"မမူ ကောင်လေး ဘာပြောသေးလဲ...''
"ပြောသွားတယ်..မမလေး..မမလေး ဒီတိုင်းပဲ နေမကောင်းဖြစ်နေရင် သူ့ကို ဖုန်းဆက်ပေးပါတဲ့..ကလေးကိုလဲ မမလေးကို မထိန်းခိုင်းဘဲ မမူထိန်းပါလို့ ပြောသွားတယ်...အစ်ကိုလေးက မမလေးကို စိတ်ပူနေတာ သိလား..''
ကိုယ့်အိမ်တွင်းရေးကို သူစိမ်းတစ်ယောက်ကို မပြောပြချင်တာကြောင့် ငွေ့ရည်ဘာမှပြန်မပြောဘဲ ခပ်ရဲ့ရဲ့လေး ပြုံးလိုက်၏။
"ဒါဆိုလဲ ကောင်လေးပြောသွားသလို သမီးလေးကို ခဏထိန်းပေးဦး...ခြံထဲမှာ ပန်းတွေ ပွင့်နေတာနဲ့ ဘုရားကပ်ဖိူ့ သွားခူးလိုက်ဦးမယ်...''
"အင်းအင်း မမလေး...''
ပုံစံအမျိုးမျိုး ရနံ့အမျိုးမျိုးနဲ့ လှပစွာ ဖူးပွင့်နေသည့် ပန်းကလေးတွေရဲ့ ရနံ့မွှေးမွှေးလေးတွေကြောင့် မကြည်မသာခံစားနေရတဲ့ ခေါင်းဟာ ထိုခဏမှာတော့ ပြောပျောက်သွားခဲ့သည်။
ပန်းတစ်ပွင့်ခူးလိုက်တိုင်း ငွေ့ရည်ရဲ့မျက်နှာလေးဟာ သိသိသာသာ ညိုးသွားသည်။နှင်းဆီပန်းပွင့်တွေ အကုန်ခူးယူပြီးတဲ့အခါ မျက်ရည်တို့စီးကျလာပြီး ငိုကြွေးလေ၏။
"ဘာလို့များ မေမေ့ဆီကို လာခဲ့ရသလဲကွယ်..မေမေ့ဆီမှာနေရင် ကလေးလေးဖေဖေရဲ့ အချစ်ကို ရမှာမဟုတ်ဘူးနော်...မေမေ့ကလေး ခံနိုင်ရည်ရှိပါ့မလားကွယ်...မေမေ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖခင်မယ့်သွားရင်ရော မေမေ့ကို ကလေးလေး မုန်းသွားမှာလားဟင်...''
ငွေ့ရည် မျက်ရည်တွေကို သုတ်လိုက်ပြီး သူမရဲ့ ဗိုက်ချပ်ချပ်ကလေးကို လက်ဖဝါးလေးနဲ့ ပွတ်ကိုင်လိုက်၍ ပြုံးလိုက်ရင်း
"ဒီနေ့ မေမေနဲ့ကလေးလေး ကောင်းမှုကုသိုလ်ယူကြမယ်နော်..ဒါမှ မေမေ့ကလေးလေးပျော်ရွင်ရွင်နေရမယ့်ဘဝကို ပိုင်ဆိုင်နိုင်မှာသိလားကွယ်...''
ငွေ့ရည် နှင်းဆီပန်းတွေကို ရေဆေးပြီးမှ ဘုရားခန်းထဲကိုဝင်ပြီး ပန်းအိုးတွေကို ယူလာခဲ့ဆေးဖို့ပြင်သည်။
"မမလေး မလုပ်နဲ့ မမူလုပ်လိုက်ပါ့မယ်..မပေါ့မပါးနဲ့ကို အပင်ပန်းမခံပါနဲ့နော်..အစ်ကိုလေးသိရင်လည်း မမူအဆူခံနေရပါဦးမယ် မမလေးရယ်..''
