"ချို...''
ချိုဆိုတဲ့ အသံနက်ကြီးနဲ့အတူ နိုးထလာတဲ့ ကောင်းသန်ကိုကိုကြောင့် ချိုလဲ လန့်နိုးသွားရ၏။မီးအိမ်ကို အရင်ဆုံးဖွင့်လိုက်ပြီး
"မောင် အိပ်မက်ဆိုးတွေမက်လို့လား..''
ချိုဟာ စိုးရိမ်တကြီးနဲ့ ပြောရင်း ချွေးစေးတွေ ထွက်နေသော ကောင်းရဲ့မျက်နှာကိုမြင်၍ စိတ်ပူသွားလေတော့သည်။
"မောင့်အိပ်မက်ထဲမှာလေ.. မောင်ဟာ ခေါင်းမှာပတ်တီးကြီးနဲ့ဖျားနေတာတဲ့..ချိုက မောင့်ကို ရေသဘတ်တိုက်နေတာကို မြင်ရတယ်။ပြီးတော့ ချိုဟာ မောင့်ကိုစကားတွေပြောပြီး အခန်းထဲက ထွက်တယ်။အဲဒါကို မောင်မခံစားနိုင်ဖြစ်သွားလို့ အိပ်မက်ထဲကချို့ကို လှမ်းဖမ်းရင်း ပျောက်သွားလို့ ခေါ်အော်မိသွားတာပဲ...''
ချိုလည်း အခုမှဘဲ သက်ပြင်းလေးချနိုင်တော့သည်။မောင်မသိလောက်ဘူး ထင်ထားတဲ့ ဒီအကြောင်းတွေကို မောင်က အိပ်မက်မက်ပါတယ် ပြောလာ၍ ပြုံးလိုက်မိသည်။အဲတုန်းက ချို့မှာ ခိုးကြောင်ခိုးဝှက်နဲ့ မောင့်ကိုစိတ်ပူပြီး သားမသိအောင် အစ်ကိုတွေမောင်တွေမသိအောင်အပြင် မောင်မသိအောင်ပါ မောင့်ဆီကို လာခဲ့ရတာကိုတွေးပြီး ရှက်မိပါလေသည်။
"အဲ့ဒါအိပ်မက်မဟုတ်ဘူး မောင်ရဲ့...မောင်နဲ့ချိုတို့ ကွားရှင်းပြီးနောက် အမှတ်မထင်ပြန်တွေ့တဲ့အချိန်မှာ ချိုကလေ မောင့်ကို ဖုန်းနဲ့ထုလိုက်လို့ မောင်ခေါင်းပေါက်သွားလို့ ခေါင်းကပတ်တီးနဲ့ဖြစ်သွားတာ...ချိုကလေ ပတ်တီးနဲ့ဆိုတော့ မောင့်ကိုစိတ်ပူသွားလို့ မောင့်ဆီကိုလာတွေ့တာမောင်ရဲ့..အဲမှာ မောင်က အနာကရှိန်ကြောင့် အဖျားတက်နေလို့ ချိုကရေသပတ်တိုက်ခဲ့ပေးရတာလေ..လုပ်ပေးပြီးတာနဲ့ မောင်မသိအောင်ပြန်လာခဲ့ရတာ..ချိုလေ မောင့်လက်ထဲမှာ မိသွားမလားဆိုပြီး စိတ်ပူခဲ့ရသေးတာ သိလား...''
"ဟောဗျာ...မောင့်မိန်းမက ချစ်ဖို့ကောင်းလိုက်တာကွာ..လာပါအုန်း..မောင့်ရင်ခွင်ထဲကို အနွေးဓာတ်လေးပေးချင်လို့...''
