Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း၂၃

ငွေ့ရည် သူပြောသွားသလိုပဲ အောက်ထပ်ကနေ အပေါ်အခန်းဆီကို ငွေ့ရည်တို့သားမိ ပစ္စည်းတွေ ပြန်ရွေ့လိုက်တယ်။အပေါ်အခန်းထဲမှာ ငွေ့ရည်ကသမီးလေးကို ချော့မြူရင်း ရယ်မောရင်း အချိန်တစ်ခုကုန်ခဲ့သည်။ငွေ့ရည် သမီးလေးကို နို့တိုက်တဲ့အခါ နို့ဝလို့ ငြိမ်နေတဲ့ သမီးလေးကို ထားခဲ့ပြီး လုပ်စရာရှိတာတွေ လုပ်ရလေသည်။သူ့ရဲ့ ခရီးကပါလာတဲ့ အဝတ်အစားတွေနဲ့ သူမတို့သားမိ အတွက်အစားတွေကို လျှော်ဖွတ်ရလေသည်။ငွေ့ရည်က အဝတ်လျှော်စက်နဲ့လျှော်ရတာကို မကြိုက်တော့ ပိုပင်ပန်းရတယ်။

"ဟူး.. ပင်ပန်းလိုက်တာ...ကိုကိုဖျော်ပေးတဲ့ သံပရာရည်လေး သောက်လိုက်ရရင် မမောပြေသွားမှာပဲ....''

သူမ ညဥ်းနေတုန်း သမီးလေးရဲ့ အဲ့ဆိုတဲ့ငိုတဲ့အသံလေးကြောင့် လက်နှစ်ဖက်ကို အကျီစနဲ့သုတ်ပြီး ပြေးထွက်လာခဲ့သည်။

"အယ်...သမီးလေးက ရူးရူးတွေပေါက်ထားတာကိုး...အဲတော့မနေတက်ဘူး ဖြစ်နေတာပေါ့လေ...ဟုတ်လား မေမေ့ကလေး...''

"အူဝဲ...အူဝဲ...''

"ဟွန့်..နို့ဆာလို့လား မေမေ့ကလေးလေးရယ်...မေမေ့ကလေးလေးကို သနားလိုက်တာ...''

သမီးလေးက ရူးရူးပေါက်ထားလို့မဟုတ်ဘဲ နို့ဆာ၍ငိုတာကြောင့် ငွေ့ရည် သမီးလေးရဲ့ သေးစိုထားတဲ့ အနှီးလေးကို ဖယ်လိုက်ပြီး အသစ်တစ်ထည်နဲ့ လည်ထုတ်ပေးပြီး နို့တစ်ခါပြန်တိုက်တယ်။ရင်ခွင်ထဲကနေမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် နို့ဆို့နေပြီး မေ့ာမော့ကြည့်နေတဲ့ သမီးလေးကို ငွေ့ရည်ကြည့်ပြီး ရင်ထဲနင့်ခနဲဖြစ်သွား၏။မင်းခန့်သူမကို ပြောခဲ့တဲ့စကားတွေက ငွေ့ရည် သမီးလေးအတွက် စိတ်မကောင်းဖြစ်မိသည်။သက်ပြင်းရှိုက်ချရင်း သမီးလေးရဲ့ ပါးနုနုတွေကိုကြင်ကြင်နာနာ ထိတို့လျက်..။

"မေမေတို့လူကြီးတွေကြောင့် သမီးလေးက မြေစာပင်ကလေး ဖြစ်နေပြီ...ဖခင်ရဲ့ အချစ်ကိုမရတဲ့အပြင် အမုန်းတွေရနေတဲ့ သမီးလေးကို မေမေ တောင်းပန်ပါတယ် သမီးလေးရယ်...''

