"မင်းခန့်ရေ..ငါတို့ တီချယ်နဲ့ဆရာ့ကို သွားကန်တော့မလို့ နင်လိုက်ခဲ့ရမယ်..ဟိုသုံးကောင်လဲ လိုက်မှာဟ..နင်ငြင်းလို့မရဘူးနော်...အပြန်ကျရင် ငါတို့တွေ နင့်အိမ်ကို လိုက်မယ် သိလား...အမ အခြေအနေကိုလဲ ကြည့်ရင်ပေါ့ဟာ..''
ကိုယ့်မှာငြင်းချိန်တောင်မရ၊မငြင်းရဘူးလို့ တစ်ခါတည်းပိတ်ပြောလိုက်တာကြောင့် မငြင်းနိုင်တော့ဘဲ လက်ခံလိုက်ရသည်။ထို့အပြင် အိမ်ကိုပါ လိုက်လည်ပါမယ်ဆို၍ မလိုက်နဲ့ပြောရင် လေးကောင်လုံးက သူ့ကို စိတ်ဆိုးအုန်းမယ်။
"သဘောပဲဟာ...''
မင်းခန့်လည်း သွန်းသွန်းနဲ့ ဖုန်းပြောပြီးတာနဲ့ ရေမိုးချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။အရင်က သူရေချိုးရင် ငွေ့ကအစစအရာရာ လုပ်ပေးခဲ့တဲ့ အချိန်တွေကို ပြန်လွမ်းမိသည်။ငွေ့ သူ့ကျောပြင်ကို ချေးတွန်းပေးတဲ့အခါ သူက အရှေ့ကနေ သဘောကျပြီး ပြုံးနေတာ သူသာအသိဆုံးဖြစ်သည်။
"ငွေ့ကို ကိုယ် အနိုင်ကျင့်ခဲ့တယ်...အနိုင်ကျင့်ခဲ့မိရာကနေ ဘယ်လိုချစ်မိသွားသလဲဆိုတာ ကိုယ်လဲ အဖြေရှာလို့မရဘူး ဖြစ်နေတယ်..ဒါမှမဟုတ် ငွေ့ကို စတွေ့မိတဲ့အချိန်ထဲက သူ့ရင်ထဲရောက်နေခဲ့သလားဆိုကိုပေါ့...''
သူရေချိုးပြီး ထွက်လာသည့်တိုင်အောင် ငွေ့က အိပ်ပျော်နေဆဲပဲ။အရင်က ဒီအချိန်ဆို သူစားဖို့အတွက် အောက်မှာ ချက်ပြုတ်နေပြီ မဟုတ်လား။အခုတော့ သူ့အမျိုးသမီးလေးဟာ ကလေးတစ်ယောက်ပမာနှယ်..။
ဟော နိုးလာခဲ့ပြီ။သမီးလေးကို ပွေ့ချီလိုက်ကာ အကျီလေးမပြီး နို့တိုက်နေသော ငွေ့ကို သူ မသိမသာလေး ခိုးကြည့်လိုက်၏။ပြီးမှ ဘီဒိုထဲက အကျီတစ်ထည်ကို ယူလိုက်ပြီး ဝတ်ဖို့ဆင်လိုက်သည်။
"ဟီးဟီး... ဟီးဟီး... ''
ငွေ့ရည်ရဲ့ ငိုသံကိုကြားရတဲ့အခါ မင်းခန့်တစ်ယောက်ဟာ ပြာပြာသလဲလဲ ဖြစ်သွားတော့သည်။ဝတ်လက်စ အကျီကိုတောင် ဆက်မဝတ်တော့ဘဲ အောက်ပစ်ချလိုက်ကာ အိပ်ရာပေါ် အတင်းတက်လာပြီး ငွေ့ရည်အနားကပ်ကာ မေးလိုက်၏။
"ငွေ့လေး ဘာဖြစ်လို့ငိုတာလဲ...ဘယ်နားနာလို့လဲ..ကိုကို့ကိုပြောနော်...''
