"သား..."
စံအိမ့် နှုတ်ခမ်းဖျားမှ တိုးညင်းသော ရေရွတ်သံလေး ထွက်ကျသွားပြီး၊ မျက်ဝန်းထဲမှ မျက်ရည်ပူများက တားမရ ဆီးမရ လိမ့်ဆင်းလာလေတော့သည်။
သားလေးက ခုတင်ပေါ်တွင်... နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီးရင်ခွင်ထဲတွင် စက်ရုပ် အသစ်စက်စက် တစ်ရုပ်ကို ပိုက်ထားသေး၏။ သားကို မြင်လိုက်ရမှ စံအိမ် ရင်ဘတ်ထဲမှ ဆို့နင့်နေသော အလုံးကြီး ကျသွားပြီး အသက်ဝဝ ရှူနိုင်တော့သည်။
စံအိမ် ကုတင်ပေါ်ရှိ သားလေးဆီသို့ အပြေးအလွှား လျှောက်သွားလိုက်ကာ အိပ်မောကျနေသော သားကိုယ်လုံးလေးကို ပွေ့ချီရန် ကုတင်ဘေးသို့ ကိုင်းညွတ်လိုက်ချိန် ရုတ်တရက်... သူမနောက်ကျောဘက်ဆီမှ ရင်အုပ်ကြီး တစ်ခုက ကပ်လျက်သား ဝင်တိုက်လာပြီး
စံအိမ့် ခါးသေးသေးလေးကို နောက်ကျောမှနေ၍ ရစ်ပတ်ကာ တင်းကျပ်စွာ သိမ်းကြုံး ဖက်တွယ်ခြင်း ခံလိုက်ရလေသည်။
"အို"
စံအိမ်က လန့်ဖြန့်သွားပြီး အော်မည်ပြုသော်လည်း သူမ ကျောပြင်နှင့်လည်ပင်းသားလေးဆီသို့ အနောက်မှနေပြီး နှုတ်ခမ်းနှင့် နှာခေါင်းတို့ဖြင့် အတင်း နစ်ဝင်လာသဖြင့် အသံပင်ထွက်မလာနိုင်တော့ပေ။
ဆေးလိပ်နံ့ သင်းသင်း၊ အရက်နံ့ ခပ်ပျော့ပျော့နှင့် ရောနှောနေသော နေမင်းသခင်ရဲ့ ကိုယ်သင်းနံ့က စံအိမ့် အာရုံထဲသို့ အတင်းအဓမ္မ တိုးဝင်လာလျှင် စံအိမ် ရုန်းဖို့ ကြိုးစားပေမယ့် ဘယ်တုန်းက ရဖူးလို့လဲ။
"စံအိမ်..."
သူမ နားရွက်ဖျားနားလေးသို့ တိုးကပ်စွာ ခေါ်လိုက်တဲ့ သူ့အသံက
အက်ကွဲစွာ ထွက်ပေါ်လာကာ သူ့ လက်မောင်းကြီးများက စံအိမ့်ကို သူ့ ရင်ခွင်ထဲသို့ အတင်း ဆွဲကပ်ထားသဖြင့်၊ စံအိမ့် နောက်ကျောနှင့် သခင့် ရင်ဘတ်က ကွက်လပ် မကျန်တော့လောက်အောင် ပူးကပ်နေ လေသည်။
"လွှတ်... အခုချက်ချင်း လွှတ်စမ်း "