ငွေ့ရည် နို့ဆို့နေတဲ့ သမီးလေးရဲ့ ကိုယ်လုံးလေးကိုဖက်ပြီး နဖူးလေးပေါ်အနမ်းဖွဖွပေးလိုက်၏။ မျက်လုံးလေးမှေးဆင်းပြီး နို့ဆို့နေတဲ့ သမီးလေးက နို့သတ်လာတဲ့အခါ နို့သတ်ခံဆို့နေတော့ အသက်ရှူနှုန်းကလေးတွေ မြန်ဆန်လာခဲ့သည်။ခဏအကြာမှာ တဖြည်းဖြည်းအသက်ရှူသံလေးတွေမှန်လာပြီးနောက် အိပ်ပျော်သွားလေတော့သည်။ရင်ခွင်ထဲမှာ နို့ကိုငုံထားရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်သမီးလေး ၏မျက်နှာလေးကို ငေးကြည့်ရင်း ငွေ့ရည် ပြုံးလိုက်မိသည်။သမီးလေးကို အိပ်ရာပေါ်မှာ အသာလေးချသိပ့်လိုက်ပြီးသောအခါ လက်စသတ်ဖို့ကျန်နေတဲ့ သူအဝတ်စားတွေကို ပြန်လျှော်ရပြန်သည်။

ညနေစာအတွက်လည်း ရေခဲသေတ္ထာထဲက ရှိတဲ့ ပဲသီးရယ် မုန်ညှင်းရွက်ရယ်ကိုယူလိုက်ပြီး ရေဆေးကြောပြီး လှီးလက်ပြီးတာနဲ့ မုန်ညှင်းတစ်ခွက်ကြော်ရယ် ပုဇွန်ကြော်အကျန်နဲ့ပဲသီးကိုရောပြီး တစ်ခွက်ကြော်လိုက်တော့သည်။

လက်ရာကတော့ဘယ်လိုဘယ်ဖုံဖြစ်နေမလဲတော့မသိပါလေ။ချက်ပြုတ်လို့ကတော့ပြီးသွားပြီ။ငွေ့ရည်အပေါ်မကောင်းမမြင်နိုင်တဲ့ထိုယောကျာ်းကတော့ကောင်းတဲ့မှတ်ချက်ပေးမယ်လို့တော့မထင်ပါလေ။

သူပြန်လာရင် ရေချိုးဖို့အတွက်လည်း အကုန်ပြင်ဆင်ပေးထားလိုက်တယ်။ ရေးချိုးပြီးတာနဲ့ အရန်သင့်ဝတ်ဖို့အတွက် သူ့အဝတ်ဘီဒိုထဲက သူမမျက်စိကျတဲ့ တစ်စုံကို ထုတ်ပေးထားလိုက်သည်။ဒီလိုလုပ်ပေးတာက လုပ်ပေးချင်လို့ မဟုတ်မပဲ သူပြောသလို ဇနီးမယားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားဆိုလို့ လုပ်ပေးထားခြင်းပါ။

အလုပ်တွေအကုန်လုံးလုပ်ကိုင်ပြီးတဲ့အခါ တစ်ကိုယ်လုံး ညောင်းညာလာတာနဲ့ အိပ်ရာပေါ် ပစ်လှဲလိုက်တော့၏။ ပင်ပန်းသွား၍နဲ့တူတယ် ခေါင်းချလိုက်တာနဲ့ မျက်လုံးများမှေးဆင်းပြီး ဘာမှမသိတော့သလို တုံးခနဲ အိပ်ပျော်သွားတော့တယ်။

ကလေးလေးကလည်း အိပ်ပျော်နေသော ငွေ့ရည်၏ဘေးနာမှာ အမေဖြစ်သူနဲ့နည်းတူ အိပ်ပျော်နေသည်။သားမိနှစ်ယောက် အိပ်ပျော်နေသော ပုံစံလေးကို ပန်းချီးဆေးရေးချယ်မည်ဆိုလျှင် အသက်ဝင်လှတဲ့ ပန်းချီကားတစ်ချပ် တစ်ခုဖြစ်လာမှာ အသေအချာပင်။

**************** ****************

"သား ညစာစားပြီးသွားမှ တစ်ခါထဲပြန်လိုက်ပါတော့လားကွယ်...မေမေတစ်ခါတည်း ပြင်လိုက်မယ်...စားသွားလိုက်ပါနော်...''

