နေဝင်ရီတရော အချိန်ရောက်လာခဲ့ပြီဖြစ်ကာ တောအုပ်ကြီးတစ်ခုလုံး မှောင်ရိပ်သန်းစ ပြုလာပြီး အပြင်ဘက်မှ ပုရစ်အော်သံ၊ ဖားအော်သံလေးများက ဆူညံစ ပြုလာသည်။
သခင် မီးမွှေးပြီး သူကိုယ်တိုင် ချက်ပြုတ်ထားသော ထမင်းနှင့် ဟင်းချိုပူပူလေးကို အဆင်သင့်ယူလာသော ပန်းကန်ထဲ ထည့်လိုက်ပြီး တောထဲက ရှာဖွေရရှိထားသော ဟင်းရွက်စုံဟင်းချိုနံ့က မွှေးပျံ့နေသော်လည်း ကွပ်ပျစ်ပေါ်တွင် လှဲနေသော စံအိမ့်အတွက်တော့ အစာစားချင်စိတ် လုံးဝမရှိ။
ယောက်ကျ်ားပေမယ့် နိုင်ငံခြားမှာ တစ်ယောက်တည်းနေခဲ့တဲ့သူမို့ ထမင်း၊ဟင်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်တတ်၏။
"ထ... ထမင်းစားမယ်"
သခင် ထမင်းပန်းကန်ကို ကိုင်ပြီး ကွပ်ပျစ်နားသို့ လျှောက်လာပေမယ့် စံအိမ်က ကျောပေးထားရာမှ လှည့်မကြည့်။
သူမ ဒီနေရာကို ရောက်နေတာ တစ်ရက်ကျော်ပြီဖြစ်ကာ ရောက်ကတည်းက ရေမှလွဲပြီး ဘာအစာမှ မစားဘဲ ဆန္ဒပြနေခြင်း ဖြစ်သည်။
"ကျွန်မ မစားဘူးလို့ ပြောထားတယ်လေ"
စံအိမ် ဗိုက်ထဲတွင် ဟာတာတာနှင့် ဆာလောင်မွတ်သိပ်နေသော်လည်း သူမ မာနက ထမင်းစားဖို့ ခွင့်မပြု။
သခင်က သက်ပြင်းတစ်ချက်ချပြီး ပန်းကန်ကို ကြမ်းပြင်ပေါ် ချလိုက်သည်။ ထို့နောက် စံအိမ့် ပခုံးကို ကိုင်ပြီး အတင်း ဆွဲထူလိုက်ပြီး ...
"မင်း ခေါင်းမမာစမ်းနဲ့ ... မင်း အစာမစားရင် အားပြတ်ပြီး သေလိမ့်မယ်။ "
"သေပါစေတော့... ရှင့်လက်ထဲမှာ နေရတာထက်စာရင် သေတာကမှ မြတ်ဦးမယ်"
စံအိမ် မျက်လုံးလေး မှေးစင်းလျက်နှင့်ပင် ခွန်းတုံ့ပြန်လိုက်သည်။ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ နှုတ်ခမ်းပါးလေးများက ခြောက်သွေ့နေတာကြောင့် သခင့်မျက်လုံးများတွင် ဒေါသအရိပ်အယောင်နှင့်အတူ စိုးရိမ်မှုများ ရောယှက်သွားရသည်။
"ကောင်းပြီ... မင်းဟာမင်းစားရင် ငါ့နည်းငါ့ဟန်နဲ့ ကျွေးရတော့မှာပေါ့"
သခင်က ထမင်းပန်းကန်ကို ပြန်ကောက်ယူလိုက်ကာ ထမင်းနှင့် ဟင်းရွက်အနည်းငယ်ကို ဇွန်းဖြင့် သေချာနယ်လိုက်ပြီး တစ်ဇွန်းစာ ခပ်လိုက်သည်။
"ပါးစပ်ဟ..."