"မမူလုပ်ချင်ရင် နောက်ရက်တွေကြမှ လုပ်ပေးလေနော်..ငွေ့ရည် ဒီနေ့တော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ အစအဆုံးလုပ်ပြီး ကုသိုလ်ယူချင်လို့ပါ..ဒီနေ့ တစ်နေ့ပါပဲ မမူရယ်...နော်...''
"အဲဆို တစ်ခုချင်းစီ ယူနော် မမလေး..ပန်းအိုးထဲလဲ ရေအများကြီးမထည့်နဲ့ ရေဖိတ်ပြီး ချော်လဲသွားမယ်...ဖြေးဖြေးချင်းလျှောက်နော် မမလေး..''
"အင်းပါ မမူရယ်...ဗိုက်ဖြင့်မထွက်သေးဘူး..မမူက သိပ့်ပိုတာပဲ..ငွေ့ရည်က ကလေးမှမဟုတ်ဘဲ ဘယ်လိုလုပ်ချော်လဲပါ့မလဲ..ချော်လဲရုံနဲ့ ဘာမှမဖြစ်ပါဘူးနော်...''
ငွေ့ရည် မမူကို ပြုံးရယ်ရင်း ပြောပြီးတာနဲ့ ပန်းအိုးတွေကို ဆေးကျောပြီး ဆေးကျောထားတဲ့ ပန်းတွေကို လှပစွာထိုးပြီး ဘုရားကို ကပ်လှူလိုက်တော့သည်။ထိုနေ့က ဘုရားရှိခိုးသည်မှာ အရင်ရက်တွေကထက် ပို၍ပင်ကြာလေသည်။
ဘုရားရှိခိုးတာ ကြာသည်ဖြစ်၍ မူမူ့မှာ စိတ်ပူသွားပြီး အမုန်းလေးကို ချီပြီး ဘုရားခန်းထဲကို ဝင်လာခဲ့သည်။ပန်းငွေ့ရည် ဘုရားရှိခိုးသံကြားတော့မှ ပြန်ထွက်လာခဲ့သည်။မူမူထွက်လာပြီး မကြာပါ သူမပါ ထွက်လာခဲ့တော့သည်။
"မမူ လုပ်စရာရှိတာ လုပ်လေ..သမီးကို ငွေ့ရည် ဆက်ထိန်းလိုက်ပါ့မယ်...သမီးလေးကို အကြာကြီး ထိန်းပေးလို့ ကျေးဇူးပါနော်...''
"ဟုတ်..ဒါနဲ့ မမလေး ဘာစားချင်လဲ..စားချင်တာပြောနော်..ငွေ့ရည်အကုန်လုပ်ပေးမယ် သိလား..မမူတော့ မခံစားဖူးပေမယ့် မေမေပြောတာတော့ မှတ်မိတယ်..ကိုယ်ဝန်ဆောင်သည်တွေက ချဥ်ခြင်းတက်တယ်တဲ့လေ...မမလေးရော ဘာဟင်းကို ချဥ်းခြင်းတက်လဲ..''
"ဟင်းနံရတာကိုတင် အန်ချင်နေတာပဲ..ဘာမှလဲ မစားချင်ဘူး...အဲတော့ ငွေ့ရည်အတွက်မပူနဲ့ ကောင်လေးအတွက်ပဲ လုပ်ပေးထားလိုက်ပါနော်...''
