Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၁၁)

စံအိမ် မျက်လုံးများကို အားယူဖွင့်လိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးက ထူပူပြီး နာကျင်ကိုက်ခဲနေသည်။ အထူးသဖြင့် လက်ကောက်ဝတ်နှင့် ခါးအောက်ပိုင်းမှ နာကျင်မှုက ပိုဆိုး၏။

သူမ ဘေးနားသို့ ကြည့်လိုက်တော့ သခင် ထသွားပြီဖြစ်ကာ စံအိမ် သက်ပြင်းချလိုက်ပြီး အိပ်ရာထရန် ပြင်လိုက်စဉ်...

"အာ့..."

နာကျင်မှုကြောင့် ညည်းသံသဲ့သဲ့လေး ထွက်သွားပြီး ကုတင်ပေါ်သို့ ပြန်ခွေကျသွားသည်။

"နိုးပြီလား..."

အခန်းထောင့်ရှိ ဆိုဖာခုံမှ သခင့်အသံ ထွက်ပေါ်လာ၏။

သခင်က ရေချိုးပြီးခါစဖြစ်ပုံရကာ အိမ်နေရင်း ဘောင်းဘီရှည်နှင့် တီရှပ်အဖြူကို ပေါ့ပါးစွာ ဝတ်ဆင်ထားပြီး လက်ထဲတွင် ဆေးဘူးတစ်ဘူးကို ကိုင်လျက် ကုတင်နားသို့ လျှောက်လာလေလျှင်

စံအမ် စောင်ကို ရင်ဘတ်အထိ ဆွဲတင်ကာ အလန့်တကြား နောက်ဆုတ်လိုက်မိသည်။ ထိုအခါ သခင်က ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး စံအိမ့်လက်ထဲမှ စောင်ကို အတင်းဆွဲဖယ်လိုက်ကာ ...

"ဖယ်စမ်း... အကုန်မြင်ပြီးသားပဲကို ဘာတွေ လာရှက်နေတာလဲ"

သခင့်အသံက မာထန်နေသော်လည်း မျက်လုံးများကတော့ စံအိမ် ခန္ဓာကိုယ်ပေါ်ရှိ သူဖန်တီးထားသော အမှတ်အသားများကို ကြည့်ရင်း အရောင်တစ်မျိုး ဖြစ်နေသည်။ ဖြူဝင်းသော ပခုံးသားနှင့် လက်မောင်းတို့တွင် ညက ကြိုးရာ၊ လက်ထိပ်ရာများနှင့် အညိုအမဲကွက်များက ထင်ရှားနေ၏။

"လှည့်လိုက်... ကျောပေးလိုက်"

"ဟင်... ဘာ... ဘာလုပ်မလို့လဲ"

"ဆေးလိမ်းမလို့... မင်းအသားတွေက အထိမခံ ရွှေပန်းကန်မို့လို့လေ... နည်းနည်းထိတာနဲ့ ညိုမဲနေတော့တာပဲ"

သခင်က ပြောပြောဆိုဆိုနှင့် စံအိမ့် ပခုံးကို ကိုင်ကာ အတင်းလှည့်စေလိုက်ကည စံအိမ့်မှာ ငြင်းချိန်ပင် မရလိုက်။ သခင့်လက်ချောင်းအေးအေးလေးများက သူမရဲ့ ကျောပြင်ပေါ်သို့ ဆေးခရင်မ်များဖြင့် ထိတွေ့လိုက်ချိန်တွင် စံအိမ် တွန့်ခနဲ ဖြစ်သွားရသည်။

"ငြိမ်ငြိမ်နေ..."

သခင်က လေသံတိုးတိုးဖြင့် ပြောရင်း ဆေးကို ညင်ညင်သာသာ ပွတ်လိမ်းပေးနေ၏။ မနေ့ညက ကြာပွတ်နှင့် ရက်ရက်စက်စက် ရိုက်နှက်ခဲ့သော လက်များက ယခုအချိန်တွင်တော့ အံ့သြဖွယ်ကောင်းလောက်အောင် သိမ်မွေ့နေပြန်သည်။ သခင့်လက်ချောင်းများက ဒဏ်ရာများပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ဖွဖွလေး နှိပ်နယ်ပေးနေမှုကြောင့် စံအိမ့်ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်စီးသွားသလို ခံစားလိုက်ရ၏။

"ဟို... ရပါပြီ... စံအိမ့်ဘာသာ လိမ်း..."

