အပျင်းလေးဆန့် အကျောလေးလိမ်ပြီး အိပ်မူးတူး ပုံစံလေးက သူ့မျက်လုံးထဲမှာ တစ်မျိုးလေး ချစ်ဖို့ကောင်းနေပြန်သည်။
"သမီး အပျင်းလိမ်တာ ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တာ ငွေ့က သမီးလေးထက်တောင် ပိုချစ်ဖို့ကောင်းတယ် သိလား..''
"အွန်း...''
"အဲတာ ဘယ်သူနဲ့တူလို့လဲ သိလား ငွေ့...''
"ငါ ဘယ်သိမလဲ..''
ငွေ့ရည်ရဲ့ ငါဆိုတဲ့ အသုံးအနှုန်းကြောင့် မင်းခန့် ရင်ထဲ ဒိန်းခနဲ နေသွားတော့သည်။အရင်ငွေ့ပြန်ဖြစ်သွားသလားဆိုပြီး ငွေ့ရဲ့မျက်လုံးတွေကို သူကြည့်လိုက်တော့ မျက်လုံးတွေဟာ စူးရှနေသောအကြည့်တို့ရှိမနေဘဲ စမ်းရေပမာ အေးမြနေသည့်အလားပင်။
"ငွေ့ကမသိဘူးဆိုတော့ ကိုယ်ကပြောရမှာပေါ့ကွာ..ကိုယ်တို့သမီးလေးက ချစ်ဖို့ကောင်းတာ ငွေ့နဲ့တူလို့လေဗျာ...''
"ဟုတ်မှာနော်..ကလေးလေးက ချစ်စရာကောင်းတယ်..နင်ပြောသလို ငါနဲ့တူလို့နေမှာ...''
"ကိုယ့်ကို နင်လို့မခေါ်ပါနဲ့လား ငွေ့ရယ်...''
"အွန်း...''
ငွေ့ ခေါင်းညိတ်ပြတဲ့အခါ သူပြုံးလိုက်၏။
"မပိုးလေးက ပြောတယ်..ငွေ့က သမီးလေးကို နို့မတိုက်ဘူးဆို..ဘာလို့မတိုက်ချင်ရတာလဲ ငွေ့ရယ်..သမီးလေး သနားပါတယ်..သမီးလေးကို ငွေ့က သနားဘူးလားကွာ..''
"သူက ငါနို့ကိုအရမ်းကြိတ်တာပဲ..အရမ်းနာတယ်..ကိုကို့ကလေးကို ငါနို့မတိုက်ချင်တော့ဘူး..ငါနို့မတိုက်လို့ မရဘူးလားဟင်...ကိုကိုပဲ တိုက်လိုက်ပါလားဟင်...''
မင်းခန့်မှာ စွဲငင်တဲ့ အသံစွဲလေးနဲ့ သူ့ကို ကိုကိုဟု ခေါ်လာတဲ့ ငွေ့ကြောင့် နှလုံးသားလေးအရည်ပျော်ဝင်သွားမတက်ပါ။ငွေ့ရဲ့ နူတ်ကနေ သူ့ကို ကိုကိုရယ်လို့ ထွက်လာမယ်လို့ မထင်ခဲ့မိဘူး။
ငွေ့ သူ့ကိုခေါ်တဲ့ နာမ်စားလေးတွေ တစ်ခုချင်းကိုသဘောကျ၍မဆုံးပါ။
"ဘယ်လိုခေါ်လိုက်တယ်.. ကိုကို ဟုတ်လား.. ငွေ့ရယ်..''
"ကိုကိုပဲ နင်လို့မခေါ်နဲ့ဆို...ကိုကိုလို့ခေါ်တာကို မကြိုက်ဘူးလားဟင်...''
"ဟင်..ကြိုက်တယ်...ကြိုက်တာပေါ့ ငွေ့ရယ်...
