"မင်းခန့် မင်းပုံစံကြည့်ရတာလဲ အပူသည်အတိုင်း လဲ...ငါတို့တောင် မင်းကြည့်ပြီး မလန်းမဆန်း ဖြစ်ကုန်ပြီကွာ..တက်တက်ကြွကြွလေး နေစမ်းပါဟ...အခု မင်းနေချင်သလို နေနေရတယ်..ကြွေရုပ်နဲ့အဆင်ပြေနေတယ် မဟုတ်လား...''
"သူရိန်ပြောတာ မှန်တယ် မင်းခန့်...ကြွေရှပ်ပက်သက်လို့ မင်းမှာအကုန်အဆင်ပြေတယ်..မင်းမိန်းမကလဲ မင်းသဘောအတိုင်းပဲ နေစေတယ်..အဲတာကို မင်းမှာ စိတ်ညစ်ရလောက်အောင် ဘာအကြောင်းတွေရှိသေးလို့လဲကွာ...''
ဇွဲပြည့်နဲ့သူရိန်ရဲ့ စကားတွေက အကုန်မှန်သည်။
အိမ်မပြန်တဲ့ ရက်တွေမှာ တစ်ရက်မှ စိတ်မပျော်တာ သူပဲသိလေသည်။ ရေချိုးချိန်ဆို သူမကိုမြင်ယောင်ပြီး သတိရတယ်။အကျီဝတ်တဲ့အခါမှာလဲ သူမက အာရုံထဲပေါ်လာပြန်တယ်။ထမင်းစားတဲ့အခါဆိုလည်း သူမလက်ရာလေးကိုလွမ်းသလိုလို သူ့ဘေးနားမှာ မတုန်မလှုပ်နဲ့ထမင်းစားနေတဲ့ သူမကို လွမ်းသလိုလိုနဲ့ အချိန်တွေကုန်လာတာနဲ့ ပို၍သတိရလေသည်။
သွန်းသွန်းရဲ့ အဖေတူသားဆိုတဲ့စကားကြောင့်သာ သူမနဲ့ဝေးအောင် စိတ်ထဲမရှိအောင် ပျိုကိုသာ စိတ်ထဲနစ်ထားပေမယ့် ပျို့ကိုနမ်းတိုင်း သူမရဲ့နူတ်ခမ်းလေးကို မြင်ယောင်တယ်။ပွေ့ဖက်ရင်လည်း သူမရဲ့ ကိုယ်သင်းရနံ့လေးကိုသာ ခံစားမိနေသည်။သူမကို ချစ်နေတာကို ခံစားမိပေမယ့် ပျို့ကို မနာကျင်စေချင်တာကြောင့် သူမကိုဥပက္ခာပြုမိလေသည်။
"စကားလေးဘာလေး ပြန်ပြောဦးလေ မင်းခန့်ရာ..အရက်ပြီးပဲ လိမ့်သောက်မနေနဲ့ မင်းသောက်တာရေချိန်များနေပြီ...''
"ဒီလိုပဲ...''
"မင်းအိမ်ကို မင်းမပြန်သေးဘူးလား မင်းခန့်...''
"အင်း..''
"ငါ့အထင် မင်းကိုပြောမယ်နော်..မင်း ကြွေရုပ်ကို လက်ထက်မယ်..အမကို ကွာရှင်းမယ်ဆိုရင် အချိန်တွေဆွဲမနေနဲ့ မြန်မြန်အကောင်အထည်ဖော်လိုက်တာ အကောင်းဆုံးလို့ ငါတော့ယူဆတယ်..နှစ်ဖက်နှစ်လမ်း အကျိုးမယုတ်ဘူးပေါ့ကွာ...''
"အင်း..စဥ်းစားထားပြီးသွားပြီ...''
"မင်းအတွက်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ပဲ ငါတို့မျှော်လင့်နေမယ်..ငါပြောတာ ဟုတ်တယ်မလား သူရိန်နဲ့ဇွဲပြည့်..''
"အင်း...ဟုတ်တယ် မိုးည..မင်းပြောမှန်တယ်..ငါတို့နှစ်ယောက် ထောက်ခံတယ်ကွာ...''
