Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၂၆

ဘွားတော်က နှလုံးအထူးကုဆရာဝန်ဆိုတာ သူတောင်မသိတာ မိုးညက ဘယ်လိုလုပ်သိနေတာလဲ...မဟုတ်မှ မိုးညက ဘွားတော်ကို ချစ်နေတာလားဆိုတဲ့ အတွေးက သူ့စိတ်ကို မရိုးမရွ ဖြစ်စေသည်။မင်းခန့် အလိုမကျမှုနဲ့အတူ စုတ်သတ်လိုက်၏။

သူမကို တခြားတစ်ယောက်က ချစ်နေတာမျိုးကို သူမလိုလားပါ။သူနဲ့ ကွာရှင်းတဲ့အခါ သူမဟုတ်တဲ့ တခြားယောကျ်ားတစ်ယောက်ကို သူ့ကိုလုပ်ပေးသလိုမျိုး မညီးမငြူလုပ်ကိုင်ပေးမှာကိုလဲ သူမကြိုက်ပေ။

ထိုအတွေးတွေနဲ့ စိတ်ပျက်စွာ အိမ်ထဲဝင်လာချိန် သူမက ထက်ဝေယံဆိုတဲ့သူနဲ့ ရယ်မောစွာ စကားပြောနေတာကို တွေ့လိုက်ရတော့ အရှိန်မပြေသေးတဲ့ ဒေါသတွေကရှိနေတော့ ပြုံးပြပြီး မနူတ်ဆက်နိုင်ဘဲ မျက်မှောင်ကျုတ်လိုက်မိသည်။

ဒါကိုမြင်လိုက်တဲ့ ထက်ဝေယံက အလိုက်တသိ နူတ်ဆက်လိုက်၏။ငွေ့ရည်ကတော့ အားနားတဲ့ မျက်ဝန်းများနဲ့ ထက်ဝေယံကို ကြည့်လိုက်သည်။

"ဟော..ငါ့တူတောင် ပြန်ရောက်လာပြီ...အလုပ်တွေလုပ်ရတာ အဆင်ပြေရဲ့လား..နားမလည်တဲ့အပိုင်းတွေရှိရင် ဦးလေးကိုမေးလို့ရသလို မင်းဖေဖေကိုလဲ မေးလို့ရတယ်ကွာ..အဖေတူသားဆိုတော့ မေးစရာမလိုဘူးထင်ပါတယ်...''

"ဟုတ်...အဆင်ပြေပါတယ်...ဒါနဲ့ ဦးလေးက ဘယ်ကနေဘယ်လို ရောက်လာတာလဲ...''

"ငွေ့ရည်ကြောင့်ပေါ့ကွာ..အလုပ်ပိတ်ရက်မှာ နားနားနေနေ နေရမလားမှတ်တယ်..သူစျေးသွားမလို့ ကလေးလာထိန်းခိုင်းလို့ ရောက်လာတာ..အလာတုန်းက သားဖေဖေလဲပါတယ်...ဇနီးသည်က ဖုန်းဆက်နဲ့ ခုနကလေးတင်မှ ပြန်သွားတာ..အဖေနဲ့သား နည်းနည်းလဲသွားတယ်ကွာ...''

"အလုပ်ပေးမိသလို ဖြစ်သွားတာ အားနာလိုက်တာဗျာ..ဒီနေ့က အလုပ်ပိတ်ရက်ဆိုတော့ အဖော်ခေါ်ထားတဲ့ ကောင်မလေးကို အိမ်ပြန်ခွင့်ပြုလိုက်တာ အဆင်မပြေဖြစ်သွားတာပဲ...''

"မဟုတ်တာငါ့တူရာ..ငွေ့ရည်ရေ ငါပြန်ပြီ ...''

"ဟုတ်ကဲ့ ကိုကြီးထက်ဝေယံ..''

ကိုကြီးထက်ဝေယံ ပြန်သွားတာနဲ့ ငွေ့ရည်ကို ပြောလာသော သူ့စကားသည်မှာ

"နောက်တစ်ခါ ဒီမြင်ကွင်းမျိုး မတွေ့ချင်ဘူး..ကလေးကိုလဲ သူစိမ်းကို ပေးမချီခိုင်းနဲ့...ခင်ဗျားတို့ အကြည်စိုက်ချင်တိုင်း ကလေးကို ဆွဲမထည့်နဲ့..''

