"ကိုယ့် ရုံးခန်းထဲ လိုက်ခဲ့ ... မင်းတို့သူဌေးကို တင်ပြရမယ့် ရှယ်ယာအချက်အလက်တွေလာယူ။ "
သခင်က ပြောပြောဆိုဆိုနှင့်ပင် လှည့်ထွက်သွားရာ စံအိမ် နေရာတွင်ပင် ရပ်နေမိသည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသော်လည်း ကျဆင်းမလာစေရန် အံကို တင်းတင်းကြိတ်ထားလိုက်ရ၏။
ထို့နောက် တစ်ရုံးလုံး၏ တီးတိုး စူးစမ်းနေသော အကြည့်များကို လျစ်လျူရှုကာ သခင့် နောက်သို့ ခေါင်းငုံ့ပြီး လိုက်ပါသွားခဲ့ရသည်။
ရုံးခန်းထဲသို့ ရောက်သည်နှင့်...စံအိမ် ခြေလှမ်းအနည်းငယ် ဝင်ရုံရှိသေး သူမ နောက်ကျောဘက်မှ တံခါးကြီးက "ဂျက်" ခနဲ လော့ခ်ချပိတ်လိုက်သံကို ကြားလိုက်ရကာစံအိမ် လန့်ဖျပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင်... တံခါးကို မှီရပ်နေသော သခင့်ကို မြင်လိုက်ရလေသည်။ ထို့နောက် သခင်က သူမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် တည့်မတ်စွာ လျှောက်လာလျှင် စံအိမ် နောက်သို့ ဆုတ်လိုက်၏။
"ရှင်... ရှင်... ဘာလုပ်မလို့လဲ။"
"..."
သခင်က ဘာမှ ပြန်မဖြေဘဲ သူမ လက်ကောက်ဝတ် သေးသေးလေးကို သူ့ လက် အတင်းအကျပ် ဖမ်းဆုပ်လိုက်ပြီး၊ ဘေးရှိ နံရံဆီသို့ ကြမ်းတမ်းစွာ တွန်းကပ်လိုက်လေသည်။
"အ့..."
စံအိမ့် ကျောပြင်က နံရံနှင့် ကပ်သွားပြီး၊ သခင့် ကိုယ်လုံးကြီးက သူမ ရှေ့တည့်တည့်သို့ အလွန် နီးကပ်စွာ ရောက်ရှိလာကာ သူ့လက်နှစ်ဖက်က စံအိမ့် ခေါင်းဘေး တစ်ဖက်တစ်ချက်စီရှိ နံရံကို ထောက်ထားလိုက်သဖြင့် စံအိမ်မှာ သခင့် ရင်ခွင်ထဲတွင် လုံးဝ ပိတ်မိသွားတော့သည်။
" ဘာလို့ တခြားကောင်တွေ ရှေ့မှာ အဲ့ဒီလောက်တောင် အပြုံးတွေ ပေါလွန်းနေရတာလဲ။ ကိုယ့်ရှေ့မှာကျတော့ ကျားမလေးလို အမြဲတမ်း မာန်ဖီနေပြီး... "
"ဖယ်... ဖယ်ပေး။
ဘာအလုပ်မှ မရှိရင် ကျွန်မသွားတော့မယ်။ "
စံအိမ်က ဒေါသတကြီးဖြင့် သခင့် ရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် အတင်း တွန်းထုတ်လိုက်ပေမယ့် မာကျောသော ထိုရင်အုပ်ကြီးက တစ်လက်မလေးမျှပင် ရွေ့လျားမသွားပေ။
"ဘာလို့ အဲ့ကောင်ကို ပြုံးပြတာလဲ။ "
သခင် စံအိမ့် မျက်နှာလေးဆီသို့ ပိုငုံ့ချလိုက်ကာ သူမ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"ရှင် ဘာဖြစ်နေတာလဲ ... ကျွန်မ ဘာလုပ်လုပ် ရှင်နဲ့ဘာဆိုင်လို့လဲ။ "
