Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၂၈

သူ နိုးနိုးမြင်လိုက်ရတာက သူ့ဘေးနားက ကြောင်ပေါက်ကလေးလို ကလေးလေးကိုပင်။

လက်သီးလေးသေးသေးလေးတွေကို ကျစ်နေအောင် ဆုပ်ထားသည့်မှာ ငါးရှည့်တောင် လွတ်မည်ထင်ပါ။သူဝယ်ပေးထားသည့် အကျီကလေးကို ဝတ်ဆင်ထားတာကြောင့် ပြုံးလိုက်၏။မင်းခန့်ဟာ သူဝယ်လာသော ကလေးအတွက်အကျီအဝတ်အစားလေးတွေကို သူကိုယ်တိုင် သူ့လက်နဲ့မပေးချင်၍ အဒေါ်ဖြစ်သူရီရီကို အကူအညီတောင်းပြီး တစ်ဖက်လှည့်နဲ့ ပေးခိုင်းလိုက်လေသည်။အလုပ်မအားတဲ့ကြားကနေက သူပြောတဲ့တိုင်း ပိပိရိရိနဲ့မရိပ်မိအောင် သရုပ်ဆောင်သွားသော ရီရီကို ကျေးဇူးတင်မဆုံးပေ။

"ဒီနေ့ ပိုချစ်ဖို့ကောင်းတယ် ကလေးလေးရယ်...အကျီလေးကြောင့်နဲ့ တူတယ် သိလား...မနေ့ကလို ရယ်ပြပါဦး..''

လက်သီးဆုပ်ထားသော လက်နှစ်ဖက်ကို ကားလိုက်တာကို

"လက်လေးကမ်းတာဆိုတော့ လာမလို့လား ကလေးလေး..ချီပေးစေရင် ရယ်ပြလေ ကလေးလေး...ဟော..ကလေးလေးက လိမ္မာလိုက်တာကွာ...''

သူပြောလိုက်တာ နားမလည်ပါပဲနဲ့ ရယ်ပြနေသော အမုန်းလေးကို သူ့မှာ အချစ်ပိုရပြန်ပါသည်။အမုန်းလေးကို ခြီဖျု့အရေး တံခါးဖွင့်သံကို နားစွင့်လိုက်သေးသည်။ဘာအသံမှ မကြားမိ၍ ယူချီလိုက်၏။ထို့နောက် ပန်းနုရောင်သမ်းနေသည့် အမုန်းလေးရဲ့ ဝါဂွမ်းလို နူးညံ့တဲ့ ပါးပြင်နုနုလေးကို သူ့နှာခေါင်းလေးနဲ့ ဖွဖွလေး နမ်းလိုက်တော့သည်။

"သမီးလေးက ငိုနေလို့လား..''

သူခိုးလူမိသလို ဖြစ်သွားတာကြောင့် အမုန်းလေးကို အိပ်ရာပေါ်ပြန်ချလိုက်ကာ

"အင်း...''

"နို့တိုက်ပြီးပါပြီ..ဘာလို့ပါလိမ်..လေနာလို့များလားမသိဘူး...''

"မဟုတ်လောက်ဘူး...ချီမယ့်သူမရှိလို့ ငိုချင်တာနေမယ်...''

"သမီးလေးက ငယ်ပါသေးတယ်..လက်မကြိုက်သေးပါဘူး..''

ငွေ့ရည် ပြောပြောဆိုဆိုနဲ့ အမုန်းလေးကိုကောက်ချီပြီး အကျီလေးမလိုက်ကာ ပါးစပ်ထဲ နို့ထည့်ပေးလိုက်သည်။သူကတော့ နိုးနေတာကို ရေချိုးခန်းထဲ မဝင်သေးတာ ငွေ့ရည်ကိုများ စောင့်နေသလားမပြောတက်ပါ။အနားမှာ ရှိနေသည်။

"ခင်ဗျားကလေးက ဒီအကျီလေးနဲ့ လိုက်တယ်..ဝယ်တဲ့သူ တော်လို့ဖြစ်မယ်...နောက်တစ်ခါ ခင်ဗျားကလေးလေးအတွက်ာဝယ်ပေးရင် ဒီတံဆိပ်ပဲဝယ်နော်..''

