုတဲ့လား..မောင်ပေးထားတဲ့ နာမည်လေးက သိပ်လှတာပဲ..''

"ဟုတ်တယ် ချိုရဲ့..တူ..အယ်..မြေးမလေးရဲ့နာမည်ကို မောင်က ဗိုက်ထဲမှာထဲက မိန်းကလေးဆိုတာ သိလိုက်ထဲက မှည့်ပေးထားတဲ့ နာမည်လေးလေ..''

"မမလေးပေးထားတာ အဲနာမည်မဟုတ်ဘူးနော် အစ်ကိုလေး...အမုန်းချည်တဲ့...''

"ဘာ...''

အမုန်းလေးရဲ့ နာမည်ကို ကြားလိုက်ရချိန်မှာ ကောင်းနဲ့ချိုဟာ မှင်သက်သွားသည်။ကောင်းဟာ သူ့လက်ထဲက အမုန်းလေးကိုကြည့်ပြီး မျက်နှာမကောင်းသလို ချိုဟာလဲ ထိုနည်းတူပဲ။

အမုန်းတရားတွေနဲ့ဖွဲ့နွဲ့ချည်နှောင်ထားတဲ့ အဓိပ်ပါယျတှနေဲ့ ပြည့်နှက်နေသည့် ဒီနာမည်လေးကို ပေးလောက်ရတဲ့အထိ သူ့ညီမလေး ဘယ်လောက်နာကျင်ခံစားလိုက်ရတာလဲဆိုတာကို ကောင်းတစ်ယောက် သိသွားလေသည်။

သူပေးခဲ့တဲ့ နာမည်ကို သဘောတွေကျကာ ပြုံးပျော်ခဲ့တဲ့ ညီမလေးရဲ့ မျက်နှာကို ပြန်မြင်လိုက်ချိန်မှာ ဒီဘဝထဲကို ဆွဲသွင်းခဲ့မိတဲ့ သူကိုယ်သူ အပြစ်တင်တော့သည်။

ကောင်း အမုန်းကလေးရဲ့ ပါးလေးကို နမ်းလိုက်လိုက်ချိန် သူ့မျက်တွေဟာ အမုန်းကလေးရဲ့ ပါးပြင်ပေါ်သို့ စီးကျသွားခဲ့လေသည်။ ချိုဟာလဲ ကောင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားလေသည်။

"စိန်မကောင်းမဖြစ်ပါနဲ့မောင်ရယ်..သားလဲ အရင်လို မဟုတ်တော့ဘူးလေ...မြေးမလေးနဲ့ငွေ့ရည်အပေါ် ဘယ်လောက်ချစ်သလဲဆိုတာ မောင်လဲမြင်တာပဲ...ငွေ့ရည်လည်း သားကြောင့် ပျော်ရွှင်ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာတော့မှာပါ...''

ကောင်းဟာ ခေါင်းလည်းမညိတ် ခေါင်းလဲမခါပဲ ပိုလေးကို ခေါ်ပြီး အမုန်းကလေးကို ပြန်ပေးလိုက်သည်။ထို့နောက် မင်းခန့်ပြန်ရောက်လာတဲ့အခါ အိမ်ကိုလာခဲ့ဖို့လည်း မှာခဲ့ပြီး ထွက်လာခဲ့သည်။ချိုကတော့ သမီးနှစ်ယောက်၏ လက်ကိုဆွဲပြီး ကောင်းနောက်ကို အမြန်ပင်လိုက်ခဲ့ရသည်။

ကောင်းရဲ့နားထဲမှာ အမုန်းချည် အမုန်းချည်ဆိုတဲ့ နာမည်သာ ထက်ဆင့်ပြီး ကြားနေရသည်။ ဒီနာမည်ကို သူ့ညီမလေး နာနာကျင်ကျင်နဲ့ မှည့်လိုက်တာ နေမှာ။ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ။ဒီအကြောင်းကို ထက်ဝေယံကိုပြောပြတဲ့အခါ ထက်ဝေယံတစ်ယောက် မျက်ရည်ကျလေသည်။

"ကောင်လေးနဲ့ လက်ထက်ပေးလိုက်တာ ငါတို့နှစ်ယောက် မှားသွားတာပဲ ဇာနည်...ငါတို့နှစ်ယောက်ရဲ့အချစ်ခံညီမလေးက ကောင်လေးရဲ့ အမုန်းတွေ ခံစားရတယ်...ငါတို့ ပိုးမွေးသလို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ထားထားတဲ့ ညီမလေးကို ကောင်လေးက အိမ်မှုကိစ္စတွေနဲ့ ဖိနှိပ်စက်တာကိုခံနေရတယ်..ငါတို့ ဗိုက်ထဲမှာတောင် ချစ်ခဲ့ရတဲ့ ကလေးလေးကို ကောင်းလေးက ဥပက္ခာတွေ ပြုထားတယ်...''