"ဖြန်း..''

သူပြောလိုက်သော စကားတွေဟာ ငွေ့ရည်ရဲ့ သိက္ခာတွေကို နင်းချေလိုက်သလိုပင်။ အသားတွေတဆက်ဆက်တုန်လာပြီး မောင်နှမတွေလို နေလာခဲ့တဲ့ သူမတို့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောလာ၍ မျက်လုံးတွေဟာ မီးပွင့်သွားပြီး အားနဲ့ဖြန်းခနဲဆိုပြီး လွဲရိုက်ချလိုက်တော့သည်။

"မင်း ငါတို့သိက္ခာနဲ့ကိုယ်ကျင့်တရားကို မစော်ကားနဲ့.. မင်းဘာလို့ ဒီလောက်မိုက်ရိုင်းနေရတာလဲ...မင်းကိုမွေးထားတဲ့ မိဘတွေက ယဥ်ကျေးသလောက် မင်းတအားရိုင်းတာပဲ...''

"ဟုတ်တယ်..ကျုပ်ရိုင်းတယ်..အဲဒါကြောင့် ကျုပ်ပြောတဲ့အတိုင်းနေလေ...နောက်တစ်ခါ ကျုပ်တွေ့ကတော့ အကြီးတွေအငယ်တွေမရွေးသလို ဘယ်သူ့မျက်နှာမှ ထောက်မှာမဟုတ်ဘူးနော်..ခင်ဗျားက ကျုပ်မိန်းမ...ကျုပ်ကလွဲပြီး ဘယ်သူနဲ့မှ လက်ပွန်းသတီးမနေနဲ့ ကျုပ်မကြိုက်ဘူး.. ''

"မင်း ငါ့တို့ သိက္ခာတွေ စော်ကားနေရတာပဲ...ငါတို့က ဘယ်လိုနေနေလို့လဲ...မင်းစကားတွေ တအားလွန်နေပြီ မင်းခန့်ကိုကို..မင်းပြောနေတဲ့ သူတွေက မင်းထက်အသက်အများကြီးကြီးတယ် မင်းသိလား ...''

"ဘယ်ပဲနေနေ ကျုပ်ကမကြိုက်ဘူးဆိုရင် ခင်ဗျားမလုပ်နဲ့...ကြီးတာတွေ ငယ်တာတွေ ကျုပ်နားမလည်ဘူးလို့ပြောထားပြီးသားပဲ

ကျုပ် ကွာရှင်းပြီးနောက်မှာတော့ ခင်ဗျားဘယ်လိုနေနေ ခင်ဗျားသဘောပဲ...အခုတော့ ကျုပ်ကအိမ်ထောင်ဦးစီး ကျုပ်ပြောတာကို ခင်ဗျားနားထောင်ရမယ်...''

"မင်းကို ငါမုန်းတယ်သိလား...''

"ကျုပ်က ခင်ဗျားထက်အစတစ်ရာ ပိုမုန်းတယ်..''

ပြောပြီးတာနဲ့ အပေါ်တက်လာခဲ့သည်။အခန်းထဲရောက်တာနဲ့ နက်ဂတိုင်ကို ချွတ်လိုက်ကာ အိပ်ရာပေါ် သူကိုယ်ကို ပစ်လှဲချလိုက်ပြီး မျက်လုံး စုံမှိတ်လိုက်တော့သည်။သူမရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့ပြည့်နေသည့် မျက်ဝန်းကိုမြင်ယောင်ပြီး ရင်ထဲ နေလို့မကောင်းဖြစ်သွားသည်။ အခုတော့ သူ့မှာ ပိုပြီးနေလို့ထိုင်လို့မရဖြစ်သွားလေသည်။သူပြောတာ လွန်းသွားတာ သိပေမယ့် တောင်းပန်ဖို့ကြ သူ့မာနက ခွင့်မပြုနိူင်ပါ။ သူမ တော်တော်လေး ဝမ်းနည်းသွားမှာကို သူလေ၏။