"ကိုကို့သမီးက ငွေ့နို့ကို ကိုက်လိုက်လားမသိဘူး..အရမ်းနာတယ်...သူ့ကို နို့မတိုက်ချင်တော့ဘူး..မမမူနဲ့မမပိုးလေးကိုပဲ တိုက်ခိုင်းလိုက်နော်..ငွေ့မတိုက်တော့ဘူး...ငွေ့တိုက်ရင် သူက ကိုက်အုန်းမှာ ကိုကိုရဲ့...''
ငွေ့ရည်ရဲ့စကားကြောင့် မင်းခန့်မှာ ရယ်ရခက်ငိုခက် ဖြစ်သွားတာ အမှန်ပါ။အပျိုကြီးနှစ်ယောက်ကိုမှ နို့တိုက်ခိုင်းရတယ်လို့ အပျိုကြီးနှစ်ယောက်ကသာ ဒီစကားကို ကြားရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ တွေးမြင်လိုက်တာနဲ့ သိလေသည်။
"ငွေ့ ကိုကိုပြောတာကို နားထောင်နော်...သမီးလေးကိုလေ မမူနဲမပိုးလေးက နို့တိုက်လို့မရဘူး..ငွေ့ပဲ တိုက်လို့ရတာ..''
"ဘာလို့မရတာ ကိုကို..သူတို့မှာလဲ ငွေ့လို နို့ရှိတယ်လေ..''
"သူတို့မှာ နို့ရှိတာ ဟုတ်တယ်..ဒါပေမယ့် မတူဘူးလေ ငွေ့ရဲ့...''
"ဘာလို့ မတူတာလဲဟင် ကိုကို...''
ကလေးတစ်ယောက်လို အမေးအမြန်းထူနေတဲ့ ငွေ့ရည်ကြောင့် မင်းခန့်ဘာပြောရမှန်းမသိဖြစ်သွားသည်။ရှင်းလေရှုပ်လေမျိုး ဖြစ်သွားမလားပဲ။
"ကိုကို ဘာလို့မတူတာလဲလို့..ငွေ့မေးနေတယ်လေ.. ''
ငွေ့က ထပ်မေးလာတာကြောင့် သူ့မှာ မဖြေလို့တော့မရတော့ပေ။ခေါင်းကို ကုတ်လိုက်ပြီး
"ဘယ်လိုပြောရလဲ..ဒီလိုလေ ငွေ့ရာ..
သမီးလေးက ငွေ့ရဲ့ဒီဗိုက်ထဲက ထွက်လာတာ..အဲတော့ သမီးလေးကို ငွေ့ပဲနို့တိုက်လို့ရတာ...သူတို့က တိုက်လို့မရဘူး..နောက်ပြီး သူတို့ရှေ့မှာ အဲအကြောင်းတွေ သွားမပြောရဘူးနော်..''
"ဘာလို့လဲ ကိုကို...ဘာလို့ သူတို့ရှေ့မှာ ပြောလို့မရတာလဲ..''
"ဘာလို့လဲ ဆိုတော့..သူတို့ရှေ့မှာ ငွေ့ကအဲလိုပြောလိုက်ရင် သူတို့က ရှက်သွားမှာပေါ့..သူတို့က အပျိုကြီးတွေလေ..''
"ငွေ့ရကော အပျိုကြီးပဲဟုတ်ဘူးလား ကိုကိုရဲ့...''
အမေးအမြန်းထူနေတဲ့ သူ့ရှေ့က သူမရဲ့ပါးပြင်လေးကို နမ်းလိုက်ပြီး ပြောလိုက်၏။
"ငွေ့က သူတို့လိုမဟုတ်ဘူးလေ...ငွေ့က ကိုကိုရဲ့မိန်းမ.. သမီးလေးရဲ့မေမေလေ...သူတို့ကို နမ်းတဲ့ ကိုကို့လို ယောကျ်ားလဲမရှိဘူး. ငွေ့အပေါ်ချစ်ပေးပြီးအလိုလိုက်မယ့် ကိုကို့လို ယောကျာ်းလဲမရှိဘူး...သမီးလေးလို ချစ်ဖို့ကောင်းတဲ့ ကလေးလေးလဲ မရှိဘူးလေ...''