"ဆိုင်တယ် ... မင်းက တခြားယောကျ်ား တစ်ယောက်ကို ပြုံးပြနေတာ ကိုယ်မကြည့်နိုင်ဘူး။ မင်းက တခြားကောင်နဲ့ ရယ်မောနေတာ ငါ သည်းမခံနိုင်ဘူး...မင်းက ကိုယ့်ကို မုန်းနေတယ် ဆိုတဲ့ အသိက... ကိုယ့်ကို နေ့တိုင်း သတ်နေတာ... မင်း သိလား။"
သခင့် အသံကြီးက ဒေါသတကြီး အော်ဟစ်နေရာမှ ရုတ်တရက် အက်ကွဲကာ တိမ်ဝင်သွားလေသည်။ သူ့ရဲ့ နီရဲနေသော မျက်ဝန်းများထဲတွင် မျက်ရည်စအချို့ပင် ရစ်ဝဲလာ၏။
သခင် စံအိမ့် မျက်နှာလေးကို သူ့လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆွဲကိုင်လိုက်ကာ သူ့အကြည့်များက စံအိမ့်ရဲ့ တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းဖူးဖူးလေးများဆီသို့ ရောက်ရှိသွားလေသည်။ ထိုအခိုက်အတန့်တွင် သူ့ ဦးနှောက်ထဲတွင် မည်သည့် အသိတရားမှ မကျန်တော့ပဲ သူမ နှုတ်ခမ်းဖူးဖူးလေးအား စုပ်ယူနမ်းရှိုက်လိုက်၏။
ထိုနှုတ်ခမ်းလေးများကို သူ အပိုင်စား လိုချင်သည်။
သူ ရူးမတတ် လွမ်းဆွတ်ခဲ့ရသော ထိုအထိအတွေ့ကို သူ ပြန်လိုချင်သည်။
"အွန့် ... ဟင့်အင်း လွှတ် အွန့် "
"ပြွတ်စ် ပြွတ်စ် ပြွတ် "
သူမ ဘယ်လိုရုန်းရုန်း သူ့အနမ်းကြမ်းများက စံအိမ့် နှုတ်ခမ်းတစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ကြမ်းတမ်းနေလေ၏။
"အွန့် ... ပြွတ်စ် ... ပြွတ် "
နှုတ်ခမ်းတစ်ခုလုံးကို မလွှတ်တမ်းဆွဲငုံနမ်းရှိုက်နေပြီး အလွမ်းတွေကို အတိုးချနေမိသည်။
သူအရမ်းလွမ်းနေခဲ့တာ ...
"အွန်း ... လွှတ် ... ပြွတ် "
စံအိမ့် လက်သီးဆုပ်လေးတွေက သူ့ရင်ဘတ်ပေါ်သို့ ကျရောက်လာလျှင် ဆွဲချုပ်ထားလိုက်ကာ နှုတ်ခမ်းလေးကိုပဲ ဆက်လက်နမ်းရှိုက်ပစ်သည်။
နှုတ်ခမ်းကိုနမ်းပြီသည်နှင့် မျက်နှာတစ်ပြင်လုံးကိုပါ လိုက်လံနမ်းရှိုက်လိုက်သေး၏။
သူ့နှုတ်ခမ်းတွေကို သူမပါးပြင်လေးပေါ်သို့ တိုးဝှေ့နမ်းရှိုက်ချိန်မှာတော့ စိုစွတ်စွတ် မျက်ရည်စီးကြောက်းလေးနှင့် ထိတွေ့လိုက်ရကာ
လျှာနှင့် သပ်သိမ်းပေးလိုက်သည်။
အတန်ကြာသည်အထိ သူအားရအောင် နမ်းရှိုက်ပြီးမှ လွှတ်ပေးလိုက်လျှင် ချက်ချင်းပဲ သူ့ပါးပြင်ပေါ်သို့ လက်ဖဝါးနုနုလေးက အရှိန်အဟုန်နှင့် ထိခတ်သွားတော့သည်။
"ဖြန်း ..."