လက်နှစ်ဖက်ကိုလမ်းသို့ကမ်းပြီး ခေါ်နေတဲ့ ကောင်းရဲ့ရင်ခွင်ထဲကို တင်းကြပ်စွာဖက်ထားပြီး ချိုတစ်ယောက် အနမ်းတွေ ချွေပါတော့သည်။
ကောင်းသန့်ကိုကို နိုးလာတာနဲ့ အရင်လို ချို့အနိုးကိုမစောင့်တော့ဘဲ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတာနဲ့ ပန်းနဲ့နှင်းတို့နှစ်ယောက်ရဲ့ အခန်းထဲကို ဝင်လိုက်သည်။နှစ်သား အိပ်ရာအကျယ်ကြီးမှာ ခြေပစ်လက်ပစ်နဲ့ ပြည့်နေအောင် နေရာယူထားလေသည်။
"ဖေ့ဖေ့သမီးတွေက ချစ်ဖို့ကောင်းလိုက်တာ...မေမေ့ဗိုက်ထဲကနေ သိပ်ချစ်စရာကောင်းတဲ့ အရွယ်လေးထိ ဖေဖေက အနားမှာမရှိခဲ့တာကို အရမ်းနောင်တရတယ်...အခုကစပြီး ဖေဖေ့သားနဲ့သမီးတွေကို အများကြီးအတိုးချချစ်ပေါးပါ့မယ်လို့ ဖေဖေကတိပေးတယ်နော်...''
နှစ်ခြိုက်စွာ အိပ်မျောကြနေသော သမီးနှစ်ယောက်၏ ပါးပြင်လေးတွေကို မျက်ရည်တို့ကျလျက် ဖွဖွးလေး အနိုးအောင် နမ်းလိုက်သည်။အမွှာနှစ်ယောက်ရဲ့ အခန်းထဲက ပြန်ထွက်လာပြီး အောက်ကို ဆင်းလာခဲ့တယ်။မီးဖိုခန်းမှာ အိမ်ရှင်မပီပီ ချက်ပြုတ်နေသော ချိုဆီကို သွားပြီး နောက်ကနေ သူမရဲ့ခါးသိပ်လေးကို သူ့လက်များဖြင့် ဖက်လိုက်ပြီး သနပ်ခါးရနံ့တွေ ထုံမွမ်းနေသော ချို့ရဲ့ပါးလေးကို နမ်းလိုက်သည်။
"မောင် တောင်းပန်ပါတယ်..မောင်က နောက်တစ်ကြိမ် ချိုတို့သားမိကို ထားခဲ့မိသလိုဖြစ်သွားတဲ့အတွက်ပါ...''
"မောင်....မောင် အကုန်ပြန်မှတ်မိသွားပြီးလားဟင်..မောင် တကယ်မှတ်မိပြီပေါ့လေ...ချို ဝမ်းသာလိုက်တာ မောင်ရယ်..သားကတော့ သိပ့်ဝမ်းသာနေတော့မှာပဲ မောင်ရယ်...''
ချို နောက်ကိုအမြန်လှည့်လိုက်ပြီး ကောင်းရဲ့မျက်လုံးတည့်တည့်ကို ကြည့်ပြီး မျက်နှာလေးကို သူမလက်သွယ်သွယ်ကလေးနဲ့ ကိုင်ပြီး ဝမ်းသာအားရစွာ မေးလိုက်သည်။ကောင်းက ခေါင်းလေးညိတ်တဲ့အခါ ချို့မှာ မျက်ရည်တွေကျလာသည်အထိ ဝမ်းသာလုံးဆို့ရလေတော့သည်။
"သားကို အခုမပြောသေးနဲ့ဦး ချို..သားကို မောင်ကိုယ်တိုင်ပြောချင်တယ်...နောက်ပြီး ဒီနေ့က ညီမလေးရဲ့ မွေ့လေးဖြစ်တာကြောင့် ညီမလေးကိုလဲ အံ့သြသွားအောင် သားလဲ ပျော်သွားအောင် လူစုံမှ မောင်ပြန်မှတ်နေတဲ့အကြောင်း ဝမ်သာသွားအောင် လုပ်မယ်လို့မောင်စီဇစဥ်ထားတယ် ချို..''
"မောင့်သဘောပါ မောင်ရယ်...''