"သြော်...သူတို့က ငွေ့လို ချစ်ဖို့မကောင်းမလို့ပေါ့နော် ကိုကို...ပန်းတို့ထက်လဲ ငွေ့ကပိုချစ်ဖို့ကောင်းတယ်မဟုတ်လားဟင်..''
"သိပ်ဟုတ်တာပေါ့ ငွေ့ရဲ့..ပန်းတွေရဲ့ အလှက ငွေ့ရဲ့အလှကို မယှဥ်နိုင်ဘူး..ကိုကို့ရဲ့ ငွေ့က ပန်းတကာပန်းတို့ထက် လှတယ်..
အဲဒါကြောင့် သမီးလေးကို နို့တိုက်ရမယ်နော်... သမီးကို ငွေ့ရဲ့နို့ကို မကိုက်အောင်လဲ ကိုကိုပြောပေးမယ် သိလား...ကိုကို့စကားဆို သမီးလေးက နားထောင်တယ်.. ''
"ဟွန့်.. သူ့ကလေးဖြင့် စကားလဲမပြောတက်ဘဲကို..လူကို လာလိမ်နေတယ်..လူလိမ်ကြီး.. ကိုကိုက လူလိမ်ကြီးပဲကွာ...''
"ဟောဗျာ...''
နူတ်ခမ်းလေးဆူ ပြောနေလိုက်ပုံက အသက်အရွယ်နဲ့မလိုက် ဆယ်ကျော်သက်အရွှယ် ကောင်မလေးလို ချစ်ဖို့ကောင်းနေသည်။ဒီလိုအနေအထားလေးပဲ သူလိုချင်မိတာ သူ အတ္ထများကြီးသွားလား။သူ ဒီတိုင်းသာရှိစေချင်တာ ကို သူအတ္ထကြီးတယ်ဆိုလည်း အတ္ထကြီးပါရစေ။
"ကိုကို အကျီပြန်ဝတ်အုန်းလေ..အလုပ်သွားမှာမဟုတ်လား...ငွေ့ ကြယ်သီးတပ်ပေးမယ်နော် ကိုကို..ပြန်လာရင် ကြယ်သီးတပ်ခ ကြေးအိုးဝယ်ပေးရမယ် သိလား...''
"ကြေးအိုးမှမဟုတ်ဘူး..စားချင်တာ အကုန်ပြော ကိုကို အကုန်ဝယ်လာပေးမယ်...အခုတော့ ကိုကိုတို့ ထမင်းစားရအောင်...''
"ဟုတ်ကိုကို...''
သူကတော့ သမီးလေးကိုချီပြီး ငွေ့ကတော့ သူ့လက်မောင်းကို ချိတ်ပြီး အောက်ကိုဆင်းလာခဲ့သည်။ထမင်းစားခန်းရောက်တော့ မမူတို့ ပြင်ဆင်ချက်ပြုတ်ထားတာနဲ့တင် အရသာကပြောစရာကိုမလိုပေ။အနံ့ကလေးနဲ့တောင် ဗိုက်ဆာလာပြီ။ဒါပေမယ့်လဲ သူ့အမျိုးသမီးလေးရဲ့ လက်ရာကိုတော့ မမှီပါ။မေမေရဲ့လက်ရာပြီးရင် သူ့အမျိုးသမီးလေးရဲ့က သူ့အတွက်အကောင်းဆုံးပါ။
"မမူ သမီးလေးကို ခေါ်ပါအုံး...''
မင်းခန့် ကလေးကို ပေးတဲ့အခါ မူမူဟာ မင်းခန့်ရဲ့လက်ထဲက အမုန်းကလေးကို ယူချီလိုက်၏။
"ကိုကို ငါးဟင်ကြော်လေးက ကြွပ်နေတာပဲ...ကိုကိုစားနော်..ငွေ့ထည့်ပေးမယ်...''