စံအိမ် စကားမဆုံးခင် သခင်က သူမ ကိုယ်လုံးလေးကို သူ့ဘက်သို့ ပြန်ဆွဲလှည့်လိုက်လေသည်။ ထိုအခါ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားတော့သည်။

သူ့အကြည့်တွေက စံအိမ့် နှုတ်ခမ်းပါးလေးဆီသို့ ရောက်သွားကာ

သခင်က ဆေးပေနေသော လက်ချောင်းလေးဖြင့် စံအိမ့် နှုတ်ခမ်းအောက်နားရှိ အစက်အပျောက်လေးတစ်ခုကို ဖွဖွလေး ပွတ်ဆွဲလိုက်ရာ စံအိမ့် နှလုံးခုန်သံများက ရပ်တန့်သွားမတတ်။

သခင့် အသက်ရှူသံနွေးနွေးက သူမ မျက်နှာပေါ်သို့ ကျရောက်လာ၏။

"မနေ့ညက မင်း အရမ်းလှတယ် စံအိမ်"

သခင့်စကားကြောင့် စံအိမ် မျက်နှာတစ်ခုလုံး နီရဲသွားလျှင် သခင်က ပြုံးလိုက်ကာ ဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာပြီး စံအိမ့် နဖူးပြင်လေးကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်သည်။

"ရွှတ်..."

အနမ်းက ကြာရှည်ပြီး နက်ရှိုင်းကာ စံအိမ် မျက်လုံးများကို စုံမှိတ်ထားလိုက်မိ၏။

သူမကို မုန်းနေတဲ့ သူ့ကို ပြန်မုန်းချင်ပေမယ့် သူ့အပြုအစု၊ သူ့အထိအတွေ့အောက်တွင် သူမရဲ့ နှလုံးသားက သစ္စာဖောက်ကာ

ခုန်လှုပ်နေဆဲ။

သခင်က နှုတ်ခမ်းကို ခွာလိုက်ပြီး ပါးလေးကို တစ်ချက်ဆွဲညှစ်လိုက်ပြီး အခန်းထဲမှ ထွက်သွားလျှင် စံအိမ်မှာတော့ ကုတင်ပေါ်တွင် ကျောက်ရုပ်တစ်ရုပ်လို ကျန်ရစ်ခဲ့တော့သည်။

သူမ မသိလိုက်သည်က... တံခါးဝအပြင်ဘက်ရောက်သည်နှင့် သခင် သူ့ရင်ဘတ်သူ ဖိကာ သက်ပြင်းချလိုက်မိကြောင်းပင်။

_______________

"မင်းတားဆေးတော့ သုံးထားတယ်မလား။ "

"ဟင် ..."

သူ့လိုအင်တွေပြည့်ပြီးချိန် ကြားလိုက်ရတဲ့စကားကြောင့် ရင်ထဲ စူးခနဲ အောင့်မျက်သွားရသည်။

ဟုတ်သားပဲ ... အခုတလော သူကြင်နာပြနေတာကြောင့် သူမ မေ့သွားခဲ့မိတာပဲ။

"သောက်တယ် "

သူ့ကိုမကြည့်ပဲပြန်ဖြေလိုက်၏။

သခင်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးမှ ...

"ကလေးရလို့ မဖြစ်ဘူး။ "

သခင့်စကားက စံအိမ့် နှလုံးသားတည့်တည့်ကို မြှားတစ်စင်းလို စိုက်ဝင်သွားသည်။ သူတို့နှစ်ယောက်က တရားဝင် လင်မယားတွေလေ... ဘာလို့ ကလေးရမှာကို ဒီလောက်တောင် စိုးရိမ်နေရတာလဲ။

"ဘာလို့လဲ ... ကျွန်မတို့က တရားဝင် လက်ထပ်ထားတာလေ... ကလေးရတော့ရော ဘာဖြစ်လို့လဲ..."

စံအိမ် မရဲတရဲ မေးလိုက်မိလျှင် သခင်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး စံအိမ့် ပခုံးနှစ်ဖက်ကို နောက်မှနေ၍ တင်းတင်းဆုပ်ကိုင်လိုက်ကာ ...

