Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၂၄

ငွေ့ရည် သူ့ကို ချေးတွန်း နှိပ်နယ်ပေးပြီးတာနဲ့ပြန်ထွက်လာမယ် ကျန်တော့ သူပြောသော စကားသည်မှာ

"ခင်ဗျား ရေမချိုးဘဲ ဘယ်သွားမှာလဲ...''

"ဘယ်သွားရမှာလည်း...အောက်ကိုဆင်းပြီး ထမင်းဝိုင်းသွားပြင်မလို့ပေါ့..ရေက မင်းချိုးပြီးမှ ချိုးမယ်..''

"ခင်ဗျား ညစ်ပတ်တယ်... ရေမချိုးသေးဘဲ ထမင်းဝိုင်းသွားမပြင်နဲ့.. အခုတစ်ခါတည်း ရေချိုးလုပ်..လာ..မြန်မြန်ချွတ်...''

သူက ငွေ့ရည်လက်ကို ဆွဲယူပြီး အဝတ်အစားတွေ အတင်းချွတ်နေ၍ ရှက်ရှက်နဲ့ အော်လိုက်မိ၏။

"မင်းခန့်ကိုကို...''

"ဘာလဲ..ကျုပ်ကို ကြောက်လို့လား...''

"ကြောက်စရာလား...''

ဖြေလိုက်သော အသံဟာ တုန်ယင်နေသည်။

"မကြောက်ရင် မြန်မြန်လုပ်လေ..ကျုပ်က စောင့်ရတာ ဝါသာနာမပါဘူး...ကြာတယ်..ခင်ဗျားချွတ်နေရင် တစ်ညကုန်တော့မှာပဲ..ကျုပ် ချွတ်ပေးမှ ပြီးလိမ့်မယ်နဲ့တူတယ်...''

"ရ..ရတယ်..''

ငွေ့ရည် တုန်တုန်ယင်ယင်နဲ့ပြောလိုက်ပြီး သူ့ကိုကျောပေးကာ အကျီကိုချွတ်လိုက်ပြီးနောက် ကဗျာကယာ ရေချိုးပြီး ထွက်လာခဲ့သည်။သူကတော့ ဇိမ်ပြေလပြေချိုးနေရဲ့လေ။ပေါ့ပေါ့ပါးပါး အကျီလေးဂါဝန်ကိုထုတ်ပြီး ဝတ်လိုက်တော့သည်။

ညစာအတွက် အောက်ကိုဆင်းလာကာ အေးစက်စက်ဖြစ်နေသော ဟင်းတွေကို ပြန်နွှေးပြီး သူဆင်းလာတာနဲ့ အရန်သင့်စားရအောင် ထမင်းစားပွဲ ပြင်ဆင်ထားလိုက်သည်။ငွေ့ရည် သူမရဲ့နာမည်ကို အကြိမ်ကြိမ် ခေါ်နေတဲ့ မင်းခန့်ကြောင့် အပေါ်ကိုပြန်တက်ခဲ့ရပြန်သည်။

"ဘာကိစ္စ ဒီလောက်ခေါ်နေတာလဲ..ငါ အားယားမနေဘူး..အောက်မှာ ထမင်းဝိုင်းပြင်နေတာ မင်းသိလား..နောက်ပြီး မင်းအသံနဲ့ ငါ့သမီးလေး လန့်နိုးတော့မှာပဲ..''

"ကျုပ်မခေါ်စေချင်ရင် ခင်ဗျားလုပ်ပေးရမယ့် အလုပ်ကိုပြီးပြတ်အောင် လုပ်ပေးပြီးမှ နောက်တစ်ခုဆက်လေ...အခုတော့ ဘယ်အလုပ်မှ အပြီးဘဲ တစ်ပိုင်းတစ်စတွေနဲ့ အချိန်ကုန်တာဘဲအဖတ်တင်တယ်...''

