"ဝါး... ဖေဖေ ပင်လယ်ကြီးက အကျယ်ကြီးပဲနော်။ ဟိုး... အဝေးကြီးထိပဲ။"
ကားပေါ်မှ ဆင်းဆင်းချင်း ကမ်းခြေဘက်သို့ ပြေးထွက်သွားသော နေထိုက်စံလေးက ရွှင်လန်းတက်ကြွနေသော အသံလေးနှင့်အတူ သဲပြင်ပေါ်တွင် ဟိုဟိုဒီဒီ ပြေးလွှားရင်း လွတ်လပ်စွာ ပျော်ရွှင်နေလေသည်။
"သားသား... ဖြည်းဖြည်း ပြေးလေကွယ် ချော်လဲလိမ့်မယ်။"
စံအိမ် နောက်မှနေ၍ စိုးရိမ်တကြီး လှမ်းအော်လိုက်၏။
စံအိမ်က အဖြူရောင် ဇာပန်းခက်များ ပါဝင်သော ကမ်းခြေ ဂါဝန်အရှည်လေးကို ဝတ်ဆင်ထားပြီး လေတိုက်တိုင်း လွင့်ဝဲနေသော ဂါဝန်စလွင့်လွင့်လေးအောက်တွင် သူမ၏ ဖြူဝင်းသော ခြေသလုံးလေးများက တစ်ခါတစ်ရံ ပေါ်နေကာ ကျောလယ်လောက်အထိ ရှည်လျားသော ဆံနွယ်များကို ကျစ်ဆံမြီး အပွလေး ကျစ်ထားပြီး နှီးဦးထုပ် အဝိုင်းကြီး တစ်လုံးကို ဆောင်းထားသဖြင့် ပန်းချီကား တစ်ချပ်လို လှပ ကျက်သရေရှိနေသည်။
ထိုအချိန်... သူမ ခါးသိမ်သိမ်လေးကို အနောက်ဘက်မှနေ၍ သန်မာသော လက်မောင်း တစ်ဖက်က လာရောက် ရစ်ပတ် သိမ်းဖက်လိုက်ကာ ...
"လွှတ်ထားလိုက်ပါ မိန်းမ ရယ်... သားလေး လွတ်လွတ်လပ်လပ် ဆော့ပါစေ။ "
သခင့်ရဲ့ ဩရှရှ အသံက သူမ နားထင်စပ်လေးနားမှ ကပ်၍ ထွက်ပေါ်လာလျှင် စံအိမ် အနောက်သို့ အနည်းငယ် မှီချလိုက်ပြီး သခင့် ရင်အုပ်ကျယ်ကြီးကို မှီထားလိုက်၏။ သခင်က အပြာနုရောင် ပိတ်ပါး ရှပ်အင်္ကျီကို ရင်ဘတ် ကြယ်သီး နှစ်လုံးခန့် ဖြုတ်ထားပြီး၊ အောက်က ဘောင်းဘီတို အဖြူရောင်ကို ဝတ်ဆင်ထားရာ အမြဲတမ်း တင်းမာနေတတ်သော CEO တစ်ယောက်၏ ပုံစံမျိုး မဟုတ်တော့ဘဲ လွတ်လပ် ပေါ့ပါးကာ ကြည့်ကောင်းလွန်းနေလေသည်။
"ရှင်ကလေ... သားကို သိပ်အလိုလိုက်တာပဲ။"
စံအိမ်က ပြုံးလျက် နှုတ်ခမ်းလေးကို ဆူကာ ပြောလိုက်လျှင်
သခင် သဘောကျစွာ ရယ်လိုက်ပြီး သူမ ပါးပြင်နုနုလေးကို ခပ်ရွှတ်ရွှတ် တစ်ချက် နမ်းလိုက်၏...
ထို့နောက် ...