သူရိန်ဟာ မိုးညကိုပြောပြီး မင်းခန့်၏ ပခုံးကို လှမ်းပုတ်လိုက်ကာ
"ဒီညတော့ မင်းအိမ်ကိုပြန်လိုက်တာကောင်းမယ်..အမနဲ့တွေ့ပြီး စကားအေးဆေးပြောပြီး ညှိညှိနှိုင်းနှိုင်းလုပ်ကြပေါ့ကွာ...ငါမြင်သလောက်တော့ အမကလဲ အကြပ်ကိုင်မယ့်ပုံစံမျိုးမဟုတ်လောက်ပါဘူး...ကြွေရုပ်နဲ့မင်းကိုတွဲတွေ့တာတောင် မသိသလို နူတ်ဆိတ်နေခဲ့တာမဟုတ်လား...''
"အင်း...''
သူရိန်ပြောတာလဲ ဟုတ်နေတော့ ခေါင်းဆက်မိ၏။
သူတို့လေးယောက် ညဥ့်နက်ချိန်လောက်တော့ ဘားကနေ ပြန်လာခဲ့ကြသည်။အကုန်လုံးထဲမှာ အမူးဆုံးဖြစ်တဲ့ မင်းခန့်ကို လိုက်ပို့ပေးကြလေတော့သည်။သူ့အိမ်ရှေ့ကို ရောက်တာနဲ့ ကားဟွန်းတီးသံ ပေးလိုက်တော့ အိမ်ထဲကနေ ငွေ့ရည် ထွက်ခဲ့သည်။သူတို့သုံးယောက်ထဲ ငွေ့ရည် ရဲ့လက်ထဲကို သေချာထည့်ပြီး ကားမောင်းထွက်လာခဲ့ကြသည်။
"လေးလိုက်တာ..ဟူး..''
ငွေ့ရည်လည်း လေးလံထွားကြိုင်းတဲ့ ကောင်လေးရဲ့ကိုယ်ကြီးကို မနိုင်မနင်းနဲ့ တွဲလာပြီး အပေါ်ရောက်အောင် မနဲတွဲရလေသည်။အရက်ဆော်တွေကလည်း မွန်ထူနေတာ ငွေ့ရည်မှာ ခေါင်တောင် ကိုက်ချင်သွားလေသည်။ပြန်လာမယ့်ပြန်လာတော့လည်း အရက်မူးပြီး ပြန်လာတဲ့ ကောင်လေးကို စိတ်တိုမိပါသည်။သူပြောတဲ့ ငွေ့ရည်အတွက် မွေးနေ့လက်ဆောင်ဆိုတာ ဒါကိုပြောတာနဲ့တူပါသည်။
"သူများမွေးနေ့မှာ အလကားရတိုင်း စွတ်သောက်လာတာပဲ...အရက်သမားလဲမဟုတ်ဘဲနဲ့ အသိမရှိအောင်မူးပြဲအောင် သောက်လာရတယ်လို့...''
ငွေ့ရည် ပျစ်တောက်ပျစ်တောက်ပြောရင်း သူ့ရဲ့အရက်နံ့စွဲနေသော အဝတ်အစားတွေကို လဲလက်ပေးပြီး အိပ်ရာတွင် နေရာသေချာချပြီး စောင်ခြုံပေးလိုက်ချိန်မှာ သူ့နူတ်ကထွက်ကျလာသော စကားကြောင့် စောင်ကိုင်ထားတဲ့ လက်တစ်စုံဟာ တန့်သွားလေရဲ့။
"လွမ်းတယ်...''
"ဟင်.''
