Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၂၂

သမီးလေးငိုနေတာကို မြင်ပါလျက်နဲ့ ထွေးပွေ့ချော့မြူခြင်းမရှိ သမီးလေးအနားမှာ ရှိနေတဲ့ သူ့ကိုတွန်းဖယ်ထုတ်လိုက်ပြီး သမီးလေးကို ပွေ့ချီလိုက်သည်။ဘာမှမသိ အပြစ်မရှိတဲ့ အပြစ်ကင်းစင်တဲ့ သမီးလေးအပေါ်ကိုတောင် အကြင်နာတရားမရှိတဲ့ သူ့ကို ဒေါသမျက်လုံးတွေနဲ့ ငွေ့ရည် ဆွေပြီးကြည့်လိုက်တော့သည်။

အသက်ရှူသံတွေပြင်းထန်ကာ သူ့ရဲ့ မျက်လုံးများထဲမှာ ဒေါသရောင်တွေ ပြင်းထန်သောအရိပ်အမြွက်ကို မြင်လိုက်ရချိန်မှာတော့ ငွေ့ရည် ကြောက်စိတ်ကလေးဝင်လာ၏။

"ခင်ဗျား မျက်လုံးအကြည့်တွေကို ခုချက်ချင်း ပြင်လိုက်...''

ငွေ့ရည် လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်နှာကိုပင့်ချီလျက် ဒေါသနှင့်တုံ့ပြန်လိုက်သည်။

"မပြင်နိုင်ဘူး... ကြည့်တော့ဘာလုပ်ချင်လဲ...''

"တောက်..''

ငွေ့ရည် စကားအဆုံးမှာပဲ မင်းခန့်၏ဒေါသတကြီးနှင့် သူမရဲ့လက်မောင်းကို ဆောင့်ဆွဲလိုက်တာကိုခံလိုက်ရတာကြောင့် သူမရဲ့ မျက်နှာကလေးဟာပျက်ပြီး သူမရဲ့မျက်ဝန်းနက်နက်တစ်စုံမှာ ပုလဲလို မျက်ရည်ဥတွေ ဝဲရစ်သီတွဲလာတော့သည်။

"ကျုပ်ကို အခုလိုကြည့်တာ ဒါနောက်ဆုံးပဲ ဖြစ်ပါစေ...မဟုတ်ရင် ကျုပ်အကြောင်း ခင်ဗျား သိရလိမ့်မယ်...ပျို့ကို ကျုပ်နဲ့ခင်ဗျားအကြောင်းတွေ မပြောမိစေနဲ့...ခင်ဗျားက အပိုင်ကြံဖို့အတွက် မွေးလာတဲ့ သူမို့လို့လေ...ကျုပ်ပြော ဟုတ်တယ်မဟုတ်လား... ''

အေးစက်စက်မျက်လုံးတစ်စုံရယ် သူရဲ့ နူတ်ကထွက်လာတဲ့ စကားလုံးများကပြတ်သားသလိုနဲ့ ချိုးနှိမ်နေမှုများက ငွေ့ရည်ရဲ့ နှလုံးသားကိုဓားထက်ထက်နှင့်ခွဲချလိုက်သည့်နှယ့်။ဒီလို နာကျင်စေမှန်းသိခဲ့လျှင် အစကတည်းက ဒီယောကျာ်းကို လက်ထက်ခဲ့မှာမဟုတ်ပါ။သူ့ရဲ့ ချစ်ခြင်းမေတ္ထာတွေက သူမတို့သားမိနှစ်ယောက်လုံးအတွက် မလိုအပ်သလို မျှော်လည်းမမျှော်လင့်ပါလေ။သူ့ဆီကချစ်ခြင်းမေတ္တာဆိုတာ သူမနှင့်မသက်ဆိုင်သည့်ရပ်ဝန်းမှာ။သမီးလေးကတော့ သိတက်တဲ့အရွယ်ရောက်လာတဲ့အခါ သူ့ရဲ့ဥပေက္ခာတွေကြောင့် ဝမ်းနည်းရမလဲ။

"မင်းပြောသလို ငါက အကြံဖို့အတွက် မွေးဖွားလာတာဖြစ်လို့ မင်းကောင်မလေးကို မင်းနဲ့ငါက တရားဝင်လက်ထက်ထားတဲ့ မိန်းမ..နောက်ပြီး မင်းနဲ့ငါတို့မှာ ချစ်စရာကောင်းတဲ့ ရင်နှင့်သည်းချား သမီးလေးတစ်ယောက်လဲ ရှိတယ်လို့ ပြောလိုက်မယ် ဆိုရင် မင်းနဲ့ကောင်မလေးက ဘယ်လိုဖြစ်သွားမလဲဆို ငါသိချင်လိုက်တာ...''

