သူမ ဆံနွယ်များက မျက်နှာပေါ်တွင် ဝဲကျနေပြီး မျက်တောင်ကော့ကော့လေးများမှာ မျက်ရည်စက်တို့ဖြင့် စိုစွတ်ကာ ကပ်နေ၏။
သူမကို သူဘယ်လောက်ကြာသည်အထိ ငေးကြည့်မိလိုက်သည်မသိ
အတန်ကြာမှ သတိဝင်လာကာ အကြည့်တို့ကို တိတ်တဆိတ်လွှဲလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ မတ်တပ်ထရပ်လိုက်သည်။
"အဟမ်း ...ထတော့..."
"..."
သူမက ဘာလဲဆိုတဲ့ပုံစံနှင့် သူ့အားကြည့်လျှင် သူလေပူတစ်ချက်မှုတ်လိုက်ပြီး အင်္ကျီလက်မှ ကြယ်သီးတို့ကို တပ်ရင်း သူမကို မကြည့်ပဲ ပြန်ဖြေ၏။
"ငါပင်ပန်းတယ် ... အိမ်မှာ သွားနားမလို့။
အမြန်ထ "
"..."
သူ့စကားအဆုံး သူမက မတ်တပ်ရပ်လိုက်ပေမယ့် နေရာမှမရွေ့ပဲ တွန့်ဆုတ်စွာ သူ့အား အဓိပ္ပါယ်တစ်မျိုးပါသော အကြည့်တို့နှင့် ကြည့်နေလျှင် သူစုပ်တစ်ချက်သပ်ကာ ...
"ဘယ်ကောင်မှ မင်းကို မကြည့်ရဲဘူး ... ကြည့်တဲ့ကောင် မျက်လုံး ဖောက်ထုတ်ပစ်မယ်"
သခင်က ပြောပြောဆိုဆိုနှင့် သူ့အနောက်မှ ကုလားထိုင်ပေါ်တွင် တင်ထားသော အနက်ရောင် ကုတ်အင်္ကျီကို ယူလိုက်ပြီး စံအိမ့်ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ကုတ်အင်္ကျီက ကြီးမားလွန်းသဖြင့် စံအိမ့် ကိုယ်လုံးလေးမှာ မြုပ်နေပြီး ဒူးခေါင်းနားအထိ ဖုံးအုပ်သွား၏။
" ပြန်မယ်"
သူမပခုံးကို သိုင်းဖက်ပြီး ရုံးခန်းတံခါးကို ဖွင့်လိုက်လျှင် တံခါးပွင့်လာသည်နှင့် အားလုံး၏ အကြည့်များက သူတို့နှစ်ဦးထံ ရောက်လာကြသည်။
သခင်က မျက်နှာထားကို တင်းမာခက်ထန်အောင် ပြင်လိုက်ပြီး စံအိမ့်ကို သူ့ရင်ခွင်ထဲသို့ အတင်းဆွဲကပ်ကာ မျက်နှာကို ကွယ်ထားလိုက်၏။
"ဘာကြည့်နေကြတာလဲ... အလုပ်လုပ်စရာ မရှိကြဘူးလား"
သခင့်အသံက တစ်ရုံးလုံး ဟိန်းထွက်သွားကာ ဝန်ထမ်းများ ပျာပျာသလဲ ခေါင်းငုံ့ကာ အလုပ်ပြန်လုပ်ကြ တော့သည်။
စံအိမ်မှာ သခင့်ရင်ခွင်ကျယ်ကြီးထဲတွင် မျက်နှာအပ်ထားရင်း ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်နေရင်းမှ သခင့် နှလုံးခုန်သံပြင်းပြင်းကိုလည်း ကြားနေရပြန်သည်။
တော်တော်စိတ်တိုနေတာပဲ ...
_____________
အိမ်ပြန်ရောက်သည်နှင့် သခင်က စံအိမ့်ကို ကားပေါ်မှ ပွေ့ချီလိုက်၏။
"အမေ့ ... ကျွန်မ ကိုယ့်ဘာသာ..."
"ကျစ် ... တိတ်တိတ်နေ "
"သူများတွေမြင်ရင် ...