မိုးညတို့ပြောသလို ဘွားတော်ကို သူချစ်မိနေတာလား..မဟုတ်ဘူး..သူမကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး...သူ့မှာ ချစ်ရမယ့်သူ ပျိုတစ်ယောက်လုံးရှိတယ်...အနေနီးလို့ စိတ်ယိုင်နေတာ ဖြစ်မှာပါဆိုပြီး သူမနဲ့ခပ်ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။

သူ ဒီတစ်ခါမှာတော့ ရေမိုးချိုးဖို့အတွက် ငွေ့ရည်ကို မခေါျတော့ပေ။ဘီဒါိထဲက ညဝတ်တစ်စုံကို ယူဝတ်လိုက်ပြီး အောက်ကိုဆင်းလာခဲ့တယ်။ထမင်းစားခန်းထဲကို ဝင်တော့ သူမမတွေ့ရပါ။ထိုကြောင့် အရင်နေခဲ့တဲ့ အခန်းကိုသွားပြီး အသံပြုလိုက်သည်။

"ဒေါက်..ဒေါက်..''

"လာပြီ...''

သူမ ထွက်လာတော့ဘဲ တစ်ယောက်ထဲသာဖြစ်သည်။အခန်းထဲက ကလေးလေးကလဲ တိတ်ဆိတ်နေသည်။သူမကတော့ ထမင်းဟင်း သူ့ပန်းကန်ထဲကို ခူးခပ်ထည့်ပြီးတာနဲ့ သူမပါ တစ်ခါတည်းဝင်စားလေသည်။

မေမေဆိုရင် ဖေဖေ့ပါးစပ်ထဲ ထမင်းရောက်သွားတာနဲ့ စားလို့ကောင်းလား အမြဲမေးလေ့ရှိသည်။သူမကတော့ ထိုသို့မဟုတ်ပေ။ဖေဖေပြောတဲ့ ဟင်းမချက်ဘူးဆိုတဲ့ သူမရဲ့လက်ရာက မေမေ့လက်ရာကိုမမှီပေမယ့် စားလို့ရတဲ့အထဲမှာ ပါတာကြောင့် ကောင်း၏မကောင်း၏ သူမပြောတော့ပေ။

"တော်သေးရဲ့ ကောင်စုတ်လေးက ပြသာနာမရှာလို့...နင် တော်တယ် ငွေ့ရည်..နင် မလုပ်တက်တဲ့အရာ ဘာမှမရှိဘူး..လူတောင်ကယ်တင်နိုင်သေးတာပဲ...ဒီအလုပ်လေးက အသေးအမွှားပဲ...ဟူး..''

စားနေသော သူ့ကို မဝင့်မရဲလေး မျက်လုံးလန်ကြည့်လိုက်ပြီး သက်ပြင်းလေးချလိုက်တယ်။လက်ရာကောင်းဖို့အတွက် ငွေ့ရည်မှာ ကိုကြီးထက်ဝေယံကိုမေးလိုက် လိုင်းပေါ်ကနေ ဟင်းချက်နည်းတွေ ကြည့်ပြီး သင်ထားရသည်။ဒါတွေကို သူသိမည်မထင်ပါ။ဘာမှမပြောဘဲ စားနေပုံထောက်ရင်တော့ ငွေ့ရည်လက်ရာ ကောင်းလိူ့နေမှာလေ။

"ဟွန့်...ဘယ်လိုယောကျ်ားလဲမသိပါဘူး..သူ့အတွက် အပန်ပင်းခံပြီး ချက်ပြုတ်ထားရတာ ကောင်းတယ်လို့လဲတစ်ခွန်းမပြောဘူး...''