"မဝယ်ပေးပါဘူး..စျေးကြီးတဲ့တံဆိပ်ကြီးကို..ကလေးက ကြီးလာမှာလေ သေးလာမှာမှမဟုတ်ပဲ ပိုက်ဆံတွေအပိုကုန်တယ်..အခုတောင် မမရီရီကဝယ်လာပေးလို့..''

"ဘယ်လောက်စျေးကြီးတဲ့တံဆိပ်ပဲဖြစ်ဖြစ် ဝယ်ပေးလိုက်...ဒီလောက်နဲ့ ကျုပ်မမွဲသွားဘူး..ကျုပ်က ခင်ဗျားကိုကိုထက် ပိုက်ဆံပိုရှိတယ်...''

"အင်း...''

ငွေ့ရည် ခေါင်းငြိမ့်ပြလိုက်သည်။

"အကျင့်မလုပ်ပေးချင်ဘူး ကောင်းလေးရယ်..အချိန်တန်ရင် မင်းနဲ့ငါက ကွာရှင်းရမယ်သူတွေဖြစ်မှာ..သမီးက ငါနဲ့နေမယ့်ကလေးတစ်ယောက်... ဒီလိုအဝတ်စားကောင်းတွေနဲ့အကျင့်ဖြစ်သွားလို့ဆိုးတယ်.. ငါတစ်ထဲ သမီးလေးကို စောင့်ရှောက်တဲ့အခါမှာ ဒီလိုမျိုးတွေ မဆင်နိုင်မှာဆို့လို့ အကျင့်မလုပ်ချင်တာပါ..အဲတာတွေ မင်းမသိပါဘူး ကောင်လေးရယ်..''

စိတ်ထဲကပဲ မြိုသိပ်ရင်း ရေရွတ်လိုက်သည်။

"ရေချိုးတော့မယ်မဟုတ်လား..ဝင်သွားနှင့်နော်..ငါအနောက်ကနေ ခဏနေရင် လိုက်လာခဲ့မယ်''

"အင်း...''

ထုံးစံတိုင်း သူ့အတွက် အစအဆုံးကလေးများလို လုပ်ပေးရပြန်တယ်။သမီးအတွက်လုပ်ပေးရလိုက် သူ့အတွက်လုပ်ပေးရလိုက်နဲ့ သားဖနှစ်ယောက်လုံးက ငွေ့ရည်အတွက် အခုမှ ကလေးနှစ်ယောက်မွေးထားသလိုပဲ။ငွေ့ရည်မရှိတဲ့အခါ သူဘယ်လိုလုပ်မလဲ သိချင်မိတယ်။

မနက်စာစားပွဲဝိုင်းလေးက ဟင်းနံ့မွှေးမွှေးလေးတွေနဲ့အတူ စားချင်စဖွယ် ပြင်ဆင်ထားသည်။သူ့ပန်းကန်ထဲကို ဟင်းထည့်ပေးပြီးမှ

သူမဟာ ထုံးစံအတိုင်း သူနဲ့မျက်နှာချင်းဆိုင်နေရာမှာ တည်တည်ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်သည်။ သူမရဲ့ ဖယောင်းလို လက်ချောင်းသွယ်သွယ်လေးတွေက ဇွန်းနဲ့ခက်ရင်းကို ကိုင်ထားတဲ့ပုံကအစ သေသပ်လွန်းလှသည်။

"ဒီနေ့ဟင်းတွေက ခင်ဗျားအကြိုက်ချက်ထားတာလား..စားနေလိုက်တာ ခေါင်းတောင်မခေါ်ဘူး...ကျုပ်က ပိုက်ဆံပေးထားရတာ ကျုပ်ကြိုက်တဲ့ ဟင်းလေးချက်မှပေါ့...''