"တရားဝင် ဟုတ်လား... အဟက်... မင်းကိုယ်မင်း သိပ်အထင်ကြီးနေပါလား ငါ မင်းကို လက်ထပ်ထားတာ ငါ့အစ်မအတွက် လက်စားချေဖို့ မင်းကို နှိပ်စက်ဖို့ပဲ။ ငါ့သွေးသား ကလေးတစ်ယောက်ကို မင်းလို မိန်းမမျိုးရဲ့ ဗိုက်ထဲမှာ မကြီးပြင်းစေချင်ဘူး"

"သခင်..."

"ဘာလဲ... မင်းဗိုက်ထဲက မွေးလာမယ့်ကလေးက ငါ့အစ်မကို သတ်တဲ့ လူသတ်သမားရဲ့ သွေးပါလာမှာ ငါ ရွံတယ်"

သခင့်စကားလုံးတိုင်းက ရက်စက်လွန်းလှကာ

စံအိမ် မျက်ရည်များ ဝဲတက်လာ၏။

သူမကို မုန်းတာ နားလည်နိုင်သော်လည်း မရှိသေးသော ကလေးလေးကိုပါ ရွံရှာသည်ဟု ပြောထွက်ရက်သည်အထိ ရက်စက်နိုင်သည်တဲ့လား။

သခင်က ပြောပြီးသည်နှင့် မှန်တင်ခုံပေါ်မှ နာရီကိုယူကာ ဝတ်လိုက်ပြီး ...

"မြန်မြန်လုပ်... ငါ ကားပေါ်က စောင့်နေမယ်"

သခင် ထွက်သွားတော့မှ စံအိမ် ရင်ဘတ်ကို ဖိကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။

______________

Royal Lotus ကုမ္ပဏီ၏ အစည်းအဝေးခန်းမကြီးအတွင်း

အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ သခင်က ထိပ်ဆုံးခုံတွင် ခြေချိတ်ထိုင်နေပြီး သူ့ဘေးနားတွင်တော့ စံအိမ်က ရပ်နေရသည်။

"ဂျောက်..."

တံခါးပွင့်လာပြီး လူတစ်စု ဝင်ရောက်လာကာ ရှေ့ဆုံးမှ ဝင်လာသူကို မြင်လိုက်ရသောအခါ စံအိမ် မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူမှားသွားရသည်။

မိတ်ဖက်အစည်းအဝေးဆိုပေမယ့် မိတ်ဖက်ကုမ္ပဏီက ထိုကုမ္ပဏီဖြစ်နေမယ်မထင်မိခဲ့။

"..."

ထက်အာကာသည်လည်း သခင့်ဘေးတွင် ရပ်နေသော စံအိမ့်ကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားကာ စံအိမ့်ရဲ့ ညှိုးနွမ်းနေသော မျက်နှာလေးကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် နာကျင်မှုနှင့် ဒေါသတို့ တပြိုင်နက် ပေါ်လာ၏။

"စံအိမ်... မင်း... မင်း နေကောင်းရဲ့လား"

ထက်အာကာက စံအိမ့်ရှေ့သို့ သွားရန် ပြင်လိုက်သော်လည်း သခင်က စံအိမ့် ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲကာ သူ့ပေါင်ပေါ်သို့ အတင်းဆွဲတင်ပြီး ထိုင်ခိုင်းလိုက်သည်။

"အို..."

စံအိမ် ရုန်းကန်ရန် ပြင်သော်လည်း သခင့်လက်မောင်းများက ခိုင်မြဲစွာ ရစ်ပတ်ထား၏။

"ထိုင်နေစမ်း... မင်းက ငါ့မိန်းမလေ... ငါ့ပေါင်ပေါ်တင်ထားတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"

သခင်က ထက်အာကာကို စိန်ခေါ်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်ရာ ထက်အာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ထက်အာကာဖြစ်သွားတဲ့ ထိုပုံစံကိုပဲ သခင်က ခပ်မဲ့မဲ့ပြုံးလျက်ကြည့်ကာ စံအိမ့် လည်တိုင်ကျော့ကျော့လေးကို သိုင်းဖက်လိုက်သည်။ မနေ့ညက သူပေးထားသော အနီရောင် အမှတ်အသား အကွက်များကို လည်ပင်းဟိုက်နေသော အင်္ကျီကြားမှ တမင်ပေါ်အောင် လုပ်လိုက်ခြင်း ဖြစ်၏။

ထက်အာကာ ထိုအမှတ်အသားများကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။

"မင်း... မင်း လူယုတ်မာ..."