စံအိမ်က သားလေး နိုးသွားမှာစိုးတာ ကြောင့် အသံကို တတ်နိုင်သမျှ နှိမ့်ကာ သူမ ခါးကို ဖက်ထားသော သခင့် လက်မောင်းကြီးများကို အတင်း ဆွဲခွာရန် ကြိုးစားလိုက်ပေမယ့် ဘယ်လိုမှကို မရပေ။
"လွှတ်လို့ ကျွန်မပြောနေတယ်လေ။ "
"မလွှတ်ဘူး... တစ်သက်လုံး မလွှတ်ပေးနိုင်ဘူး။"
သခင်က ရူးသွပ်နေသော လူတစ်ယောက်လို စံအိမ့် ဆံပင်များကြားထဲသို့ မျက်နှာအပ်ကာ တိုးတိုးလေး ရေရွတ်နေမိကာ သူ့အသက်ရှူငွေ့ နွေးနွေးများက စံအိမ့် လည်ပင်းသားလေးများကို ရိုက်ခတ်နေ၏။
" ရှင်... ရှင် လူယုတ်မာ ... အခုချက်ချင်း ကျွန်မကို လွှတ်
ရှင် အရင်တုန်းက အကျင့်မပျောက်သေးဘူးပဲ။ "
စံအိမ်က ဒေါသတကြီးဖြင့် သခင့် ရင်ခွင်ထဲမှ ရုန်းထွက်ရန် တံတောင်ဆစ်ဖြင့် နောက်သို့ ပြင်းပြင်းထန်ထန် တွတ်ပစ်လိုက်သည်။ သို့သော် သခင်က နည်းနည်းလေးမျှပင် ရွေ့မသွားပဲ သူမ ကိုယ်လုံးလေးကို ကုတင်ဘေးမှနေ၍ အခန်း နံရံဘက်ဆီသို့ အတင်း ဆွဲလှည့်ကာ၊ သူမ ကျောပြင်ကို နံရံနှင့် ကပ်လိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ထောက်ကာ ပိတ်လိုက်၏။
"မင်း တခြား ယောက်ျား တစ်ယောက်နဲ့ လက်ထပ်တော့မယ် ဆိုတာ... တကယ်ပဲလား။"
သခင့် အသံက ဒေါသကြောင့်ရော၊ နာကျင်မှုကြောင့်ပါ
တဆတ်ဆတ် တုန်ယင်နေလေသည်။
"ဟုတ်တယ်။"
"လုံးဝ ခွင့်မပြုနိုင်ဘူး။ မင်းက ကိုယ်မိန်းမပဲ။ ကိုယ် မကောင်းခဲ့တာကိုယ်သိတယ်။ ကိုယ် မှားခဲ့တာ ကိုယ် သိတယ်။ ဒါပေမယ့် မင်းကို ဆုံးရှုံးရမယ် ဆိုရင်တော့... ငါ ရူးသွားလိမ့်မယ်။ ကိုယ်တို့ ပြန်ပေါင်းရအောင် စံအိမ်... အရင်လို ဒီအိမ်လေးမှာ သားလေးနဲ့ အတူတူ နေကြရအောင်... နော်..."
"ရှင်ရူးနေလား ... ကျွန်မ လက်ထပ် အွန့် "
သူမထံမှ စကားမဆုံးခက်မှာပင်သခင် စံအိမ့် ခေါင်းနောက်ဘက်ကို လက်တစ်ဖက်ဖြင့် အတင်း ဆွဲဖမ်းလိုက်ပြီး သူမ နှုတ်ခမ်းဖျားဆီသို့ သူ့ နှုတ်ခမ်းများကို အကြမ်းပတမ်း ဖိကပ်ချလိုက်လေတော့သည်။
"အွန်း...အွတ်... ဖယ်..."
