Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၃၂

ငွေ့ရည် ညစာအတွက် ချက်ပြုတ်နေတုန်းမှာ ကားဟွန်းတီးသံ ကြားတာနဲ့ မီးဖိုခန်းထဲကနေ ထွက်လာခဲ့တယ်။သူမ ခြံရှေ့ရောက်တော့ မြင်ရတဲ့ကားဟာ မင်းခန့်၏ ကားမဟုတ်တာကြောင့် တံခါး ဖွင့်ပေးဖို့အတွက် တုံ့ဆိုင်းနေမိသည်။တစ်ဖက်လူပဲ ငွေ့ရည်၏ မျက်နှာရိပ်မျက်ကဲကို သိ၍လားမပြောတက်ပါ။ကားမှန်ကို ချပြလိုက်၏။ထိုတော့မှ ငွေ့ရည်လည်း မင်းခန့်၏ သူငယ်ချင်းဖြစ်နေ၍ တံခါးဖွင့်ပေးလိုက်သည်။

"ထိုင်ပါဦးနော် မောင်လေး..''

"ဟုတ် မမ..''

ငွေ့ရည် ဧည့်သည်ကို ထိုင်ခိုင်းထားပြီး မီးခိုခန်းထဲ ပြန်ဝင်လာခဲ့ပြီး ရေခဲသေတ္ထာထဲကနေ လိမ္မော်သီးကိုယူလိုက်၍ ဖျော်ရည်လုပ်လိုက်၏။ပြီးတာနဲ့ ထိုဖျော်ရည်ကို ယူပြီး ထွက်လာခဲ့တယ်။ကောင်လေးကတော့ ဟိုကြည့်ဒီကြည့်နဲ့ ကောင်းလေးကိုများ စောင့်နေတာလားတော့ မသိပေ။

"သောက်လိုက်ပါဦးနော်..''

"ဟုတ်မမ...ကျေးဇူးပါဗျာ...''

မိုးည သူမကမ်းလာသော ဖျော်ရည်ခွက်လေးကို ယူကာ သောက်လိုက်စဥ် မသိမသာလေး သူ့ရှေ့က အကျီအပွလေးနဲ့ကချင်ထမိန်လေးဝတ်စားထားပြီး ဆပင်တွေက ကပိုကယိုဖြစ်နေတာတောင် ချောမောလှ ငွေ့ရည်ကိုကြည့်ပြီး သူတို့ထက် အသက်အများကြီးကြီးတယ်ဆိုတာကိုပင် မယုံချင်ပေ။

"ကောင်လေးဆီလာတာမဟုတ်လား..ကောင်လေးက ပြန်မရောက်သေးဘူး..ခဏနေတော့ ပြန်ရောက်တော့မှာပါ..စောင့်ရင်စောင့်သွားလိုက်နော်မောင်လေး..''

"ဟုတ်မမ..ဒါပေမယ့် မင်းခန့် နောက်ကျရင်တော့ ကျွန်တော့်ကို ညစာကျွေးလွှတ်မှမယ်နော်..''

"ဟင်..''

ငွေ့ရည်ရှေ့က ကောင်လေးက ထိုသို့ပြောလာတော့ ကြောင်သွားတာ အမှန်ပါ။ချက်ထားတာက နှစ်ယောက်စာအတွက်ပဲ တိုင်းတာပြီး ချက်ထားတာဆိုတော့ လောကွတ်လုပ်ဖို့ကျ အဆက်မပြေဘူးရယ်။သို့ပေမယ့်လည်း ဧည့်သည်ဆိုတော့ကာ မကျွေးလို့ကမကောင်ပြန်ရော။ငွေ့ရည်ကိုကြည့်ပြီး ထိုကောင်လေးက ပြုံးလိုက်တော့ စိတ်များဖတ်လိုက်သလားဆိုပြီး အားနာမိပြန်လေသည်။

"ကျွန်တော်က စတာပါဗျာ..တကယ်မစားပါဘူး မမ..ဒါနဲ့လေ ကလေးလေးလဲ မတွေ့ပါလား.. အန်တီချိုတို့ဆီ ရောက်နေလို့လားဗျာ...''