"အဟွန်း "
ဒါကို သူလည်းတွေးပြီးသားမို့ လျှာကို ပါးစောင်မှာ ထိုးပြီးသာ မျက်ရည်တွေရွှဲနေတဲ့ သူမမျက်နှာနုနုလေးအား ပြုံးပြီး စိုက်ကြည့်လိုက်သည်။
တကယ်ဆိုရင် သူမ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေကို သူသုတ်ပေးချင်သေးတာပါ။
_______________
"စံအိမ်..."
မင်းသီဟ ခေါ်သံကြောင့် စံအိမ် အသိပြန်ဝင်လာပြီး သက်ပြင်းတစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်လိုက်သည်။
"တောင်းပန်ပါတယ် ကိုကို... စံအိမ့်ကြောင့် ကိုကိုပါ ပြဿနာ ကြားထဲ ပါသွားရပြီ။ "
"ဘာမှ မဖြစ်ဘူး ... လာ... အိမ်ထဲ အရင် ဝင်ရအောင်။ ကိုကို ညီမလေးကို ပြောစရာ ရှိတယ်။"
"ဟုတ် "
ဒီနေ့ စံအိမ်တို့ အိမ်ရှေ့ နေမင်းသခင်ရောက်လာချိန် မင်းသီဟကလည်းရောက်လာပြီ နေမင်းသခင်က နေထိုက်စံလေးရဲ့ အဖေမှန်းသိသွားပြီး မင်းသီဟက သခင့်ကို ထိုးကြိတ်ကာ ရန်ဖြစ်ကြခြင်းပင်။
အိမ်ခန်းထဲသို့ ရောက်လျှင် စံအိမ် မင်းသီဟအတွက် ရေအေးတစ်ခွက် ခပ်ပေးလိုက်ကာ မင်းသီဟက ရေခွက်ကို လှမ်းယူလိုက်သော်လည်း မသောက်သေးဘဲ၊ စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသော စံအိမ့်ကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ ငေးကြည့်နေမိပြီးမှ ...
"စံအိမ်..."
"ဟုတ် "
"အဲ့ကောင်နဲ့ပြန်ဆုံနေတာ ကြာပြီလား။ "
"ဟို ... အရမ်းတော့မကြာသေးပါဘူး။ "
"အခုလိုပဲ အမြဲတမ်းလာနှောက်ယှက်နေတာလား။
မဖြစ်ပါဘူး ... ညီမလေးတို့ကို အိမ်ပြောင်းဖို့ ကိုကိုစီစဉ်ပေးမယ်။
အခုလောလောဆယ်တော့ ကိုကို့အိမ်မှာ လာနေလိုက်။ "
"ရပါတယ် ... စံအိမ်တို့အတွက် ဒုက္ခမခံပါနဲ့။ "
"ကျစ် ဒီနေ့ကိစ္စ... ဟိုကောင် နောက်တစ်ခါ ထပ်ရောက်လာဦးမယ် ဆိုတာ သေချာ တယ်။ အလွယ်တကူ လက်လွှတ်မယ့် ပုံ မပေါ်ဘူး။"
"စံအိမ် သူ့ကို ဂရုမစိုက်ဘူး ကိုကို။"
"ညီမလေး ဂရုမစိုက်ပေမယ့် ကိုကို ဂရုစိုက်တယ် "
မင်းသီဟက အသံကို အနည်းငယ် မြှင့်လိုက်ပြီး၊ ဆိုဖာပေါ်မှ ရှေ့သို့ ကိုင်းကာ စံအိမ့် မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး... မင်း သားလေးအတွက် ရုန်းကန်ခဲ့ရတာတွေကို ကိုယ့် မျက်စိရှေ့မှာ အမြဲတမ်း မြင်တွေ့ခဲ့ရတာပါ။ မင်း ပင်ပန်းလွန်းလို့ မူးလဲသွားတဲ့ အချိန်တွေ၊ ကလေး နေမကောင်းလို့ မင်း ငိုခဲ့ရတဲ့ အချိန်တွေ... အဲ့ဒီ အချိန်တိုင်းမှာ ကိုယ့် ရင်ဘတ်ထဲက ဘယ်လောက်တောင် နာကျင်ခဲ့ရလဲ မင်း သိလား။"
စံအိမ် ဆတ်ခနဲ ဖြစ်သွားရပြီး မင်းသီဟကို မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်လိုက်မိသည်။
"ကိုကို..."