"ဖြန်း...''

ယောကျာ်းတစ်ယောက်ရဲ့ ပြင်းထန်သည့်အားနဲ့ လွဲရိုက်လိုက်တဲ့အခါ ဖြန်းခနဲဆိုသည့် အသံမြည်လာသလို ငွေ့ရည်ရဲ့ မျက်နှာပါလည်ထွက်သွားခဲ့သည်။သူမလက်ထဲက သမီးလေးကတော့ ဘာမှနားမလည်ပေမယ့် ကျွတ်ကျွတ်ညံအောင် ငိုကြွေးလေ၏။

သမီးလေး ငိုတဲ့အခါ သူမကိုကြည့်၍ တောက်ခတ်ပြီး အခန်းထဲက ထွက်လေသည်။သူမကို ဘယ်လောက်ထိများ မကျေနပ်သလဲ မပြောတက် တံခါးကို ဆောင့်ပိတ်လိုက် သမီးလေးက ဒုန်းဆိုတဲ့အသံကြောင့် နို့ဆို့ရင်းတောင် ထပ်ငိုပြန်သည်။

"မေမေ တောင်းပန်ပါတယ် သမီးလေးရယ်...''

ထိုနေ့ကစလို့ သူမ အောက်ထပ်ကို ပြောင်းပြီး အိပ်ဖြစ်တယ်။ဒီလိုလုပ်လိုက်တာက သူ့အတွက်လဲ အကောင်းဆုံး ဖြစ်မှာပါ။အရင်ဆုံး ငွေ့ရည်ရဲ့မျက်နှာကို မတွေ့ရတော့ဘူး။သမီးလေးကိုလဲမမြင်ရသလို သူမကြားချင်တဲ့သမီးရဲ့ငိုသံကိုလဲ မကြားရတော့ဘူးလေ။ဒီနည်းလမ်းလေးက သူအတွက်လဲကောင်းသလို ငွေ့ရည်တို့သားမိအတွက်လဲ ကောင်းသည်။

သမီးလေး လေးဆယ့်ငါးရက်မပြည့်ခင် သူ့သူငယ်ချင်းတွေနဲ့ ပုဂံဘုရားဖူးသွားကြတာ ခုထိပြန်မရောက်သေးပါ။ပုဂံသွားတဲ့အကြောင်းကိုတောင် ကိုကိုပြောမှ သိလိုက်ရသည်။

သူပြောသလို သမီးလေး လေးဆယ့်ငါးရက်ပြည့်တဲ့အခါ မမူကပြန်သွားခဲ့သည်။

မမူမရှိတော့တဲ့နေ့ထဲက အိမ်မှုကိစ္စတွေအကုန်လုံးကို သူမလုပ်ရတော့သည်။အစပိုင်းကတော့ ဘယ်လိုမှအဆင်မပြေဖြစ်ခဲ့ရသည်။ဘော့ပင်နဲ့ ခွဲစိတ်ဓားကိုသာ ကိုင်ဖူးတဲ့ဘသူမအတွက် တစ်ခါမှ မီးဖိုခန်းထဲကို မဝင်ခဲ့ဖူးတာကြောင့် အခက်တွေ့ရတော့တာပဲ။

ချက်တဲ့ ဟင်းတိုင်းက အဆင်မပြေလို့ လွတ်ပစ်ရတာချည်းပဲ။ဆယ်ရက်လောက် ချက်နေတာတောင်လက်ရာက မတိုးတက်ပဲ ဒုတ်ရင်းကဒုတ်ရင်းပဲ ချာတူးလန်လို့..သမီးလေးကိုတော့ သူမလို မဖြစ်မခံနိုင်ပါ။ဆယ့်သုံးဆယ့်လေးလောက်ထဲက ချက်ပြုတ်ရေးကို သင်ပေးထားမှရမယ်လို့ ဟင်းချက်တိုင်းအမြဲတွေးမိသည်။

