Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၄၀

နှင်းဆီပန်းပွင့်တွေကြားမှာ သူချစ်ဇနီးလေးဟာ အပြုံးလွင်လွင်လေးနဲ့ ပန်းပွင့်တို့ကို ညှပ်နေလေရဲ့လေ။သိပ့်ကို လှပပြီးကျက်သရေရှိလှတဲ့ ဂုဏ်သတ္ထိတွေကို ပိုင်ဆိုင်ထားတဲ့ ထိုအမျိုးသမီးလေးက သူ့ဘဝရဲ့ပဲ့ကိုင်ရှင်။ထိုအမျိုးသမီးကို ဒုတိယအကြိမ်မြောက် ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ တဖန်အခွင့်အရေးပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်မိသည်။

သူ့မျက်နှာတစ်ကမ္ဘာထင်ပြီး သူ့ကိုချစ်ပေးတဲ့ သူမလေးရဲ့နှလုံးသားကို သူဟာ နှစ်ကြိမ်တောင် နာကျင်စေခဲ့မိတယ်။ဒီတစ်ချိန်မှာကြောင့် သူကြောင့် ချိုဟာ ဘယ်သောအခါမှ မျက်ရည်မကျစေရဘဲ လှပတဲ့မျက်နှာထက်မှာ အပြုံးပန်းတွေသာ ဝေဆာနေမည်လို့ သူကိုယ်သူကတိပေးလိုက်သည်။

မောင်ကြောင့်နဲ့ ဘယ်တော့မှ မျက်ရည် မကျစေရဘူး ချို...မောင့်မိန်းမရဲ့ မျက်နှာထက်မှာ အပြုံးပန်းတွေပဲ ပွင့်လန်းနေရမယ်...

ကောင်း ချိုရဲ့အနားကို ခြေလှမ်းဖွဖွလေးနဲ့ အသံမကြားအောင် လာခဲ့တယ်။ချို့အနားကိုရောက်တော့ နောက်ကနေ ချို့ရဲ့ ခါးလေးကို ဖက်တွယ်လိုက်ကာ ပုခုံးလေးပေါ် မေးလေးတင်ပြီး ပြုံးနေတော့၏။

"မောင် နိုးလာပြီပဲ...မောင့်သမီးတွေရော နိုးနေပြီလား...''

"အွန်း...''

"ချိုက မောင်တို့သားဖတွေမနိုးလောက်သေးဘူးထင်လို့ ပန်းတွေအများကြီးပွင့်နေတာနဲ့ဆင်းညှပ်တာ...အခုနိုးပြီဆိုတော့ မနက်စာ စားတော့မလား မောင်...''

"မောင့်မိန်းမ သဘော...''

မောင့်ရဲ့အပြောကြောင့် ချို ပြုံးလိုက်တော့သည်။

"ဒါနဲ့လေမောင်...ဆောင်းရဲ့သတင်းလဲ မကြားရတာ နှစ်တွေတော်တော်ကြာပြီ...သူတို့သားမိ အဆင်ပြေရဲ့လား မသိဘူးနော်...''

"အင်း...မောင် ချို့ကိုပြန်တွေ့ပြီး နောက်ပိုင်း သုံးလေးခါလောက် ဆက်သွယ်ပြီး နောက်ပိုင်း ဆောင်းဆီက အဆက်အသွယ်မရတော့တာပဲ..ချိုဖက်က သူနဲ့မောင်ကို အထင်မလွဲစေချင်တာကြောင့် အဆက်အသွယ်ဖြတ်လိုက်တာနေမယ် ချို...''

"ချိုတော့လေ ဆောင်းကို ကလေးတစ်ဖက်နဲ့ အဆင်မပြေမှာကို စိတ်ပူတယ်...နောက်ပြီး ဆောင်းမိဘတွေလဲ စီးပွားပျက်သွားသလို သူ့မိဘတွေလဲ ဆုံးသွားပြီလေ..အဲဒါကြောင့် ပိုစိတ်ပူတယ် မောင်ရယ်..''

"ဟုတ်လား ချို..အဲကြောင်းတွေကို မောင်မသိလိုက်ဘူး...ဒါပေမယ့် ဆောင်းက ထက်မြက်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်လား...သူ့အတက်ပညာနဲ့ ဂျုနီယာလေးကို စောက့်ရှောက်နိုင်မှာပါ..ဘာမှ စိတ်မပူနဲ့နော်...သူများအကြောင်းတွေ ခေါင်းထဲမထည့်နဲ့နော်...မောင်တို့အကြောင်းကိုပဲ တွေးရအောင်နော်...''