သခင် ဇွန်းကို စံအိမ့်ပါးစပ်နား တေ့ပေးလိုက်လျှင် စံအိမ်က မျက်နှာလွှဲလိုက်ပြီး ပါးစပ်ကို တင်းတင်းစေ့ထားတာကြောင့်
သခင် စံအိမ့် မေးဖျားကို သူ့လက်ချောင်းများဖြင့် ညှစ်ကိုင်ပြီး မျက်နှာချင်းဆိုင် ပြန်ဆွဲလှည့်လိုက်ကာ ...
"ဟစမ်း ပါးစပ်ကို..."
စံအိမ် မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်ဝဲလာရင်း အံကိုတင်းတင်းကြိတ်ပြီး ခေါင်းခါငြင်းဆန်လေသည်။
"ဒါဆိုလည်း... မင်း မငြင်းနိုင်မယ့် နည်းလမ်းကို သုံးရတာပေါ့"
သခင် ခပ်ဟဟတစ်ချက်ပြုံးလိုက်ကာ ဇွန်းထဲမှ ထမင်းနှင့်ဟင်းကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်လျှင် စံအိမ် ကြောင်ကြည့်နေမိသည်။
သူ စိတ်ပျက်ပြီး သူပဲ စားတော့မှာလားဟု တွေးလိုက်မိပေမယ့်
သခင်က ထမင်းကို မမျိုချဘဲ ပါးစောင်ထဲတွင် ငုံထားရင်း စံအိမ့် ပခုံးနှစ်ဖက်ကို ဆွဲယူလိုက်သည်။
စံအိမ် ရိပ်မိလိုက်ချိန်တွင် နောက်ကျသွားလေပြီ။
"ရှင်... အွန်း..."
သခင် ခေါင်းကို ငုံ့လိုက်ပြီး သူမ နှုတ်ခမ်းများကို သူ့နှုတ်ခမ်းများဖြင့် ထပ်တူကျ ဖိကပ်ပစ်လိုက်လျှင် စံအိမ် မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ့လက်တစ်ဖက်က သူမခေါင်းကို မလှုပ်နိုင်အောင် ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူမ ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားကာ ပူနွေးစိုစွတ်သော အထိအတွေ့နှင့်အတူ သခင့်လျှာဖျားက စံအိမ့် နှုတ်ခမ်းလွှာများကို အတင်း တိုးဝှေ့ပြီး ဖွင့်ရန် ကြိုးစားလေသည်။ထိုအခါ စံအိမ်က အံကို ကြိတ်ထားကာ ပါးစပ်ကို မဖွင့်ပေးပဲနေလျှင် သခင်က စိတ်မရှည်တော့ပဲ သူမ ခါးအထက်နားကို လက်ဖြင့် ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်၏။
"အ့..."
နာကျင်သွားမှုကြောင့် စံအိမ် ပါးစပ် ဟခနဲ ဖြစ်သွားချိန်ကို သခင်က အမိအရဖမ်းကာ သူ ငုံထားသော ထမင်းများကို စံအိမ့် ပါးစပ်ထဲသို့ တွန်းပို့လိုက်သည်။
စံအိမ် ရုန်းကန်ရန်ရင်း ထွေးထုတ်ရန် ကြိုးစားသော်လည်း သခင်က
စံအိမ့်ပါးစပ်ကို အဟမခံပဲ အနမ်းများဖြင့် ပိတ်ပင်လိုက်၏။
သူ့ရဲ့ ထွက်သက်လေနွေးနွေးက စံအိမ့်ပါးပြင်ကို ရိုက်ခတ်နေကာနှုတ်ခမ်းများက စံအိမ့်နှုတ်ခမ်းများကို စုပ်ယူဖိကပ်ရင်း ထမင်းများကို မျိုချခိုင်းနေသည်။
"အွန်း... အွန်း..."