"သမီးက အခန်းမှာရှိတယ်..ဒီက မောင်လေးက သမီးလေးကိုကြည့်ချင်လို့လား..

အဲဆိုခဏလေးနော်..အစ်မ သွားခေါ်လာခဲ့ပေးမယ်...''

"ဟုတ်မမ...''

ငွေ့ရည်လည်း ထိုနေရာမှ ထလာပြီး အမုန်းလေးရှိတဲ့အခန်းကို ဦးတည်လိုက်၏။ငွေ့ရည် အခန်းထဲကိုရောက်တော့ သမီးလေးက နို့ဝနေတော့ မျက်လုံးပြူးလေးနဲ့သာ ငြိမ်နေ၏။ငွေ့ရည် သမီးလေးကို ခေါ်လာတော့ ထိုကောင်လေးက သမီးလေးကိုကြည့်ပြီး ပြုံးနေရှာလေသည်။ထိုကောင်လေးက သမီးလေးကို ချီချင်တဲ့ အရိပ်အယောင်လေး မြင်လိုက်တာကြောင့် ငွေ့ရည် အပြုံးလေးနဲ့မေးလိုက်သည်။

"သမီးလေးကို ချီကြည့်မလား မောင်လေး..''

ငွေ့ရည်ပြောလိုက်တော့ ထိုကောင်လေးက ချက်ချင်းဆိုသလို ခေါင်ညိတ့်ပြီး

"တကယ်လား မမ..ကျွန်တော့်ကို တကယ်ပေးချီမှာလား..''

"အင်းလေ...''

"မမ သမီးလေးက ချစ်စရာလေး..မင်းခန့်နဲ့ သိပ်တူတာပဲဗျာ...ကျွန်တော် အဲကောင်ပြောတုန်းက မယုံဘူး..အခုမြင်တော့မှဘဲ တကယ်ယုံသွားပြီ မမရေ...ဘာတဲ့ ကလေးလေးက သူနဲ့တူလွန်းတာ ပန်းပုထုထားတဲ့အတိုင်းပဲတဲ့ဗျာ..''

"ဟင်..''

ထိုကောင်လေးက ငွေ့ရည်ကိုမမနဲ့ အစ်မတစ်ယောက်လို ရင်းရင်းနှီးနှီးကို ပြောဆိုပြီး သမီးလေးကို ကြည့်၍ ကောင်လေးနဲ့တူအကြောင်းကို ပြောတော့ ပြုံးမိသည်။နောက်ဆက်တွဲစကားကို ကြားရလိုက်တော့ အံ့သြမိတယ်။ကောင်လေးကညသူ့သူငယ်ချင်းတွေကို သမီးလေးကသူနဲ့တူတဲ့အကြောင်းကို ပြောဖူးတယ်တဲ့လေ။

ကောင်လေးပြောသလို သမီးလေးက သူနဲ့သိပ့်ကိုတူလွန်းလို့ သူပြောသလို ပန်းပုထုထားသလားတောင်မှတ်ရတယ်ဆိုတာ တကယ်ပါပဲလေ။ငွေ့ရည်နဲ့တူတာဆိုလို့ နက်မှောင်သန်စွမ်းတဲ့ ဆံပင်တွေသာရှိလေသည်။ငွေ့ရည်ကြားဖူးသလောက်တော့ သမီးမိန်းကလေးတွေက အများအားဖြင့် အဖေနဲ့တူပြီး သားယောကျ်ားလေးတွေက အမေနဲ့တူတာများတယ်တဲ့။အဲဒါကြောင့် သမီးလေးက သူနဲ့တူတာနေမှာပါလေ။

"ဒါနဲ့ မောင်လေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ..''

"သြော်..ဟုတ်သားဗျာ..နာမည်မိတ်ဆက်မလို့ မေ့နေတာ မမပြောမှပဲ သတိရတယ်.. ကျွန်တော့်နာမည်က မိုးညပါ မမ..မမနာမည်က ပန်းငွေ့ရည်ဆိုတာ ကျွန်တော်တို့သူငယ်ချင်းတွေသိထားပါတယ်...''