မူမူကို ပြောပြီး အမုန်းလေးကိုချီ၍ ငွေ့ရည် ထွက်လာခဲ့သည်။အခန်းထဲရောက်တာနဲ့ သမီးလေးကို နိုးတိုက်ဖို့ အကျီလေးမလိုက်ကာ သမီးလေးရဲ့ ပါးပစ်ထဲကို သူမရဲ့နို့ထည့်ပေးလိုက်တာနဲ့ အငမ်းမရဆို့ပါတော့သည်။လက်သေးသေးလေးတွေနဲ့ နို့ကို ကိုင်ပြီး ဆို့နေပုံက ငွေ့ရည်ရဲ့အမြင်မှာ ချစ်စရာကောင်းနေရဲ့။သမီးလေးရဲ့ ခြေထောက်သေးသေးလေးတွေနဲ့ ဗိုက်ကိုကန်လာတဲ့အခါ..။
"သမီးလေး...မေမေ့ဗိုက်ကိုမကန်ရဘူးနော်..ဗိုက်ထဲမှာ မောင်မောင်လေးရှိတယ် သိလား...မောင်မောင်လေး နာသွားလိမ့်နော်...အကြီးဆိုပြီး ဘိုမကျရဘူးလေကွယ်...''
အမုန်းလေး နို့တွယ်ရင်း အိပ်ပျော်သွားတာနဲ့ နို့ချွတ်လိုက်ပြီး ဘေးမှာအိပ်စေ၏။သူမလည်း အမုန်းလေးဘေတွင် အိပ်လိုက်တော့သည်။
တရေးအိပ်လိုက်လို့ နိုးလာတာနဲ့ ရေးချိုးပြီး ခြေဆုံးခေါင်းဆုံး ဖြီးလိမ်းပြီး အခန်းထဲကထွက်လာသည်။လူကမစားချင်ပေမယ့် ဗိုက်ကမနေတဲ့အခါ စားလို့ရတဲ့ဟင်းနဲ့ ဗိုက်ဖြည့်လိုက်တယ်။အားနေတဲ့အချိန်မှာ ဖုန်းကနေ ဆေးဘက်ဆိုင်အကြောင်းတွေကို ပြန်လေ့လာတယ်။
သမီးလေးရဲ့ အသံသဲ့သဲ့ကလေး ကြားတာနဲ့ နို့တိုက်ရပြန်သည်။ပြန်မအိပ်တော့တဲ့ သမီးလေးကို ထိန်းရင်း အချိန်အားဖြင့် ညနေစောင်းလာခဲ့၏။ပန်းငွေ့ရည်တစ်ယောက် အမုန်းလေးအိပ်သွားတဲ့အခါ ခြံထဲဆင်းပြီး ကြည်ပြာရောင် ကောင်းကင်ယံတစ်ခွင်ကို အသက်မယ့်စွာ မော့ကြည့်နေ၏။သူမရဲ့ ညိုးနွမ်းလျနေတဲ့ မျက်နှာကလေးနဲ့တောင်မလိုက် ကောင်ကင်ယံတစ်ခွင်က အဖြူရောင်တိမ်တိုက်များက နေဝင်ဆည်းဆာကြောင့် တိမ်ရောင်စုံများဖြစ်ကာ နဲ့ ပန်းချီးကားတစ်ချပ်လို လှပနေသည်။
တခြားသူတစ်ယောက်အဖို့ နေဝင်ဆည်းဆာရဲ့အလှရယ် နေရောင်ကြောင့် ဖြစ်လာတဲ့ ရောင်စုံခြယ် တိမ်ရောင်တို့ရဲ့အလှက စိတ်ကူးယဥ်စရာကောင်းပေမယ့် သူမအတွက်ကတော့ ထိုသို့မဟုတ်ပေ။