နောက်နေ့တွေလဲ နေ့တိုင်း အခုလို ကိုကိုလို့ပဲခေါ်ရမယ်နော် ငွေ့..နောက်ပြီး ငွေ့က ကိုယ့်ကို ကိုကိုလို့ ခေါ်တာဆိုတော့ ကိုယ်ကအကြီးဖြစ်သွားပြီး.. အကြီးကို ငါ ငါလို့မပြောရဘူး..ငရဲကြီးတက်တယ်..ကိုကိုရေ ငွေ့ကလေလို့ ပြောရမယ် သိလား..ကိုကိုပြောတာ မမေ့နဲ့နော်.. ကိုကို့ကလေးလေး..''
ငွေ့ရည်က သူ့ကို ခေါင်းညိတ်ပြတဲ့အခါ သူဟာ ငွေ့ရည်ကိုယ်လေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တော့သည်။ သူ့ထက်ကိုးနှစ်လောက်ကြီးတဲ့ သူမက သူ့ကို ကိုကိုလို့ခေါ်တာကို သဘောကျမဆုံးသလို သူ့ထက်ကြီးတဲ့ သူမကို ကလေးလို့ သူခေါ်ရလို့လဲ ပျော်၍မဆုံး ပြုံး၍အဆုံးဖြစ်နေပါတော့သည်။
"ငွေ့က သမီးလေးကို နို့မတိုက်တော့ သမီးလေးက သေးသေးလေးပဲဖြစ်နေမှာပေါ့ ငွေ့ရဲ့...
ကိုကိုက ငွေ့လို နို့မရှိတော့ တိုက်လို့မရဘူးလေ...ငွေ့က လိမ္မာပါတယ်..သမီးလေးကို နို့တိုက်လိုက်ပါနော်..ကိုကို ကြေးအိုးဝယ်လာတယ်..သောက်မယ်မလား..''
ငွေ့ရည် ခေါင်းညိတ်ပြလေ၏။
"ခဏစောင့်နော်..ကိုကို ရေချိုးလိုက်ဦးမယ်...''
"ငါ..ငွေ့စားချင်နေပြီ..အရင်သွားစားလိုက်မယ်နော်..ပြီးမှ ပြန်လာပြီး ကိုကိုနဲ့အောက်ကို ပြန်ဆင်းမယ်နော်...''
"အင်း..မမူကို လုပ်ပေးခိုင်းလိုက်နော်...''
"ဟုတ်..''
သူ့ကိုပြောပြီး ငွေ့ဟာ အခန်းထဲက ထွက်သွားတော့သည်။သူ့မှာ ငွေ့ရဲ့စကားကြောင့် ပြုံးမိပြန်သည်။
"ချစ်ဖို့ကောင်းလိုက်တာ...''
ငွေ့ရည် အောက်ကိုရောက်လာတော့ မူမူရယ် ပိုးလေးရယ် သဇင်ရယ် သုံးယောက်သား ဇာတ်ကားကြည့်နေကြလေသည်။ငွေ့ရည်ကလဲ သူမတို့ကို အသံမပေးဘဲ နောက်ကနေ ခါးလေးကိုင်းကာ သူမပါ ကြည့်နေလိုက်၏။
"မင်းသားကို လူသတ်သမားက လိုက်သတ်နေပြီ..မင်းသား သေတော့မှာလား မသိဘူးနော်...မင်းသားသေရင် ငါမကြည့်ချင်တော့ဘူး..''
"လူသတ်သမားမဟုတ်ဘူး...''
သူမတို့သုံးယောက်ရဲ့ နောက်ကနေ ငွေ့ရည်ရဲ့ အသံကြားကို ကြားလိုက်ရမှ ဖုန်းကိုအမြန်ပိတ်လိုက်တော့သည်။မျက်တွေက မူမမှန်တော့ဘဲ သူမတို့ကို ကြည့်ပြီး အော်ဟစ်ပါတော့သည်။
"ငါ လူသတ်သမားမဟုတ်ဘူး..ငါ မသတ်ဘူး...မဟုတ်ဘူး..အား..အား...မဟုတ်ဘူး..မဟုတ်ဘူး...ငါ လူသတ်သမားမဟုတ်ဘူး...အား..အား...မဟုတ်ဘူး...''