သူဘာပြောပြောဘာလုပ်လုပ် ချိုဟာ သူ့ကို အမြဲနားလည်ပေးတယ်။ချစ်ကြောက်ရိုသေတာ မဟုတ်ဘဲ ချစ်လွန်း၍သာ နားလည်ပေးတဲ့ အမျိုးသမီးလေးပါ။သူ့အပေါ် သိပ်ချစ်တဲ့ ချို့အပေါ်ကို လက်ပါခဲ့မိတာကို သူ့ကိုယ်သူ နောင်တရလို့မဆုံးပေ။သူရိုက်ခဲ့တဲ့ ပါးပြင်လေးကို အကြိမ်ကြိမ် နမ်းရင်း တောင်းပန်လေသည်။ငွေ့ရည် အသံပေးတော့မှဘဲ ချို့ကို ဖက်ထားတဲ့ လက်တွေကိုရုတ်သိမ်းပြီး မသိသလိုနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပါတော့သည်။
"ရေချိုးထား..ခဏနေကိုကိုနဲ့အတူတူ မွေးနေ့လက်ဆောင် သွားရွေးကြမယ်...''
"အာ..ဟုတ်သားပဲ.. ဒီနေ့က ညီမလေးရဲ့ မွေးနေ့ပဲကိုး..သတိတွေမေ့နေလိုက်တာကျန်..ကိုကို့လောက်လဲ အသက်မကြီးသေးပဲနဲ့ကိုကွယ်.....ဟိဟိ..''
"ဟာ..ဒီကောင်မလေး..သူမေ့တာကိုကွာ..ကိုကို့ကိုလာ ခလုတ်လာတိုက်ရတယ်လို့..တယ်..ခေါက်ထည့်လိုက်ရ...''
"ဟိဟိ...''
ငွေ့ရည် ချက်ပြုတ်တာကအစ ဘာတစ်ခုမှ ဝိုင်းမကူဘဲ မမပြင်ပေးထားတဲ့ ထမင်းကိုသာ စားပြီး ကိုကိုနဲ့အတူ သမီးလေးကိုပါ ခေါ်ပြီး အပြင်ထွက်လာကြသည်။အပြင်ကိုထွက်တာကတော့ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ငွေ့ရည်က ကလေးတွေနဲ့မမကိုပါ တစ်ပါတည်းခေါ်ပေမယ့် မမကတော့ အမွှာနှစ်ကို မမရဲ့မိဘတွေဆီကို ဖို့ပေးပြီးရင် ငွေ့ရည်တို့ဆီကို ဝင်လာမယ်ပြောလေသည်။
ဟိုရောက်တော့ ငွေ့ရည်လိုချင်တဲ့ ပစ္စည်းဆိုလို့ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာတော့ အိတ်လှလှလေးတွေသာ ဖြစ်လေသည်။
"ကိုကို ဒီအိတ်လေးနှစ်ခုက ညီမလေးနဲ့ဆို ဆေးပဲနော်..လှတယ်မဟုတ်လားဟင် ကိုကို...''
"အင်း..ကိုကို့ညီမလေးက လိုချင်လို့လား..''
"ဟုတ် ကိုကို...''
ငွေ့ရည်ဟာ လိုချင်တယ်လို့ ပြောလိုက်တာနဲ့ ကောင်းက အနားမှာရှိတဲ့ ဝန်ထမ်းကောင်မလေးကို ဒီအိတ်လေးတွေ ယူမယ်လို့ ပြောလိုက်တေ့ာသည်။ထိုအခါ ငွေ့ရည်ပျော်သွားတာပေါ့။ဒါပေမယ့် ကိုကို့ကို ဝန်ထမ်းကောင်မလေး ပြောလိုက်တဲ့ အိတ်ရဲ့စျေးနှုန်းတွေကြောင့် မပျော်နိုင်တော့ဘူးဖြစ်သွားရော။အဲဒါနဲ့ပဲ ငွေ့ရည်လဲ သမီးလေးချီထားတဲ့ ကိုကို့အနားကို တိုးပြီး လက်လေးကုတ်ကာ မယူတော့ဘူးဆိုပြီး ခေါင်းရမ်းပြလိုက်ပေမယ့် ကိုကိုက မျက်လုံးကလေး မှိတ်ပြီး အသာနေဆိုတဲ့ သဘောမျိုးနဲ့ ပြောလာသည်။
"ကိုကို ညီမလေးကို ဒါတကယ်ဝယ်ပေးမလို့လား..စျေးအရမ်းကြီးနော်..ညီမလေး မယူချင်တော့ဘူး..''