အတိတ်က အကြောင်းတွေ ပြန်တွေးကြည့်ရင် ငွေ့ရည်ကသာ ခံခဲ့တာပါ။အဲဒါကို ဘာကြောင့်များ ငွေ့ရည်ကပဲ အမုန်းခံလူသားဖြစ်နေရတာလဲ။ဘာလို့ ငွေ့ရည်ရဲ့ ကလေးတွေက အချသ်မခံရတာလဲ။ယောကျာ်းတစ်ယောက်၏ စော်ကားခြင်းကို ခံလိုက်ရခြင်းကို ခံလိုက်ရတာ ငွေ့ရည်အတွက် ရင်နာစရာ ကောင်းလွန်းခဲ့တာပါ။တကယ်ဆို ငွေ့ရည်ကသာ သူ့ကို မုန်းနေရမှာလေ။ဘာလို့ မမုန်းနိုင်ဖြစ်ခဲ့ရတာလဲ။ငွေ့ရည် ကောင်းကင်ယံကိုကြည့်ပြီး ငိုနေမိသည်။ထိုနေ့က ငွေ့ရည်ရဲ့ မျက်ရည်တွေ နေဝင်သွားတာနဲ့အတူ ကွယ််ပျောက်သွားရင်ကောင်းပါရဲ့။
မျက်ရည်တို့ကို ကုန်စင်အောင် သုတ်လိုက်၏။ပြီးမှ အိမ်ထဲကိုပြန်ဝင်ခဲ့သည်။ခဏနေတော့ ကောင်လေးလဲ အိမ်ကိုပြန်ရောက်လာခဲ့သည်။ဒီနေမှာတော့ ကောင်လေးဟာ သူ့ကောင်မလေးနဲ့များ အဆင်မပြေလာသလား မပြောတက်ပါ။အရက်တွေ သောက်လာခဲ့တယ်။အသိစိတ်ပျောက်အောင် မူးမလာပေမယ့်လဲပေါ့။
သူရေချိုးဖို့ အဝတ်အစားတွေကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားတယ်။ငွေ့ရည်ကိုတော့ အရင်လို လုပ်ပေးပါလို့မပြောတော့ပေ။နေမကောင်းနေတာကြောင့် ဖြစ်ပါလိမ့်မယ်။ငွေ့ရည်လဲ သူချွတ်ပုံသွားတဲ့ အဝတ်အစားတွေကိုယူလိုက်တဲ့အခါ ပျို့တက်လာတာကြောင့် ရေးချိုးခန်းထဲ ပြေးဝင်ပြီး အန်လိုက်ပါတော့သည်။
"မပျောက်သေးဘူးလား...အဖြစ်သေးပါဘူး..လာ.. ဆေးခန်းသွားပြမယ်..ခင်ဗျားက ဆရာဝန်ဆိုပေမယ့်လဲ ဆေးခန်းသွားမပြလို့ မဖြစ်ဘူး...သွားပြမှကိုရမယ်...''
"ပြပြီးပြီ..'
ငွေ့ရည် လိမ်လိုက်သည်။မဟုတ်ရင် သူမကလေးရှိနေတာကို ကောင်လေးသိသွားလိမ့်မယ်။ငွေ့ရည်မှာ ကလေးရှိနေတာကို ကောင်လေးကို မသိချင်ပါ။နောက်ထပ်အမုန်းတွေ ထပ်မဆင့်ချင်တော့ပါဘူးလေ။လမ်းခွဲခြင်းကို အမုန်းတွေထပ်ပြီး အဆုံးမသတ်ချင်တာကြောင့် မပြောချင်ပေ။ကောင်လေးနူတ်က ထွက်လာမယ့် ကလေးအပေါ် ခံစားစေသည့် စကားတွေကို ငွေ့ရည်ရဲ့ကလေးကို မကြားစေချင်ပါ။
"ဘာတဲ့လဲ..''
"အစာအိမ်ရောင်တာတဲ့..''
"အင်း...နေမကောင်းရင် ဘာမှမလုပ်နဲ့နော်.. သက်သာသလိုလေးနေ..အိမ်အလုပ်တွေလဲ မလုပ်နဲ့...မမူလုပ်လိမ့်မယ်...နေကောင်းရင်တော့ ကျန်တာမလုပ်ရင်တောင် ကျွန်တော့်အတွက် ချင်ပြုတ်ကျွေးရမှာနော်...ခင်ဗျားလက်ရာကို ကျွန်တော်လွမ်းနေပြီဗျ...''
