"ရော့ ပိုက်ဆံ...ဟင်းတွေကို ဖွယ်ဖွယ်ရာရာ ချက်ကြားလား..ဒီလိုမျိုးကို ကျုပ်လဲမစားနိုင်သလို ခင်ဗျားလဲ မစားနိုင်ဘူးမဟုတ်လား...''
"အင်း...''
ငွေ့ရည် ဆေးမိသွားသောလူတစ်ယောက်လို ခေါင်းညိတ်ပြလိုက်၏။
"ကျုပ် အိပ်ချင်ပြီ..''
သူအိပ်ချင်တဲ့ နောက်ကွယ်က အကြောင်းအရင်းကို ငွေ့ရည်သိနေတာကြောင့် မပျော်နိုင်ပါ။ငွေ့ရည်ကို မချစ်ပါဘဲနဲ့ သူ့အလိုရမ္မက်အတွက် ဝတ္ထရားဆိုတဲ့ ခေါင်းစဥ်နဲ့ ကိုင်ကိုင်ပြီး သူ့စိတ်ကြိုက် အရယူနေတဲ့ သူ့ကို ငွေ့ရည် မုန်းချင်တယ်။ပိုင်ရှင်ရှိတဲ့ ထိုယောကျာ်း ကိုယ့်အပေါ် အမုန်းတွေပဲရှိတဲ့ ထိုယောကျ်ားကို ရင်ခုန်မိတဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။
"သမီးလေးက မအိပ်သေးဘူး...''
"အဲဆိုလည်း နို့တိုက်ပြီး အိပ်အောင်သိပ့်လိုက်ပေါ့...ခင်ဗျားသမီးက တကယ်အရှုပ်ထုတ်လေးပဲ..ကျုပ်ချစ်သူနဲ့လဲ စကားကောင်းကောင်းမပြောလိုက်ရဘူး...''
ငွေ့ရည် သူပြောတာကိုသာနားစွင့်ပြီးသာနေလိုက်သည်။ပြန်ပြောပြလျှင်လည်း မျက်မှောင်ကျုတ်ပြီး သူ့ရဲ့အကြည့်စူးစူးတွေနဲ့ လူကိုပေါက်ထွက်မတက် ကြည့်လာဦးမယ်။ကလေးက ဘာသိတာမှတ်လို့လဲ။သူငိုတဲ့အချိန်တာကို အရှုပ်ထုတ်လေးတဲ့ ဖြစ်ရသေးတယ် ။
"ခင်ဗျား နို့တစ်ခါတိုက်တာ ဒီလောက်ကြာရသလား ဒေါ်ပန်းငွေ့ရည်... ခင်ဗျား ကျုပ်နဲ့မအိပ် ချင်လို့ အချိန်ဆွဲနေတာ မဟုတ်လား..ခင်ဗျားလို ဘွားတော်က ကျုပ်ကို အချိန်ဆွဲရတယ်ရှိသေးတယ်...တောက်..''
သူဟာ ငွေ့ရည်ကို မကျေနပ်သော မျက်လုံးများနဲ့ကြည့်ပြီး အခန်းထဲက ခြေလှမ်းကျဲများဖြင့် ထွက်သွားလေသည်။သူ့ထင်ကြေးနဲ့သူ ခန့်မှန်းပြီး ဒေါသထွက်တဲ့ သူ့နောက်ကျောကို ကြည့်ရင်း သက်ပြင်းလေးရှိုက်ချလိုက်သည်။
တော်တော်နဲ့အခန်းထဲကို ပြန်မရောက်တာနဲ့ သူ့ကိုစောင့်မနေတော့ဘဲ အိပ်ချင်တာနဲ့ အိပ်လိုက်တော့သည်။
မင်းခန့် အခန်းထဲပြန်ဝင်လာတဲ့အခါ သူမတို့သားမိနှစ်ယောက်လုံးဟာ အိပ်ပျော်နေတာကို တွေ့လိုက်ရ၏။ကလေးကတော့ သူမအနားမှာ ခြေကားယားလက်ကားယားနဲ့ အိပ်ပျော်နေတာ ပါးစပ်လေးဟရက်သားလေး..သူ့မှာ ကလေးလေးရဲ့ ပုံစံကိုကြည့်ရင်း သဘောတွေကြနေတော့သည်။ကလေးလေးကို မနိုးအောင် ပွေ့ချီကာ ဘေးနားလေးချလိုက်ကာ နမ်းလိုက်ပြီး
"အကျီလှလှလေးတွေ ဝယ်ပေးမယ်နော်..အရှုပ်ထုတ်လေး မလုပ်ရဘူး ကြားလား...''