ငွေ့ရည် သူမကို အရက်မသောက်ပဲ ရစ်နေသော မင်းခန့်ကို လေသံခတ်မာမာနဲ့ မျက်နှာပင့်ချီလျက် မေးလိုက်သည်။

"မင်းကို ငါအကုန်လုပ်ပေးထားပြီးပြီလေ..မင်းဘာတွေ လာရစ်နေတာပဲ...ငါ့ကို ဘာလို့ ငါ့ကိုရန်ရှာနေချင်နေတာလဲ..ပြောပြစမ်းပါဟယ်..''

မင်းခန့် ခက်ထေ့ထေ့လေး ရယ်လျက် သူမထုတ်ပေးထားတဲ့ အကျီကို မျက်စပစ်ပြ၍ လှမ်းယူလိုက်ကာ ဝတ်လိုက်ပြီး

"ကြယ်သီးတပ်ပေးရဦးမယ်လေ..အဲဒါခင်ဗျား မသိဘူးလား...''

"မင်းမှာ လက်ပါတယ်မဟုတ်ဘူးလား...ကိုယ်ဘာသာကိုယ် တပ်ပါလား..ဘာလို့သူများနို့သတ်ခံချင်နေတာလဲ..''

"ခင်းဗျားကိုကို ကျုပ်ဖေဖေက ခင်ဗျားကို အိမ်ရှင်မတစ်ယောက်ဖြစ်ရင် ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် လင်ယောကျ်ားအပေါ်ကို ဘယ်လိုပြုမူဆက်ဆံလုပ်ကိုင်ပေးရမယ်ဆိုတာကို ကျုပ်လက်ထဲထိုးထည့်ပေးလိုက်ထဲက တစ်ပါတည်း မသင်ပေးလိုက်ဘူးလား...''

"ဘာ..''

"မဘာနဲ့..မြန်မြန်တပ်ပေး..ကျုပ်အအေးပတ်တော့မယ်..''

သူ့လက်ထဲထိုးထည့်ပေးလိုက်တယ်ဆိုသည့်စကားကို ခံပြင်းသည်မှာအမှန်ပါ။ကိုကိုက ငွေ့ရည်ကိုလက်ထက်ဖို့အတွက် သူ့ကို ဘယ်လိုပြောခဲ့သလဲဆိုတာ ငွေ့ရည်မသိပေမယ့် သူတာဝန်ယူရမယ့်ကိစ္စဖြစ်၍ သူ့ကိုတာဝန်ယူခိုင်းတာပဲရှိတာပါလေ။ကိုကိုက သူ့လက်ထဲကို ငွေ့ရည်ကိုအတင်းထိုးထည့်ပြီး နွားလုပ်ခိုင်းခဲ့တာမှမဟုတ်ပဲလေ။ငွေ့ရည်လည်း သူ့ကို ဘာမှပြန်မပြောတော့ဘဲ သူ့ဆန္ဒအတိုင်းလုပ်ပေးလိုက်တော့သည်။မင်းခန့် ကြယ်သီးတပ်ပေးနေသော ငွေ့ရည်ရဲ့ဝါဝင်းနုမွတ်နေသည့် မျက်နှာဥဥလေးကို တစိမ့်စိမ့်ကြည်ပြီး သဘောတကျ ပြုံးနေသည်။ငွေ့ရည်လည်း သူ့ကို ကြယ်သီးတပ်ပေးပြီးတဲ့အခါ ညိုးနွမ်းလျတဲ့ မျက်နှာကလေးနဲ့ အခန်းထဲကနေ ထွက်လာခဲ့သည်။

မင်းခန့်ကတော့ ငွေ့ရည်ထွက်သွားသည့်တိုင် သူ့မျက်နှာထက်မှာ ပြုံးနေသောအပြုံးတို့က တစ်ခုခုကို နှစ်မြို့ပြီးသဘောတကျရှိလှတဲ့ အပြုံးတစ်မျိုးပင်။ပါးချိုင့်ခွက်ကလေးပေါ်အောင် ပြုံးနေသော မျက်နှာကြီးနဲ့ ငွေ့ရည် တပ်ပေးသွားသော ကြယ်သီးလေးတွေကို ကိုင်ပြီး

"သားသိသွားပြီ ဖေဖေ.. ဖေဖေ ကြယ်သီးတပ်တိုင်း မေမေ့ကို ဘာလို့အမြဲခေါ်တာလည်းဆိုတဲ့ အဖြေကို သားအခုသိလိုက်ရပြီ...အဲတုန်းက သားက ဖေဖေ့အတွက် အရှုပ်ထုတ်အမွှေစိန်ကလေးဖြစ်နေခဲ့မှာပဲ...ကလေးလေးက သားငယ်ငယ်ကလို လိုပ်ရှုပ်နေရင် ဒုက္ခပါပဲ...''