လူကသာမူးနေပြီး မျက်လုံးသာမဖွင့်နိုင်တာ သူ့ကောင်မလေးကို လွမ်းတယ်နဲ့တူရဲ့ ။နူတ်ကနေ တိုးလျှိုးတဲ့အသံနဲ့ မကြားတကြား လွမ်းတယ်လို့ ငြီးညူရှာသည်။ငွေ့ရည်ကြောင့်နဲ့ ကောင်လေးကို နာကျင်စေမိပြီ။ငွေ့ရည်ကြောင့်နဲ့ဘဲ သူတို့ချစ်သူနှစ်ဦးရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတွေက အဆိပ်သင့်သွားရလေပြီ။
ငွေ့ရည် အိပ်ပျော်သွားသော မင်းခန့်ရဲ့ ချောမော ပါးပြင်လေးကို သူမလက်လေးနဲ့ အသာအယာကိုင်ပြီး ငေးကြည့်နေမိသည်။ ငွေ့ရည်အပေါ် အမြဲတမ်း တည်တင်းပြီး အမိန့်ပေးတတ်တဲ့ ကောင်လေးက အခုလို အိပ်ပျော်နေတဲ့အချိန်မှာတော့ ကလေးတစ်ယောက်လို နူးညံ့အေးချမ်းနေသလိုပင်။
မတိုမရှည် မျက်တောင်လေးတွေရယ်..နက်မှောင်မဲနက်နေသော မျက်ခုံးတစ်စုံရယ်.. နှာတံချွန်ချွန်နဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်းအစုံရယ်..ငွေ့ရည် ကောင်လေးရဲ့ မျက်နှာအစိတ်အပိုင်းကို ကြည့်နေရင်း ခန့်ညားလွန်းတဲ့ ရုပ်ရည်မျိုးရှိတဲ့ ကောင်လေးရဲ့ ချစ်သူဖြစ်ခွင့်ရတဲ့ ကောင်မလေးကို ငွေ့ရည် တကယ်ကို အားကျမိသည်။
"ငါ့ကြောင့် မင်းတို့မဝေးရတော့သလို နောက် ထပ်လဲဝေးကွာရတဲ့ ခံစားမှုကို မခံစားရတော့ဘူးလို့ ကတိပေးပါတယ် ကောင်လေးရယ်...အချိန်ခဏလေးပဲ စောင့်ပေးပါနော်...မင်း လိုလားတောင်းတနေတဲ့ ကွာရှင်းမယ့်စကားကို ငါဘက်ကတောင်းဆိုတော့မှာပါ...''
ငွေ့ရည် တိုးတိုးလေး ပြောမိရင်း ကိုကို့နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်အနည်းငယ်ကို လက်ညှိုးလေးနဲ့ အသာအယာ ဖယ်ပေးဖို့ ကြိုးစားလိုက်သည်။
ကောင်လေး နိုးသွားမှာ ကြောက်တာကြောင့် ငွေ့ရည်မှာ အသက်ရှူတာတောင် သတိထားနေရ၏။ အနီးကပ်မြင်ရတဲ့ ကောင်လေးရဲ့ ချောမောခန့်ညားသော မျက်နှာလေးကြောင့် ကြည့်မဝနိုင်အောင် ဖြစ်နေရသည်။
ခေါင်းထဲကို ဝင်ရောက်လာသော အတွေးတွေကြောင့် ထိုင်တွေးရင်းနေခဲ့သည်မှာ မိုးစင်စင်ပါလင်းရောင်သမ်းလာခဲ့သည်။ကောင်လေးနဲ့သမီးလေးကတော့ သားဖပီပီ အပြိုင်အိပ်နေစဲဖြစ်သည်။အနားမှာရှိတဲ့ ဖုန်းကို လှမ်းယူလိုက်ကာ ဓာတ်ပုံလေးရိုက်ပြီး ယူထားလိုက်သည်။မိသားစု ဓာတ်ပုံရယ်လို့ မရှိတာကြောင့် သမီးလေးရဲ့အနားကို ငွေ့ရည်ပါဝင်လှဲလိုက်ပြီး ဓာတ်ပုံရိုက်ယူထားလိုက်ပါတော့သည်။ကောင်လေးသာ သိရင် ဒေါသထွက် စိတ်ဆိုးနေမှာ အသေအချာပင်။
"မင်းဆီက ခွင်းမတောင်းပဲ ရိုက်ခဲ့မိလို့ ငါ တောင်းပန်ပါတယ်...သမီးအတွက် သိတက်ရွယ်ရောက်လို့ ဖေဖေရောလို့မေးလာခဲ့ရင် ပြပေးချင်ယုံလေးပါ..ငါတော့ မင်းကို ချစ်မိတဲ့စိတ်နဲ့ လွမ်းခဲ့ရင်တောင် မင်းငါ့အပေါ်ရက်စက်မှုတွေနဲ့ ဖြေသိမ့်နေမှာ ကောင်လေး...''
