Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

Love Battery အပိုင်း ( ၃၀)

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

ရှင်းသန့် အလုပ်က ပြန်ရောက်တာနှင့် ရေချိုးအဝတ်အစားလဲ၍ အလှပြင်ကာ တစ်ဖက်ခြံကို မေမေ မသိခင် လစ်ထွက်လာခဲ့လိုက်သည်။

လူကြီးရဲ့ခြံရောက်တာနှင့် အိမ်ထဲ တန်းဝင်သွားလိုက်ကာ လူကြီးကို လိုက်ရှာကြည့်ပေမယ့် မတွေ့တာနဲ့ အပေါ်ထပ်တက်မလို့လုပ်တုန်း

နှာခေါင်းဝသို့ ဝင်လာတဲ့ ဟင်းနံ့မွှေးမွှေးကြောင့် မီးဖိုခန်းထဲပဲ

ပြေးဝင်သွားလိုက်သည်။

တကယ်လည်း လူကြီးက မီးဖိုခန်းထဲမှာ ရှိနေ၏။

ရှင်းသန့်လည်း အသံမပေးပဲ ခြေဖွဖွနင်းကာ ဟင်းချက်နေတဲ့

လူကြီးကို အနောက်ကနေ ဖက်ပစ်လိုက်သည်။

"လူကြီး "

"ဟာ ... ကလေးမ ဘယ်တုန်းက ရောက်တာလဲ။ "

သီဟသက်လင်းက ရှင်းသန့်ဘက်သို့ မျက်နှာချင်းဆိုင်လှည့်လာလျှင် သီဟကို ဖက်ထားတဲ့ ရှင်းသန့်က သီဟရင်ခွင်ထဲသို့ ရောက်သွားလေသည်။

ရှင်းသန့်လည်း သီဟရင်ခွင်ထဲမှာ သူ့အားဖက်ထားလျှက်နှင့် သူမထက် အရပ်တော်တော်ပိုရှည်တဲ့ သီဟမျက်နှာအား မော့ကြည့်ကာ ခပ်ချွဲချွဲလေးပြန်ဖြေလိုက်သည်။

"အခုပဲ ... ဘာတွေချက်နေတာလဲ။ "

"အင်း ... ပုစွန်တန်ပူရာကြော်၊ဆူးပုတ်ရှမ်းချက်၊မျှစ်ချဉ်ကြော်၊ဝက်သားနဲ့ကြက်ဥပေါင်း ကြိုက်တယ်မလား။ "

"အင်း ... အကုန်ရှယ်ပဲ ရှင်းသန့် အကြိုက်တွေချည်းပဲ။ "

ရှင်းသန့်က ပြုံးရွှင်လျှက် ပြန်ဖြေလိုက်လျှင် သီဟက သူမ

နှာခေါင်းထိပ်ဖျားလေးအား အသည်းယားစွာ ခပ်ဖွဖွဆွဲညှစ်ကာ ...

"အဟင်း ... ကိုယ်တောင် ကလေးမတို့ဆီ ကျက်ရင် လာပို့ပေးမလို့။ "

"ဟီး ... အဲ့တာကြောင့် ချစ်နေရတာ။

လူကြီးမရှိတုန်းက လူကြီးချက်ကျွေးတဲ့ဟင်းတွေ တအားလွမ်းတာပဲသိလား။

မေမေချက်တာလည်း လူကြီးချက်တာလောက်စားမကောင်းတော့သလိုပဲ။။ "

"ဟာ ... အဲ့ဒါဆို လူကို လွမ်းတာမဟုတ်ပဲ ကိုယ်‌ေကျွးတဲ့အစားအသောက်တွေကို လွမ်းနေတာလား။ "

"အာ ... လူကြီးနော် "

"အဟင်း ... စတာပါကွာ။

တကယ်လို့ အစားအသောက်လွမ်းတယ်ဆိုရင်တောင် ကလေးမက ကိုယ့်ကို လိုအပ်နေလို့ ပျော်တယ်။ "

"ရှင်းသန့်ကို အဲ့လောက်တောင် ချစ်တာလားဟင်။ "

"အဲ့ထက်ပိုတယ်။ "

ရှင်းသန့် မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလာတာကြောင့်

ရှင်းသန့် အသည်းလေးအေးခနဲ ဖြစ်သွားကာရင်တွေအခုန်မြန်လာရပြန်သည်။

"ဪ... ကိုယ် ကလေးမကို ပြစရာရှိသေးတယ်။ "

"ဟင် ... ဘာလဲ။ "

ရှင်းသန့်က မျက်လုံးဝိုင်းလေးတွေနှင့် ကြည့်ကာ မေးလိုက်လျှင်

သီဟက အနောက်မှ လျှပ်စစ်မီးဖိုအား ပိတ်ကာ သူမလက်ကလေးအား ဆွဲကိုင်လျှက် အခန်းထဲ ခေါ်လာလေသည်။

"ဘာပြမလို့လဲဟင်။ "

အခုထိ ဘာမျှမပြောသေးတဲ့ လူကြီးကြောင့် ရှင်းသန်က

နောက်တစ်ကြိမ်ထပ်မေးလိုက်လျှင် သူက အဝတ်ဗီရိုဆီ

ဆက်လျှောက်သွားကာ ဖွင့်လိုက်လေသည်။

ထိုအခါ ရှင်းသန့်လည်း အနောက်ကလိုက်ကြည့်လျှင်

မြင်လိုက်ရတာတွေကြောင့် ရှင်းသန့် မျက်လုံးတွေ ဝိုင်းစက်ကာ အကြောင်သားလေး ဖြစ်သွားရသည်။