ကလေးလေးသာ နှစ်လပြည့်တော့မယ် အခုထိတိုင် သူ့နူတ်ကနေ သမီးလေးလို့ မခေါ်သလို သူ့ကိုယ်သူလဲ ဖေဖေရယ်လို့ အသုံးနှုန်းပေ။
မင်းခန့် အလယ်ကိုဝင်လိုက်ပြီး နဖူးစပ်က သူမရဲ့ဆံပင်တွေကို သတ်တင်ပေးနောက် သူမရဲ့ ပန်းရောင်သမ်းနေသော နူတ်ခမ်းလေးကို သူ့နူတ်ခမ်းလေးနဲ့ ထိကပ်ပြီး နမ်းလိုက်တော့သည်။
"ဟင်...''
"ငြိမ်ငြိမ်လေးနေ..''
အမိန့်ဆန်ဆန်ပြောပြီးနောက် သူက ငွေ့ရည်ရဲ့ ကိုယ်ပေါ် အုပ်မိုးလားကာဖိထားလိုက်ပြီး ကြမ်းတမ်းစွာ နမ်းရှိုက်လာ၍ ငွေ့ရည် ရင်ဘက်တစ်စုံလုံး တလှပ်လှပ်ဖြစ်လာကာ အသက်ရှူမြန်လာလေသည်။ ထို့နောက် မျက်လုံးတစ်စုံကို စုံမှိတ်ကာ ငြိမ်သက်လိုက်လေသည်။မင်းခန့်၏ နုတ်ခမ်းတစ်စုံက ငွေ့ရည်လည်တိုင်ကို ထိကပ်လာချိန်မှာတော့
"ငါ့အပေါ် ဒီလိုပြုမှာဆက်ဆံနေတဲ့အချိန် မင်းကောင်မလေးအပေါ် နည်းနည်းလေးတောင် အားနာမှုမရှိဘူးလား...''
ငွေ့ရည်ဟာ မျက်လုံးတွေမဖွင့်ဘဲ သူ့ကို မေးခွန်းထုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေ ခဏတာ ရပ်တန့်သွားပြီး ငွေ့ကိုယ်ပေါ် နေလည်း သူဟာ အသာအယာပင် ဖယ်ရှားသွားလေသည်။ သူဖယ်သည်နှင့် ငွေ့ရည်လည်း သမီးလေးကို အနားပြန်ခေါ်ဖို့ ပြင်လေတော့ သူဟာ ချက်ချင်းဆိုသလို ငွေ့ရည်ကို ဆွေ့ခနဲဆွဲဖက်ပြီး ဦးခေါင်းနောက်ကနေ သူလက်နဲ့ထိန်းချုပ်လိုက်ပြီး နူတ်ခမ်းတစ်စုံကို ငုံခဲထားလေသည်။
ငွေ့ရည်မှာ မထင်မှတ်ဘဲ တိုက်စစ်ပြန်ဆင်ခံရသည့်အခါ သူလုပ်သမျှကို ကလေးငယ်တစ်ယောက်လို ငြိမ်ခံနေရလေသည်။သူက လက်တစ်ဖက်ဖြင့် တင်းကြပ်စွာဖက်ထားပြီးနောက် သူမကိုယ်လေးကို လှဲစေလိုက်ပြီး သူ့သဘော ကြမ်းကြမ်းတမ်းတမ်းတော့ကစားနေလေသည်။
သူနိုးလာတော့ ကလေးလေးနဲ့သူမက အခန်းထဲမှာ ရှိနေတော့ပါ။သူရေချိုးပို့အတွက် အဆင်သင့်လုပ်ပေးထားသည်။သူနိုးတဲ့အချိန်ကို မှတ်ထားသလားမပြောတက်ပါ။သူရေချိုးမယ့် အချိန်ကို ခေါ်စရာမလိုအောင် ရောက်လာသည်။အရင်ရက်တွေက ကလေးလေးကအမြဲပါ၏။ဒီနေ့တော့ ကလေးလေးမပါတာကြောင့် မေးချင်သည်။သို့သော် မမေးဖြစ်ခဲ့ပေ။အောက်ကိုရောက်တော့လဲ ကလေးလေးကို မတွေ့ရပြန်။သူမကြည့်တော့လဲ အေးအေးဆေးဆေးပါပဲ။