သမီးလေးကို တစ်ချက်နမ်းပြီး အိပ်ရာပေါ်က ဆင်းခဲ့ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်၏။မွန်းကြပ်နေတဲ့စိတ်တွေကို အေးချမ်းသွားအောင် ဘုရားခန်းဝင်ပြီး ဘုရားဝတ်ပြုလိုက်သည်။ပြီးမှ ကောင်လေးအတွက် လုပ်ပေးစရာရှိတာကို မလစ်ဟင်းအောင် တစ်ခုမကျန်လုပ်ပေးထားပြီး အောက်ကိုဆင်းလာခဲ့သည်။
မနေ့က မမဆီကနေ ကောင်လေး အကြိုက်ဆုံးမနက်စာကို သိလာခဲ့ရသည်။ထို့ကြောင့် ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်လုပ်ပေးထားလိုက်ပြီး စားချင်စဖွယ်လေး ဖြစ်နေအောင် ပြင်ဆင်ပေးထားသည် ။ထို့အပြင် အရက်သောက်ပြီးရင် ခေါင်းမူးတဲ့လက္ခဏာက ကျန်ခဲ့တာကြောင့် ချဥ်ပေါင်ဟင်ရည်လေးတစ်ခွက်ပါ ပိုပိုလိုလို လုပ်ပေးထားလိုက်သည်။ငွေ့ရည် အကုန်ပြင်ဆင်ပြီးချိန်မှာ ကောင်လေးက ထမင်းဝိုင်းထဲတောင် ဝင်ထိုင်လိုက်သည်။ကောင်လေးကိုကြည့်တော့လဲ ညက ငွေ့ရည်လဲပေးထားတဲ့ အကျီနဲ့ပဲ ရှိနေ၏။
"ရေးချိုးတော့မယ်မဟုတ်လား...''
မင်းခန့် ငွေ့ရည်ရဲ့ မျက်နှာကို မျက်မှောင်ကြုတ်ကြည့်ပြီး
"ကျုပ် ဒီနေ့အလုပ်မသွားဘူး...''
"အဲဆို မနက်စာစားဖို့ ဆင်းလာတာလား..စားရင်ရပြီ..ငါ အကုန်လုံးပြင်ဆင်ပြီးသွားပြီ...ကောင်းပါ့မလားတော့မသိဘူး...အခုမှ ပထမဆုံး စလုပ်ဖူးတာဆိုတော့ သည်းခံပြီးစားလိုက်နော်...''
အရင်လိုမဟုတ်ဘဲ ပိုပြီးနူးညံ့တဲ့အသံနဲ့ သူ့ကိုပြောနေတဲ့ ဘွားတော်ကိုကြည့်ပြီး
"ဒေါ်ပန်းငွေ့ရည်..ကျုပ်ကို ခင်ဗျားမှာ ပြောစရာမရှိဘူးလား...''
"ဟင်...''
ကောင်လေးက ငွေ့ရည်ကို မေးလာတော့ ဓာတ်ပုံရိုက်လိုက်တဲ့ ကိစ္စများသိသွားသလားဆိုပြီး လန့်သွားမိတာတော့ အမှန်ပါ။ထို့ကြောင့် မယောင်မလည်နဲ့ မျက်လုံးပြူးပြီး ကြည့်လိုက်မိပါတော့သည်။
"ဇီးကွက်လို မျက်ပြူးနဲ့ ကျုပ်ကိုမကြည့်ဘဲနဲ့ ကျုပ်မေးတာကိုသာ ဖြေ..ကျုပ်ကို ခင်ဗျား ပြောစရာစကား တကယ်မရှိဘူးလား...''
"အင်း...''
"တကယ်လား...''
"အင်း...''
"ဘာ..ခင်ဗျား ဘာလုပ်ထားလဲ ခင်ဗျားမသိဘူးလား..ခင်ဗျားကြောင့် ကျုပ်မှာ ရူးတော့မယ် သိလား...''
"ငါ ဘာလုပ်ထားမှန်းမသိပေမယ့် တောင်းပန်တယ်...''