ငွေ့ရည်ကို နှိပ်စက်ပြီး သူ့ကိူကွာရှင်းလာအောင် လုပ်ပြမယ်လို့ ကြွေးကြော်ထားသော လူက ထိုစကားတွေကို မေ့သွားသယောင်ယောင်။ကလေးက သူ့ကို လိုက်ရှုပ်တော့မှာပဲလို့ တွေးလိုက်တာကို သူ့ကိုယ်တိုင် သတိမမူမိတာလား မပြောတက်ပါလေ။

အမှန်ဆို သူ ငွေ့ရည်ကို ကြယ်သီးတပ်ခိုင်းတယ်ဆိုတာကလဲ တမင်နှိပ်ကွက်ချင်လို့ သက်သက်ညစ်ပြီး လုပ်ခိုင်းလိုက်ခြင်းသာဖြစ်သည်။သို့သော် သူမကတော့ ဘယ်လိုနေလဲမသိ သူကတော့ ရင်ဘတ်တစ်ခုလုံး မငြိမ်မသက်နဲ့ လှိုင်းထနေသော ရေလှိုင်းကြီးများကဲ့သို့ ခံစားလိုက်ရသည်။သူမဆီက စွဲမက်ဖွယ်ကောင်းသည့် ဒုတိယ ခံစားမှုအသစ်ကလေးကိုသာ ရလိုက်လေတော့သည်။

အတွေးကလေးနဲ့ သဘောတကျပြုံးနေခိုက် ဖုန်းဝင်လာ၍ ဖုန်းကိုယူလိုက်တော့ ပျိုဆိုတဲ့ အသဲလေးတွေနဲ့ ဝန်းရံထားသည့် နာမ်စားလေးကို တွေ့လိုက်ရတဲ့အခါ အတွေးတွေက အဝေးကိုလွင့်စင်သွားသကဲ့သို့ မျက်နှာဟာ ချက်ချင်းပင် တည်တံ့သွားပြီးသည်။ သူ့ကိုယ်သူ ဒေါသထွက်နေသည့် မျက်နှာထား ပုံစံဖြစ်လာခဲ့သည်။

"ဟလို ကို...''

သူ့ နားစည်ထဲကို ဝင်ရောက်လာသော အေးမြတဲ့ သူမလေးရဲ့ သာယာဖွယ်အသံချိုချိုလေးက တေးသွားသံစဥ်လို နားဝင်ချိုလှသည်။

"အင်း..ပြောလေ ပျို...''

"ကို အခုဘာတွေလုပ်နေလဲ..ရေချိုးပြီးသွားပြီးလား.. ထမင်းရောစားပြီးသွားလားဟင်..''

"ကို အခုဘာလုပ်နေလဲဆိုတော့ ပျိုနဲ့ဖုန်းပြောနေတယ်..ရေးချိုးပြီးတော့ ထမင်းမစားရသေးဘူး..ပျိုရော ထမင်းစားပြီးပြီလား..ရေလဲအကြာကြီးမချိုးနဲ့နော်.. ပျိုက နုနုရွရွသမားဆိုတော့ အအေးပတ်ပြီးဖျားမယ်...''

"အင်းပါကိုရယ်..ကြွေရုပ် သိပါတယ်...ဒါနဲ့လေ ကို..မနက်အားရင် ကြွေရုပ်တို့တွေ့ကြမလား..အခုတလောလေ ကို့ကို နေ့တိုင်းလိုလို တွေ့ချင်တယ် ..ဒီရက်ထဲလဲ ကြွေရုပ် အိပ်မက်တွေ မကောင်းဘူး...ကိုကလေ ကြွေရုပ်မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက် ရယ်မောနေတာ ကြွေရုပ်ကိုမေ့သွားတဲ့အတိုင်းပဲ သိလား...ကို့မှာ ကောင်မလေးအသစ်ရှိနေပြီးလားဟင်...''