ကြာလာတော့ စံအိမ် အသက်ရှူမဝတော့ပဲ ထမင်းများကို မမျိုချလျှင် အသက်ရှူ ရတော့မှာ မဟုတ်တာကြောင့် နောက်ဆုံး မတတ်သာဘဲ လည်ချောင်းထဲသို့ မျိုချလိုက်ရသည်။
စံအိမ် မျိုချလိုက်သည်နှင့် သခင်က နှုတ်ခမ်းကို မခွာသေးဘဲ သူမ အောက်နှုတ်ခမ်းလေးကို ဖွဖွလေး ကိုက်ခဲလိုက်သေး၏။
ပြီးမှ ဖြည်းဖြည်းချင်း ခွာပေးလေသည်။
နှစ်ယောက်စလုံး အသက်ရှူသံများ ပြင်းထန်နေကြကာ စံအိမ့် မျက်နှာလေး နီရဲနေပြီး နှုတ်ခမ်းများက ရဲသွေးကြွကာ ဖူးရောင်နေ လေသည်။ သခင်ကတော့ ကျေနပ်စွာ ပြုံးလိုက်သေး၏။
"ဘယ်လိုလဲ... ဒီနည်းလမ်းက ပိုအရသာ မရှိဘူးလား"
သခင်က သူ့နှုတ်ခမ်းသူ လက်မဖြင့် သုတ်ရင်း မေးလိုက်တာက
အသံက ရှတတနှင့် ဆွဲဆောင်မှုရှိနေသည်။
"ရှင်... ရှင် တကယ်..."
စံအိမ် ပြောစရာစကား မရှိတော့။ ရှက်စိတ်နှင့် ဒေါသရောကာ တစ်ကိုယ်လုံး တုန်နေ၏။
"မဝသေးဘူးမလား... ကျန်သေးတယ်"
သခင်က ပြောပြောဆိုဆိုနှင့် နောက်ထပ် ထမင်းတစ်ဇွန်းကို ပါးစပ်ထဲ ထပ်ထည့်လိုက်ပြန်လျှင် ...
"ဟင့်အင်း... တော်ပါတော့..."
စံအိမ် အနောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း သခင်က ခွင့်မပြုပဲ ဒုတိယအကြိမ် နှုတ်ခမ်းချင်းတေ့ကာ ကျွေးပြန်သည်။
"ပေးတော့ ကျွန်မ ... ကျွန်မဟာကျွန်မ စားတော့မယ်။ "
"အဟက် ... အစကတည်းက အဲ့လို လိမ္မာရင်ပြီးရောကို။ "
နှုတ်ခမ်းကြီး တွန့်ကွေးကာ ပြောလိုက်ပုံက အမြင်ကပ်ချင်စရာ။
စံအိမ် သခင့်လက်ထဲမှ ပန်းကန်ကို ဆွဲယူလိုက်ပြီး ခေါင်းငုံ့ကာ ထမင်းများကို တလုတ်ပြီး တလုတ် ပလုပ်ပလောင်း စားနေမိသည်။ ဗိုက်ကလည်း ဆာနေသည့်အပြင် သခင် နောက်တစ်ကြိမ် ထပ်ပြီး ပါးစပ်ချင်းတေ့ကျွေးမှာကို ကြောက်တာကြောင့် ဖြစ်၏။
သခင်ကတော့ သူမဘေးနားတွင် ဒူးထောက်ထိုင်လျက် မေးစေ့ကို လက်ထောက်ကာ စံအိမ် စားနေပုံကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်။ လရောင်မှိန်ပျပျအောက်တွင် ပလုတ်ပလောင်းစားနေသော စံအိမ့်ပုံစံလေးက သခင့်မျက်လုံးထဲတွင် အသည်းယားစရာ ကောင်းလွန်းနေ၏။
"ဖြည်းဖြည်းစားပါ ... နင်ဦးမယ်။ "
သခင်က ရေခွက်ကို ကမ်းပေးရင်း ပြောလိုက်၏။ စံအိမ်ကတော့
သူ့စကားကို ဂရုမစိုက်ဘဲ ထမင်းကုန်သည်အထိ ဆက်စားလိုက်သည်။ နောက်ဆုံးထမင်းလုပ်ကို မျိုချပြီးမှ ရေခွက်ကို လှမ်းယူကာ မော့သောက်လိုက်သည်။
"၀ပြီလား..."