"ခဏလေး... ကိုယ် ပြောတာ ဆုံးအောင် နားထောင်ပေးပါ "
မင်းသီဟက အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး၊ နှစ်ပေါင်းများစွာ ရင်ထဲတွင် မြိုသိပ်ထားခဲ့ရသော စကားလုံးများကို ဖွင့်ဟလိုက်လေတော့သည်။
"ကိုကို ညီမလေးကို ချစ်တယ် ... အခုမှလည်းမဟုတ်ပါဘူး။
ကလေးဘဝကတည်းက ချခဲ့ရတာပါ။ဒါပေမယ့် အဲ့အချိန်က
မပြည့်စုံတဲ့ဘဝမျိုးနဲ့ ကိုယ်မင်းကို အရောင်မဆိုးရက်ခဲ့ဘူး။
ပြန်တွေ့တဲ့အချိန်ကျပြန်တော့လည်း ညီမလေးမှာ အတိတ် အနာတရတွေ ရှိတယ် ဆိုတာ သိလို့...ကိုကို မင်းကို ဖွင့်မပြောဘဲ အစ်ကို တစ်ယောက်လိုပဲ အနားကနေ စောင့်ရှောက်ပေးခဲ့တယ်။ ဒါပေမယ့်..."
မင်းသီဟက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး...
"ဒီနေ့ ဟိုကောင် မင်းရှေ့ကို ပြန်ရောက်လာတာကို မြင်လိုက်ရတော့ကိုကို လုံးဝ သည်းမခံနိုင်တော့ဘူး။ မင်းကို နောက်ထပ် တစ်ကြိမ် အနာတရ အဖြစ်မခံနိုင်တော့ဘူး။ ကိုယ့်ကို အခွင့်အရေး တစ်ခု ပေးပါ ။ ညီမေလးနဲ့ သားလေးကို ကိုကို တစ်သက်လုံး ကာကွယ် စောင့်ရှောက်ပေးပါရစေ။ မင်းရဲ့ ဘဝမှာ လိုအပ်နေတဲ့ ခွန်အား တစ်ခု၊ သားလေး လိုအပ်နေတဲ့ ဖခင် တစ်ယောက် အဖြစ်...ကိုကို နေပေးပါရစေ။ ကိုယ့်ကို လက်ထပ်ခွင့်ပေးပါ။ "
မင်းသီဟ နှုတ်မှ ထွက်ပေါ်လာသော စကားများကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားကာစံအိမ့် တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားရသည်။
ကိုကိုက ယောက်ျားကောင်း တစ်ယောက် ဖြစ်သည်။ ရုပ်ရည်၊ အလုပ်အကိုင်၊ စိတ်ထား အဘက်ဘက်မှ ပြည့်စုံပြီး သူမအပေါ်တွင်လည်း ကျေးဇူးအများကြီးရှိခဲ့သူဖြစ်ကာ မည်သည့် မိန်းကလေးမဆို လက်ခံချင်စရာ ကောင်းသော အရာရာ ပြည့်စုံသည့် ယောက်ျားကောင်းတစ်ယောက်ပင်။
သို့သော်... စံအိမ့် ရင်ထဲတွင်တော့ မည်သည့် လှုပ်ခတ်မှု၊ မည်သည့် ရင်ခုန်မှုမျှ ဖြစ်မလာခဲ့ပေ။
ထိုအစား ... ကိုကို ထိုးလိုက်တာကြောင့် မျက်နှာတစ်ပြင်လုံး ဖူးယောင်သွားသည့် သခင့်မျက်နှာကိုသာ ပြန်မြင်ယောင်လာ၏။
'ဘာလို့လဲ...'