"ဟင့်အင်း မေမေ...သား မစားတော့ဘူး...အိမ်ရောက်မှစားမယ်..''

သံစဥ်ချို သားဖြစ်သူကို ထမင်းစားဖို့ခေါ်တာ နောက်ဆုံး သူမ လက်လျော့လိုက်ရတယ်။သားက သူမတို့နဲ့အတူ ထမင်းမစားဘူးဆိုတော့ စိတ်မကောင်းဖြစ်မိသားရယ်။သို့သော် မောင့်ကသူ့ရဲ့မိဘတွေအိမ် သွားရင် ဘယ်တော့ဖြစ်ဖြစ် ထမင်းမစားဘဲ ပြန်လာခဲ့ချည်းပါပဲ။အခုမှ မောင့်မေမေ သူမကိုအမြင်မကြည်တာကို နားလည်လာမိတယ်။သူမကတော့ မောင့်မေမေလို မဟုတ်ဘဲ ချွေးမလေးကို အမုန်းမရှိဘဲ ညီမလေးတစ်ယောက်လို သမီးလေးတစ်ယောက်လို ချစ်ပါသည်။

"သား...''

"ဗျာ...''

ကောင်းရဲ့နူတ်ကနေ ရှားရှားပါးပါး ထွက်ပေါ်လာသော သားတဲ့ချိုမြတဲ့အသံလေးကြောင့် မင်းခန့်မှာ ဝမ်းသာလွန်း၍ စူရှတောက်ပတဲ့ မျက်လုံးအိမ်ကနေ မျက်ရည်ကြည်တွေ ဝဲရစ်လို့နေတော့သည်။ဖေဖေများ သူ့ကို မှတ်မိသွားပြီးလားဆိုသည့် အသိစိတ်ကလည်း ရင်ခုန်စိတ်လှုပ်ရှားလျက်

"သားကို ဖေဖေ တောင်းဆိုချင်တယ်...''

"ဟုတ်ကဲ့ ဖေဖေ...ဖေဖေ တောင်းဆိုချင်တာကိုသာပြောပါ..သားအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်..''

"ဒီလိုပါ သား..သား ပုဂံကိုသွားတုန်းက ဖေဖေတို့ ညီမလေးဆီကို ရောက်ခဲ့တယ်...အဖော်ခေါ်ထားတဲ့မိန်းကလေးက ခွင့်ယူထားလို့မရှိဘူးဖြစ်နေတယ်...အဲတော့ အဲရက်တွေမှာ ညီမလေးက မီးဖိုထဲဝင်ရတော့ ချက်ပြုတ်မတက်တော့ အဆင်မပြေဖြစ်ရတယ် သား...အဲဒါကြောင့် အိမ်မှုကိစ္စတွေနဲ့ကလေးကိစ္စအတွက်ကို အဖော်နှစ်ယောက်လောက် ခေါ်ပေးစေချင်တယ်..

ညီမလေးက အိမ်မှုကိစ္စတွေကိုဘာမှမလုပ်တက်တော့ အဲဒီပစ်ချက်လေးကို သားကပဲ နားလည်ပေးဖို့ တောင်းဆိုချင်တယ်...''

ကောင်းသန့်ကိုကိုရဲ့ စကားအဆုံး၌ မင်းခန့် လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။အငိုမျက်လုံး အပြုံးမျက်နှာဆိုသလို ဟန်ရေးနဲ့သာ မချီမဆန့်ပြုံးလိုက်ရင်း ခေါင်းလိုက်တယ်။ကျချင်တဲ့ မျက်ရည်တွေကို ထိန်းချုပ်လိုက်ပြီး

"ဖေဖေ ပြောသလို လုပ်ပေးလိုက်ပါ့မယ်...အဲဒါကြောင့် ကလေးလေးမေမေအတွက် စိတ်မပါနဲ့ ဖေဖေ..''