ချစ်ရတဲ့သူမလေးရဲ့ ဝမ်းနည်းနေသည့်အသံလေးရဲ့ စကားအဆုံး၌ မင်းခန့် မျက်နှာ ရုတ်ချည်းဆိုသလိုပျက်ယွင်းသွားပြီး ဖုန်းကိုင်ထားသည့် လက်ကပင် အားမရှိတော့သလို သူ့နူတ်ကနေ အားယူပြီး သူမကို ပြောတော့မည့်ထိုအချိန်မှာ ကလေးလေးရဲ့ စူးစူးဝါးဝါးငိုသံကြောင့် မင်းခန့် ကလေးလေးဆီ အမြန်လာပြီး ပွေ့ချီထားလိုက်တော့သည်။

"ကို..ကလေးငိုသံကြားနေရတယ်..ဘယ်ကကလေးက ကို့အခန်းထဲရောက်နေတာလဲ...''

"ဟုတ်တယ် ပျို.. ''

"ဒီအချိန်ကြီး ဘယ်က ကလေးလဲကို...အို...ကလေးအကြောင်းထားပါတော့...ကြွေရုပ် ခုနက မေးတာ ကို မဖြေရသေးဘူး..''

"မရှိပါဘူး ပျိုရယ်...ကို ချစ်တဲ့မိန်းကလေးက ပျိုတစ်ယောက်ပဲရှိတာပါ...အိပ်မက်က အိပ်မက်သက်သက်ပါပဲ...အိပ်မက်အကြောင်းကို ခေါင်းထဲကထုတ်လိုက်နော်..ကိုနဲ့ပျို့ရဲ့ အနာဂတ်အကြောင်းပဲ တွေး ဟုတ်ပြီလား..''

"အင်း...''

ချစ်သူလေးက နှလုံးမကျန်းမာတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူလက်ထက်ထားတဲ့အကြောင်းကို သိသွားလို့မဖြစ်ပါ။အိပ်မက်ကိုတောင် လိုက်ခံနေတဲ့ သူမလေးက သူ့အကြောင်းကို သိသွားရင် ဘယ်လောက်များ ခံစားလိုက်ရမလဲ ဆို တာ တွေးကြည့်တာနဲ့ သိနိုင်တယ်။သူ့အမှားကြောင့် ချစ်ရသူကို စိတ်ဆင်းရဲသွားမှာ စိတ်မကောင်းဖြစ်သွားမှာကို ကြောက်မိသည်။

"အူဝဲ...အူဝဲ...''

"ကိုရေ ကလေးပြန်ငိုလာပြီ...ချော့လိုက်ပါအုန်း..ကြွေရုပ် ဖုန်းချလိုက်တော့မယ်...''

"မချနဲ့ ပျို..ပျို့အသံလေး နားထောင်ချင်လို့ ဒီအတိုင်းလေး စကားပြောပေးနော်...''

မင်းခန့် ပွေ့ချီထားရာကနေ ချလိုက်ပြီး ကလေးလေးရဲ့ နဖူးလေးကို လက်ညိုးလေးနဲ့ တို့လိုက်ပြီး

"အရှုပ်ထုတ်လေးပဲ...ဘယ်လိုကလေးလဲ...အလိုက်မသိဘူး....''

"အူဝဲ...အူဝဲ...''

"ကိုရယ်..ကလေးငိုနေတာ အရင်ချော့လိုက်ပါအုန်း...ကို ချော့တာပဲမရဘူးလေ..ချီထားတော့လဲ ငိုတယ်..အောက်ချတော့ ငိုတယ်...ကို မချော့တက်တော့ဘူးကွာ...ဒီတိုင်း ကလေးလေးသဘောအတိုင်း ငိုပါစေ..မောရင်ရပ်သွားမှာပဲ..''