စံအိမ် မျက်လုံးများ ပြူးကျယ်သွားရပြီး သူ့ရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် အစွမ်းကုန် တွန်းထုတ်လိုက်ပေမယ့် ဘယ်လိုမှမရပေ။
သခင် သူမ နှုတ်ခမ်းဖူးလေးအား မလွှတ်တမ်း ငုံထွေးစုပ်ယူနေလျှင်
စံအိမ် ရုန်းကန်ရင်း သူ့ အောက်နှုတ်ခမ်းကို သွားဖြင့် အားကုန် ကိုက်ပစ်လိုက်လေသည်။
"အ့"
သွေးညှီနံ့က နှစ်ယောက်စလုံး၏ ပါးစပ်ထဲသို့ ပျံ့နှံ့သွားသော်လည်းသခင် လွှတ်မပေးပဲ နာကျင်မှုကို လျစ်လျူရှုကာ သွေးထွက်နေသော နှုတ်ခမ်းဖြင့်ပင် စံအိမ့်ကို ပို၍ နက်ရှိုင်းကြမ်းတမ်းစွာ ဆက်လက် နမ်းရှိုက်သည်။ စံအိမ့် လက်သီးဆုပ်လေးများက သခင့် ကျောပြင်နှင့် ရင်ဘတ်ကို အဆက်မပြတ် ထုရိုက်နေသော်လည်း သခင် သူမကို ယ်လုံးလးကို သူ့ ရင်ခွင်ထဲတွင် ထည့်ထားကာ လွတ်မြောက်ခွင့် မပေးတော့ပေ။
ကုတင်ပေါ်တွင် အပြစ်ကင်းစင်စွာ အိပ်မောကျနေသော သားလေး အနီးတွင် သူတို့နှစ်ယောက်ကတော့ အချစ်မုန်တိုင်းတွေ ထန်နေတော့သည်။
"အွန်း... ဟင့်..."
နောက်ဆုံးတွင် စံအိမ် မရုန်းနိုင်တော့ဘဲ သူမ လက်များက သခင့် ရင်ဘတ်ပေါ်မှ အောက်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားလေသည်။ သူမ မျက်ဝန်းထောင့်မှနေ၍ ပူနွေးသော မျက်ရည်ပေါက်များက ပါးပြင်တစ်လျှောက် စီးကျလာပြီး သခင့် မျက်နှာပေါ်သို့ပါ စိုစွတ်သွားစေသည်။
ထိုမျက်ရည်များ၏ အထိအတွေ့ကြောင့်သာ သခင် ရုတ်တရက် အသိဝင်လာပြီး၊ သူမ နှုတ်ခမ်းများကို အတင်းအဓမ္မ သိမ်းပိုက်ထားရာမှ အနည်းငယ် ခွာပေးလိုက်၏။
သို့သော် လွှတ်တော့ မပေးသေးပေ။
"ဟင်း... ဟင်း..."
စံအိမ် နံရံကို မှီထားရင်း အသက် လုရှူနေရသည်။ သူမ ရင်ဘတ်လေးက နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး၊ ကိုက်ခံထားရသဖြင့် သွေးစို့နေသော သခင့် နှုတ်ခမ်းအောက်တွင် သူမ နှုတ်ခမ်းဖူးဖူးလေးများမှာလည်း ရဲကာ ဖူးယောင်နေပြီဖြစ်၏။
သခင် သူ့ နဖူးကို စံအိမ့် နဖူးလေးနှင့် အတင်း ဖိကပ်ထားကာ သူ့ အသက်ရှူသံ ပြင်းပြင်းများက စံအိမ့် မျက်နှာပေါ်သို့ ရိုက်ခတ်နေပြီး၊မျက်ဝန်းများက နီရဲနေလေသည်။
"ကိုယ့်ကို မထားခဲ့ပါနဲ့။ မင်းကို တခြားလူ လက်ထဲ ဘယ်တော့မှ အပါမခံနိုင်ဘူး..."
သူ့အသံက တုန်ယင်အက်ကွဲနေကာ စံအိမ် မျက်လုံးအစုံကို မှိတ်ချလိုက်သည်။
သူမ ဆက်ပြီးသား ခေါင်းမာနေလျှင် နေမင်းသခင်က သူမကိုရော၊ သားလေးကိုပါ ပေးထွက်မည် မဟုတ်သည်ကို သေချာပေါက် သိလိုက်၏။
သားလေးသာ ဒီအခြေအနေကို နိုးလာပြီး မြင်သွားပါက ကလေး စိတ်ဒဏ်ရာ ရသွားနိုင်သည်။
စံအိမ်က စိတ်ကို တင်းကာ၊ မျက်လုံးကို ပြန်ဖွင့်လိုက်၍ မျက်ရည်များ ကြားမှ သခင့်ကို တည့်တည့် စိုက်ကြည့်လိုက်ပြီး...