"မြင်ပါစေပေါ့... ငါ့မိန်းမ ငါချီတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"
သခင်က ဂရုမစိုက်စွာဖြင့် အိမ်ပေါ်ထပ်သို့ တန်းခေါ်သွားကာ
ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေချိုးကန်ထဲတွင် ရေနွေးနွေးလေးကို ဖွင့်လိုက်၏။
နှင်းဆီရနံ့ ရေချိုးဆီမွှေးများကို ထည့်လိုက်ရာ ရေချိုးခန်းတစ်ခုလုံး မွှေးပျံ့သွားတော့သည်။
"ရေချိုးလိုက်... မင်း ကိုယ်လက်ကိုက်ခဲနေတာတွေ သက်သာသွားလိမ့်မယ်"
သခင်က ပြောပြီး ထွက်သွားမည် ထင်သော်လည်း စံအိမ့် အင်္ကျီကြယ်သီးများကို ဖြုတ်ပေးနေပြန်သည်။
"ဟင်... ရှင်...ရှင် ထွက်သွားလေ... စံအိမ့်ဘာသာ ချိုးမယ်"
"ငြိမ်ငြိမ်နေစမ်း... ငါ ချိုးပေးမယ်"
"ဟင် ..."
စံအိမ် မျက်နှာ တစ်ခုလုံး ရဲခနဲ ဖြစ်သွားရသည်။
သခင်ကတော့ စံအိမ့် အဝတ်အစားများကို တစ်လွှာချင်း ဖယ်ရှားပေးလိုက်ပြီး သူမကို ရေချိုးကန်ထဲသို့ ညင်သာစွာ ပွေ့ထည့်ပေးလိုက်၏။
ရေနွေးနွေးလေးနှင့် ထိတွေ့လိုက်ရသည့်အခါ စံအိမ် သက်ပြင်းချလိုက်မိသည်။ သခင်က ရေမြှုပ်နုနုလေးဖြင့် စံအိမ့် ကျောပြင်နှင့် လက်မောင်းများကို ဖွဖွလေး ပွတ်တိုက်ပေးနေ၏။
သူလည်း သူ့ကိုယ်သူ ဘာတွေလုပ်နေမိမှန်းမသိတော့ပါ။
"ကျစ် ... ကိုယ့်ဟာကိုယ် လုပ်တော့ "
မတ်တပ်ထရပ်ကာ သက်ပြင်းတစ်ချက်ချရင်း အပြင်သို့ ထွက်လာခဲ့လိုက်တော့သည်။
အပြင်ရောက်မှ ဘောင်းဘီအိတ်ကပ်ထဲမှ MEVIUS စီးကရက်ဘူးအားထုတ်ကာ တစ်လိပ်ထုတ်ပြီး မီးညှိလျှက် ရှိုက်ဖွာလိုက်သည်။
တစ်လွင့်လွင့်နှင့် လွင့်ပါသွားတဲ့ ဆေးလိပ်အငွေ့တွေကို လိုက်ကြည့်ရင်း သူ့အလိုအတိုင်းဖြစ်မနေတဲ့ နှလုံးသားကိုလည်း အလိုမကျဖြစ်လာခဲ့ရသည်။
____________
ဟိုတယ်ကြီးအတွင်းရှိ မင်္ဂလာညစာစားပွဲ၌ ခမ်းနားထည်ဝါသော
မီးဆိုင်းကြီးများက တောက်ပနေပြီး တယောသံသဲ့သဲ့က လေထုထဲတွင် ပျံ့လွင့်နေသည်။ သခင့်မိတ်ဆွေတစ်ယောက်ရဲ့ ပွဲဖြစ်ကာ စားပွဲဝိုင်းတိုင်းတွင် ဧည့်သည်များဖြင့် စည်ကားနေ၏။
"ဒီမှာ ငြိမ်ငြိမ်လေး ထိုင်နေ... ငါ ဟိုဘက်ဝိုင်းက သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့မယ်။"
သခင်က စံအိမ့်ပခုံးကို ခပ်ဖွဖွညှစ်ကာ မှာကြားပြီး ထွက်သွားလိုက်လျှင် စံအိမ်တစ်ယောက်တည်း စားပွဲဝိုင်းတွင် ထိုင်ရင်း ကျန်ခဲ့၏။
သူမဝတ်ဆင်ထားသော ငွေရောင်ပိုးသား ဂါဝန်ရှည်ကြီးက မီးရောင်အောက်တွင် တလက်လက် တောက်နေပြီး သူမ၏ ဖြူဝင်းသော အသားအရေနှင့် လိုက်ဖက်ညီလွန်းနေသည်။
"စံအိမ်..."