ထိုသို့ သူပြောလိုက်တော့ ဘွားတော်က သူ့ကို မော့ကြည့်ပြီး သက်ပြင်းလေးချလိုက်တာကို ကြည့်ပြီး သူ မျက်မှောင် ကြုတ်လိုက်၏။အမှန်ဆို ဘွားတော်ချက်ထားတဲ့ ဟင်းတွေက သူ့အကြိုက်တွေချည်းပါပဲ။ထမင်းဝိုင်းက တိတ်ဆိတ်ငြိမ်သတ်တာနဲ့ ဘွားတော်ဆီကနေ အသံကိုကြားလိုငြား ပြောလိုက်တာကို ဖြေရှင်းသံမကြားရဘဲ ညိုးငယ်သော အကြည့်တစ်ချက်သာ ရလိုက်တာကြောင့် ရင်ထဲမှာ မရိုးမရွနဲ့ ခံစားချက်မကောင်းပေ။

"ညစာတော့ ကျုပ်ကြိုက်တဲ့ ဟင်းတွေပဲ ချက်ထားနော်...ခင်ဗျားအကြိုက်ချည်းပဲ လိမ့်ချက်မနေနဲ့..ခင်ဗျားကလေးကိုလည်း မငိုစေနဲ့ ကြားလား..''

"အင်း..''

"ခင်ဗျား ဒီနေ့ အမှားလုပ်ထားတာ သိတယ်မဟုတ်လား.. အဲတော့ ခင်ဗျားကို ကျုပ်အပြစ်ပေးရမယ်...''

"ဟင်..''

ငွေ့ရည်ရဲ့ မျက်ဝန်းဝိုင်းဝိုင်းက ပြူးကျယ်သွားပြီး နူတ်ခမ်းလေးပွင့်ဟနေကာ သူ့ကို မော့ကြည့်လာတဲ့ ပုံစံလေး နူတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်၏။ပြီးမှ သူလဲ ပွင့်ဟနေတဲ့ သူမရဲ့ နူတ်ခမ်းတစ်စုံကို နမ်းလိုက်သည်။အပြစ်ပေးတာဆိုပြီး ကားထဲဝင်ကာမောင်းထွက်သွားသော ကားကိုသာကြည့်ရင်း ငွေ့ရည်ကတော့ အကြောင်သား ကျန်ရစ်ခဲ့သည်။

**************** *****************

"ကို ကြွေရုပ် ကျောင်းပိတ်ထားတာဆိုတော့ ချောင်းသာ သွားကြမလားဟင်..ကို့ သူငယ်ချင်းတွေနဲ့ပါအတူတူသွားကြမယ်လေနော်...''

"ကိုယ် အလုပ်တွေနဲ့ ညအိပ်ခရီးသွားဖို့အဆင်မပြေဘူးပျိုရဲ့..ကျောင်းပြီးထဲက ကိုယ်ကို အဖိုးက သူ့လုပ်ငန်းတွေ ကိုယ့်ကို လွှဲပြောင်းပေးလိုက်ပြီ..''

"ဘာပြောတယ် ကို..ကို မသွားချင်ဘူးပေါ့လေ ဟုတ်လား..."

သိသိသာသာပျက်ယွင်းသွားသည့်မျက်နှာလေးကိုကြည့်ပြီး မင်းခန့်ကိုကို ပင့်သက်ခိုးရှိုက်လိုက်၏။သူ ဒီလိုပြောလိုက်ရလို့ သူကိုယ်တိုင်လဲ စိတ်မကောင်းပေ။ပျို စိတ်မကောင်းဖြစ်သွားမယ်ဆိုတာ နဂိုကတည်းကလည်းတွက်ဆထားခဲ့ပြီးသားပါ။ချစ်ရသူ မျက်နှာကလေးညိုးသွားပြန်တော့ဘဲ သူမလေးတဲ့ သဘောအတိုင်းဖြစ်စေဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

"ပျိုက သွားချင်တယ်ဆိုမှတော့ ကိုယ်က လိုက်ပို့ပေးရမှာပေါ့နော်..''

"ကိုဘဲ အလုပ်မအားဘူးဆို..ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ သူများကို အရူးလုပ်နေတယ်..ကို မမိုက်ဘူးကွာ...''

နူတ်ခမ်းလေးဆူပြီး ကလေးလေးလိုအပြုမူမျိုးနဲ့ ချစ်စရာကောင်းအောင် ပြောလာတဲ့ ပျို့ရဲ့ ခေါင်းလေးကို ပုတ်လိုက်ပြီး

"ကိုယ့်ချစ်သူလေးက စိတ်များကောက်သွားမလားလို့ စလိုက်တာ သိလား..''