"ရှင် လိုချင်တာ အဲ့ဒါ မဟုတ်လား။
ရတယ်... ကျွန်မ တခြားသူနဲ့... လက်မထပ်ပါဘူး။"
စံအိမ်က အံကြိတ်ကာ ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် သခင့် တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားပြီး၊ သူမ ခါးကို တင်းကျပ်စွာ ဖက်ထားသော လက်မောင်းကြီးများက အနည်းငယ် လျော့ရဲသွား၏။
"မင်း... မင်း တကယ် ပြောတာလား ... မင်း သူ့ကို လက်မထပ်ဘူးဆိုတာ တကယ်လား။"
သူ့ မျက်ဝန်းထဲတွင် အရောင်တစ်မျိုး လက်သွားပြီး ဒေါသများ နေရာတွင် မျှော်လင့်ချက် ရောင်ခြည်များက ချက်ချင်း အစားထိုး ဝင်ရောက်လာ လေသည်။
"ဟုတ်တယ်... ကျွန်မ လက်မထပ်ဘူး။"
စံအိမ်က ခေါင်းကို တစ်ချက် ညိတ်ပြလိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် အိပ်မောကျနေဆဲ ဖြစ်သော သားလေးဆီသို့ အကြည့်လွှဲလိုက်ပြီး၊ လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းကာ ဆက်ပြောလိုက်၏။
"ပြီးတော့... ရှင် သားလေးကို တွေ့ချင်ရင်... လာတွေ့လို့ ရတယ်။ "
"စံအိမ်..."
သခင် သူမအား မယုံနိုင်စွာ ကြည့်လိုက်မိကာ မျက်ရည်များစီးကျနေသော သူမ ပါးပြင်လေးအား ခပ်ဖွဖွပွတ်သုတ်ပေးလိုပ်၏။
"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်တယ် ... ကိုယ် ..."
"ကျွန်မ ကတိပေးပြီးပြီ ... ဒါကြောင့်..."
စံအိမ် သခင့် စကားကို ဖြတ်ပြောလိုက်ပြီး သူမ ပါးပြင်ပေါ်ရှိ သခင့် လက်ကို ဖယ်ရှားပစ်လိုက်သည်။
"အခု ကျွန်မတို့ကို ပြန်ခွင့်ပေးပါ ...သားလေး နိုးလာလို့ ဒီလို ပုံစံမျိုးတွေ မြင်သွားတာ ကျွန်မ မလိုလားဘူး။"
"..."
ထိုအခါ သခင် သက်ပြင်း တစ်ချက်ကို ခပ်လေးလေး ချလိုက်၏။
သူ လိုချင်သော ကတိကို ရသွားပြီ ဖြစ်၍ အချိန်ယူပြီး သူမ နှလုံးသားကို ပြန်လည် သိမ်းပိုက်ရမည်ကို သူ သိလိုက်သည်။
သခင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ပြီး စံအိမ့်ကို လမ်းဖယ်ပေးလိုက်၏။
သူဖယ်သွားသည်နှင့် တစ်ပြိုင်နက် စံအိမ် သူ့ကို တစ်ချက်မှ လှည့်မကြည့်တော့ဘဲ ကုတင်ဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
"သားသား... သားလေး..."
စံအိမ် ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်နေသော သားလေးရဲ့ကိုယ်လုံးလေးကို ပွေ့ချီပြီး ထွက်ခဲ့လိုက်၏။
နေမင်းသခင်ကတော့ အခန်းထောင့်ကနေ သားလေးကို ပွေ့ချီကာ အခန်းပြင်သို့ ထွက်သွားသော စံအိမ့် ကျောပြင်လေးကို ငေးကြည့်ရင်း အပြုံးတစ်ခုက ခပ်ရေးရေး ထင်ဟပ်နေလေတော့သည်။
အပိုင်း (၄၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)