"ကျုပ်က လူယုတ်မာ ဟုတ်လား... ဟားဟား... စံအိမ်... မင်းရဲ့ ရည်းစားဟောင်းကို ပြောပြလိုက်စမ်း။ မနေ့ညက ငါတို့ ဘယ်လောက် ပျော်ခဲ့ကြလဲဆိုတာ..."

သခင့်စကားကြောင့် စံအိမ့် ခန္ဓာကိုယ်တစ်ခုလုံးဖျင်းခနဲဖြစ်သွားရသည်။

အစည်းအဝေးခန်းထဲမှ လူတွေရဲ့အကြည့်က စံအိမ့်ဆီသို့ စုပြုံရောက်ရှိလာကာ ထိုနေရာတွင် အငွေ့ပျံချင်စိတ်ပေါက်သွား၏။

"မင်း တော်တော်မိုက်ရိုင်းပါလား။ "

ထက်အာကာ ဒေါသတွေဆူပွက်လာကာ လက်သီးကို ခပ်တင်းတင်းဆုပ်လျက် ထိုင်ရာမှ ထရပ်လိုက်လျှင် သခင်က မခိုးမခန့်ရယ်ကာ

စံအိမ့် လည်တိုင်လေးကို သူ့အရှေ့မှာ နမ်းရှုံ့ပြလိုက်၏။

"ဟင့်အင်း ... သခင့် အင့် "

စံအိမ်လည်ပင်းလေးစောင်းကာ ရုန်းလျှင် သခင်က နားရွက်ဖျားနားသို့ တိုးကပ်လာကာ ...

"ငြိမ်ငြိမ်နေစမ်း "

"တောက် "

ထက်အာကာ သူ့အရှေ့မှ မြင်ကွင်းအား မကြည့်နိုင်စွာ မျက်နှာလွှဲလိုက်ပြီး တောက်ပြင်းပြင်းခေါက်လိုက်၏။

"တော်ပြီ... ဆွေးနွေးပွဲ ပျက်ပြီ ...ခင်ဗျား ပြန်တော့"

သခင်က စားပွဲပေါ်ရှိ ဖိုင်များကို ပစ်ချလိုက်ပြီး ထက်အာကာကို နှင်ထုတ်လိုက်သည်။

ထက်အာကာ ထွက်မသွားချင်သော်လည်း လုံခြုံရေးဝန်ထမ်းများ ဝင်လာသဖြင့် မတတ်သာဘဲ ထွက်သွားရ၏။

ထွက်သွားခါနီး စံအိမ့်ကို လှမ်းကြည့်သော သူ့မျက်ဝန်းများတွေကြောင့် သခင် အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။

တံခါးပိတ်သွားသည်နှင့် သခင်က စံအိမ့်ကို ပေါင်ပေါ်မှ တွန်းချလိုက်ပြီး စားပွဲပေါ်သို့ ပက်လက်လှန်ကာ ဖိချလိုက်သည်။

"အား... နာတယ်..."

"နာအောင် လုပ်တာလေ မင်း မျက်လုံးတွေက အခုထိ အဲ့ဒီကောင့်နောက်ကို ပါသွားတုန်းပဲလား ဟမ်"

သခင်က စံအိမ့် မေးရိုးကို လက်တစ်ဖက်ဖြင့် ညှစ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင် ကြည့်စေလိုက်သည်။

"မင်းက ငါ့အပိုင်... ငါ့တစ်ယောက်တည်း အပိုင်လို့ ငါ ဘယ်နှခါ ပြောရမလဲ"

"ဘယ်မှာကြည့်လို့လဲ ... ရှင့်ဟာရှင် ထင်ချင်တာထင်နေတာ။ "

"ငါ့ကိုလာမလိမ်နဲ့ ... မင်းတို့နှစ်ယောက် မျက်လုံးချင်း စကားပြောနေကြတာ ငါအကုန်မြင်တယ်။

ကောင်းပြီလေ... မင်းတို့က အဲ့ဒီလောက်တောင် ဖြစ်နေမှတော့ မင်းကဘယ်သူ့အပိုင်လဲဆိုတာ ဒီနေရာမှာတင် သက်သေပြရတာပေါ့"

အပိုင်း (၁၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၀) နောက်အခန်း - အပိုင်း (၁၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