သခင်က ပန်းကန်ခွံကို ယူရင်း မေးလိုက်လျှင် စံအိမ် ခေါင်းညိတ်ပြလိုက်၏။ သခင်က ကျေနပ်စွာ ပြုံးလိုက်ပြီး..
.
"လိမ္မာတယ်... အဲ့ဒါမှ ကိုယ့်မိန်းမ"
သူ့စကားကြောင့်စံအိမ် မျက်စောင်းတစ်ချက် ထိုးလိုက်၏။
သခင်က ပန်းကန်များကို သိမ်းဆည်းပြီး တဲနှင့်မလှမ်းမကမ်းက စမ်းချောင်းဘက်သို့ ခဏဆင်းသွားလေသည်။ စံအိမ်ကတော့ ကွပ်ပျစ်ပေါ်တွင် ကျန်ရစ်ခဲ့ရင်း သက်ပြင်းချလိုက်မိသည်။
ဗိုက်ဝသွားတော့မှ ပင်ပန်းနွမ်းနယ်မှု ဒဏ်က ပိုပြီး သိသာလာ၏။
အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေကာ တောထဲဖြစ်တာကြောင့် ညဘက်တွင် အအေးဒဏ်က ပိုကဲသည်။ စံအိမ် လက်မောင်းလေးများကို ပွတ်သပ်ရင်း စောင်ပါးလေးကို ဆွဲယူခြုံလိုက်ပေမယ့် ချမ်းေနတုန်းပင်။
"ချမ်းနေပြီလား..."
သခင် ပြန်ရောက်လာကာ ခပ်ယဲ့ယဲ့တံခါးကို ပိတ်လိုက်ပြီး ကွပ်ပျစ်ဘေးသို့ လျှောက်လာလေသည်။
" မချမ်းဘူး"
စံအိမ် ခပ်မာမာ ပြောလိုက်ပြီး တခြားဘက်သို့ လှည့်အိပ်လိုက်သည်။ ကျောပေးထားပေမယ့် သခင့်အကြည့်တွေက သူမကျောပြင်ကို ဖောက်ထွင်းတော့မတတ် စိုက်ကြည့်နေမှန်း ခံစားနေရ၏။
"မချမ်းဘူးသာ ပြောတာ... ကိုယ်လေးက တုန်နေတာပဲ။ "
သခင့်အသံက သူမနားနား ကပ်လာလျှင် စံအိမ် ကိုယ်လေး ကျုံ့သွားရသည်။ ကွပ်ပျစ်က ကျဉ်းကျဉ်းလေးမို့ သူမတို့နှစ်ယောက်ကြား အကွာအဝေးက ဘယ်လောက်မျှမရှိ။
"ဟိုဘက် တိုးအိပ်ပါ... ကျွန်မကို လာမထိနဲ့"
"ဒီမှာ စောင်က တစ်ထည်တည်း ရှိတာနော် ... ပြီးတော့ ဒီည ရာသီဥတုက တော်တော်အေးမှာ"
သခင်က ပြောပြောဆိုဆိုနှင့် စံအိမ်ခြုံထားသော စောင်ထဲသို့ အတင်းတိုးဝင်လိုက်သည်။
"အာ... ဘာလုပ်တာလဲ ဖယ်"
စံအိမ် ရုန်းကန်သော်လည်း သခင်က သူမ ကိုယ်လုံးလေးကို အနောက်မှ သိုင်းဖက်လိုက်ကာ သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းပစ်လိုက်သည်။ သူ့ရင်ခွင်ကျယ်ကြီးက စံအိမ့်ကျောပြင်လေးနှင့် ထပ်တူကျ ကပ်သွားသည်နှင့် သူ့ကိုယ်ငွေ့နွေးနွေးက စံအိမ့်ဆီသို့ ကူးလာ၏။
"ငြိမ်ငြိမ်နေစမ်းပါ... ဘာမှမလုပ်ဘူး ဒီအတိုင်း ဖက်အိပ်မလို့"
သခင်က စံအိမ့် ပခုံးပေါ် မေးတင်လိုက်ရင်း လေအေးအေးလေး မှုတ်ထုတ်လိုက်ရာ သူ့အသက်ရှူသံ နွေးနွေးက စံအိမ့် ဂုတ်ပိုးလေးကို ယားကျိကျိ ဖြစ်လာစေသည်။
"ရှင်က လူယုတ်မာပဲ... ကတိမတည်ဘူး"
" ဘာကတိ မတည်လို့လဲ။ "
"ကွာရှင်းပေးမယ်ဆိုပြီး အခု ပြန်ပေးဆွဲလာတယ်... "
စံအိမ့်အသံလေးက ငိုသံစွက်လာလျှင် သခင် တင်းကြပ်စွာ ဖက်ထားတဲ့ လက်များကို အနည်းငယ် လျှော့ပေးလိုက်သော်လည်း လွှတ်မပေးပဲ စံအိမ့် ဆံပင်နံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ရင်း...