ငွေ့ရည် ကောင်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ကောင်လေးက ငွေ့ရည်ကြောင့် တော်တော်လေး ခံစားနေရပုံက သူ့မျက်နှာထက်မှာ ပေါ်လွင်နေသည်။ထို့ကြောင့် ငွေ့ရည်မှာ တောင်းပန်နိူင်တာက လွဲပြီး တခြားစကားမရှိပေ။
သူ့ရှေ့က ဘွားတော်ကသာ ဘာမှမသိတာ သူ့မှာတော့ ဘွားတော်ကြောင့် ရင်ခုန်လွန်းလို့ ရူးတော့မယ်။ဒီရင်ခုန်သံတွေကြောင့်ပဲ ပျို့အပေါ်တောင် သစ္စဖောက်မိသလို ဖြစ်တော့မည်။ရွေးချယ်ရခက်ခဲနေတဲ့အနေအထားတစ်ခုမှာ ဘာမှမပြစ်မရှိတဲ့ ကလေးလေးကို ထိခိုက်မှာလည်း စိုးရိမ်မိသည်။
မင်းခန့်လည်း ငွေ့ရည်ကို ဘာမှထက်မပြောတော့ဘဲ သူမပြင်ပေးထားတဲ့ မနက်စာ ထမင်းဆီစမ်းမွေးမွေးလေးကိုသာ ယူစားလိုက်တော့သည်။သူ့ပါးစပ်ထဲ ထမင်းလုတ်လေးရောက်လာတဲ့အခါ ကောင်းမွန်အသာရလေးဖြစ်တာကြောင့် နောက်တစ်လုတ် ထပ်ထည့်မလို့ ပြင်လိုက်၏။ထိုအချိန်..။
"စားလို့ကောင်းရဲ့လားဟင် ကောင်လေး...''
"ဗျာ...''
သူမဆီကနေ သူမျှော်လင့်ခဲ့ဖူးသော စကားလုံးနဲ့တူ မထင်မှတ်ထားတဲ့ နာမ်စားလေးနဲ့ နူးညံ့ညင်သာစွာ လေပြေအေးလေးနဲ့ မေးလာတဲ့ အခါမှာ သူ့နူတ်ကနေတောင် ဗျာဟု ယောင်ရမ်း၍ ထွက်ခဲ့တော့သည်။
"မင်းက ငါ့ထက်အများကြီးငယ်တော့ ကောင်လေးလို့ခေါ်လိုက်တာ စိတ်မဆိုးဘူး မဟုတ်လားဟင်...''
"ခင်ဗျား နေမကောင်းဖြစ်နေတာလား..''
မင်းခန့်ဟာ သူ့အပေါ်ဆက်ဆံပုံတွေ ပြောင်းလဲလာတဲ့ သူမကို မေးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မတ်တက်ရပ်ပြီး သူမရဲ့ နဖူးပေါ် သူ့လက်တင်လိုက်ပြီး
"အဖျားလည်း မရှိဘူး..''
"အို..ဘာလုပ်တာလဲ..ငါနေမကောင်းမှတော့ ငါသိမှာပေါ့လို့...နေမကောင်းတာတောင် မသိရအောင် ငါက ကလေးမှမဟုတ်တာကွယ်...''
"ပြီးတာပဲ..ခင်ဗျားက ကျုပ်အပေါ်ဆက်ဆံနေတာ လေသံတွေပျော့နေတော့ နေမကောင်းဘူးလားလို့လေ...အရင်တိုင်းပဲ ဆက်ဆံပါ..ခင်ဗျား အခုလိုဆက်ဆံတာ ကျုပ်ခံစားချက်တွေမကောင်းဘူး...''
"ဘာလဲ ရင်ခုန်သွားလို့လားဟင်...စတာနော်..စတာ..သမီးလေးနိုးနေလောက်ပြီ..သွားလိုက်အုန်းမယ်.. စားလို့ပြီးရင် ပန်းကန်တွေထားခဲ့နော်..''
ငွေ့ရည် မင်းခန့်ကို ကျောခိုင်းထွက်လာပြီးနောက် သက်ပြင်းခိုးရှိုက်ချလိုက်တော့သည်။အခန်းထဲရောက်လာတော့လဲ သမီးလေးက အိပ်နေဆဲဖြစ်သည်။ငွေ့ရည် သူ့အတွက် ချပေးထားတဲ့ အကျီလေးကိုကြည့် ပြုံးလိုက်မိလေရဲ့။