စံအိမ်က ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိသည်။ သခင့်ကို သူမ အသေအလဲ မုန်းပါသည်။ ရွံပါသည်။ သို့သော် အဘယ်ကြောင့် အခြား ယောက်ျားတစ်ယောက်ကို လက်ခံရန် တွေးလိုက်တိုင်း၊
သခင့် မျက်နှာက အရင်ဆုံး ပိတ်ထားရတာလဲ။
"စံအိမ်... ချက်ချင်း အဖြေမပေးလည်း ရပါတယ်။
ကိုယ် စောင့်..."
"တောင်းပန်ပါတယ် ကိုကို။"
စံအိမ်က မျက်လွှာကို ချလိုက်ပြီး ...
"ကိုကို့ရဲ့ မေတ္တာတွေ၊ စေတနာတွေ အတွက် စံအိမ် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကိုကိုက လူကောင်း တစ်ယောက်ပါ။ ကိုကို့ လို လူမျိုးက အရာရာ ပြည့်စုံပြီး အနာအဆာ ကင်းတဲ့ မိန်းကလေး တစ်ယောက်နဲ့ပဲ ထိုက်တန်တာပါ။ စံအိမ်လို မိန်းမ တစ်ယောက်နဲ့ မထိုက်တန်ပါဘူး။"
"ညီမလေး ... ကိုကိုက အဲ့ဒီလို..."
"စံအိမ် သိပါတယ် ကိုကို။"
စံအိမ် ခေါင်းကိုခါယမ်းလိုက်ပြီး မျက်ရည်များ ဝေ့ဝဲနေသော မျက်လုံးများဖြင့် မင်းသီဟကို မော့ကြည့်လိုက်သည်။
"စံအိမ့် နှလုံးသားက သေဆုံးသွားခဲ့ပါပြီ ကိုကို။ "
စံအိမ် သူမ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်ရင်း၊ နာကျင်စွာ ပြုံးလိုက်မိသည်။
"စံအိမ့် နှလုံးသားက ဘယ်သူ့ အတွက်မှ နေရာ မရှိတော့ပါဘူး။ လသားလေး တစ်ယောက်တည်းကလွဲပြီး နောက်ထပ် ယောက်ျား တစ်ယောက်ကို စံအိမ့် ဘဝထဲ ဆွဲသွင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ စံအိမ့်ကို အရင်ကလိုပဲ ညီမလေး တစ်ယောက်လိုပဲ ဆက်ပြီး သဘောထားပေးပါ ကိုကို။"
"..."
မင်းသီဟ နာကျင်စွာ ပြုံးလိုက်ပြီး ဆိုဖာပေါ်မှ မတ်တတ်ရပ်လိုက်ကာ သူမ ဆံပင်လေးများကို ဖွဖွလေး သပ်ပေးလိုက်လေသည်။
"ကိာကို နားလည်ပါပြီ ... ညီမလကို ကိုကို ထပ်ပြီး ဖိအားမပေးတော့ပါဘူး။ ဒါပေမယ့်... ဘာပဲဖြစ်ဖြစ် ကိုကိုကတော့ ညီမလေးတို့ သားအမိကို အမြဲတမ်း ကာကွယ်ပေးသွားမယ့် လူတစ်ယောက် အနေနဲ့ ဆက်ရှိနေမှာပါ။ ဘာ အကူအညီ လိုလို ကိုကို့ကို အချိန်မရွေး ပြောလို့ ရပါတယ် နော်။"
"ကျေးဇူးတင်ပါတယ် ကိုကို... တကယ်ကို ကျေးဇူးတင်ပါတယ်။"
"ကျေးဇူးတွေ မလိုပါဘူးဆိုကွာ ... ကိုကို ပြန်တော့မယ်နော်။ "
"ဟုတ် "
အပိုင်း (၃၈) ဆက်ရန် ...
(Up မမှန်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်
နောက်ရက်တွေ မှန်မှန်တင်ပေးပါ့မယ်နော်)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)