တစ်ယောက်တည်း လျှောက်ကြည့်နေမိတုန်း နောက်ပါးဆီမှ
ရင်းနှီးပြီးသား အသံတစ်ခုကြောင့် စံအိမ် လက်ထဲမှ ဖန်ခွက်လေး တုန်ခါသွားရသည်။
"ကိုထက်..."
စံအိမ် အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိပြီး ပတ်ဝန်းကျင်ကို ပျာပျာသလဲ ဝေ့ဝဲကြည့်လိုက်မိ၏။ ကံကောင်းစွာဖြင့် သခင်ကလူတစ်စုနှင့် ရယ်မောစကားပြောနေကာ သူ့အပြည့်တို့က သူမဘက်မှာ ရှိနမနေ။
"မင်း တစ်ယောက်တည်းလား စံအိမ်... နေမင်းသခင်က မင်းကို တစ်ယောက်တည်း ထားခဲ့တာလား"
အပြောနှင့်အတူ ထက်အာကာက စံအိမ့်အနားရှိ ခုံလွတ်တစ်ခုကို ဆွဲယူကာ ဝင်ထိုင်လိုက်လျှင် စံအိမ် မျက်လုံးများ ပြူးကျယ်သွားရသည်။
"အွန်း ...ကျွန်မ ဟိုဘက် ခဏ လျှောက်ကြည့်လိုက်ပါဦးမယ် "
စံအိမ် ပြောပြောဆိုဆိုနှင့် ခြေလှမ်းကျဲကြီးဖြင့် လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါ။ သူမဝတ်ထားသော ဂါဝန်ရှည်ရဲ့အနားစကို ဒေါက်ဖိနပ်ဖြင့် ပြန်နင်းမိလိုက်သလို ဖြစ်သွားကာ ...
"အ..."
စံအိမ် ခန္ဓာကိုယ်လေး ဟန်ချက်ပျက်ပြီး ရှေ့သို့ မှောက်လျက်သား လန်ကျသွားကာ ချော်လဲတော့မည့်အနေအထားမှာ ကြမ်းပြင်မာမာနှင့် ရိုက်ခတ်မိတော့မည့် အရှိန်ကြောင့် သူမ မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။
သို့သော် ထိုအစား ခိုင်မာတောင့်တင်းသော လက်တစ်စုံက သူမ
ခါးသိမ်သိမ်လေးကို လှမ်းဆွဲဖက်လိုက်ပြီး သူမ ကိုယ်လုံးလေးကို ထိန်းလိုက်၏။
"စံအိမ်... သတိထားလေ..."
ထက်အာကာက လဲကျလုနီးပါး ဖြစ်သွားသော စံအိမ့်ကို အချိန်မီ လှမ်းပွေ့ဖက်လိုက်ခြင်း ဖြစ်ကာ အရှိန်မသတ်နိုင်သေးသော အဟုန်ကြောင့် ထက်အာကာရော စံအိမ်ပါ နောက်သို့ အနည်းငယ် ယိုင်သွားပြီး စက္ကန့်အနည်းငယ်မျှ မျက်နှာချင်း နီးကပ်စွာ ပူးကပ်သွားကြသည်။
စံအိမ် လက်နှစ်ဖက်က အလန့်တကြားဖြင့် ထက်အာကာရဲ့ ရင်ဘတ်ကို အားပြုကိုင်ထားမိသလို ဖြစ်သွားပြီး၊ ထက်အာကာရဲ့လက်တစ်ဖက်က စံအိမ့်ခါးကို ဖက်ထားကာ၊ ကျန်လက်တစ်ဖက်က သူမ ပခုံးသားလေးကို ထိန်းကိုင်ထား၏။
မျက်နှာချင်း ထိကပ်လုလုအနေအထားမှာ ထက်အာကာရဲ့ ဝင်သက်ထွက်သက် နွေးနွေးက စံအိမ့် မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ့မျက်ဝန်းများက စံအိမ့် နှုတ်ခမ်းပါးလေးဆီသို့ ရောက်ရှိနေသည်။
ထိုစဉ်...