ဒီလိုနဲ့ မင်းခန့် ကလေးလေးကို မတွေ့ရတာ တစ်ပတ်ခန့်လောက်ရှိနေပြီဖြစ်၍ ရင်ထဲမှာ တစ်ခုခုလစ်ဟာသွားသလို ခံစားချက်ကြီးဖြစ်ပေါ်နေသည်။ဘာလုပ်လုပ် ကလေးလေးဆီကိုသာ စိတ်ကရောက်နေတော့သည်။ကလေးလေးရဲ့ ပါးနုနုလေးကို အမောပြေ နမ်းရှိုက်ချင်သည်။ကလေးလေးကို ပွေ့ချီချင်စိတ်တွေက ထိန်းမရအောင် တဖွားဖွားပင်။
************** ****************
မိုးညက သူ့အမအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးမလို့ဆို၍ သူတို့ငါးယောက် ကလေးပစ္စည်းတွေကို တွေ့ပလာဇာကိရောက်လာခဲ့သည်။သွန်းသွန်းကတော့ သူတို့ကြားထဲမှာ ကန့်လန့်ကန့်လန့်ပေါ့။ မင်းခန့်က ကလေးပစ္စည်းတွေကို တွေ့သွားတာကြောင့် သူငယ်ချင်းတွေနောက်မလိုက်သွားဘဲ ကလေးပစ္စည်းတွေကို စိတ်ဝင်တစား သဘောတကျကျနဲ့ အရောင်းဝန်ထမ်းမလေးကို ကလေးအရွယ်ကို ပြောပြီး မေးနေတော့သည်။ကလေးပစ္စည်းတွေကို ကိုင်ယူလိုက်ချိန်မှာ ရင်ထဲမှာ နွေးသွားသည်။သူတောင်မသိလိုက်ခင် အပြုံးတစ်ခုကို ကျေကျေနပ်နပ် ပြုံးလိုက်တော့၏။
သူတို့အားလုံး လိုချင်တဲ့ပစ္စည်းတွေလိုက်ကြည့်ပေမယ့် မင်းခန့်က သူတို့နဲ့ပါမလာဘဲ ကလေးပစ္စည်းအတန်းသွားတာကို မိုးညတစ်ယောက် အမှတ်မထင်မြင်တွေ့လိုက်ရသည်။ကလေးပစ္စည်းလေးတွေကို ကိုင်ပြီး သဘောကျနေတဲ့ မင်းခန့်ကိုကြည့်ပြီး ခေါင်းလေးဆက်မိတော့တယ်။
"ဒီကောင်အပြောတစ်မျိိုးအလုပ်တစ်မျိုးနဲ့ ကလေးကြောင့် အရည်ပျော်တော့မလား ကလေးမေမေကြောင့် အရည်ပျော်တော့မလားပဲ...ဟူး...''
အရင်လိုမဟုတ်တော့ဘဲ ကလေးလေးအကြောင်းမေးရင် သဘောတကျ ရှိနေတက်တယ်။ဒီရက်တွေ သူ့ကလေးကို မတွေ့ရလို့ ဖြစ်ပျက်နေတဲ့ မျက်နှာအမူအရာကိုကြည့်ခြင်းအားဖြင့် သွေးတဲ့စကားအရ ဒီကောင် ကလေးလေးအပေါ်သံယောဇဥ်တွယ်နေတာ အသိအသာပင်။
ဆိုင်ထဲကထွက်လာထဲက မင်းခန့်၏မျက်နှာဟာ မှိုရနေသည့် မျက်နှာလိုဖြစ်နေသည်။ဇွဲပြည့်ရယ် သူရိန်နဲ့သွန်းသွန်းကတော့ မင်းခန့်ကိုမမြင်ဖူးသလို ကြည့်နေ၏။သူကတော့ မင်းခန့် ဘာကြောင့် ပြုံးနေသလဲဆိုတာကို သိနေတာကြောင့် မအံ့သြချေ။
///...
"နင်ဘာဝယ်လာတာလဲ မင်းခန့်ရဲ့..ကြွေရုပ်အတွက်လား ငါကြည့်မယ်နော်...''
"ဟေး..မရ..''