"သားသား... လာ ဖေဖေ့ဆီ ရေသွားဆော့ကြမယ်။"
နေထိုက်စံလေး အော်ခေါ်ကာ စံအိမ့်ကို လွှတ်ပေးပြီး သားထံသို့ ပြေးသွားလေတော့သည်။
စံအိမ် တစ်ယောက်တည်း သဲသောင်ပြင်ပေါ်တွင် ရပ်ကျန်ခဲ့ပြီးရေစပ်နားတွင် ရေလှိုင်းလေးများကို ပြေးတမ်းလိုက်တမ်း ဆော့ကစားနေသော သားအဖ နှစ်ယောက်ကို ငေးကြည့်နေမိ၏။
သခင့် ရယ်သံ ကျယ်ကျယ်များနှင့် သားလေးရဲ့ တခစ်ခစ် ရယ်သံလေးများက ရောယှက်နေကာ သခင်က သားလေးကို မြှောက်ချီလိုက်၊ ရေလှိုင်းလေးများ လာလျှင် ပွေ့ချီပြီး ပြေးလိုက်နှင့် ကလေး တစ်ယောက်လိုကို မြူးထူးနေလေသည်။
ထိုမြင်ကွင်းလေးကို ကြည့်ရင်း စံအိမ့် ရင်ထဲတွင် ကြည်နူးမှု ပီတိလှိုင်းများက တစ်လှိမ့်လှိမ့် တက်လာရ၏။
အခု သူမ ရှေ့တွင် မြင်နေရသည်က သူမကို အသက်တမျှ ချစ်မြတ်နိုးသော ယောကျ်ား တစ်ယောက်နှင့် သူမတို့ရဲ့ သွေးသားဖြစ်သော ချစ်စရာ သားငယ်လေး။ ဒါဟာ မိန်းကလေး တစ်ယောက်အတွက် အလိုချင်ဆုံးနှင့် ပြီးပြည့်စုံဆုံးသော ကမ္ဘာငယ်လေး တစ်ခုပင် မဟုတ်ပါလား။
_____________
စံအိမ် လက်ရန်းကို မှီကာ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေစဉ်အနောက်မှ သခင့် ခြေသံ ခပ်ဖွဖွကို ကြားလိုက်ရလေသည်။
သခင်က သူမ အနောက်သို့ ရောက်လာပြီး သူမ ခါးလေးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လာကာ သူ့ မေးစေ့ကို စံအိမ့် ပခုံးလေးပေါ်သို့ တင်လိုက်လျှင် သခင့်ထံမှ ရနေကျ ကိုယ်သင်းနံ့သင်းသင်းလေးက စံအိမ့် နှာခေါင်းဝသို့ တိုးဝင်လာ၏။
"သားလေး အိပ်သွားပြီလား..."
"အင်း... တစ်နေကုန် ဆော့ထားတော့ ပင်ပန်းသွားတာ နေမှာ။ ခေါင်းချတာနဲ့ အိပ်ပျော်သွားတာပဲ။"
စံအိမ် ခပ်တိုးတိုးလေး ဖြေရင်း သူမ လက်ဖဝါးလေးများကို သခင့် လက်မောင်းကြီးများပေါ်သို့ အုပ်မိုး တင်ထားလိုက်သည်။
"ပျော်လား... "
သခင် သူမ နားရွက်ဖျားလေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ထိကပ်ရင်း မေးလိုက်၏။
"အရမ်း ပျော်တာပဲ ... တစ်ခါတလေကျရင် ဒါတွေ အားလုံးက အိပ်မက်တစ်ခုများ ဖြစ်နေမလားလို့တောင် တွေးမိတယ်။"
စံအိမ်က သခင့်ဘက်သို့ အနည်းငယ် လှည့်ကာ သူ့ မျက်ဝန်းများကို တည့်တည့် ကြည့်ရင်း ဖြေလိုက်သည်။
သခင်က သူမ ကိုယ်လုံးလေးကို သူ့ဘက်သို့ အပြည့်အဝ လှည့်လိုက်ပြီး သူမ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အသာအယာ အုပ်ကိုင်လိုက်ကာ မြတ်နိုးမှုများဖြင့် စိုက်ကြည့်နေပြီး ...