"စံအိမ်..."
ငြိမ့်ညောင်းသော တယောသံများကို ဖောက်ထွက်လာသည့် အသံကြီးကြောင့် စံအိမ့် အသည်းတွေ အေးခနဲဖြစ်သွားရသည်။
နေမင်းသခင် သူငယ်ချင်းများနှင့် စကားပြောနေရာမှ သူမဆီသို့ လှမ်းကြည့်လိုက်ချိန် မြင်လိုက်ရသည့် မြင်ကွင်းက သူ့သွေးများကို ဆူပွက်သွားစေတော့သည်။
"ခွမ်း "
သခင်က လက်ထဲမှ ဝိုင်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခွဲလိုက်ပြီး ခြေလှမ်းကျဲများဖြင့် ဒေါသတကြီး လှမ်းလာ၏။
"သ... သခင်..."
စံအိမ် ထက်အာကာ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်ကာ ရှင်းပြဖို့လုပ်ပေမယ့် သခင်က သူမတို့အနားသို့ ရောက်လာပြီး ဘာစကားမှ မဆိုဘဲ ထက်အာကာရဲ့ မျက်နှာကို အားကုန် ပစ်ထိုးလိုက်တော့သည်။
"ခွပ်..."
"အာ့..."
ထက်အာကာ အငိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ အခြား စားပွဲဝိုင်းမှ ဧည့်သည်များ အလန့်တကြားဖြစ်ပြီး ကြည့်ကုန်ကြတော့သည်။
"မင်းက... ငါ့မိန်းမကို ထိရဲတယ်ပေါ့... ဟမ်"
သခင်က လဲကျနေသော ထက်အာကာရဲ့ ကော်လံစကို ဆွဲမကာ မျက်နှာကို နောက်တစ်ချက် ထပ်ထိုးရန် လက်သီးရွယ်လိုက်လျှင် ...
"သခင်... တော်ပါတော့... မလုပ်ပါနဲ့..."
စံအိမ် ပြေးဝင်သွားပြီး သခင့်လက်မောင်းကို ဆွဲကာ တားလိုက်သည်။
"ရှင်ထင်သလိုမဟုတ်ပါဘူး ... စံအိမ် လဲကျတော့မှာကို ထိန်းပေးလိုက်တာပါ ... မလုပ်ပါနဲ့တော့ "
သူ့ကို ငိုယိုကာ လာတားနေတဲ့ စံအိမ့်ကြောင့် သခင်ပိုပြီး ဒေါသထွက်သွားရသည်။
" မင်းက သူ့ဘက်က ကာကွယ်ပေးနေတာပေါ့... ဟုတ်လား"
သခင်က စံအိမ့်လက်ကို ကြမ်းတမ်းစွာ ခါထုတ်လိုက်ရာ စံအိမ် နောက်သို့ ယိုင်သွားရသည်။
"ငါ့ရှေ့မှာတင် မင်းက တခြားကောင်ကို ကာကွယ်ပေးရဲတယ်ပေါ့ "
"ဟင့်အင်း ... ရှင် ..."
"ပါးစပ်ပိတ်ထား ... ဒီနေရာမှာ လူသတ်မှုတွေ မဖြစ်စေချင်ရင် ပါးစပ်ပိတ်ထားလိုက်တော့ "
သခင်က ပြောပြောဆိုဆိုနှင့် စံအိမ့်ကို လူအုပ်ကြားထဲမှ အတင်းဆွဲခေါ်သွားတော့သည်။
_________
အပိုင်း (၁၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)