မင်းခန့် တားချိန်တောင်မရလိုက်ပါ။ပြောပြောဆိုဆိုနဲ့ သွန်းသွန်းဟာ မင်းခန့်ဘေးနားက အိတ်ကလေးကို လှမ်းယူလိုက်ကာ ထုတ်ကြည့်လိုက်တော့သည်။
"ဟမ်..ကလေးပစ္စည်းတွေပါလား...ဘယ်ကလေးအတွက် ဝယ်လာတာလဲ မင်းခန့်..ဒီအရွယ်ကလေး နင်တို့ဦးလေးတွေဆီမှာ မရှိပါဘူး...''
သွန်းသွန်း အိတ်ထဲက ကလေးနဲ့သက်ဆိုင်တဲ့ ကလေးအကျီလေးတွေ တခြားပစ္စည်းတွေကို တစ်ခုစီးချင်ထုတ်ကြည့်ပြီး မေးလေတော့တယ်။ထိုအခါ မင်းခန့်တောင်ပြောချိန်မရဘဲ ပြာပြာသလဲလဲနဲ့ အိတ်ကိုဆွဲယူပြီး ပြော လိုက်သူက မိုးညပင်။
"ဒီကောင် အိတ်မှားလာတာနဲ့တူတယ်ဟာ...ပေးပေး ငါ့ကို သူများဟာတွေ မကိုင်နဲ့ သွန်းသွန်း...နင်တော်တော် စပ်စုတာပဲ...ကလေးပစ္စည်းဝယ်ရအောင် မင်းခန့်က ကလေးအဖေမှ မဟုတ်တာ...''
"အေးပါဟယ်...သူ့ပစ္စည်းသာဆို ဘယ်နေမလဲမသိဘူး..ရှော့ရှော့..''
သွန်းသွန်းလဲ ဆောင့်အောက်ပြီး မိုးညကို အိတ်ပေးလိုက်တော့တယ်။မိုးညလဲ သွန်းသွန်းပေးလာတဲ့ အိတ်ကိုယူပြီး မင်းခန့်ရဲ့ ပြိုတော့မယ့်မိုးလို မဲမှောင်သွားတဲ့ မျက်နှာကြီး ကြည့်ပြီး ပြုံးစစနဲ့ အိတ်ကို မင်းခန့်လက်ထဲကို ထည့်ပေးလိုက်ပြီးနောက် နားနားကိုကပ်လိုက်ပြီး
"သွန်းသွန်းရှေ့မှာ အမှားမခံနဲ့..သွန်းသွန်း သိသွားရင် ကြွေရုပ် သိဖို့ကလွယ်သွားပြီ...''
"အေးပါကွာ.. ''
"မင်းနဲ့ ကလေးအမေ ဘယ်လိုအခြေအနေရှိလဲ..ဒီတိုင်းပဲလား..''
သူမေးလိုက်တော့ မင်းခန့်၏ မျက်နှာပြောင်းလဲသွားတော့ မိုးည မင်းခန့်နဲ့ပန်းငွေ့ရည်ရဲ့အကြောင်းကို သိချင်စိတ်တွေ တဖွားဖွား ဖြစ်လာ၍ သွန်းသွန်းကို ပထုတ်ဖို့ကို ကြံလေတော့သည်။
"သွန်းသွန်း ငါတို့ဘားသွားမလို့ နင်ပြန်လိုက်တော့..''
"ဟာ..မပြန်ချင်ပါဘူး...ငါ ဟိုမသွားခင် သူငယ်ချင်းတွေနဲ့ အတူတူရှိချင်လို့ နင်တို့ဆီလာကို ဘာလို့နှင်လွှတ်နေတာလဲ မိုးည...''
သွန်းသွန်းက မျက်နှာငယ်လေးနဲ့ ပြောလာတော့လဲ မိုးညမှာ စိတ်မကောင်းပေ။
"မိန်းကလေးမို့လို့ နင်ကိုမခေါ်စေချင်ဘူး..ကြွေရုပ်ပါတဲ့နေ့ကြမှ ငါတို့ထပ်သွားကြတာပေါ့ဟာ..အခုတော့ နင်ပြန်လိုက်တော့နော်..ငါတို့က သောက်စားဦးမှာ အဲတော့ ညဥ့်နက်မှာ သွန်းသွန်း...''
"ဒါပေမယ့် ငါကနောက်ရက်ဆို ဟိုကိုသွားရတောမှာလေဟာ..''
"နင်ပြောတဲ့ ဟိုကိုဆိုတာ ပြည်ပမှမဟုတ်တာပဲ..ဘယ်အချိန်တွေ့တွေ့ တွေ့လို့ရတဲ့နေရာကြီးကို..ပြန်လိုက်ပါဟာ..''