*************** *****************

မင်းခန့် အိမ်ပြန်ရောက်တော့ အပေါ်ကိုသွားတော့သည်။လှေခါး တစ်ဝက်လောက်ရောက်တော့ အောက်ထပ်က အခန်းထဲက ကြားလိုက်ရသည့် အသံသည်မှာ...။

"ကောင်းကင်ကြီး...ကောင်းကင်ကြီး ဟောဒီလောက်ကြီး

သမီးလေးရေးတဲ့ ကိုဝလုံး ကောင်ကင်ကျောက်သင်ပုန်း

အပြောကျယ်တဲ့ ကောင်းကင်ဝယ် ဝလုံးလေးတွေရေးရင်းကွယ်

မှေးမျက်တောင် ကော့ကာဆင်း မေမေ့ရင်ခွင်တွင်း

အိပ်တော့ကွယ် အမေ့သမီးငယ်..အိပ်ပါတော့ကွယ်

အိပ်ရာကနိုးရင် ကျောင်းကိုသွားရမယ် ဒုံပျံကြီးကိုစီးလို့ ကျောင်းကိုသွားရမယ်''

သားချော့တေးဆိုနေတဲ့ သူမရဲ့ အသံလေးက နားဝင်ချိုတဲ့ သာယာဖွယ်အသံလှိုင်းလေးတစ်ခုဖြစ်၍ နားစွင့်နေမိသည်။ထိုအသံလေး တိတ်ဆိတ်သွားတော့မှ သူလည်း အပေါ်ဆက်တက်ပြီး အခန်းထဲဝင်လိုက်တော့သည်။အခန်းထဲရောက်တော့ ပုခတ်ခြင်းလေးရှိပေမယ့် ကလေးလေးကတော့ ရှိမနေတော့ပါ။သူမရဲ့ ကလေးလေးငိုရင် ချော့မြူတဲ့ပုံရိပ်တွေ နို့တိုက်နေတဲ့ပုံရိပ်လေးတွေ သားမိနှစ်ယောက် အိပ်ပျော်နေတဲ့ ပုံရိပ်လေး မတွေ့ရတော့ ရင်ထဲမှာ တစ်ခုခုလစ်ဟာသွားသလို ခံစားလိုက်ရသည်။

ရက်ပိုင်းသာ သူ့ရဲ့အခန်းထဲမှာ နေသွားတဲ့ သူမနဲ့ကလေးလေး ပုံရိပ်တွေက သူ့နှလုံးသားထဲမှာ သူပင်မသိလိုက်ပါပဲနဲ့ ညှိတွယ်နေမိသည်ကို သူမသိပေ။

စိတ်ပျက်နေသလို ပုံစံနဲ့ အိပ်ရာပေါ်တွင် ပစ်လှဲလိုက်တော့သည်။ဘာမဟုတ်တဲ့ ထိုအတွေးပုံရိပ်လေးတစ်ခုကြောင့် ပုဂံခရီးစဥ်မှာ ပျော်ရွှင်ကြည်နူးခဲ့သမျှ ရင်ခုန်စရာအခိုက်အတန့်လေးက ဘယ်ရောက်သွားမှန်းမသိတော့ပေ။

မနက်မိုးလင်းတာနဲ့ မျက်လုံးတွေက ပွင့်လာတော့သည်။ဆက်အိပ်လို့ မရတော့တာနဲ့ အိပ်ထလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်ကာ အအောက်ထပ်ကို ဆင်းလာခဲ့သည်။အောက်ထပ်ကို ရောက်တာနဲ့ သူမရဲ့အရိပ်အယောင်ကို မတွေ့ရတာ၍ သော့ယူပြီး သူမရှိတဲ့အခန်းကို ဖွင့်ပြီး ဝင်လိုက်၏။နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူမရဲ့မျက်နှာကို အနားမှာရှိတဲ့ ရေနဲ့ပတ်လိုက်တော့သည်။

"မင်း မိုက်ရိုင်းလှကျည်လား...''