သူ ပိုးလေးကို ငါးဟင်းကို ဘာလို့ ချက်တာဟင်းဆိုသည့် အကြည့်နဲ့ကြည့်ပြီး အသံတိတ်မေးလိုက်သည်။ပိုးလေးကလဲ ငွေ့ကို ကြည့်၍ မမလေးချက်ခိုင်းတာပါဆိုတဲ့ အကြည့်နဲ့ ပြောလေ၏။
"ငွေ့ ကိုကိုက ငါးမစားဘူး..ငွေ့ပဲ များများနော်..''
"မရပါဘူး စားရမယ်..မစားရင် ငွေ့စိတ်ဆိုးမှာနော်..မချစ်တော့ဘဲ နေလိုက်မှာနော်..''
ငွေ့ရဲ့ ညိုးငယ်သွားတဲ့ မျက်နှာလေးကြောင့်ရယ် မချစ်ဘဲနေလိုက်မှာနော်ဆိုတဲ့ စကားကြောင့်ရယ် သူ့မှာ အခက်တွေ့ရတော့တာပဲ။
"ကိုကိုက ငါးရိုးကြောက်တယ်...ကိုကို့ကို ငွေ့အသားနွှင်ပေးပါလား...''
"ဟိဟိ..ကိုကိုက ကလေးလဲမဟုတ်ဘဲနဲ့...နွှာပေးမယ်နော်...''
မနက်စာထမင်းဝိုင်းလေးကလုံး အရင်လိုငြိမ်သက်မနေဘဲ ငွေ့ရဲ့ရယ်မောသံလေးနဲ့အတူ သူ့ရဲ့ရယ်မောသံနဲ့ပါ အသက်ဝင်လှသည်။ဒီရပ်ဝန်းလေးတွေ ငွေ့ပြန်ကောင်းလာတဲ့အခါ ပျောက်ကွယ်သွာမှာကို တွေးပြီး စိတ်မပျော်မရွှင်ဖြစ်ရလေသည်။
မနက်စာစားပြီးတာနဲ့ ငွေ့ဟာ သူ့ကို ကားနားထိလိုက်ပို့ပေးသည်။ထိုအခါ ဖေဖေ မေမေ့ကို နူတ်ဆက်အနမ်းပေးသလိုမျိုး သူလည်း ငွေ့ရဲ့နူတ်ခမ်းလေးကို နမ်းလိုက်သည်။ပြီးတော့ ပန်းရောင်သမ်းသွားသော ပါးနှစ်ဖက်လေးကို ထပ်မံ နမ်းလိုက်တော့သည်။
"ကိုကိုနော်..ငွေ့ကိုတအားနမ်းတာပဲ..သူ့ကိုနမ်းရင်ကြိုက်မှာမဟုတ်ဘူး..''
နူတ်ခမ်းလေးဆူကာ သူ့ကို ပြောတဲ့ ငွေ့ကြောင့် ထိုနူတ်ခမ်းလေးကို နမ်းလိုက်ရင်း..။
"ငွေ့နမ်းမလို့လား...ကိုကိုကြိုက်တယ်..ငွေ့ဘယ်လောက်ကြာအောင်နမ်းမှာလဲသာ ပြောလိုက် ကိုကို အလုပ်မသွားပဲ အနမ်းခံလိုက်မယ်..''
ရယ်ကျဲကျဲလေးနဲ့ နမ်းပြီးပြောလိုက်အခါ ငွေ့ဟာ ရှက်သွားပြီး အိမ်ထဲ ပြေးဝင်သွားပါတော့သည်။သူလည်း နူတ်ခမ်းလေးကို လက်ညိုးလေးနဲ့ ထိလိုက်ပြီး ပြုံးလိုက်ပါတော့သည်။
"မမမူ ငွေ့ နေမကောင်းဖြစ်နေတာလား မသိဘူး...ဒီနားက တအားခုန်နေတယ်..လာနားထောင်ကြည့်ပါလား...''