"ဟွန့်...ကြွေရုပ်က ကလေးဆိုစလေးမှ မဟုတ်ပဲ ကိုရယ်..''

ဖားလျားဖြန့်ချထားသော ဆံပင်ရှည်လေးတွေ ဝေ့ဝဲသွားသည့်အထိခါရမ်းလိုက်ပြီးနောက်မှာ သူမမျက်ဝန်းအိမ်တွင်း၌ ပျော်သွားတဲ့ ရောင်လေးတွေက တောက်ပြောင်လာခဲ့၏။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ ပျို့ရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ ထည့်လိုက်တော့သည်။

"ကိုယ့်အတွက် အလုပ်က ပျို့လောက်အရေးပါပါဘူး သိတယ်မဟုတ်လား... ''

"ကိုရဲ့ နွေးထွေးသောစကားသံ ကြွေရုပ်အပေါ် ဂရုတစိုက်ရှိလှသည့်အပြုအမူအောက်မှာ ကြွေရုပ်က ချစ်နေရတာ သိရဲ့လား..''

မျက်တောင်ကော့လေးများကိုပုတ်ခတ်ပုတ်ခတ်လုပ်၍ သူ့ရင်ခွင်ထဲကနေ ချစ်စရာမျက်နှာလေးနဲ့ မော့ကြည့်လာပြီး အသံသာသာလေးနဲ့ ပြောလာသည့် သူမလေးကြောင့် သူ့နူတ်ခမ်းတစ်စုံဟာ ပြုံးယောင်သမ်းသွားလေ၏။

"ကို ကုမ္ပဏီကိုသွားတော့လေ။သူဌေးဆိုပြီး အလုပ်တွေခိုမနေအုန်း..ဝန်ထမ်းတွေက နောက်ကွယ်မှာ အတင်းချနေမယ်သိလား..သူ့တို့သူဌေးလေးက အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ သူ့ချစ်သူနဲ့ပဲ အချိန်ကုန်နေပါတယ် ဆိုပြီးတော့လေ..''

"ဟား..ဟား..''

"ကို ဘာရယ်တာလဲ..ကြွေရုပ်ပြောတဲ့အထဲမှာ ရယ်စရာလဲ မပါပဲနဲ့ကိုကွာ..''

"ကိုယ့်ဝန်ထမ်းတွေ အတင်းမပြောခင် သူ့ချစ်သူလေးက အရင်ပြောနေလို့ပါ..''

"ဟွန့်....''

သူ့ကို မျက်စောင်းလှလှလေးထိုးလာသည့် သူမလေးကို နမ်းလိုက်၏။ပျို့ကို သူနမ်းလိုက်ချိန်နဲ့မှာ မနက်က ငွေ့ရည်ကို နမ်းလိုက်တုန်းက ခံစားချက်ချင်းမတူတာကို ခံစားလိုက်ရသည်။သူမကို နမ်းလိုက်တုန်းက ဗုံတီးနေသလို ဒိန်းခနဲ ဒိန်းခနဲနဲ့ မြင်းလို ကဆုန်ပေါက်ပြီး ပြေးနေသလို သူ့နှလုံးဟာ ခုန်ပေါက်နေခဲ့တာပါ။အခု သူချစ်ရတဲ့ ပျို့ကို နမ်းရှိုက်ချိန်မှာ သူ့နှလုံးသားဟာ ရေသေချိန်အလား ငြိမ်သက်နေတော့သည်။

"ဒီနေ့ကစပြီး ခင်ဗျားနဲ့ ဝေးဝေးနေမှရတော့မယ်...''

ထိုနေ့၌ သူအိမ်မပြန်ဘဲ ကုမ္ပဏီမှာသာ ရှိနေခဲ့သည်။သူမအတွက် အဖော်ကို မမူကိုသာ အကူအညီတောင်းလိုက်ရသည်။နောက်မနက်ကျတော့ အိမ်ကိုပြန်သွားခဲ့ပြီး ခရီးဆောင်အိတ်ထဲကို သူ့အဝတ်အစားတချို့ကိုထည့်လိုက်ပြီး အောက်ကိုဆင်းလာခဲ့သည်။သူမကတော့ သူ့လုပ်ရပ်ကို အကြောင်သား ဘာတစ်ခွန်းမှ မပြောဘဲ ရပကြည့်နေသည်။

"ကျုပ် ဒီရက်တွေ ပြန်မလာဖြစ်ဘူး..သူငယ်ချင်းတွေနဲ့ ခရီးထွက်မလို့...ဒီအကြောင်းတွေကို ဖေဖေနဲ့မေမေမသိစေနဲ့..သိရင် ခင်ဗျားမလွယ်ဘူး...''