"ဟုတ်လား..အဲတော့ အစ်မက မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့လေ...ကောင်လေးလာမှ ပြန်မှာမဟုတ်လား..ကလေးခဏထိန်းပါဦးနော်..အစ်မ ချက်ပြုတ်နေတာလေးကို လက်စသတ်ချင်လို့ပါ..ရမယ်မဟုတ်လား..''

"ဟုတ် မမ...''

ငွေ့ရည်လည်း အမုန်းလေးကို မိုးညနဲ့ထားခဲ့ပြီး စောနက ချက်လက်စဟင်းတွေကို ပြန်ပြီး ချက်ပြုတ်ဖို့ လုပ်တော့သည်။မိုးညရဲ့လက်ထဲ၌ ရှိနေတဲ့ အမုန်းလေးဟာ ငိုသံပင် မကြားရချေ။ငွေ့ရည် ချက်ပြုတ်ပြီးတာနဲ့ အပြင်ထွက်လာတော့လည်း သမီးလေးကို မိုးညက ချော့မြူနေတာတွေ့ရတော့ ပြုံးလိုက်တယ်။မိုးညဆိုတဲ့ ကောင်းလေးရဲ့ နေရာမှာ ကောင်လေးသာဆိုရင် ကောင်းမှာပဲလို့ တွေးလိုက်မိသည်။

"သမီးလေးက မောင်လေးကို ချစ်တယ်နဲ့တူပါရဲ့ လုံးဝမငိုဘူးကွယ်...ကလေးတွေက သူ့တို့ကို ချစ်တဲ့သူကို သိလို့နေမယ်နော်.. ''

ဟုတ်မှာမမ..ကျွန်တော်က ကလေးလေးကို မြင်မြင်ခြင်းမှာ ချစ်သွားတာ..ဒါနဲ့မမ..ကလေးလေးနာမည်က

"အမုန်းချည်''

မိုးညရဲ့ စကားတောင်မဆုံးသေးခင်မှာ ငွေ့ရည်က အမုန်းလေးရဲ့ နာမည်ကို ပြောလိုက်တော့၏။မိုးညကလဲ ငွေ့ရည်ကို နားမလည်သလို အကြည့်တွေနဲ့ အံ့သြနေဟန် ကြည့်နေသည်။ငွေ့ရည်ဟာ ထိုကောင်လေးကို ယဲ့ယဲ့လေး ပြုံးပြပြီး

"ဘာလဲ..နာမည်လေးက တစ်မျိုးလေးဖြစ်နေလို့လား..''

"အင်း...''

"သမီးလေးနဲ့ လိုက်ဖက်တဲ့ နာမည်လေးကို မမကတမင်ရွေးပြီးပေးထားတာ...ကိုကိုပေးတဲ့ နာမည်ကိုမကြိုက်လို့လေ...''

"ဟုတ်မမ...''

မိုးညနဲ့ငွေ့ရည်တို့ စကားတွေပြောနေကြသည်မှာ အချိန်အားဖြင့် ညနေ၅နာရီလောက်ဖြစ်လာခဲ့သည်။ထိုအချိန်ထိတောင် မင်းခန့်ဟာ ရောက်မလာခဲ့သေးသလို သူမတို့လဲ စကားကောင်းနေတာနဲ့ သူ့ကို သတိမထားမိတော့ပေ။ မကြာလိုက်ပါဘူး ကားဟွန်းတီးသံကြားလိုက်တော့ သူမတို့စကားစလဲ ပြတ်သွားတယ်။ ငွေ့ရည် ထွက်ပြီး သူ့ကို တံခါးဖွင့်ပေးလိုက်သည်။

မင်းခန့်ဟာ ခြံထဲက မိုးညရဲ့ကားကို တွေ့လိုက်တာကြောင့် စိတ်ထဲအလိုမကျ ဖြစ်သွားရ၏။

"အဲကောင်က အိမ်ကို ဘာလာလုပ်တာလဲ...''