"အိပ်မက် မဟုတ်ဘူး ... ဒါက အစစ်အမှန်ပဲ။ အရင်က မိုက်မဲခဲ့တဲ့ ကိုယ့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးလို့ ကျေးဇူးတင်ပါတယ် ။ အခုလိုမျိုး မင်းနဲ့ သားလေးနဲ့ အတူတူ ရှိနေရတဲ့ အချိန်တိုင်းက ကိုယ့်အတွက်တော့ တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတွေပဲ။"
စံအိမ် မျက်ရည်ဝဲသွားပြီး သခင့် ပါးပြင်ကို လှမ်းကာ အသာအယာ ပွတ်သပ်လိုက်၏။
"ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်။ ဘယ်လောက်ပဲ နာကျင်ခဲ့ရပါစေ... အချစ်တွေက တစ်ခါမှ မလျော့သွားခဲ့ပါဘူး။"
စံအိမ့်ရဲ့ ဖွင့်ဟ ဝန်ခံမှုအဆုံးတွင် သခင် သူမ နှုတ်ခမ်းဖူးဖူးလေးများကို မြတ်နိုးစွာဖြင့် ငုံ့ကာ နမ်းရှိုက်လိုက်သည်။
သူ့ လက်တစ်ဖက်က သူမ ခါးကို တင်းကျပ်စွာ သိမ်းဖက်ထားပြီးကျန်လက်တစ်ဖက်က သူမ နောက်စေ့ကို ထိန်းကိုင်ထားကာ အနမ်းများကို ပိုမို ကြာရှည်စေ၏။
စံအိမ့် လက်ချောင်းလေးများကလည်း သူ့ ဆံနွယ်များကြားသို့ ထိုးသွင်းကာ သူ့ အနမ်းတိုင်းကို ပြန်လည် တုံ့ပြန်နေမိသည်။ ပင်လယ်လေပြေက သူတို့ နှစ်ဦးကို လာရောက် ရစ်ပတ် တိုက်ခတ်နေသော်လည်း သူတို့ ရင်ထဲတွင်တော့ အချစ်၏ အပူငွေ့များဖြင့် နွေးထွေးလွန်းနေခဲ့သည်။
အနမ်းရှည်ကြီး အဆုံးတွင် စံအိမ်အသက်ရှူမှားကာ သခင့် ရင်ခွင်ထဲသို့ အိကျသွားတော့ကာ သခင် သူမ ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ သိမ်းဖက်ထားရင်း သူ့နဖူးနှင့် စံအိမ့် နဖူးလေးကို အသာအယာ ထိကပ်ထားလိုက်သည်။
ထို့နောက် ရုတ်တရက်... သခင် သူမ ကိုယ်လုံးလေးကို လက်တစ်ဖက်ဖြင့် ခါးမှ ဆွဲပွေ့ကာ ကျန်လက်တစ်ဖက်ဖြင့် ပေါင်အောက်မှ လျှိုသွင်းပြီး အပေါ်သို့ ပင့်ချီလိုက်လျှင် စံအိမ် လန့်ဖြတ်သွားပြီး သခင့် လည်တိုင်ကို အလိုအလျောက် တင်းကျပ်စွာ ဖက်တွယ်လိုက်မိသည်။
"အို... သခင်... ဘာလုပ်တာလဲ"
"..."
"လွှတ်ပါ... သားလေး နိုးသွားလိမ့်မယ်။"
စံအိမ်က ရှက်သွေးဖြာစွာဖြင့် တိုးတိုးလေး ဟန့်တားလိုက်လျှင် သခင် သူမ မျက်နှာနီနီလေးကို ငုံ့ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ...