"ကိုယ်ယုတ်မာတာ လက်ခံတယ်... ဒါပေမယ့် အဲ့ယုတ်မာမှုတွေအကုန်လုံးက မင်းကို ချစ်လွန်းလို့ ဖြစ်လာရတာလေ"
သခင်က စံအိမ့်လက်ကလေးကို ယူပြီး သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။
"စမ်းကြည့်လိုက်... ဒီနှလုံးသားက ဘယ်လောက်တောင် ခုန်နေလဲဆိုတာ"
စံအိမ် လက်ဖဝါးအောက်တွင် သခင့်နှလုံးခုန်သံကို အတိုင်းသား ခံစားလိုက်ရသည်။
"ဒုတ်... ဒုတ်... ဒုတ်..." နှင့် မြန်ဆန်ပြင်းထန်နေသော ရင်ခုန်သံများ။
"မင်း ကိုယ့်အနားမှာ ရှိနေရင် ကိုယ့်နှလုံးခုန်သံတွေက အဲ့လိုပဲ... ဘယ်တော့မှ မငြိမ်သက်နိုင်ဘူး"
သခင့်စကားကြောင့် စံအိမ့်ရင်ထဲ လှုပ်ခတ်သွားရသည်။
သူအခုလုပ်နေတာတွေက စံအိမ့်ကို လှည့်စားနေတာလား။
ဒါမှမဟုတ် တကယ်ပဲ သူမကို ချစ်တာလား။
ဟင့်အင်း ... မသိချင်တော့ဘူး။
တကယ်ချစ်တယ်ဆိုရင်တောင် လက်စားချေလိုမှုတွေ၊အတ္တေတွ၊အငြိုးတွေပါဝင်နေတဲ့ သူ့အချစ်တွေက ဘယ်တော့မှ ဖြူစင်မှာမဟုတ်။
"အိပ်တော့... "
သခင်က ပြောပြီး စံအိမ့် ခါးလေးကို ပြန်လည် ဖက်တွယ်လိုက်ကာသူ့လက်ဖဝါးကြီးများက စံအိမ့် ဗိုက်သားပြင်လေးကို ပွတ်သပ်နေ၏။
အပြင်ဘက်တွင် လေတိုးသံ တရွှီရွှီ မြည်နေသော်လည်း စောင်တစ်ထည်အောက်က လူနှစ်ယောက်ကြားတွင်တော့ အပူဓာတ်တစ်မျိုး ဖြစ်တည်နေသည်။ စံအိမ် ရုန်းမနေတော့ပဲ တဖြည်းဖြည်းနှင့် သခင့်ရင်ခွင်၏ နွေးထွေးမှုအောက်တွင် မျက်ခွံများ လေးလံလာကာ
မအိပ်ခင် နောက်ဆုံးကြားလိုက်ရသည်က သခင့်နှုတ်ခမ်းဖျားမှ တိုးတိုးလေး ရေရွတ်လိုက်သော စကားသံဖြစ်သည်။
"ချစ်တယ်... ကိုယ့်အသက် "
ထို့နောက် သခင် သူမ နားထင်စပ်လေးကို ဖွဖွလေး နမ်းရှိုက်လိုက်၏။
အပိုင်း (၁၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)