"အင်း...''

နှစ်ညခရီး ချောင်းသာမှာ သူနဲ့ပျိုအပါအဝင် သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်စရာ ကောင်းခဲ့သည်။ပြန်ရောက်ပြီး နောက်ရက်တွေလည်း ထို့နည်းတူပင် အိမ်မပြန်ဘဲ ကုမ္ပဏီမှာဘဲ အလုပ်လုပ်ရင်း အချိန်ကုန်ဖြစ်သည်။ကလေးလေးကို သတိရလာတဲ့အခါ ဖုန်းထဲက ပုံတွေကိုသာကြည့်ပြီး အလွမ်းဖြေရသည်။

မေမေကို သူမကပြန်မပြောဘူးထင်ပါသည်။မေမေဟာ သူ့ကိုဖုန်းဆက်တိုင်း သူမနဲ့ကလေးလေးကို ဂရုစိုက်နော်ဟု တဖွဖွပြောသလို ပျိုနဲ့ မောင်နှမသူငယ်ချင်းလို အမုန်းမရှိဘဲ ရှိနေတာကို ဝမ်းသာသည်ဟု ပြောလေသည်။မေမေထင်သလို ပျို့ကိုသူဟာ အကြောင်းစုံကို မပြောထားရသေးလို သူမနဲ့ကလေးလေးကိုလည်း ဥပက္ခာပြုထားတာကို သိသွားရင် စိတ်ဆိုးမှာကို ထွက်ဆထားပြီးသားဖြစ်လေသည်။

နောက်တစ်ကျတော့ သူ့ရုံးခန်းကို ဟိုကောင်သုံးကောင်မပါဘဲ သွန်းသွန်းတစ်ယောက်ထဲရောက်ချလာသည်။သွန်းသွန်းရဲ့ မျက်လုံးတွေဟာ အရင်လို မလန်းဆန်းသလို တက်ရွမှုလည်းမရှိတာကြောင့် သွန်းသွန်းကို သူစိတ်ပူသွားသည်။

"နင်ဘာဖြစ်နေတာလဲ သွန်းသွန်း.. နင့်မျက်နှာကအရင်လို ရွင်ရွင်ပြပြမမရှိပါလား...''

"ဟုတ်လား..နင့်အကြောင်းတွေသိသွားလို့ဖြစ်မယ် မင်းခန့်....''

"ဘာ...''

မင်းခန့်ဟာ သွန်းသွန်း၏ စကားကြောင့် မျက်နှာတစ်ပြင်လုံး မဲမှောင်သွားတော့သည်။

သွန်းသွန်းက မင်းခန့် ခေါင်းလေးညိတ့်ပြပြီး

"ဟုတ်တယ် မင်းခန့်...နင်နဲ့ပြသာနာတက်တဲ့ မိန်းကလေးနဲ့ လက်ထက်ထားလို့ ကလေးတောင်ရှိတာကိုလဲ ငါသိပြီးပြီ...တကယ်တော့လေ.. နင်ဟာ အဖေတူသားပဲ သိလား မင်းခန့်...တဖက်မိန်းကလေးကိုတာဝန်ယူဖို့အတွက်နဲ့ ပျို့ကို လက်လွတ်နိုင်ခဲ့တာက နင့်ဖေဖေနဲ့တချိုးထဲ မင်းခန့်...''

သွန်းသွန်းပြောလိုက်တဲ့ စကားလုံးတစ်လုံးစီတိုင်းက သူ့နှလုံးသားကို ဓားနဲ့အထပ်ထပ်ထိုးခွဲနေသလို ခံစားလိုက်ရ၏။

« ရှေ့အခန်း - အပိုင်း၂၇ နောက်အခန်း - အပိုင်း ၂၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