"ညီမလေးကိုကိုက သူဌေးကြီးပါ..အိတ်နှစ်လုံးနဲ့ မမွဲသွားဘူး..ဒီတစ်ဆိုင်လုံးတောင် ဝယ်ပေးလို့ရတယ်...''
"အွန်းပါ ကိုကိုရယ်...''
ကောင်းက အမုန်းလေးကိုချီထားပြီး ကလေးဆန်ဆန် လိုချင်တာကိုရလို့ပျော်နေသော ငွေ့ရည်ကိုကြည့်ပြီး ပြုံးလိုက် သူ့လက်ထဲ၌ သူ့ကိုပြုံးရယ်ပြနေသော အမုန်းလေးကို ကြည့်ပြီး သဘောကျလိုက်နဲ့ပါလေ။
"ဘာလိုချင်သေးလဲ..လိုချင်တာအကုန်ယူလို့ရတယ် ညီမလေး...''
"ညီမလေးက အဲ့တာကြောင့်...ညီမလေးကို အလိုလိုက်တဲ့ ကိုကို့ကို အများကြီးချစ်နေရတာ သိလား ကိုကို...''
"သိတာပေါ့ ညီမလေးရယ်..ကိုကိုကလည်း ညီမလေးကို အများကြီး ချစ်တယ်ဆိုတာကို သိထားစေချင်တယ်..''
"အွန်းပါ ကိုကို...''
ရယ်မောရင်း စကားတွေရေပက်မဝင်အောင် ပြောနေကြတဲ့ သူတို့ဆီကို အိန္ဒြေဆန်ဆန် နွဲ့နွဲနှောင်းနှောင်း ခြေလှမ်းကလေးနဲ့ တရွေ့ရွေ့လာနေသော သူမ။မြင်သူတကာရဲ့ ရင်ကိုအေးစေတဲ့ အပြုံးလွင်လွင်လေးနဲ့ သူ့ကို ပြုံးနေတဲ့ သူမဟာ သူ့ဘဝအတွက် အချစ်ဦးနဲ့အချစ်ဆုံး မိန်းကလေးဖြစ်သလို သူ့ရင်သွေးလေးတွေရဲ့မေမေပါ။
"မောင့်ဇနီးသည်လေးက လှလိုက်တာကွာ...''
"တကယ်လား မောင်..''
"တကယ်ပေါ့ ချိုရဲ့...မောင့်အတွက် မောင့်မျက်လုံးထဲမှာ မောင့်ဇနီးသည်လေးက အလှဆုံးနဲ့ ကျက်သရေအရှိဆုံးပဲ...''
ကိုကိုနဲ့မမကို ကြည့်ပြီး ငွေ့ရည်ပြုံးလိုက်မိပါတယ်။ကောင်လေးရဲ့ ချစ်တက်မှုက ကိုကိုဆီက အမွေရထားပဲကိုး။ငွေ့ရည်အပေါ်ကိုတော့မဟုတ်ပါလေ။
"မမကို မောင်က မနက်ကမှ ညီမလေး မွေးနေ့ဆိုတာ ပြောတယ်ကွယ်...ကြိုသိရင် မွေးနေ့ပွဲလေး လုပ်ပေးမလို့ကို စောစောမပြောဘူး...''
"မလိုပါဘူး မမရယ်..ငွေ့ရည်ကို လက်ဆောင်ပေးရင် ရပါပြီနော်..ဟီးဟီး.. ''
"ပေးရမှာပေါ့ ကိုယ့်ရဲ့တစ်ယောက်ထဲရှိတဲ့ ချွေးမလေးပဲဥစ္စာ...ပေးချင်လွန်းလို့ကို ဒီယောက္ခမက စီစဥ်ပြီးသွားပြီ...ပေးတဲ့လက်ဆောင်ကိုပဲ မငြင်းရဘူးနော်...''
"ဟုတ်..''