ငွေ့ရည် စိတ်ထဲက မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်ပစ်လိုက်တယ်။သူကတော့ ငွေ့ရည်ကိုတောင်မကြည့်ဘဲ ထမင်းသာ စားနေလေတယ်။အပြင်သွားတာ မစားလာသည့်အတိုင်းပဲ။တော်သေးတာပေါ့ ညမနက်ဆိုပြီး ပိုပိုလိုလို ချက်ထားလိုက်လို့ မဟုတ်ရင် ညစာအတွက်ပြန်ချင်ရအုန်းမှာ သေချာသလောက်ရှိသည်။

"ခင်ဗျား ကိုကိုပြောတော့ ခင်ဗျားက အိမ်မှုကိစ္စတွေ အချက်အပြုတ်တွေ မလုပ်ပါဘူးဆို...အခု ကျုပ်အရိပ်မှာ နေရတော့ အကုန်လုပ်တက်သွားပြီ မဟုတ်လား..ခင်ဗျား ကျုပ်ကိုတောင် ကျေးဇူးတင်ရအုန်းမယ်...''

ထမင်းစားလို့ ပြီးသွားမှ ထမင်းပန်းကန်တွေ သိမ်းဆဲနေတုန်း သူပြောလာသော စကားကြောင့် ငွေ့ရည်မှာ ဘာဖြေလို့ ဖြေရမှန်းမသိဖြစ်သွားရလေတော့သည်။ငွေ့ရည်လည်း ကြောင်ပြီးငြိမ်နေရာမှ

"ငါက နဂိုထဲက တော်ပြီးသားလေ...လူတွေရဲ့အသက်ကိုတောင် ကယ်တင်နိုင်တဲ့ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့အတွက် အများကြီးကြိုးစားလာခဲ့တာ..ဒီအလုပ်အသေးအမွှားလေး သင်လိုက်ရတာကို စာတောင်မဖွဲ့ဘူး...ကိုကိုရဲ့ လက်ထဲမှာ ဘာတစ်ခုမှ မလုပ်တက်ဖူးဆိုတာကလေ..ကိုကိုနဲ့ကိုကြီးထက်ဝေယံက ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် တော်ဝင်မင်းသမီးလေးတစ်ပါးလို ဖူးဖူးမှုတ်ထားလို့ပါ...ကိုကို့လက်ထဲမှာ နေတုန်းကဆိုရင်လေ ဆန်ပြုတ်တောင် ပြုတ်တက်တာမဟုတ်ဘူး..ငါနေမကောင်းရင် ကိုကိုက သူကိုယ်တိုင် မီးဖိုထဲဝင်ပြီး အစအဆုံးအကုန်လုပ်တာ...''

မင်းခန့် ဖေဖေရဲ့အချစ်တွေ ရထားတဲ့အကြောင်းတွေကို အရသာခံပြီး မော်မော်ကြွားကြွားပြောနေတဲ့ သူမကို မကြည်တဲ့အကြည့်နဲ့ ဘုကြည့်ကြည့်လိုက်ပြီးနောက် အကြံစည်ရှိလှတဲ့ အပြုံးတို့ဖြင့်

"ဟုတ်လား..ခင်ဗျားအတွက် ဒီအလုပ်တွေက ပါ့မွှားဆိုရင်..ဒါဆိုရင် မနက်ကစပြီး နေ့လည်စာကို ကျုပ်အပြင်စာမစားတော့ဘူး...ခင်ဗျား ကုမ္ပဏီကို မွန်းမတည့်ခင် လာပို့ဖို့ အလုပ်တစ်ခုထပ်တိုးလိုက်ပြီ...''

"ဘာ..အဲလိုလုပ်လို့ ဘယ်လိုဖြစ်မလဲ..မင်းကို ငါနေ့လည်စာ လာပို့ဖို့ ကားလည်းမရှိဘူး..နောက်ပြီး ငါ့သမီးကို အိမ်မှာထားခဲ့ရအောင်လဲ တစ်ယောက်ထဲ မဖြစ်ဘူး..မင်းကားဝယ်ပေးရင်တော့ တစ်မျိုးပေါ့လေ...ဒါပေမယ့် မင်းရဲ့လုပ်ငန်းခွင်ထဲမှာ မလိုလားအပ်တဲ့ သတင်းတွေထွက်လာခဲ့ရင် မင်းအဆင်ပြေပါ့လားဆိုတာလဲ သေချာစဥ်းစားစေချင်တယ်...''