"အွန်း...''
သွန်းသွန်း ထပြန်သွားတာနဲ့ မိုးညရဲ့ လိမ်ညာလိုက်တဲ့စကားကြောင့် ဇွဲပြည့်ရယ်သူရိန်ရယ်က သူ့ကိုကြည့်ပြီး ပုခုံးတွန့်ပြပြီး ဘာအထာလဲဆိုသည့် သဘောနဲ့မေးလေတော့ သူကလဲ မင်းခန့်ကို မျက်စဖြစ်ပြလိုက်၏။
"ငါနဲ့ဘာဆိုင်လို့လဲ မိုးည..ဆိုစမ်းပါဦး..ငါ့ကြောင့်ဆိုတဲ့ အကြောင်းလေး သိချင်လို့ကွာ..''
မင်းခန့်မေးလိုက်တာနဲ့ ဘယ်အချိန်ထဲက မေးချင်နေသလဲမသိတဲ့ မိုးညတစ်ယောက် အချိန်တွေမဆွဲတော့ဘဲ မင်းခန့်ရဲ့ မျက်နှာကို စေ့စေ့ကြည့်၍
"မင်းခန့် မင်းနဲ့ဟိုမိန်းကလေးရဲ့ အခြေအနေက ဘယ်လိုလဲ...မင်းကလေးနဲ့ ကလေးရဲ့မေမေအပေါ်ကို စိတ်ယိုင်နေပြီးလား..''
မိုးညရဲ့အပြောကို ထောက်ခံသည့်အလား ဇွဲပြည့်နဲ့သူရိန်ကလဲ မေးပြန်သည်။
"ဟုတ်တယ် မင်းခန့်...မင်းက ကလေးပစ္စည်းတွေတောင် မရှက်မကြောက် ဝယ်ရဲနေပြီဆိုတော့..ဘာလဲ ဒေါက်တာမမက မွေးတဲ့ကလေးလေးကို ချစ်သွားပြီလား...''
"ကလေးလေးက ချစ်ဖို့ကောင်းတယ်...မင်းတို့မြင်ရင်လဲ ချစ်မှာကွ...''
ဟန်ဆောင်ပန်ဆောင်တောင် မငြင်းနိုင်ဘဲ ကလေးလေးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာကလေးကို မြင်ယောင်ပြီး အပြုံးမြူးမြူးကလေးနဲ့ မဆိုင်းမတွ ဖြေလိုက်၏။မင်းခန့် ဖြေလိုက်တဲ့ အဖြေကြောင့် မိုးညရယ် ဇွဲပြည်နဲ့သူရိန်တို့ မျက်နှာချင်းဆိုင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
"ကလေးက ချစ်ဖို့ကောင်းတာ သူ့မေမေနဲ့တူလို့နေမယ်နော်..''
"ဘယ်ကသာ...ငါနဲ့တူတာကွ...တူတာမှာ ဆင်တာ တောင်မဟုတ်ဘူး..ပန်းပုထုထားသလိုမျိုး ချွတ်စွပ်ကိုတူတာကွ...''
"ဟုတ်လား...ငါတောင် မင်းကလေးလေးကို မြင်ချင်သွားပြီ...ပန်းပုဆရာဘယ်လောက်တော်သလဲ သိချင်လို့လေကွာ...ဟား..ဟား...''
သူရိန်က အရွန်းဖောက်ပြီး သူ့ကိုပြောလာတော့ သူ့မှာ မျက်နှာပူသွားသလို မိုးညရဲ့ ငါကတော့ မင်းမိန်းပဲ တွေ့ချင်တယ် ဆိုတဲ့စကားကြောင့် မျက်မှောင်ကျုတ်ပြီး ဘုကြည့်ကြည့်လိုက်တော့သည်။
"မင်းက ငါ့မိန်းမကို ဘာလို့တွေ့ချင်ရတာလဲ မိုးည..''