ငွေ့ရည် သူမအိပ်နေတုန်း သူမရဲ့မျက်နှာကို ရေနဲ့ပတ်ခံလိုက်ရ၍ လန့်နိုးလာခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်လိုက်သည်။

"ဘယ်အချိန်ရှိပြီလဲ..ကျုပ်တောင်နိုးနေပြီ..ခင်ဗျားက မနက်စာတောင် မလုပ်ထားတဲ့အပြင် အိပ်ရာကတောင်မထသေးဘူး...ခင်ဗျား ဘာအချိုးချိုးနေတာလား...မနက်ကစပြီး မနက်ငါးနာရီဆိုရင် ခင်ဗျားထရမယ်...ချက်ပြုတ်ဖို့နဲ့ အိမ်ကိစ္စတွေပြီးရင် ကျုပ်ရေချိုးဖို့အတွက် ခင်ဗျားပြင်ဆင်ပေးရမယ်...ဝတ်မယ့်အဝတ်စားကအစ ထုတ်ပေးထားရမယ်...ကျုပ်မနက်အလုပ်သွားတဲ့အချိန် အိမ်ရှေ့ထိ အိတ်ကိုကိုင်ပြီး လိုက်ပို့ပေးရမယ် ...ကျုပ် အလုပ်ကပြန်လာရင် အိမ့်ရှေ့မှာ ခင်ဗျားရှိနေရမယ်...''

"ငါက မင်းရဲ့ ကျွန်တစ်ယောက်မဟုတ်ဘူး..မင်းရဲ့ မိန်းမဆိုတာမမေ့လိုက်နဲ့...''

"အဟက်..''

မင်းခန့် ငွေ့ရည်ကိုကြည့်၍ ရိသဲ့သဲ့နဲ့ ရယ်လိုက်၏။

"ခင်ဗျားက ကျုပ်မိန်းမမို့လို့ ဒီတာဝန်တွေကို လုပ်ပေးရမှာလေ...လင်ယောကျာ်းထက်အရင်နိုးနေရမှာဆိုတဲ့ ရှေးစကားကို ခင်ဗျားကြားဖူးမှာပါ..ကျုပ်က ခင်ဗျားရဲ့လင်ယောကျ်ားဆိုတော့ ကျုပ်ရဲ့ယျောဝစ္စကိစ္စဝဝကို မိန်းမတစ်ယောက်ရဲ့ဝတ္တရားတစ်ခုပဲ...အိမ်မှုကိစ္စအလုပ်တွေကတော့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်အတွက် တာဝန်ပဲမဟုတ်လား...''

မင်းခန့် ပြောပြီးတာနဲ့ တင်းတင်းစေ့ထားလိုက်သော သူ့နှုတ်ခမ်းကို မသိမသာတွန့်လိုက်၏။ ထိုလှောင်ရိပ်သမ်းနေသည့် သူ့ရဲ့နှုတ်ခမ်းတစ်စုံနှင့်အေးစက်သောမျက်လုံးတွေက ငွေ့ရည်ရဲ့ မျက်နှာထက်ကနေ တစ်လက်မမှရွေ့မသွားခဲ့ဘဲ စေ့စေ့စိုက်ကြည့်နေသည်မှာ သရော်ဟန်အပြည့်နှင့်ပင်။

သူပြောတဲ့စကားဟာ အမှန်တွေဖြစ်နေ၍ ငွေ့ရည် တခွန်းမှပင် ပြန်မချေပနိုင်ခဲ့ပေ။နောက်ထပ် အမိန့်ဆန်ဆန် ပြောသွားတဲ့ စကားကြောင့် ငွေ့ရည် သူမရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

"ဟိုအခန်းကို ပြန်ပြောင်းထားလိုက်.. ကျုပ်ပြန်လာတဲ့ အခန်းထဲမှာ ခင်ဗျားရှိတာမြင်ချင်တယ်တဲ့လေ...''

"မင်းလက်ခုပ်ထဲက ရေဖြစ်နေတာဆိုတော့လည်းမင်းသွန်ချင်သွန်မှောက်ချင်မှောက်ပေါ့လေ..ငါဝဋ်ရှိသမျှတော့ ခံရအုန်းမှာပေါ့..ကိုကိုသာ အတိတ်ကို ပြန်သတိရလာတဲ့နေ့က မင်းဘဝထဲက ငါတို့သားမိ အပြီးပိုင်ထွက်သွားမယ့်နေ့ဆိုတာ မင်းကိုသိစေချင်သားရယ်...''