"ကောင်လေးနဲ့တွေ့ချင်လို့တဲ့လေ..နေ့လည်သုံးနာရီလောက်ထဲကရောက်နေတာ...''

"ကျုပ်မရှိဘဲ ဘာလို့ဝင်ခွင့်ပေးလိုက်တာလဲ..ပြန်လွှတ်လိုက်ပါလား...ရှုပ်ရှုပ်ရှပ်ရှပ်တွေကို ခင်ဗျားသိပ်လုပ်တာပဲ...ဒီကောင်ကလဲ တွေ့ချင်တဲ့သူမရှိတာကို မပြန်ဘဲ ဒီလောက် နာရီတွေအများကြီးကို သူများအိမ်မှာ မပျင်းမရိ နေတယ်..''

"သူ့မှာ ပျင်းချိန်တောင်မရဘူး..ငါ ဟင်းချက်နေတုန်း သူ့ကိုကလေးထိန်းခိုင်းတာလေ..''

"ဘာ..''

မင်းခန့် အသံဟိန်းထွက်သွား၏။သူ့တောင် စက္ကန့်ပိုင်းလောက်သာ ပွေ့ချီရသေးမဟုတ်လား။ထို့ကြောင့် မိုးညက နာရီပေါင်းအများကြီး သမီးလေးပွေ့ချီထားကို သူ့မှာ မကျေမနပ်ဖြစ်ကာ သဘောမကျချေ။သူခဏချီတာကို ငိုတဲ့ ကလေးက မိုးညချီတာကို မငိုဘူးလား သိချင်မိသည်။

"ခင်ဗျားကလေးက သူစိမ်းလက်ထဲမှာ မငိုဘူးလား...''

"အင်း..ထူးထူးဆန်းဆန်း သမီးလေးက မငိုဘူးရယ်..ကောင်လေး ချစ်လို့နေမယ်...''

"ဘာ..''

တစ်ဘာဘာနဲ့ဘာဖြစ်နေမှန်းမသိ။သူ့သူငယ်ချင်းလာတာလေ။ငွေ့ရည်သူငယ်ချင်းလာတာမှ မဟုတ်ပဲနဲ့ကို ဘာတွေအလိုမကျဖြစ်နေမှန်းမသိတော့ပါလေ။

"တိုးတိုးပြောလဲ ငါကြားရပါတယ်..တကယ်ထဲ အော်လိုက်တာ လိပ်ပြာလွှင့်တော့မလားပဲ..''

ထိုအခါ မင်းခန့်က သူမရဲ့မျက်လုံးများကို ပေါက်ထွက်လုနီး စူးစူးရဲရဲ စိုက်ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်သည်မှာ မဲနက်နေတဲ့ မျက်ခုံးတွေက ထိစပ်သွားသည်။ငွေ့ရည်လဲ ဘာမှမလုပ်ထားဘဲ အပြစ်ရှိနေသလို ကြည့်လာတာကြောင့် ငွေ့ရည်လည်း ဆက်မပြောတော့ဘဲ မျက်နှာလွဲလိုက်တော့သည်။သူကဘာမှ မပြောတော့ဘဲ အိမ်ထဲကိုဝင်သွားတယ်။ငွေ့ရည်လည်း သူ့နောက်ကနေ လိုက်သွားလိုက်တော့သည်။

သူဟာ ဧည့်ခန်းထဲမှာ သမီးလေးကို ချော့မြူနေသော မိုးညဆိုတဲ့ ကောင်လေးကို ကြည့်ပြီးနောက် ငွေ့ရည်ဘက်ကို လှည့်ကြည့်ကာ

"ခင်ဗျားကလေးကို ခေါ်လိုက်တော့ ဒေါ်ပန်းငွေ့ရည်.. ကျုပ် မိုးညနဲ့ပြောစရာရှိတယ်...''

"အင်း...''

သူမ ကလေးလေးကို မိုးညလက်ထဲက ယူချီမလို့ရှိသေးတယ်။မင်းခန့်က နီးကပ်လွန်းတဲ့ အနေအထားကြောင့် သူက အလျင်အမြန်ပဲ မိုးညလက်ထဲက အမုန်းလေးကို ဦးစွာ ယူချီပြီး သူမလက်ထဲကို ထည့်ပေးလိုက်သည်။

"မင်း ဘာလာလုပ်တာလဲ မိုးည..''