သူတောင် သတိမထားလိုက်ဘဲ ငါ့မိန်းမဆိုတဲ့ သူ့နူတ်ကပြောလိုက်တဲ့ စကားလုံးလေးကြောင့် သူ့ရင်ထဲမှာ သိမ့်ခနဲ့ဖြစ်သွားတာကို သူခံစားလိုက်ရပြီး ရင်ခုန်သံတွေကလဲ မြန်လာသလို တဒိတ်ဒိတ်နဲ့ ခုန်ပေါက်နေတော့သည်။
မိုးညက သူ့ပုခုံးကို ပုတ်ပြီး
"ငါက ရိုးရိုးသားသား တွေ့ချင်တာပါကွာ...မာမီ့နှလုံးရောဂါအတွက် သိလိုသိငြား မေးချင်လို့ပါတခြားအကြောင်းမရှိရပါဘူး...မင်းမိန်းမက နှလုံးအထူးကုဆရာဝန်ဆိုတော့လေကွာ.. ဘာလဲ မင်း သဝန်တိုနေတာလား မင်းခန့်...''
"ကျစ်..တိုစရာလားကွာ...မင်းလိုချင်ရင် ငါက တစ်ခါထဲကွာပေးလိုက်မယ်...သူမရှိတော့မှ ငါနဲ့ပျိုကြားက ဆူးငြောင့်ခလုတ်ရှင်းသွားမှာ...''
"တကယ်လား...''
ပြတ်သားပြီးတည်ငြိမ်တဲ့ လေသံနဲ့ပြောလာသော မိုးညရဲ့စကားကြောင့် ဇွဲပြည့်နဲ့သူရိန်ကပါ တအံ့တသြဖြစ်သွားတော့သည်။သူကတော့ မိုးညရဲ့ တကယ်လားဆိုသည့် စကားကြောင့် သူတွေဝေသွားလေသည်။တွေဝေနေသည့် သူ့ကိုကြည့်၍ မိုးည ပြုံးလိုက်သည်။မင်းခန့် ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ချမလဲဆိုတာကိုသာ သူတို့သုံးယောက်သား နားစွင့်နေမိသည်။
"တော်ပြီကွာ ပြန်တော့မယ်...''
"ဟာ..ဟေး..တန်းလန်းကြီး မထားသွားနဲ့လေကွာ..အဖြေလေးပေးသွားပါဦးဟ မင်းခန့်ရ...''
အိတ်ကို ယူပြီးထပြန်သွားသော မင်းခန့်ကိုကြည့်ပြီး သူတို့သုံးယောက် ရယ်မောလိုက်ကြသည်။မရယ်မောနိုင်သူက မပြန်သေးဘဲ သူတို့အနီးနားမှာ ရှိနေတဲ့ သွန်းသွန်းပင်။လက်ထက်ထားလို့ ကလေးတောင်ရှိနေပြီဆိုတော့ ဘယ်အချိန်ထဲက သူတို့ညားနေတာလဲဆိုတာကိုသိချင်မိသည်။သူငယ်ချင်းချင်းအတူတူ သူတို့သုံးယောက်ကိုတော့ပြောပြီး သူမကိုထိန်ချန်ထားတာကိုတော့ သူမမကျေနပ်ချေ။
"မင်းဘယ်လိုထင်လဲ မိုးည...''
"ဒီကောင် သူ့မိန်းမကို ချစ်မိနေပြီ...မချစ်မိအောင် သတိနဲ့ထိန်းချုပ်ထားပေမယ့် အသိစိတ်က သူ့မိန်းမကို ချစ်မိနေပြီကွ...''
"မမက မင်းခန့်ချစ်မိလည်းချစ်မိစရာပဲလေကွာ..ပုပုသေးသေးလေးနဲ့ ပြစ်မျိုးမှဲ့မထင်လှရက်နေတာကို တစ်အိမ်ထဲနေပြီး မချစ်မိဘဲနေမလား...ပန်းငွေ့ရည်ဆိုတဲ့ ဒေါက်တာမလေးကို ငါသာဆိုလဲ ချစ်မိမှာပဲ...''
သူရိန်ပြောသလို ပန်းငွေ့ရည်ဆိုတဲ့ဒေါက်တာမလေးရဲ့ ချောမောမှု့နဲ့အလှက သူမတို့လို ငယ်ရွယ်သူတွေတောင် လိုက်၍မှီပေ။ကြွေရုပ်ကို လှပလွန်းတဲ့မိန်းကလေးထက်တောင် အနည်ငယ်သာလွန်နေသေးသည်။မိန်းကလေးချင်းတောင် အားကျလောက်တဲ့ ချောမောလှပမှုမျိုးကို ပိုင်ဆိုင်ထားသော သူမကို မင်းခန့်မချစ်မိတာ အဆန်းတော့မဟုတ်ပေ။