နူတ်ကသာ လုပ်ပေးမယ် စိတ်ချပါလို့ ပြောလိုက်ပေမယ့် စိတ်ထဲက ကျုံးဝါးစကားသံနဲ့တော့ တစ်ခြားစီပင်။

"စိတ်ချပါ ဖေဖေ...ဒီနေ့ကစပြီး သူမ မကျွမ်းကျင်ပါဘူးဆိုတဲ့ အဲအလုပ်တွေနဲ့ သူမဘဝ နစ်မွန်းသွားစေရမယ်...အဲလိုဖြစ်အောင် ဖေဖေ့သားက ကျိန်းသေလုပ်ပြမယ်..''

ကောင်းက ငွေ့ရည်ကို ဂရုတစိုက်ရှိတာကို သူမလိုလားပါ။သွေးသားဖြစ်တဲ့ သူ့ထက် ငွေ့ရည်ကို ချစ်တာ စိတ်ပူတာကိုလည်း သူမကြိုက်လှပေ။ကောင်း ငွေ့ရည်အပေါ်ကို ဂရုစိုက်လေ သူမကိုမုန်းလေ..စိတ်ပူနေတာကို မြင်ရလေလေ သူမကိုမုန်းလေလေ..ထို့ကြောင့် သူ့ရဲ့သူမအပေါ်ထားခဲ့အမုန်းတွေက ဖခင်ဖြစ်သူကို လုယူလိုက်မိသလို ခံစားရတဲ့ ခံစားချက်ကြောင့်ဆိုလျှင် ပိုမှန်လိမ့်မည်။

"ဖေဖေ့ရဲ့ညီမလေးကို သားလက်ထဲကို အပ်ပါတယ်...သားက အကောင်းဆုံး စောင့်ရှောက်ပေးမယ်လို့ ဖေဖေမျှော်လင့်တယ် သား...''

"ဟုတ်ကဲ့...သားပြန်တော့မယ် ဖေဖေနဲ့မေမေ...သားနောက်ကြနေရင် မျှော်နေမှာဆိုးတယ်ဗျာ..''

ဒါဟာ မုသားစကားသက်သက်ပါလေ။အဆင်ပြေနေတဲ့ ဆက်ဆံရေးတစ်ခုလို ပြောလိုက်ခြင်းက သူ့အပေါ် သံသယတွေ မဝင်လာအောင် ဟန်ရေးလုပ်ပြီး သရုပ်ဆောင်ခြင်းတစ်မျိုးပင်။

မင်းခန့် ကားမောင်းနှင်လာသည့် တစ်လျှောက်လုံးမှာ သူမအတွက် စိတ်ပူနေတဲ့ ဖေဖေကြောင့် ဒေါသထွက်ရသည်။ဖေဖေ့အသက်ကယ်ခဲ့တဲ့သူဆိုပေမယ့် ဖေဖေ့အပေါ် ဒီလောက်ထိ စိုးမျိုးနေတာကို မနှစ်မြို့ချေ။ငွေ့ရည်ပေါ်မှာထားရှိတဲ့ သူ့ရဲ့အမုန်းတရားတွေက တစ်စတစ်စ ကြီးထွားလာခဲ့သည်။

သူ ကားဟွန်းတီးသံ ဘယ်လောက်ပေးပေး သူမထွက်မလာခဲ့ပါလေ။ကြာလာတော့ သွားတွေချိုးကြေမတက် အံကိုကြိတ်လိုက်ပြီး တောက်ခတ်လျက်

"ခင်းဗျားက ကျုပ်စကားကို အလေးအနက်မထားဘူးပဲ..တွေ့မယ်...ခင်ဗျား ကျုပ်နဲ့ တွေ့မယ်...ခင်ဗျားအချိုးတွေကို ကျုပ်ပြင်ပေးရမှာပါပေါ့...အိမ်မှုကိစ္စတွေ မလုပ်တက်ဘူး ဟုတ်လား..အဟက်...''