"ဒီတစ်ခါတော့ ငါ့ဆုံးဖြတ်ချက်က အမှန်ဖြစ်မှာပါ...ငါတို့ စခဲ့တဲ့ ဇာတ်လမ်းကို ငါတို့ပဲ အဆုံးသတ်ပေးလိုက်ရအောင် ထက်ဝေယံ...ငါက အရင်လို ညီမလေးကို အပြည့်အဝမစောင့်ရှောက်ပေးနိုင်တာကြောင့် မင်းလက်ထဲကို အပ်တယ်ကွာ..မင်းကတော့ ညီမလေးကို အပြည့်အဝစောင့်ရှောင့်နိုင်မယ်လို့ ငါယုံကြည်တယ်...''

*************** ***************

"မင်းခန့် မျက်နှာလဲမကောင်းပါ့လား...ခေါင်းကိုက်နေလို့လား..''

"ဘာမှမဖြစ်ဘူး...စိတ်ထဲမှာ နေလို့မကောင်းဘူးဟာ...ငွေ့များ တစ်ခုခုဖြစ်နေလားမသိဘူး..ငါ့စိတ်တွေ လေးလံနေတယ်ကွာ...''

ဘာလို့မှန်းမသ် သူ့ရဲ့စိတ်တွေ မကြည်မလင်နဲ့ လေးလံနေသလို ခံစားနေရသည်။ထို့ကြောင့် ငွေ့များ တစ်ခုခုဖြစ်နေသလားဆိုပြီး ဖုန်းဆက်ကြည့်လိုက်တော့သည်။

"မမူ ငွေ့ရော ဘာလုပ်နေလဲ...ငွေ့ဆီကို ဖုန်းပေးပေးပါ..ကျွန်တော် ငွေ့နဲ့စကားပြောချင်လို့..''

"ခဏလေးကိုင်ထားနော် အစ်ကိုလေး..မမူ အခန်းထဲ သွားပေးပေးမယ်...''

သူ့မှာ ဖုန်းကိုင်ထားရင်း စောင့်နေရသည်။ခဏလေးစောင့်နေရတာကို အချိန်အကြာကြီးကြာနေသလို ခံစားနေရသည်။

"ဟူး..ကြာလိုက်တာကွာ..''

"အဲဒါတော့ နည်းနည်းများသွားတယ်နော်..အပေါ်အောက်တက်ကတာ ဒီလောက်တော့ ကြာမှာပေါ့ မင်းခန့်ရယ်...မုန်းတုန်းကလဲ သူပဲ..ချစ်မိတော့လည်း မနိုင်တော့ဘူး...''

ငွေ့ရဲ့ ကိုကိုဆိုတဲ့ အသံလေးကြားလိုက်တော့ သွန်းသွန်းကိုကြည့်ပြီး လက်ကလေးနဲ့ ရှူးဆိုပြီး လက်ဟန်ပြလိုက်၏။

"အခုဘာလုပ်နေလဲ ငွေ့လေး...''

"ဝေါ့..''

မင်းခန့် သွန်းသွန်းကို မျက်မှောင်ကျုတ် ကြည့်လိုက်တယ်။သွန်းသွန်းကလဲ လျှာထုတ်ပြီး ပြောင်ပြလိုက်သည်။မိုးညရယ် သူရိန်ရယ် ဇွဲပြည့်တို့က ရယ်ကြလေသည်။

"ကိုကို့သမီးကို နို့တိုက်နေတာ...မတိုက်တာကို အော်အော်ငိုနေလို့လေ..နားငြီးတာနဲ့ တိုက်လိုက်တယ် သိလား...ငွေ့ လိမ္မာတယ် မဟုတ်လား ကိုကို...''

"ဟုတ်တာပေါ့...ကိုကို့ကလေးလေး လိမ္မာတယ်.''

"ဝေါ့..ဝေါ့..သူအသက်နဲ့ကိုကို့ကလေးတဲ့ဟယ်..နားခါးလိုက်တာ...''

မင်းခန့်က မျက်လုံးပြူးပြီး ကြည့်တဲ့အခါ

"နင်တို့နော်..ငါ့ကို အဲလိုကြီး မကြည့်ပါနဲ့လား.. ငါက အသဲနုတော့ ကြောက်တက်တယ်..ဟိးဟိး..''