ငွေ့ရည် မယ့်ပြုံးကလေးနဲ့ မင်းခနမ့ရဲ့ ချောမောခန့်ညားသော မျက်နှာကိုစိုက်ကြည့်လိုက်ပြီး

"မင်း ငါ့သမီးငိုသံကို မကြားချင်ဘူးဆို...မင်းအခန်းမှာ ငါတို့လာနေရင် ငါ့သမီး ငိုသံကို မင်းကြားရလိမ့်...''

"မငိုစေနဲ့... ခင်ဗျားကလေး ငိုရင် ခင်ဗျား ကျုပ်နဲ့တွေ့မယ်...ခင်ဗျားတို့ကိုကျုပ်အခန်းမှာပြန်နေခိုင်းတာ ခင်ဗျားတို့သားမိကို ထားချင်လွန်းလို့မဟုတ်ဘူး...မေမေတို့ လာတဲ့အခါ အခန်းခွဲအိပ်တာသိရင် ကျုပ်ကိုဆူခံထိမှာဆိုးလို့ ရှင်းလား..ခင်ဗျား ဂုဏ်ဆာနေမှာဆိုးလို့ တစ်ခါတည်းပြောထားတာ...''

သူ့နူတ်ကနေ ထွက်လာတဲ့ စကားလုံးက ငွေ့ရည်နှလုံးသားကို ချွန်မြတဲ့ ဓားထက်ထက်နဲ့ ခွဲလိုက်သည့်နှယ်။ငွေ့ရည့်ကိုပြောသည့် သူ့ရဲ့သွေးအေးတဲ့လေသံကို နားထောင်ပြီး ငွေ့ရည် နှုတ်ခမ်းမှာနာကျင်နေသောမဲ့ပြုံးတစ်ခုကိုအားယူပြီး နာကျင်စွာပြုံးလိုက်၏။

"ဒါပဲမဟုတ်လား...''

တိုတုတ်တဲ့ ဒီစကားလေးပြောဖို့ကို အားယူပြီးပြောနေသည့် သူ့ရှေ့က ပုပုသေးသေးလေးနဲ့ နုနယ်သွယ်လျသောပုံစံလေးကိုကြည့်ကာ မင်းခန့် မျက်ခုံးနှစ်သွယ် ထိစပ်လုမတတ်ကုတ်ကွေးသွား၏။တဆက်တည်းမှာပင် သူ့နှလုံးသားထဲ၌ ရှင်းပြ၍မရသော တမျိုးတမည်မသိသောခံစားမှုနဲ့အတူ မသက်မသာဖြစ်နေသည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်ကိုမနှစ်မြို့နိုင်ဖြစ်တာကြောင့် အခန်းထဲကနေ ထွက်လာခဲ့တော့သည်။

မင်းခန့်ထွက်သွားတာနဲ့ ခြေကျမသွားအောင် ထိန်းထားသည့် ခြေထောက်တွေကို လွတ်ချလိုက်တော့သည်။အားလျော့ပြီး စိတ်တင်းထားသမျှ လွတ်ချလိုက်တာနဲ့ အောက်ကို ပုံလျက်သားလေး ကျသွားတော့သည်။ထိုအခါ မျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်ပြီး ရှုံးပွဲချ၍ တရှိုက်ရှိုက် ဝမ်းနည်းစွာ ငိုကြွေးလိုက်လေသည်။

ဘာမှမသိတဲ့ သမီးလေးကတော့ အိပ်ပျော်နေဆဲပဲ။သမီးလေးကို ငွေ့ရည်ဘဝထဲ ဆွဲခေါ်သွင်းခဲ့မိတာမှားသွားသလားဆိုတဲ့ အတွေးလေးက သမီးလေးကိုကြည့်ရင်း အတွေးကဝင်လာခဲ့ပြန်တော့ ရင်ထဲမကောင်းလှပါ.. နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်ရသည်။

"အကောင်းတိုင်းရှိနေတဲ့ နှလုံးသားက ထိုယောကျာ်းတစ်ယောက်ကြောင့် နာကျင်ကြေကွဲခဲ့ရပြီ။ ကြေကွဲသွားတဲ့နှလုံးသားက ထိုယောကျာ်းရဲ့ အမုန်းရပ်ဝန်းထဲမှာ ဘယ်လောက်တောင်ထပ်ပြီ နာကျင်နေရဦးမှာလဲ''

« ရှေ့အခန်း - အပိုင်း ၂၁ နောက်အခန်း - အပိုင်း၂၃ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