ကြွေရုပ်ကတော့ သူ့ရဲ့စကားကြောင့် ရယ်မောနေရင်း ပြောလိုက်သေးသည်။သူ့ရဲ့ ကလေးချော့နည်းကို သဘောကျလို့ သင်တန်းအပ်ချင်ပါတယ်တဲ့လေ။

"ငိုနေတာတောင် ချစ်ဖို့ကောင်းတာ ဘယ်သူနဲ့တူလို့လဲသိလား ကလေးလေး...''

မင်းခန့် တအဲအဲနဲ့ ငိုနေတဲ့ ကလေးလေးရဲ့ ပါးနုနုလေးကို ထိတို့လိုက်ပြီး အသဲယားတာနဲ့ နမ်းပစ်လိုက်လေ၏။သူနမ်းတော့ ပိုငိုလာတဲ့အခါ အောက်ကိုပြန်ချလိုက်ပြီး ကြွေရုပ်ကို ကလေးလေး အကျင့်မကောင်းတဲ့အကြောင်းကို သဘောကျရင်း ပြောပြနေတော့သည်။

ငွေ့ရည် ထမင်းဝိုင်းပြင်ပြီးတာနဲ့ သူ့ကို ထမင်းသားဖို့ လာအခေါ် အခန်းထဲက သမီးလေးရဲ့ ငိုသံအစူးစူးလေးကို ကြားလိုက်ရသည့်အခါ အခန်းထဲကို အတင်းပြေးဝင်လာတော့ မြင်လိုက်ရတဲ့ သမီးလေးရဲ့ ပုံစံကြောင့် ရင်ထဲနစ်သွားလေသည်။သမီးလေးဟာ တက်မတက်ငိုကြွေးနေတာကို ပွေ့ချီချော့မြူထားခြင်းမရှိဘဲ ဖုန်းကိုသာ ပြောနေသည့် သူ့ကို အံ့သြမိလေသည်။သူ့ရဲ့ သွေးသားရင်းချာ သမီးလေးကို ဒီလောက် အကြင်တရား ခေါင်းပါးလိုက်မည်လို့ မထင်မိရိုးအမှန်ပါ။ငွေ့ရည်အပေါ် သေလောက်အောင် မုန်းနေရင်တောင်မှ သမီးလေးအပေါ်ကို အနည်းငယ်လောက် သွေးသားသံယောဇဥ်လေးရှိလိမ့်မယ်ထင်ခဲ့တာ။ငွေ့ရည် အထင်လွဲသွားတာပေါ့လေ။

"ဒီနေ့ကစပြီး သမီးလေးကို မင်းမျက်လုံးရှေ့ မတွေ့ရအောင် ငါ ကြိုးစားမယ်...မင်းမကြင်နာမချစ်တဲ့ ငါ့သမီးလေးကို မင်းတစ်သတ်လုံး မမြင်တွေ့စေရပါဘူးလဲ ငါကတိပေးတယ် မင်းခန့်ကိုကို...''

သူမစိတ်ထဲက ထိုစကားသံကို သူမသာလျင် ကြားသိနိုင်သည်။ငွေ့ရည်နိူ့တိုက်ပြီးတာနဲ့ သမီးလေးကို ပြန်ချလိုက်ပြီး သမီးလေးအနားကို ဝင်လှဲမယ်ကြံတော့

"ခင်ဗျား ထမင်းတစ်ခါသွားပြင်တာ ဒီလောက်ကြာရသလား...နောက်တစ်ခါ ကြာမယ်ထင်ရင် ခင်ဗျားကလေးကို ခေါ်သွားလေ...ခင်ဗျား ကလေးက ငိုတာတအားပဲ...ကျုပ ကလေးမချော့တက်ဘူးလို့ပြောတာ ဘယ်နှစ်ခါရှိပြီလဲ...''

"နောက်ဆို မင်းနဲ့မထားခဲ့တော့ပါဘူး...''

"ကျုပ် ထမင်းစားမယ်...''

"ငါ အကုန်လုံးပြင်ဆင်ပြီးသား မင်းစားလိုက်ရုံပဲ...''

"မရဘူး..ခင်ဗျားပါ လိုက်ခဲ့...''