မင်းခန့် ခြေလှမ်းကျဲများဖြင့် ဒေါသရောင်လွှမ်းနေသော နီမြန်းသည့် မျက်လုံးများဖြင့် အခန်းထဲကို ဝင်ရောက်လာခဲ့၏။အိပ်ရာထဲမှာ အိပ်မောကြနေတဲ့ ငွေ့ရည်ရဲ့ ကိုယ်လေးကို ဆွဲယူဟန်ပြင်လိုက်ပေမယ့် ငွေ့ရည် ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးတစ်ကောင်လို့ အိပ်ပျော်နေသော ကလေးလေးရဲ့ ပုံသဏ္ဍာန်လေးကိုမြင်လိုက်၍ သဒေါသတစ်ဝက်လျော့သွားပြီး ငွေ့ရည်ရဲ့ နားနားကိုကပ်ပြီး လက်မောင်းကိုသာ ထိတို့လျက်...။

"ကျုပ် ရေချိုးမယ်...ခင်ဗျား မထသေးဘူးလား..ဒေါ်ပန်းငွေ့ရည်.. ''

"ဟင်..''

ငွေ့ရည် နားထဲဝင်လာသည့် မင်းခန့်ရဲ့ သြရှရှအသံကြောင့် အသံလာရာဘက်ကို မျက်နှာမူလိုကွသည့်အခါ တစ်ယောက်မျက်နှာတစ်ယောက် ထိလုနီးနီး နီးကပ်သွားတဲ့ အနေအထားတစ်ခုဖြစ်သွားတော့သည်။ထို့ကြောင့် ငွေ့ရည် အနည်းငယ်တော့ ကိုယ်ရှိန်ပြန်သက်လိုက်ပြီးရလေသည်။ သူ့အကြည့်တွေကတော့ တည်ငြိမ်လွန်း၏။အကြည့်တွေက ရှောင်ဖယ်မသွားဘဲ ငွေ့ရည်ရဲ့မျက်လုံးတွေကို ထိုးဖောက်မတက်စိုက်ကြည့်လျက် အနားကို တိုးလာလျှင် ငွေ့ရည် မှာ ရင်တွေတလှပ်လှပ်ဖြစ်ကာ နှလုံးခုန်သံတွေ မြန်လာလေ၏။

"မင်း ... မင်း ... ငါ့ကို ဘာလုပ်မလို့လဲ ...''

ငွေ့ရည် အလန့်တကြားနဲ့ ကိုယ်လေးကိုတဖြည်းဖြည်းနောက်ဆုတ်လျှင် သူက စူးစိုက်ကြည့်ပြီး ဂရုမစိုက်သလို တဖြည်းဖြည်းရှေ့ဆက်တိုးလာလေသည်။ ရင်အုပ်ကကျယ်ကျယ် အသားကဖြူပြီး မျက်ခုံးတွေက နက်မှောင်ပြီး စူးရှသည့် အကြည့်တွေနှင့်တဖြည်းဖြည်းနီးကပ်လာသည့် ခံစားချက်ကြီးကြောင့် ရင်တွေတဒိန်းဒိန်း ခုန်ရလေသည်။ငွေ့ရည် ပထမတစ်ခါ အကြောက်တရားတွေနဲ့အတူမသေချာ မရေရာသည့်ခံစာချက်ကြီးဖြင့် သူဆီကိုဘဝတစ်ခုလုံးပေးလိုက်ရပေမယ့် ဒုတိယအကြိမ်တော့ သူ့လက်ထဲ၌ မကျရှုံးစေချင်ပါ။ ထို့ကြောင့် သူ့ရင်ဘက်ကို တွန်းထုတ်ဖို့ကြိုးစားလျှင် သူက ငွေ့ရည်ရဲ့ လက်တွေကို ဖမ်းဆုပ်ထားလိုက်ပြီး ငွေ့ရည်ရဲ့ ကိုယ်လေးကို သူ့အားနဲ့တွန်းလှဲပစ်ပြီး အုပ်မိုးပြီ ငွေ့ရည်ရဲ့ နူတ်ခမ်းသားလေးကို စတင်နမ်းရှိုက်လေသည်။