သွန်းသွန်းတစ်ယောက် သူ့ပါးပစ်လေးကို လက်ကလေးနဲ့ အုပ်ပြီး ရယ်မောလေသည်။

"ကိုကို..နောက်တစ်ခါ အပြင်သွားရင် ငွေ့ကိုပါ ခေါ်နော်...ငွေ့လဲ အပြင်သွားချင်တယ်..အိမ်ထဲမှာပဲ နေရတာ ပျင်းစရာကြီး...''

"အင်း..နောက်ဆို ဘယ်သွားသွား ကိုကိုခေါ်မယ်နော်...အိမ်မှာ ပျင်းစရာကြီးဆိုပြီး အပြင်ကို တစ်ယောက်ထဲ မသွားရဘူးနော်...''

"ဟုတ်...''

ငွေ့ တစ်ယောက်ထဲ အပြင်တွေလျှောက်သွားမှာကို သူ စိတ်ပူသွားသည်။

"ငွေ့ မပိုးလေးကို ဖုန်းပြန်ပေးလိုက်နော်...ကိုကို သူ့ကိုမှာစရာရှိလို့...''

"ဟုတ်..''

ငွေ့ရည်လည်း သူ့ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ပိုးလေးဆီကို ဖုန်းကမ်းလိုက်သည်။

"ဟလို အစ်ကိုလေး..''

"မပိုးလေး..ငွေ့ကို သေချာကြည့်ပေးထားပါ...ခြံထဲကိုလဲ မဆင်းစေနဲ့နော်...တစ်ယောက်ထဲ အပြင်တွေလျှောက်သွားနေမှာ ဆိုးလို့ပါဗျာ...''

"အင်းပါ..မပိုးလေးတို့ မမလေးကို သေချာကြည့်ပေးထားပါ့မယ် အစ်ကိုလေးရယ်...မမလေးအတွက် စိတ်မပူပါနဲ့...''

"အဲဆို ငွေ့ကို ဖုန်း ပြန်ပေးပေးပါအုန်း..အလုပ်ရှုပ်တယ်မထင်ပါနဲ့ဗျာ...''

ပိုးလေးတစ်ယောက် ဖုန်းကိုပေးလိုက်ယူလိုက်နဲ့ သူမကိုယ်သူမသဘောကျလေရဲ့။

"ငွေ့ကို ပြောချင်သေးလို့ဆို..''

"အွန်း...ငွေ့ အပြင်တွေလျှောက်မထွက်နဲ့နော်...''

"ဟုတ်...''

"ကိုကိုမပါပဲနဲ့ အပြင်ကို တစ်ယောက်ထဲ မသွားရဘူးနော်...''

"ဟုတ်...''

"ကိုကိုမှာတာ မမေ့နဲ့နော် ငွေ့...''

"ဟုတ်...''

မင်းခန့်မှာ ငွေ့ရည်ကို အပြင်မထွက်ဖို့ကို မှာလို့မဆုံးပေ။သွန်းသွန်းတစ်ယောက် ကြာလာတော့ မင်းခန့်ကို ကြည့်မရတာကြောင့်

"ဒီလောက်ဆို လုံလောက်ပြီ...''

သွန်းသွန်းရဲ့ အပြောကြောင့် ကိုယ့်ကိုယ်ကို မလုံတာနဲ့

"ကိုကို ဖုန်းချလိုက်ပြီနော်....''

"သွန်းသွန်းမ နင်ဘယ်လိုဖြစ်နေတာလဲ...ဟိုကောင်တွေကလဲ ဝိုင်းမပြောကြဘူး...လူမိုက်အားပေး လုပ်နေတယ်...''

"မင်းကလဲမင်းပဲလေကွာ...သွန်းသွန်းပြောလဲပြောချင်စရာကြီးကိုကွ..ကိုယ့်ထက်အကြီးကို ကလေးလေးရှိရသေးတယ်..နောက်ပြီး ဘာပါလိမ့်...ကိုကို ဟုတ်လား...ဟားဟား...''

သူ့သူငယ်ချင်းတွေ ပြောတဲ့အခါ သူရယ်နေလိုက်သည်။သူမလေးက သူ့အတွက် ကလေးတစ်ယောက်လိုဆိုတာ သူတို့မှမသိပဲကိုး။ထို့ကြောင့် သူတို့ပြောကြတာကို ပြန်မပြောဘဲ ပြုံးရင်းသာ ငြိမ်နေလိုက်၏။

« ရှေ့အခန်း - အပိုင်း ၄၁ နောက်အခန်း - အပိုင်း ၄၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