ငွေ့ရည်က သူ့ထက် နှစ်တွေအများကြီးစောပြီး လူဖြစ်လာတာဆိုတော့ လူတွေရဲ့သဘောသဘာဝကို နားလည်နေပြီ။နေ့စဥ်နဲ့အမျှ ကလေးတစ်ဖက်နဲ့ သူ့ရုံးခန်းထဲကို ထမင်းချိုင့်ပို့ပေးနေတာကို သူ့ဝန်ထမ်းတွေက ဘယ်လိုထင်မလဲ ။ဒါတွေကို မတွေးဘဲ ငွေရည်ကို နှိပ်ကွက်ချင်တာပဲ သူသိတယ်။

"အင်း..ခင်ဗျားပြောတာလဲ ဟုတ်နေတာပဲ...ခင်ဗျားနဲ့ကျုပ်က လက်ထက်ထားတဲ့ သူတွေဆိုတာကို သူတို့ ရိပ်မိလို့မဖြစ်ဘူး...အဓိကတော့ ကျုပ်ချစ်သူ လုံးဝသိလို့မဖြစ်ဘူး..''

"မင်း အဲမိန်းကလေးကို သိပ်ချစ်တာပဲလား...''

ငွေ့ရည် ရင်ထဲကလာတဲ့ ဂရုဏာသံလေးနဲ့ သဘောရိုးနဲ့ မေးလိုက်၏။ သူက ရွန်းလဲ့တောက်ပနေတဲ့ မျက်ဝန်းနက်နက်က သူမရဲ့ ညိုးငယ်နေသော မျက်ဝန်းတစ်စုံကို စိုက်ကြည့်ကာ

"ကျုပ် အသက်တမျှ ချစ်တယ်..'

သူ့စကားအဆုံး၌ ငွေ့ရည်ပြီး ပြုံးလိုက်ပြီး

"မင်းကောင်မလေးက သိပ့်ကံကောင်းတာပဲ..''

"ခင်ဗျား ပြောစရာမလိုအောင် အစစအရာရာ ပြည့်စုံပြီး ကံကောင်းတဲ့ မိန်းကလေးပါ...''

"အွန်း...''

ပြောပြီးထွက်သည့် မင်းခန်း၏ ကျောပြင်ကျယ်ကို ငေးကြည့်ရင်း ဝဲရစ်သီတွဲလာတဲ့ မျက်ရည်တို့ကို ပုတ်ခတ်ပြီး

"မင်းတို့နှစ်ယောက်ရဲ့ အချစ်တွေစစ်ရင် ဘယ်လိုအနှောက်အယှက်ပဲရှိရှိ တစ်နေ့နေ့တော့ ပြန်ဆုံရမှာပါ...ငါလဲ ဘုရားရှိခိုးတိုင်း မင်းတို့ချစ်သူနှစ်ဦး မြန်မြန်ပေါင်းဖက်နိုင်ဖို့ နေ့တိုင်းဆုတောင်းပေးနေမယ်...ငါတို့သားမိအတွက်နဲ့ မင်းတို့ မဝေးစေရပါဘူးလို့ ကတိပေးပါတယ်...''

ဘဝမှာ ချစ်သူရည်းစား မရှိဘူးသလို ဘယ်ယောကျ်ားလေးနဲ့မှ ရင်မခုန်ဘူးတဲ့ ငွေ့ရည်ကလေ ကိုယ့်အပေါ် ငြိုးမျက်တွေ ပြည့်လျှံနေသည့် မင်းခန့်ကိုကိုရဲ့အပေါ်ကိုမှ ရင်ခုန်မိသတဲ့လေ။သတိဝင်လာတိုင်း နာကျင်စရာတွေနဲ့ ဆေးကျောပြီး စိတ်မယိုင်မိအောင် လုပ်သော်လည်း သူ့အနမ်းတွေကို လက်ခံရချိန်မှာတော့ ရင်ခုန်သံတွေက ရပ်တန့်၍မရချေ။

« ရှေ့အခန်း - အပိုင်း ၂၅ နောက်အခန်း - အပိုင်း၂၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