"သားလေးက အိပ်မောကျနေပါပြီကွာ... ကိုယ်တို့က သားလေးကို မနှောင့်ယှက်ဘဲ ဟိုဘက် ဧည့်ခန်းလေးမှာ တိုးတိုးလေး နေကြမှာပေါ့။"
သခင့် စကားကြောင့် စံအိမ့် ရင်ခုန်သံများ 'ဒိန်း' ခနဲ မြန်ဆန်သွားရသည်။
သခင် စံအိမ့်ကို ပွေ့ချီလျက် မှန်တံခါးကို ခြေထောက်ဖြင့် အသာ တွန်းဖွင့်ကာ ဗီလာ အခန်းကျယ်ကြီးထဲသို့ ဝင်လာခဲ့၏။
သားလေး အိပ်ပျော်နေသော အခန်းတံခါးကို အသာစေ့ထားခဲ့ပြီးသူမအား ဧည့်ခန်းရှိ ကတ္တီပါ ဆိုဖာကြီးပေါ်သို့ ချပေးလိုက်လေသည်။ ထို့နောက် သူပါ ဆိုဖာပေါ်သို့ တက်ကာ စံအိမ့်အပေါ်မှ မထိတထိလေး အုပ်မိုးလိုက်ပြီး ကျောလယ်လောက်အထိ ရှည်လျားသော ကျစ်ဆံမြီးလေးကို လက်ချောင်းများဖြင့် အသာအယာ ဖြေချလိုက်လျှင် ဆံနွယ်နုနုလေးများက ဖြူဝင်းသော ပခုံးသားလေးများပေါ်သို့ ဖရိုဖရဲ ကျဆင်းသွားလေသည်။
သူ့လက်ချောင်းများက သူမပါးပြင်နုနုလေးမှတစ်ဆင့် မေးရိုး၊ ထိုမှတစ်ဆင့် သွယ်လျသော လည်တိုင်လေးဆီသို့ တဖြည်းဖြည်း ပွတ်ဆွဲ ဆင်းသက်လာသည်။ သူ့ အထိအတွေ့တိုင်းက ပူနွေးနေပြီး၊ ထိမိသည့် နေရာတိုင်းတွင် စံအိမ် တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို တွန့်ခနဲ တွန့်ခနဲ ဖြစ်သွားရ၏။
"မင်းက ... တစ်နေ့တခြား ပိုပိုပြီး လှလာတော့ ကိုယ့်မျက်စိရှေ့ကနေ တစ်စက္ကန့်လေးတောင် အပျောက်မခံချင်တော့လောက်အောင်ပဲ။"
သခင့် မျက်ဝန်းများက သူမ မျက်နှာလေးကို တစ်စက်ကလေးမျှ အလွတ်မပေးဘဲ အသေးစိတ် လိုက်လံ ကြည့်ရှုရင်း မြတ်နိုးစွာ ပြောလိုက်သည်။ ထို့နောက် သူမ နဖူးလေးကို တစ်ချက် မျက်တောင်ကော့ကော့လေးများကို တစ်ချက်၊ ပါးပြင်ဖောင်းဖောင်းလေးများကို တစ်ချက် ခပ်ဖွဖွ ငုံ့ကာ နမ်းရှိုက်လိုက်၏။
စံအိမ် မျက်လုံးလေးများကို မှိတ်ထားရင်း သခင့်ရဲ့ နူးညံ့သော
အယုအယများကို ရင်ခုန်စွာဖြင့် ခံယူနေမိသည်။ သူမ ရင်ဘတ်လေးက အသက်ရှူတိုင်း နိမ့်တုံ့မြင့်တုံ့ ဖြစ်နေပြီး ခန္ဓာကိုယ်တွင်းမှ သွေးများကလည်း ဆူပွက်လာသလို ပူနွေးလာ၏။
"သခင်..."