မင်းခန့် ရေချိုး အဝတ်အစားဝတ်ပြီး အမုန်းကလေးကို ချီယူချိန်မှာ သူမရဲ့ အော်ဟစ်နေသံကို ကြားလိုက်ရ၍ ကလေးကို သတိမမူနိုင်တော့ဘဲ ပုခတ်ခြင်းလေးထဲကို ပစ်ချလိုက်ပြီး အခန်းထဲက ပြေးထွက်လာခဲ့သည်။သူမရဲ့ စိတ်တွေကိုမနိုင်တော့တဲ့ အနေအထားကို မြင်လိုက်ရတော့ အလျှင်အမြန်ဘဲ ပြေးဖက်လိုက်၏။ထိုအခါ သူမဟာ သူ့ကို တွန်းဖယ်လိုက်ပြီး
"အား..မလာနဲ့..ငါဆီကိုမလာနဲ့နော်...နင်တို့ ငါကိုသတ်မလို့မလား..ငါဆီမလာနဲ့...ငါမသတ်ဘူး.. ငါလူသတ်သမားမဟုတ်ဘူး...''
နားနှစ်ဖက်ကို ပိတ်ပြီး အကြောက်ကန်ကာ သွေးရူးသွေးတန်းဖြစ်နေတဲ့ ငွေ့ဟာ သူမှမဟုတ် ဘယ်သူ့ကိုမှ အနားမကပ်ခံ။သူ ငွေ့ကို ထွေးပွေ့ထားချင်ပေမယ့်လည်း ငွေ့ဟာ သူ့ကိုယ်သူရန်ပြုမှာဆိုး၍ မလွဲသာသည့်အဆုံး ဘေးကနေသာ ချော့မော့ကာ ပြောရလေ၏။
"ငွေ့ ကိုကို့ကို ကြည့်..ကိုကိုက ငွေ့ကို ရန်ပြုမယ့်သူမဟုတ်ဘူး..ကိုကိုက ငွေ့ကိုအများကြီး ချစ်တဲ့သူလေ..ကိုကို့ကို ကြည့်ပါအုံး ငွေ့ရယ်..''
"ဟင့်အင်း...နင်တို့က ငါကြောက်တယ်..ငါ့အနားမလာနဲ့..ဟီးဟီး...ငါလူသတ်သမားမဟုတ်ဘူး.. မလာပါနဲ့..''
ငွေ့ရည် ငိုကြွေးလာသည့်အခါ မင်းခန့်လည်း ဆက်ပြီး သူမကိူ မကြည့်ရက်တော့တာကြောင့် သူမရဲ့ ကိုယ်လေးကို ဆွဲယူပွေ့ဖက်လိုက်တော့သည်။
"ငွေ့ပြောတာ ကိုကိုယုံပါတယ်..ငွေ့က လူသတ်သမားမဟုတ်ဘူး ဆိုတာ ကိုကိုယုံတာပေါ့ ငွေ့ရယ်...ကိုကို့ကို သေချာကြည့်နော်..ကိုကိုက ငွေ့ကို ရန်ပြုမယ့်သူမဟုတ်ဘူး.. ငွေ့ရဲ့ ယောကျာ်းလေ...''
သူမဟာ သူ့မျက်နှာကို တွေတွေကြီး ကြည့်ပြီးမှ ဒေါသမျက်လုံးတွေနဲ့ သူ့ကို စောင့်တွန်းလိုက်ပြီး ရင်ဘတ်ကို သူမရဲ့ လက်သီးနဲ့ တဘုန်းဘုန်း ထုရိုက်ကာ
"နင့်ကြောင့်...ငါအခုလိုလုပ်ရတာ နင့်ကြောင့် သိလား...နင့်ကိုမုန်းတယ်...မုန်းတယ်...ဘာလို့ နင်နဲ့ပတ်သက်တဲ့အရာတိုင်း ငါ့ကိုပဲ လူတွေက အပြစ်မြင်နေကြတာ.. နင့်ကြောင့် ငါလူဆိုးမကြီးဖြစ်နေရတာ..ငါ နင့်ကို မုန်းလိုက်တာ...''