ငွေ့ရည်ဟာ ရင်ဘတ်လေးကို ကိုင်ပြီး ရင်ခုန်နေတာကို နေမကောင်းလို့ဆိုပြီး မျက်နှာငယ်လေးနဲ့ သူမကို ပြောလာသည့်အခါ မရယ်မိအောင် မနည်းပြန်ထိန်းလိုက်ရသည်။
"အစ်ကိုလေး လာမှ နားထောင်ကြည့်ခိုင်းနော် မမလေး..အဲရောဂါကို အစ်ကိုလေးပဲ သိတာ...မမူတို့ မသိဘူး မမလေးရဲ့..အခုတော့ ဆေးသောက်ရမယ်နော်..''
"ဟုတ်..''
မူမူ ကမ်းပေးလာသည့် ဆေးကိုယူပြီး ငွေ့ရည် သောက်လိုက်တော့သည်။ပြုံးစိစိနဲ့ သူမကိုကြည့်ပြီး ထွက်သွားသည့် မူမူ့ကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်သည်။
"ကလေးလေး နို့ချင်လား...ငါ နို့တိုက်ရင် နင်က ကိုက်မှာလား ပြော...''
"မရယ်ပြနဲ့..''
ငွေ့ရည်ဟာ အမုန်းလေးရဲ့ နဖူးကို လက်ညိုးနဲ့ တို့လိုက်ပြီး
"ကိုက်မှာလား မကိုက်ဖူးလားပဲ့ပြော..မရယ်ပြနဲ့.. ရယ်ပြလဲ ကိုက်ရင်မတိုက်ဘူး သိလား...''
အမုန်းလေးက ပိုပိုပြီးရယ်ပြလာတဲ့အခါ နူတ်ခမ်းလေးဆူလိုက်ကာ
"ချစ်စရာလဲမကောင်းဘဲနဲ့ လာရယ်ပြနေတယ်..မုန်းစရာလေး...''
"အဟင့်..အဟင့်..''
"ဟဲ့..ဟဲ့...မငိုနဲ့.. ငါက ချစ်လို့စတာနော်...နို့တိုက်မယ် သောက်မယ်မလား...''
ငွေ့ရည်မှာ မငိုအောင် ပွေ့ချီပြီး နို့တိုက်လိုက်ရသည်။အမုန်းလေးက သူမရဲ့နို့ကို တပြွစ်ပြွစ်နဲ့တွယ်ဆို့နေတာကို ကြည့်ပြီး ပြုံးလိုက်၏။
"အဖေတူသမီး လူလည်မလေး...သားဖနှစ်ယောက်စလုံး ငါ့ကိုတစ်ယောက်တစ်မျိုးလူလည်လုပ်နေတယ်...တစ်ယောက်မှလဲ ချစ်စရာကောင်းမနေဘူး သိလား...''
အမုန်းကလေးဟာ ငွေ့ရည်စကားအဆုံး၌ သူမရဲ့ နို့ကို ကြိတ်လိုက်တော့တယ်။အသဲခိုက်အောင် နာကျင်သွားတာကြောင့် မျက်ရည်တို့ပါ ဝဲတက်သွားတော့သည်။သို့ပေမယ့်လဲ နို့ကိုမချွတ်လိုက်ပဲ နာကျင်လျက်သား ကြိတ်မှိတ်ပြီးဆက်တိုက်လေ၏။
ငွေ့ရည်ဟာ အမုန်းလေးကို နို့တိုက်ရင်းမှာ မူမူတိုက်သွားသည့်ဆေးအရှိန်ကြောင့် မျက်လုံးတို့မှေးစင်းလာပြီး မကြာခင်အချိန်မှာ အိပ်ပျော်သွားလေ၏။ အမုန်းကလေးကတော့ သူမရဲ့ဘေးမှာ ရက်ကန်ရက်ကန်နဲ့ လှုပ်လှုပ်ရှားရှားပင်။