ကောင်းဟာ ဆောင်းကို ထက်မြက်တဲ့မိန်းမတစ်ယောက်မို့လို့ ဂျုနီယာလေးကို စောက့်ရှောက်နိုင်မှာပါလို့ ထင်လိုက်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဆောင်းဟာ အကျဥ်းတစ်ယောက်လို ဖြစ်နေခဲ့ပြီး ဂျုနီလေးကိုလဲ မကွာကွယ်ပေးနိုင်တဲ့ မိခင်တစ်ယောက် ဖြစ်နေတယ်ဆိုတာကို ကောင်းတစ်ယောက် မသိလိုက်ချေ။

"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ မောင်ရယ်..မိန်းမတစ်ယောက်က ဘယ်လောက်ပဲထက်မြတ်နေပါစေ..သူတို့ရဲ့ နှလုံးသာက နုနုလေး ခံစားလွယ်တယ်မောင်...ဘယ်လိုပဲဖြစ်ဖြစ် ဂျုနီလေးဟာ မောင့်သားဖြစ်နေပဲလေ...''

"အင်းပါ..မောင် နောက်ရက်ကြရင် ဆောင်းဆီကို ဆက်သွယ်ကြည့်မယ်...သူတို့သားမိ အဆင်မပြေရင် မောင့်ဘက်က အစွမ်းကုန်ကူညီပေးမယ် ဟုတ်ပြီးလား...''

ချိုပြောတာလဲ မှန်နေသည်။မိဘတွေ ပိုင်ဆိုင်မှုတွေ ဘာတစ်ခုမှ မရှိတော့တဲ့အနေအထားကြီးကို သူမလက်ခံနိုင်ပါ့မလား။ဂျုနီယာလေးကိုရော ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့လား။ချိုမပြောခင်တုန်းက ထိုအကြောင်းတွေ မတွေးမိပေမယ့် အခုတွေ့မိတော့ စိတ်ပူမိသွားသည်။

ဆောင်းဟာ သူနဲ့ကွားရှင်းပြီး တောင်ကြီးကို မသွားဘဲ မော်လမြိုင်ကို သွားမှာလို့ ပြောသွားခဲ့သည်။အခုထိ ရှိနေပါအုန်းမလား။တခြားနေကိုများ ပြောင်းသွားကြပြီးလားဆိုတာ သိချင်သွားသည်။သမီးလေးတွေနဲ့အသက်တူတူဖြစ်တဲ့ ဂျီုနီယာလေးကရော အခုဆို စကားတွေအရမ်းတက်ပြီး ဆောင်းကို အဖေဆိုနာမ်စားလေးကို မေးခွန်းထုတ်နေမလား။

"အွန်းပါ မောင်ရယ်...အိမ်ထဲဝင်ကြရအောင်..မောင့်သမီးတွေလဲ မနက်စာဆာနေရောပေါ့..''

"မောင့်မိန်းမ သဘော...''

ကောင်းဟာ ချို၏ ပါးလေးကို နမ်းလိုက်၏။ကောင်းအတွက် ချို့ရဲ့ ပါးပြင်လေးကို နမ်းရှိုက်ရတာဟာ ပန်းရနံ့တို့ကို နမ်းရှိုက်ရသည်ထက် စွဲမက်စရာကောင်းလေသည်။

"မောင့်မိန်းမ ပါးလေးက မွှေးလိုက်တာကွာ...ချို့လက်ထဲက ပန်းတို့ထက် မွှေးတယ်သိလား..''

"အပိုသိပ်ပြောတာပဲ...''

"မောင် တကယ်ပြောတာကို ချိုက မယုံဘူးလား..''

"မောင့်စကားကို ချိုဟာ ဆန့်ကျင်ဘက်ဘယ်တုန်းကများပြောဖူးလို့လဲ ဆိုရင် ချိုလိမ်ရာကျမှာပေါ့နော် မောင်...''

ချိုဟာ မောင့်ရဲ့စကားကို နှစ်ကြိမ်ငြင်းခဲ့ဖူးတယ်။မောင်က သူငယ်ချင်းမိတ်ဆွေ လုပ်ငန်းပါတနာတွေ အလုပ်ကြောင်းနဲ့ပက်သတ်တဲ့ ပွဲတွေတက်ရင် အတူတူတက်ဖို့ မောင်ကခေါ်တဲ့အခါ အမြဲငြင်းဆန်ခဲ့တယ်။မောင်က ချော့မော့ပြောပြီး ခေါ်လဲ ချိုက ဘယ်တော့မှ မောင့်နောက်ကို မလိုက်ခဲ့ဘူး။ဆောင်းကို ကလေးအတွက် လက်ထက်ဖို့ ချို့ကို ကွာရှင်းဖို့ပြောတုန်းက ချို ငြင်းဆန်ခဲ့သည်လေ။

"အဲအကြောင်းတွေ မတွေးပါနဲ့လား ချိုရယ်...မောင့်ရင်ထဲ မကောင်းလို့ပါ..ချို့ ခံစားချက်တွေကို မသိတဲ့အပြင် မောင်က ချို့နှလုံးသားကိုပါ နာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ် ချို...''