"မင်းကို ငါပြောထားတယ်လေကွာ..မမကို တွေ့ချင်ပါတယ်လို့..အခုလာလိုက်တော့ ချစ်စရာကောင်းလွန်းသမီးလေးကိုပါ အစစ်တွေ့လိုက်ရတယ်...မင်း မမကို ငါ့ကိုတကယ်ပေးမှာလား မင်းခန့်...''

"ဘာ...''

ဘွားတော်ကို မမရယ်လို့ ခေါ်ပြီး ကလေးလေးကိုပါ သမီးလို့ ခေါ်လိုက်တာကြောင့် စိတ်ထဲအလိုမကျ ဖြစ်သွားသည်။သူတောင် သမီးရယ်လို့ သူ့နူတ်ကနေ တစ်ခါမျှ မခေါ်ခဲ့သေးတဲ့ နမ်စားလေးကို မိုးည၏ နူတ်ကနေ ထွက်လာတာကြောင့် ခံပြင်းမိသည်။ထို့ကြောင့်

"မင်း ဘယ်လိုခေါ်လိုက်တာလား မိုးည...မင်းမမခေါ်နေတဲ့သူက ငါ့မိန်းမ...နောက်ပြီး သမီးကလဲ ငါ့သမီးကွ..မင်း ပါးပစ်အရသာခံပြီး သမီးသမီးလို့မခေါ်နဲ့ ငါမကြိုက်ဘူး...''

မင်းခန့်၏ မာန်ပါသောအသံနက်နဲ့ ပြောလိုက်တာသောအခါ မိုးညမှာတော့ အံ့သြတာအံ့အားသင့်တာမရှိဘဲ မင်းခန့်ကိုကြည့်၍ နူတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်မိသည်။ဒီကောင် သူ့မိန်းမနဲ့သူ့သမီးကို သဝန်တိုနေတာ သူမသိမှတ်လို့။သူဟာ လူကဲမခတ်တက်တဲ့ ခပ်ညံ့ညံ့ကောင်မှမဟုတ်တာ။မင်းခန့်ရဲ့ ရင်ထဲမှာ ဘယ်လို မုန်တိုင်းထန်နေသလဲဆိုတာ သူ ဝင်မကြည့်ဘဲနဲ့တောင် အမူအရာနဲ့တင် သိလိုက်ရသည်။ထို့ကြောင့် မင်းခန့်ရဲ့ ရင်ထဲက နစ်မြှုပ်နေတဲ့ အမှန်တရားကို သူကိုယ်တိုင်သိလာအောင် ဆွလိုက်သည့်သဘောနှယ်။

"မမက ငါတို့ထက်ကြီးတော့ ရိုသေတမှုနဲ့မမလို့ခေါ်တာ အဆန်းမှတ်လို့...တချိန်မှာ ငါမမကိုလက်ထက်ရင် မမက ငါ့ဇနီးမယားဖြစ်လာမှာ မမသမီးကလဲ ငါ့သမီးဖြစ်လာမှာပဲလေ.. အဲတော့ သမီးကလဲ ငါ့သမီးပဲပေါ့ကွာ..''

"ခွပ်...ခွပ်...''

မိုးညရဲ့ စကားတွေကို ကြားလိုက်ရချိန် မျက်လုံးထဲ မီးဝင်းဝင်းတောက်နေသည့် အတိုင်းပင်။ဒေါသခိုးတွေကြောင့် ဘာတစ်ခုမှ မမြင်နိုင်တော့ဘဲ ဒေါသတွေဟာ ထိန်းချုပ်လို့မရတော့ပေ။ ကျစ်လစ်အောင်ဆုပ်ကိုင်ထားသည့် လက်သီးဖြင့် မိုးညရဲ့ ပါးချောင်ကို နှစ်ချက်ဆင့်ထိုးလိုက်တော့သည်။ထိုနောက် တရိပ်ရိပ်နဲ့ တွေးလေ ထိုးလေးနဲ့ မိုးညမှာ မင်းခန့်၏ လက်သီးဒဏ်ကို အတော်လေးခံစားလိုက်ရပါတော့သည်။