သူကလိုက်ခဲ့ဆို၍လိုက်သွားလိုက်သည်။ထမင်းစားခန်းရောက်တော့ ခုံဝိုင်းထဲကို ဟင်းကိုကြည့်ကာ မျက်နှာပျက်သွား၏။မီးတောင်ချော်ရည်ပူလို နီမြန်းသည့် မျက်လုံးတစ်စုံ ငွေ့ရည်ကို သဒေါသထွက်ထွက်ကြည့်တာဖြစ်၍ လန့်သွားမိသည်။ဘာက မှားနေတာလဲ ငွေ့ရည် မသိပါ။သို့သော် တစ်ခုခုကို သူအလိုမကျဖြစ်သွားတာတော့ သိလိုက်သည်။

"ကျုပ်အတွက် ခင်ဗျား ချက်ထားတဲ့ ဟင်းတွေက ဒီဟင်းတွေလား...''

"အင်း...''

အသားဟင်းမပါပဲ အရွက်တွေကြီး ချက်ထားတာ ခင်ဗျား ကျုပ်ကို စိန်ခေါ်နေတာလား..ဒေါ်ပန်းငွေ့ရည်...''

"ပုဇွန်ပါပါတယ်..အရွက်ချည်းပဲ မဟုတ်ဘူးလေ..မင်း မျက်လုံးပါတာ မမြင်ဘူးလား...''

"တောက်..''

မင်းခန့်ရဲ့ ပြင်းထန်သည့် တောက်ခေါက်သံကြောင့် ငွေ့ရည် အသားတွေတုန်သွားလေသည်။

"ကျုပ်မစားဘူး...''

"အဲဆိုလည်း သွန်ပစ်လိုက်ပေါ့...လွယ်လွယ်လေးရယ်..''

"ကျုပ် ပိုက်ဆံကို အလကား အကုန်မခံဘူး..ခင်ဗျား ကုန်အောင်စားရမယ်..သွန်ပစ်မယ်မကြံနဲ့ ကျုပ်ထိုင်ကြည့်နေမှာ...''

ငွေ့ရည် သူ့စိတ်တိုင်းကျ ထိုဟင်းတွေငို စတင်ပြီးစားတော့သည်။စားရင်းစားရင်း နင်ဆို့ဖြစ်ပြီး ပျို့ပျို့တက်လာခဲ့ပေမယ့် စားတာကိုမရပ် စားနေတော့တယ်။စားပို့ ခက်ခဲနေတာတောင် ဆက်စားနေတဲ့ သူမကိုကြည့်ပြီး ဒေါသထွက်ထွက်နဲ့ရယ် သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲယူပြီး

"ခင်ဗျား ကျုပ်ကို ရွဲ့နေတာလား ဒေါ်ပန်းငွေ့ရည်...''

"အရွဲ့ပါဘူး...''

"ခင်ဗျား မစားနိုင်တာကို စားနေတာ ကျုပ်ကို ရွဲ့နေတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ..''

"ငါ တကယ်မင်းကို အရွဲ့ပါဘူး...''

"ကဲကွာ.. ခွမ်း..ခွမ်း...''

မင်းခန့် စိတ်တိုတိုနဲ့ သူမစားနေတဲ့ ဟင်းပန်းကန်တွေကို ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။ရူးရူးဒိုင်းဒိုင်းနဲ့ ငွေ့ရည်ကို လက်ညိုးထိုးပြီး ပြောလိုက်သည့်စကားက သူမရဲ့ နှလုံးတည့်တည့်ကို အဆိပ်လူးမြှားတစ်စင်း နစ်ဝင်သွားသည့်နှယ်။

"ဒီတစ်ခါ ပန်းကန်းဆိုပေမယ့် နောက်တစ်ခါ ပန်းကန်နေရာမှာ ခင်ဗျား ဖြစ်လိုက်မယ်..ကျုပ်ကို မရွဲ့နဲ့ စိန်မခေါ်နဲ့...အသက်ကြီးတာတွေ ငယ်တာတွေကို ကျုပ်က ဂရုမစိုက်ဘူး ရှင်းလားတဲ့လေ...''

« ရှေ့အခန်း - အပိုင်း၂၃ နောက်အခန်း - အပိုင်း ၂၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