"မလိုပါဘူး မောင်ရယ်...အခုဆိုရင်လေ ချိုက မောင့်အတွက် ပွဲလယ်တင့်တဲ့ ဇနီးမယားတစ်ယောက်ဖြစ်နေပြီ.. မောင်ခေါ်ဆောင်ရာနောက်ကို ခေါင်းမခါဘဲ မောင့်လက်ကိုတွဲပြီး မောင့်နောက်အမြဲလိုက်တော့မှာ သိလား...မောင် ချို့ကိုပြောခဲ့ဖူးတဲ့ ချိုဟာ မောင့်ရဲ့ဇနီးပါလို့ ဂုဏ်ယူဝင့်ကြွားစွာ မောင့်မိတ်ဆွေတွေကို ကြွားလို့ရပြီး သိလား မောင်...''

သူ့အပေါ် အပြစ်မမြင်ဘဲ အမြဲနားလည်ပေးတဲ့ ချို့ကို ပိုင်ဆိုင်ခွင့်ရတာဟာ သူ့အတွက် ဘုရားက ပေးတဲ့ ဆုလာဘ်လေးပါ။ချိုဟာ သူငယ်ငယ်လေးထဲက မြတ်းနိုးရတဲ့ အမျိုးသမီးလေးပါ။

"မောင့်မိန်းမကလေ မောင့်အတွက် အဖိုးထိုက်တန်တဲ့ ရတနာလေးပဲကွာ...''

"တော်ပြီ...တော်ပြီ...မောင့်သမီးတွေကိုသွားခေါ် ထားလိုက်ပြီး ထမင်းစားခန်းမှာ စောင့်နေနော်..ချို ဘုရားပန်းကပ်ပြီးတာနဲ့ လာခဲ့မယ်...''

သံစဥ်ချိုဟာ ကောင်းသန့်ကိုကိုကို ပြောပြီးတာနဲ့ ဘုရားပန်းကပ်ဖို့ပြင်တော့တယ်။ကောင်းကလဲ အပေါ်တက်ကာ ပန်းနဲ့နှင်းလေးကို ခေါ်ဖို့ တက်သွားလေတော့သည်။သမီးငယ်လေး နှင်းဟာ သမီးကြီးပန်းလေးကို ခေါင်းဖြီးပေးနေသည်။

သူ သမီးလေးနှစ်ယောက်အခန်းထဲကို ရောက်တော့ တဖြေးဖြေးနဲ့အရွယ်ရောက်လာတော့ သူ့မှာ စိတ်မချနိုင်ပါ။

"ဖေဖေ့ မင်းသမီးလေးနှစ်ပါး ပြင်ဆင်လို့ မပြီးသေးဘူးလား..''

"နှင်းက ပြီးနေပါပြီ.. ပန်းက လုပ်တာနှေးတော့ မပြီးသေးတာ ဖေဖေရေ..အခုလဲ နှင်းလုပ်ပေးနေရတယ်...''

"နှင်းကလဲ ပန်းလဲလုပ်တာပဲကိုး..ပန်းက နှင်းလို မသွက်ဘူးလေ..ကျစ်စာမြီးကျစ်တာကလဲ

ပန်းလုပ်တာ နှင်းလိုမှ မလှတာကိုလို့...''

"စိတ်မကောင်းမဖြစ်နဲ့နော်..နှင်းကဒီလိုပဲ ပြောလိုက်တာ.. ပန်းကို ညံ့တယ်လို့ ပြောတာမဟုတ်ဘူးနော်...ရေး..ပြီးသွားပြီ.. နှင်းရဲ့မမပန်းလေး လှသွားပြီ...''

ကောင်းလည်း သမီးငယ်က သူ့အမကိုပြန်ချော့နေပုံကိုကြည့်ပြီး သဘောကျလေသည်။ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ရဲ့ တီတီတာတာပြောတဲ့အချိန်မှာ အနားမှာမရှိခဲ့တာကို နောင်တရလေသည်။

"ဖေဖေ့သမီးတွေ ဆင်ပြင်လို့ပြီးပြီဆိုရင် ထမင်းစားဖို့ အောက်ကိုဆင်းကြမယ်..''

"ဟုတ်ကဲ့ဖေဖေ''

သမီးနှစ်ယောက်၏ အသံလေးသာ စည်ထွက်သွားတော့၏။သူလဲ သမီးနှစ်ယောက်၏ လက်လေးတွေကို တစ်ယောက်တစ်ဖက်စီ လက်တွဲပြီး အောက်ကို ဆင်းလာခဲ့သည်။ထမင်းစားခန်းမှာ စောင့်နေပါလို့ မှာသွားတဲ့ ချိုက သူတို့သားဖတွေထက်အရင် ထမင်းစားခန်းထဲကို ရောက်နှင့်နေသည်။

"မောင်တို့သားဖတွေက ကြာလိုက်တာနော်..ချိုက အရင်စောင့်နေရတယ်...''