ငွေ့ရည်မွေးနေ့ကို ကိတ်ခွဲဖို့ မမက အကုန်မှာပြီးသွားပြီတဲ့လေ။မမဟာ ကောင်လေးကို ငွေ့ရည်မွေးရှိတာကို လှမ်းပြောပြီး သူ့သူငယ်ချင်းတွေကိုပါ ဖိတ်လိုက်သေးသည်။သို့သော် ကောင်လေးက သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲနဲ့ တိုက်နေလို့ သူတို့လာလို့မရကြောင်း မမပြောလေသည်။မမက အကုန်လုံးကြားရအောင် စပီကာဖွင့်ထား၍ ကောင်လေးပြောတဲ့စကားတွေကို အတိုင်းသားကြားလိုက်ရပါသည်။လက်ဆောင်လေးပဲ လှလှလေးဝယ်ပေးမှာပါတဲ့လေ။ငွေ့ရည်ကိုလဲ မွေးနေ့မှာ သူမရှိလို့ စိတ်မကောင်းဖြစ်ပါနဲ့လို့ပြောပေးခိုင်းသလို သူ့ကိုဖုန်းဆက်ပါတယ်တဲ့လေ။
"မဟုတ်သေးပါဘူး ချိုရာ...မိန်းမထက်သူငယ်ချင်းကိုပိုအရေးပေးနေတာက မဟုတ်သေးပါဘူးကွာ...မရဘူး..လာခဲ့ရမယ်လို့ ပြောလိုက်ကွာ..သားဆီကို ပြန်ဆက်စမ်းပါ ချို..''
"မဆက်ပါနဲ့ မမ...ကိုကိုရယ် ညီမလေးမွေးနေ့ကို ကြိုမပြောထားတော့ ကောင်လေးက ဘယ်သိပါ့မလဲ...ကောင်လေးမလာလဲ လက်ဆောင်ရရင် ကျေနပ်ပါပြီနော်...''
ထိုသို့ပြောလိုက်သောအခါ ကိုကိုက ခေါင်းညိတ့်ပြီး
"ညီမလေး..''
"ရှင် ကိုကို...''
"ညီမလေးကို ကိုကို ဝမ်းသာစရာသတင်းကောင်းပြောပြစရာရှိတယ်...ညီမလေး သိသွားရင်လဲ ဝမ်းသာမယ်လို့ ကိုကိုအာမခံတယ်...''
"ဟုတ်လားကိုကို..ဘာများလဲဟင်...ညီမလေးသိချင်လာပြီး မြန်မြန်ပြောပြတော့..''
ငွေ့ရည်လဲ ဝမ်းသာစရာဆိုတော့ သိချင်စိတ်က ထိန်းမရတော့ပေ။ကိုကြီးထက်ဝေယံနဲ့မမကို တစ်လှည့်ကြည့်တော့လည်း အပြုံးတွေက ဝေဆာလို့နေသည်။ထို့ကြောင့် ပို၍ရှိလာတော့သည်။
ကိုကိုပြောလာတဲ့ တကယ်ပဲ ငွေ့ရည်ဝမ်းသာမိပါသည်။ကိုကိုပြန်မှတ်မိလာတော့လဲ ကောင်လေးဟာ ငွေ့ရည်အပေါ် အမုန်းလက်တစ်ဆစ်လျော့မည်မဟုတ်ပါလား။ကိုကိုရဲ့ အချစ်တွေကို အပြည့်အဝပြန်ရတော့မည်။ကိုကိုရဲ့ သားလို့ခေါ်သံလေးကို ရေတံခွန်ရဲ့အဆက်မပြတ်စီးဆင်းသံလို တသွင်သွင် ကြားရတော့မည်လေ။
ကိုကို ပြန်မှတ်မိနေတာကို ကောင်လေးသာသိရင် အတိုင်းထက်အလွန် ဝမ်းသာနေတော့မည်ဖြစ်သည်။
"သမီးလေးကို မင်းနဲ့အချိန်နည်းနည်းလောက် အတူရှိစေချင်ပါတယ် ကောင်လေးရယ်...သမီးလေးကြီးလာခဲ့အခါ မင်းနဲ့သမီးလေးရဲ့ ကောင်းမွန်တဲ့ အမှတ်တရလေးကို ပြောပြပေးချင်လို့ပါ...ငါ့ ဆန္ဒလေးကို မင်းဖြည့်ဆည်းပေးရင် သိပ်ကောင်းမှာပဲကွယ်...''