"တောင်းပန်ပါတယ် ငွေ့ရယ်...''
"မခေါ်နဲ့..ငါ့ကို အဲလိုမခေါ်နဲ့... အဲလို ခေါ်ရလောက်အောင် ငါတို့က ရင်းနှီးတဲ့ဆက်ဆံရေး ရှိတဲ့သူတွေ မဟုတ်ဘူး...''
ထုရိုက်နေတဲ့ သူမရဲ့ လက်တွေဟာလည်း ပျော့ချသွားသလို သူမရဲ့ သေးသွယ်လှတဲ့ ကိုယ်လေးဟာလည်း ခွေကျသွားတော့တယ်။မင်းခန့်လည်း သူမရဲ့ ကိုယ်လေးကို အလျင်အမြန် ပွေ့လိုက်၏။
"ဘယ်လို ဖြစ်တာလဲ ..''
ဘုန်းမင်းတေဇာဟာ ငွေ့ရည်ကို စမ်းသက်ပြီးတာနဲ့ မေးလိုက်၏။
"မူမူတို့ကြောင့်ပါ ဒေါက်တာ...မူမူတို့ ကြည့်နေတဲ့ကားထဲအကြောင်းကို ပြောလိုက်လို့ မမလေးက အခုလိုဖြစ်သွားပါ...''
"နောက်တစ်ခါ ဆင်ခြင်ပေါ့..သူ့စိတ်ကို ချောက်လှန့်တကြားဖြစ်စေတဲ့ စကားတွေ သူ့ရှေ့မှာ မပြောမိစေနဲ့...''
မင်းခန့်ကိုကိုကတော့ သူမရဲ့လက်ကလေးကို ဆုပ်ကိုင်ပြီး မျက်ရည်တွေ ကျနေသည်။ငွေ့ရည်စိတ်တွေပြန်ကောင်းလာတာ ဝမ်းသာစရာဆိုပေမယ့် သူ့မှာ မပျော်နိုင်ပါ။သူမသာ ပြန်ကောင်းသွားရင် သူပြောတိုင်း ကလေးတစ်ယောက်လို နားထောင်သည့် ပုံစံလေးလဲ မတွေ့ရတော့သလို ကိုကိုလို့ ခေါ်တဲ့အသံချိုချိုလေးကိုလဲ ကြားတော့မည်မဟုတ်ပေ။
"အရမ်းလဲ စိတ်မပူနဲ့ ငါ့တူ...ငွေ့ရည်က သန်မာတဲ့ ကောင်မလေးမို့လို့ ပြန်ကောင်းလာမှာပါ...''
"ငွေ့ ပြန်ကောင်းလာမှာကို ကျွန်တော်ကြောက်တယ်...''
"ဘာ...''
ဘုန်းမင်း နားမလည်သည့် မျက်လုံးများနဲ့ မင်းခန့်ကိူ ကြည့်လိုက်တော့သည်။
"ဟုတ်တယ်...ကျွန်တော် ငွေ့ပြန်ကောင်းသွားမှာကို ကြောက်မိတယ်...ငွေ့ရည် ပြန်ကောင်းလာလာရင် ကျွန်တော်တို့ရဲ့ ကောင်းမွန်နေတဲ့ ဆက်ဆံရေးလေး ပြတ်တောက်သွားတော့မှာ..နောက်ပြီး ကိုကိုလို့ ခေါ်တဲ့ နာမ်စားလေးလဲ ပျောက်ကွယ်သွားတော့မှာ... ''
"ကိုယ်အတွက်ပဲကိုယ်ကြည့်လို့မရဘူးလေကွာ...ကလေးအတွက်လည်းကြည့်ရမယ် ငါ့တူ..ကလေးအရွယ်ရောက်လို့ နင်မေမေက ရူးနေတာပါလို့ပြောလာခဲ့ရင် ကလေးလေး ဘယ်လောက်ဝမ်းနည်းနေမလဲ...နောက်ပြီး ငွေ့ရည်ကလဲ ဒီလိုမျိုး ဖြစ်ချင်မှာ မဟုတ်ဘူးလေ ငါ့တူ...''