ငွေ့ရည် သမီးလေးကိုထားခဲ့ပြီး ပြန်ထွက်လာတော့ ကောင်လေးဟာ သူ့ သူငယ်ချင်းကို ဒေါသတကြီး ထိုးကြိတ်နေတာကို တွေ့လိုက်တော့ အပြေးလေးလာပြီး ရွယ်ထားတဲ့ ကောင်လေးရဲ့ လက်ကို ဆွဲလိုက်ရသည်။မဟုတ်ရင် ထိုကောင်လေးဟာ ကောင်လေးရဲ့လက်ချက်နဲ့ သေသွားမလားပဲ။

"ကောင်လေး မင်းလွန်နေပြီ..ဘာလို့ သူများသားသမီးကို အနိုင်ကျင့်နေတာလဲ..ကြည့်ပါအုံး.. မင်းထိုးထားလိုက်တာကို..ကောင်လေးရဲ့မျက်နှာချောချောလေးမှာ ဒဏ်ရာတွေအမျာကြီးဖြစ်ကုန်ပြီ..အနာရွတ်ကျန်ကုန်တော့မှာပဲ..''

ထိုအခါ ကောင်လေးက ငွေ့ရည်ကို ကြည့်လိုက်သော အကြည့်တွေက သိပ်ကြောက်စရာကောင်းလှသည်။

"ဘာလဲ..ခင်ဗျားက ဒီကောင်ကို ထိလို့ ကျုပ်ကိုလာတားနေတာလား..ဒေါ်ပန်းငွေ့ရည်..''

"မဟုတ်..မဟုတ်တာမပြောပါနဲ့လား..မင်းအခုထိုးလိုက်တဲ့သူက တခြားသူမဟုတ်ဘူးနော်..မင်းရဲ့ သူငယ်ချင်းလေ...မင်းတို့ကြားက ပြသာနာကို ငါမသိပေမယ့် လက်မပါသင့်လို့ထင်တယ်...''

ထိုသို့ပြောတဲ့အခါ ငွေ့ရည်ကို ကောင်လေးက တစ်ချက်ကြည့်ပြီး ဘာမှပြန်မပြောတော့ပါ။သူ့သူငယ်ချင်း ကောင်လေးကတော့

"ထိုးပါစေ မမ...ဒီကောင် သူချစ်တဲ့သူကို ကျွန်တော်ကိုပေးရမှာ ကြောက်နေပြီး သဝန်တိုနေတာ...''

"ဟင်...''

မိုးညရဲ့ စကားကြောင့် ရင်ထဲတော့မကောင်းပေ။ကောင်လေးက ကြွေရုပ်ပျိုဆိုတဲ့မိန်းမငယ်လေးကို အရမ်းချစ်တာသိလိုက်ရတော့ ရင်ထဲမှာ နစ်ခုခုလစ်ဟာသွားသလိုလိုပါလေ။အဲမိန်းကလေးအတွက် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ငွေ့ရည်ရဲ့ပါးကိုတောင်ရိုက်ခဲ့သေးတာပဲ။သူ့သူငယ်ချင်းကို ထိုးလိုက်တာ အဆန်းတော့မဟုတ်ပေ။

"မင်း ပြန်လိုက်တော့.. မဟုတ်ရင် မင်းကိုထပ်ထိုးလိုက်မိမယ်...''

"ညစာထမင်းစားပြီးမှ ပြန်တော့မယ်..မမက ကျွေးမယ်လို့ပြောမယ်...မမ ကျွန်တော့ကို ကျွေးပြီးမှ ပြန်ခိုင်းမယ်မဟုတ်လား..''

"သြော်..အင်းအင်း...''

"ဘာ...''

« ရှေ့အခန်း - အပိုင်း ၃၁ နောက်အခန်း - အပိုင်း ၃၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