"ဟုတ်တယ်ချို..သမီးတွေ အလှပြင်နေတာ ကြာသွားတယ်...ဟုတ်တယ်မလား ဖေဖေ့အလှလေးတွေရေ...''

ဟိဟိ...ဝါး..အုန်းနို့ခေါက်ဆွဲအနံ့လေးက မွှေးနေတာပဲနော် မေမေ..''

"မေမေ့သမီးတွေ ကြိုက်တယ်မလား..များများနော်...မေမေက အများကြီး ချက်ထားတယ်..သမီးကိုကိုတို့ အတွက်ပါ ပိုချက်ထားပါ...''

"အဲဆို ပိစိလေးဆီ သွားရမှာပေါ့နော်မေမေ..နှင်းလဲ လိုက်ချင်တယ်...''

"ပန်းလဲ လိုက်ချင်တယ် မေမေ...ပိစိလေးကိုလဲ အရမ်းတွေ့ချင်တာပဲ..ပန်းကိုလဲ ကိုကိုကြီးအိမ်သွားရင် ခေါ်သွားနော် မေမေ...''

"ခေါ်မှာပေါ့...မေမေတို့ မနက်စာစားပြီးရင် သွားကြမယ်နော်...''

ချို သမီးနှစ်ယောက်၏ ခေါင်းလေးတွေကို ပုတ်လိုက်၍ အပြုံးလေးနဲ့ ပြောလိုက်၏။ကောင်းကတော့ အချစ်များယိုဖိတ်နေတဲ့ အကြည့်တို့ဖြင့် ချိုကို ကြည့်နေလိုက်သည်။ချို့ကို ပိုင်ဆိုင်ခွင့်ရတာဟာ သူ့အတွက် ဘဝမှာ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါ။သူ့ ချို့ကို အသက်ထက်မက ချစ်မြတ်နိုးပါသည်။

"မောင့်မိန်းမ ပင်ပန်းသွားပြီ..ပင်ပန်းရကျိုးနပ်အောင် မောင် အများကြီးစားမယ်နော်...''

"အများကြီးမစားပါနဲ့မောင်ရယ်...အုန်းနို့တွေနဲ့ဆိုတော့ မောင် ခေါင်းတွေနှောက်နေအုန်းမယ်...ပုံမှန်ပဲ စားပါ...ချို မောင့်ကို စိတ်မပူချင်ဘူးကွယ်...''

"ချစ်လိုက်တာ ချိုရယ်...မောင့်အသက်ထက်မကချစ်တယ်...မောင့်အသက်ရှူသံတိုင်းက ချို့အတွက် သိလား...''

မောင့်ရဲ့ အပြောချိုချိုလေးတွေကြောင့် ချိုပြုံးနေမိတာ ဒီမနက် ဘယ်နှစ်ကြိမ်မှန်းမသိတော့ချေ။

"ချို့အချစ်ကလဲ မောင့်အချစ်လိုပါပဲ..ချို့အချစ်တွေကမောင့်ထက်ပိုသာပါလိမ့်မယ် မောင်ရယ်...''

"ခစ်ခစ်.. ခစ်ခစ်..''

သမီးလေးနှစ်ယောက်ရဲ့ ရယ်သံလေးကြားတော့မှ နှစ်ယောက်သား ရှက်သွားတော့သည်။သမီးလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောနေကြသည်မှာ မျက်လုံးကလေးတွေတောင် ပိတ်လို့နေသည်။ သမီးနှစ်ယောက်ရဲ့ ရယ်မောပုံလေးကို ကြည့်ပြီး သူတို့နှစ်ယောက်လဲ ပြုံးရယ်လိုက်တော့လေသည်။

သူတို့မိသားစုလေးရဲ့ ရယ်မောသံတွေ အပြုံးလွင်လွင်လေးတွေနဲ့ လှပပြီး ကြည်နူးဖို့ကောင်းတဲ့ ထမင်းဝိုင်းလေးကို ပီတီပြုံးတွေနဲ့ ကြည့်နေသည်မှာ မင်းခန့်ငယ်ငယ်ထဲကနေ ယနေ့ထိ သူတို့မိသားစုအနားမှာ ရှိနေပေးခဲ့သည့် ဒေါ်ကြိုင်ပင်ဖြစ်သည်။

« ရှေ့အခန်း - အပိုင်း ၃၉ နောက်အခန်း - အပိုင်း ၄၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