"ကောင်လေးရဲ့ အနာဂတ်ဇနီးသည်လေးကို ချက်ကျွေးခိုင်းပါလား...ကောင်လေးချစ်တဲ့သူရဲ့ လက်ရာဆိုတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား...''
"ဟုတ်တယ်...ကျွန်တော့် အနာဂတ်ဇနီးသည်လေးရဲ့ လက်ရာကို ကျွန်တော်စွဲနေပြီဗျ...အဲဒါဘယ်လို လုပ်ရမလဲဗျာ...''
"ရေချိုးတော့လေ..အအေးပတ်နေမယ်..ငါလည်းအပြင်ထွက်တော့မယ်...အကျီထုတ်ပေးထားမယ်...''
"အင်း...''
ကောင်လေးဟာ သူ့ကောင်မလေးအကြောင်း ပြုံးရယ်ပြီး ပြောလာတဲ့အခါ အလိုလို ဝမ်းနည်းပြီး ငိုချင်လာသည်။ငွေ့ရည် အပြင်ရောက်တော့သူ့ရှေ့မှာထိန်းထားသည့်မျက်ရည်တို့ဟာကျလာသည်။
"မငိုနဲ့စမ်းနဲ့ ငွေ့ရည်...မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးလိုက်တာပဲ...နင့် နှလုံးသားအရှုံးသွားတာကို နင်ပဲသိပါစေ...ကိုယ့်ရန်သူ သိသွားလို့မဖြစ်ဘူး...''
ထမင်းစားပြီး အိပ်ရာဝင်တော့ ကောင်လေးက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ငွေ့ရည်ကတော့ ကိုယ့်အပူနဲ့ကိုယ့်ဆိုတော့ အိပ်၍မပျော်ပါ။ဗိုက်ကလေးကိုသာ ကိုင်ပြီး မျက်ရည်တို့သည် အလုံးအရင်းလိုက် ပြိုဆင်လာတော့တယ်။ရှိုက်သံတို့ပင် မထွက်ရအောင် ငိုကြွေးရင်း ဗိုက်ကလေးကို ပွေ့ပိုက်ပြီး တောင်းပန်နေသည်မှာ ရေတွက်၍မရနိုင်တော့ပေ။
မနက်ရောက်တော့ မင်းခန့်ကိုကို ငွေ့ရည်ရဲ့ မျက်နှာကို အကဲခတ်လေသည်။သူမရဲ့ မျက်ခွံတွေဟာ အနည်းငယ် ပုံမှန်ထက် အစ်မို့နေတာကြောင့် မင်းခန့် စိတ်ထဲ တမျိုးဖြစ်သွားသည်။
"ငိုထားတာလား...''
"မငိုပါဘူး...''
"ခင်ဗျား မျက်ခွံတွေ အစ်နေတယ်...''
"ဟုတ်လား..သွေးတိုးနေလို့ဖြစ်မယ်..ဆေးသောက်ရင် ကောင်းသွားမှာ...''
"အင်းပါ....အခု ဘာဆေးသောက်နေတာလဲ...''
"အစာအိမ်ဆေးလေ...''
"ဆေးသောက်နေတာ အစာရော ဗိုက်ထဲဖြည့်ပြီးပြီလား...''
"ကောင်လေးရယ်...ငါ ဆရာဝန်တစ်ယောက်ပါ..ဒီအခြေခံလောက်တော့ သိပါတယ်..မုန့်စားပြီးလို့ သောက်လိုက်တာပါနော်...''
မင်းခန့် ခေါင်းညိတ်ပြီး ရေချိုးခန်းထဲ ဝင်သွားလေသည်။ငွေ့ရည်ကတော့ သူ့နောက်ကျောကို ကြည့်ပြီး ပြုံးလိုက်သည်။
"အမြဲတမ်း ဒီလိုလေးဆိုရင် ကောင်းမှာပဲ ကောင်လေးရယ်...''