စံအိမ် သူမလက်ဖဝါးနုနုလေးများဖြင့် သခင့်။ရင်ဘတ်ပေါ်သို့ အသာအယာ တင်လိုက်လျှင် ရင်ဘတ် ကြယ်သီး နှစ်လုံးခန့် ဖြုတ်ထားသောကြောင့် သခင့်ရဲ့ ကျစ်လျစ် သန်မာသော ရင်အုပ်ကြွက်သားများကို သူမလက်ချောင်းလေးများက တိုက်ရိုက် ထိတွေ့နေရကာ သခင့်နှလုံးခုန်သံများကလည်း သူမနည်းတူ ပြင်းထန် မြန်ဆန်နေသည်ကို စံအိမ် ခံစားလိုက်ရသည်။
"ပြောလေ... "
သခင် သူမလက်ကောက်ဝတ်လေးကို လှမ်းဖမ်းကာ သူမလက်ဖဝါးလေးကို သူ့နှုတ်ခမ်းများဖြင့် တယုတယ နမ်းရှိုက်ရင်း ပြန်ထူးလိုက်သည်။
"အရမ်းချစ်တယ်။ "
ရိုးရှင်းလွန်းေသာ သူမစကားလေးအဆုံးတွင် သခင့် မျက်နှာပေါ်၌ ကျေနပ် ဝမ်းသာမှု အပြုံးများက အထင်းသား ပေါ်လွင်သွားကာ
သူမ နှုတ်ခမ်းဖူးဖူးလေးများကို အချိန်ဆွဲမနေတော့ဘဲ အငမ်းမရ စုပ်ယူ နမ်းရှိုက်လိုက်တော့သည်။
သူ့ လျှာဖျားက သူမ နှုတ်ခမ်းလွှာများကို ပွင့်ဟစေပြီး အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်ကာ သူ့လက်တစ်ဖက်က သူမ ကျောပြင်လေးကို ပွတ်သပ်ရင်း သူမ ဝတ်ထားသော အဖြူရောင် ဂါဝန် နောက်ကျော ဇစ်လေးကို အသာအယာ ဆွဲချလိုက်၏။ ဂါဝန်စလေးက ပခုံးပေါ်မှနေ၍ ကြမ်းပြင်ပေါ်သို့ လျှောကျသွားသည့်တိုင်အောင် သူတို့ နှစ်ယောက်ရဲ့ အနမ်းများက ရပ်တန့်မသွားခဲ့ပေ။
အတန်ကြာမှ သခင် အနမ်းများကို နှုတ်ခမ်းများဆီမှ ခွာလိုက်ပြီး
မေးဖျားလေးမှတစ်ဆင့် လည်တိုင်၊ ထိုမှတစ်ဆင့် ညှပ်ရိုးလေးများဆီသို့ တဖြည်းဖြည်း နမ်းရှိုက် ဆင်းသက်လာ၏။
"အွန်း... သခင်..."
စံအိမ် အသက်ရှူများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး သခင့် ကျောပြင်ကျယ်ကြီးကို လက်ချောင်းလေးများဖြင့် တင်းကျပ်စွာ ကုတ်တွယ်ထားမိသည်။ သခင့်ရဲ့ ပူနွေးသော နှုတ်ခမ်းများနှင့် မုတ်ဆိတ်မွေး ငုပ်တို စူးစူးလေးများက သူမရဲ့ နုနယ်သော အသားအရည်ပေါ်တွင် ဖြတ်သန်းသွားတိုင်း စံအိမ် တစ်ကိုယ်လုံး အပေါ်သို့ လွင့်တက်သွားသလို ရင်ခုန် ရမ္မက်မူးယစ်စွာ ခံစားနေရသည်။
အခန်းထဲတွင် ပင်လယ်လှိုင်းပုတ်သံ ခပ်သဲ့သဲ့နှင့်အတူ ပြင်းထန်သော အသက်ရှူသံများ၊ ရင်ခုန်သံများ၊ နက်ရှိုင်းသော မြတ်နိုးမှုများသာ အပြည့်အဝ စိုးမိုးနေလေတော့သည်။
အပိုင်း (၅၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)