ဘုန်းမင်းရဲ့ စကားတွေကို နားထောင်ပြီး ဘာမှပြန်မပြောတော့ပေ။သူမရဲ့ လက်ကလေးကို နမ်းလိုက် သူ့ပါးနားကပ်လိုက်နဲ့ လုပ်နေတော့သည်။သူမရဲ့ မျက်ခွံလေးတွေ လှုပ်လာတဲ့အခါ သူ့နှလုံးတွေ တုန်ခါနေတော့၏။
"ငွေ့..''
"ကိုကို..''
မင်းခန့်မှာ သူမရဲ့ ဆွဲငင်တဲ့အသံလေးရဲ့ ခေါ်သံကြောင့် အခုမှပင် ပြုံးတော့သည်။
"ကဲ..ဦးဦး ပြန်တော့မယ်..ငွေ့ရည်ကို သေချာလေး ဂရုစိုက်ပေးနော်..ဆေးလည်းပုံမှန်တိုက်အုန်း..ဒါမှ မြန်မြန်ကောင်းမှာ..''
"ကျေးဇူးပဲ ဦးဦး...''
"အင်း...''
"ကိုကို ကလေးလေးရောဟင်...''
"မမူ ထိန်းပေးနေတယ်..ငွေ့က သမီးလေးကို တွေ့ချင်လို့လား....''
"ဟုတ်...''
ငွေ့က သမီးလေးကို တွေ့ချင်တယ် ဆိုတာနဲ့ မင်းခန်းလဲ အခန်းထဲကပင် ခေါ်လိုက်တယ်။မမူက သူ့လက်ထဲကို ထည့်ပေးသွားတဲ့ သမီးလေးကို ပြုံးပြုံးကြီး နမ်းလိုက်တော့သည်။
ဖေဖေ့သမီးလေးက ချစ်ဖို့ကောင်းလိုက်ကွာ...''
"ကိုကို ကလေးလေးနဲ့ငွေ့နဲ့ ဘယ်သူက ချစ်ဖို့ကောင်းလဲဟင်..''
သူမရဲ့ အမေးကြောင့် မင်းခန့်ပြုံးလိုက်တယ်။
"နှစ်ယောက်စလုံး ချစ်ဖို့ကောင်းတယ်..ဒါပေမယ့် ကိုကို့ရဲ့ငွေ့လေးက ပိုချစ်ဖို့ကောင်းတယ် သိလား...''
"တကယ်လားဟင် ကိုကို...''
"တကယ်ပြောတာပေါ့ ငွေ့လေးရဲ့...သမီးလေး ချစ်ဖို့ကောင်းတာက ငွေ့နဲ့တူလို့လေ...သမီးဘယ်လောက်ချစ်ဖို့ကောင်းကောင်း ကိုကို့ရဲ့ငွေ့လေးကို မမှီဘူး...''
"ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ..ငွေ့ ဆုချမယ်နော်..ကိုကိုဘာလိုချင်လဲဟင်...''
"ကိုကိုတောင်းတာ တကယ်ပေးမှာလား ''
"ဟုတ်...''
"အဲဆို ကိုကို့ကို ကလေးလေးမွေးပေးနော်..''
"ဘယ်လို မွေးပေးရမှာလဲဟင်...''
မင်းခန့် အမုန်းလေးကို ပုခတ်ခြင်းထဲကို ထည့်လိုက်ပြီးနောက် အိပ်ရာပေါ် တက်လာခဲ့ပြီး ငွေ့ရဲ့ ကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး အနမ်းလေးတွေ စတင်နမ်းပါတော့သည်။ထို့နောက် ငွေ့ကတော့ ဘာမှမသိသလို သူခေါ်ဆောင်ရာ နောက်ကို လိုက်ပါရတော့လေသည်။