ထိုအခါ ရင်ထဲတလှပ်လှပ်ဖြင့် သူပြုသမျှကို နုရတော့လေသည်။ငွေ့ရည်ရဲ့မျက်ရည်တွေကို ကြည့်ပြီး ခက်ထေ့ထေ့အပြုံးနဲ့ ကြည့်ပြီး သူလိုရာ ခရီးကိုသာ ရှေ့ဆက်လေသည်။သမီးကတော့ ဘေးမှာ အိပ်ပျော်နေတုန်းပင်။မုန်းပါတယ်ပြောပြီး ငွေ့ရည်ဘဝကို အလွယ်ရယူနေတဲ့ ထိုယောကျာ်းကို မုန်းသည်။

"..........''

"ဖယ်ပေးတော့...မင်းရေးတော့မှာမဟုတ်လား..ငါ အကုန်လုံးပြင်ဆင်ပြီးသား မင်းချိုးလိုက်ရုံပဲ...''

"ရေဖြည့်ထားရုံနဲ့မရဘူး...ချေးတွန်းပေးဖို့ ခင်ဗျားလိုက်ပေးရမယ်...''

"ကိုမင်းခန့်ကိုကို...''

ငွေ့ရည် သူ့ကို ချွေးတွန်းပေးရမယ်ဆို၍ အော်လိုက်၏။ထိုအခါ မင်းခန့်က သူ့နုတ်ခမ်းနဲ့လက်ညိုးကိုထိကပ်လိုက်ပြီး အိပ်နေသည့် ကလေးလေးကို မျက်စပစ်ပြပြီး ရှူးတိုးတိုးဆိုတဲ့ ပုံစံနဲ့ လုပ်ပြလာသည်။ထိုတော့မှ ငွေ့ရည်လည်း သူ့ကို မျက်စောင်းပစ်ထိုးလိုက်၏။

"ခင်ဗျား ကျုပ်ကို ကိုတပ်မခေါ်နဲ့ ဘွားတော်...ကျုပ်က ခင်ဗျားထက် အသက်အများကြီးငယ်တယ်..''

ငွေ့ရည် သူမကို ဘွားတော်လို့ ခေါ်လိုက်တာကြောင့် ဆွေ့ဆွေ့ခုန်ပြီး ဒေါသအလိတ်လိတ်ထွက်ရပါတော့သည်။အိပ်နေသည့်သမီးလေးကြောင့် ဒေါသတွေ အပြင်ထွက်မရဘဲ ရင်ထဲမှာ မြိငိပ်လိုက်ရ၍ ကြိတ်မနိုင်ခဲမရဖြစ်ရလေသည်။ငွေ့ရည် အန်ကိုကြိတ်ထားသည်မှာလဲ နူတ်သားနုနုလေး ပေါက်ထွက်လုနီးနီးပင်။

"သဒေါထွက်နေတဲ့ပုံစံ ခုနကလောက် ချစ်ဖို့ကောင်းဘူး သိလား...သဒေါသတွေလျော့ အမြဲချစ်ဖို့ကောင်းအောင်နေ ကြားလား...''

"အရူးကောင်..''

ငွေ့ရည် မင်းခန့်ရဲ့ ရင်ဘတ်ကို ထုရိုက်လိုက်ပြီး အိပ်ရာပေါ်ကနေ ဆင်းလိုက်ကာ ရေချိုးခန်းထဲကို ဝင်သွားတော့လေသည်။

« ရှေ့အခန်း - အပိုင်း ၂၂ နောက်အခန်း - အပိုင်း ၂၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