"ဒါ ... ဒါတွေက "

"ကိုယ်ဟိုမှာ ရှင်းသန့်နဲ့လိုက်မယ်ထင်တာတွေ ဝယ်ထားတာ။ "

"ဟင် "

"မဝယ်ဘူးလို့လုပ်ပေမယ့် မနေနိုင်လို့ ဝယ်မိရင်း ဒီလောက်ဖြစ်သွားတာ။ "

"အင်း ... အဟင့် ဟင့် ဟင့် "

"ဟာ ဟေ့ ... ဘာလို့ငိုတာလဲ။

ဘာဖြစ်တာလဲဟင် ... ကိုယ်ဘာပြောလိုက်မိလို့လဲ။ "

ရှင်းသန့်အား အသည်းအသန်မေးနေတဲ့ လူကြီးအား ကြည့်ကာ

ရှင်းသန့် လူကြီးရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ပစ်လိုက်တော့သည်။

"အင်း ... ဟင့် တောင်းပန်ပါတယ်။

ရှင်းသန့် မှားပါတယ် ... ရှင်းသန့်ကို ဒီလောက်ချစ်တဲ့

ယောင်္ကျားကို အင်း ဟင့် "

"မငိုနဲ့တော့ မငိုနဲ့တော့နော်။

အဲ့တုန်းက ကလေးမ စိတ်ဆိုးမယ်ဆိုလည်း ဆိုးသင့်တာပဲလေ။

ကိုယ်က ကလေးမကို ချစ်တဲ့သူနဲ့ခွဲပြီး ကလေးမ မချစ်တဲ့ကိုယ်က အတင်းအကြပ်သိမ်းပိုက်ခဲ့တာကို ကိုယ်နားလည်တယ်နော်။ "

တဖွဖွ ရေရွတ်ရင်း ရင်ခွင်ထဲမှာ အပ်ထားတဲ့ သူမမျက်နှာပေါ်လေးအား ဆွဲမက ပါးပြင်ပေါ်မှ မျက်ရည်စလေးတွေအား ခပ်ဖွဖွ

သုတ်ပေးလိုက်သည်။

"အင်း ... ဟင့် ဟင့် ဘာလို့ ဘာလို့ ရှင်းသန့်အပေါ် အဲ့လောက်ကောင်းရတာလဲလို့။အဟင့် ဟင့် ဟင့် "

"ချစ်လို့လေ။

ကိုယ်က ချစ်လို့ပေါ့။ "

"အဟင့် ... ရှင်းသန့်ကို ရုပ်ရှင်တွေထဲကလို ပြန်ကလဲ့စားချေမှာတော့ မဟုတ်ဘူးမလားဟင်။ "

"ဟာ ... ပေါက်ပေါက်ရှာရှာကွာ။

ကိုယ်က ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ "

"လက်စားချေချင်တယ်ဆိုလည်းလေ ကြိုက်သလို လက်စားချေပါ။

ရှင်းသန့်ကိုတော့ မထားခဲ့ပါနဲ့နော်။ "

"မဟုတ်တာကွာ။

လျှောက်မတွေးနဲ့နော် ... ကိုယ်က ကလေးမကို ထားခဲ့စရာလား။

ကိုယ့်မှာ ကလေးမက ပြန်ချစ်လို့ ပျော်လို့တောင် မဝသေးဘူး။ "

"တကယ်လား။ "

"အွန်း "

"အဲ့ဒါဆို နမ်း "

"ဟင် "

"ရှင်းသန့်ကို နမ်းလို့

ရှင်းသန့်ရဲ့ အချစ်ဘတ္ထရီလေးက အားကုန်သွားလို့ အားဖြည့်ပေးဦး။ "

"အဟင်း ... မွ"

သီဟက စပ်ဖြဲဖြဲလုပ်ကာ သူမနှုတ်ခမ်းလေးအား ထိကပ်ရုံလေး နမ်းလိုက်လျှင် ရှင်းသန့်ကာ မျက်‌ခုံးလေးတွေ တွန့်ချိုးသွားကာ ...

"အဲ့လို မဟုတ်ဘူး ဒီလို နမ်းခိုင်းတာ။ "

ပြောပြောဆိုဆိုနှင့် သီဟအားလည်ပင်းမှ ဆွဲယူကာ ငုံစေလိုက်ပြီး

ညိုတတ နှုတ်ခမ်းထူထူအား စုပ်ယူ နမ်းရှိုက်တော့သည်။

"အွန်း ... ပြွတ်စ် ပြွတ်စ် ပြွတ် "

သီဟလည်း သူမအနမ်းတွေအား ကျေနပ်စွာ ခံယူရင်း အလိုက်သင့် တုံ့ပြန်ပေးလိုက်ကာ သူမဦးဆောင်နေတဲ့အနမ်းတွေက ပြင်းထန်လာတာနှင့် သူလည်း သူမ အာခံတွင်းထဲသို့ လျှာဖျားကို တိုးဝင်ကာ

ရမ္မက်ပါသော အနမ်းအဖြစ် ပြောင်းပစ်တော့သည်။

"ပြွတ်စ် ပြွတ် ပြွတ် "

နှစ်ယောက်သား မတ်တပ်ရပ်အနေအထားနှင့် အနမ်းတွေက ပြင်းထန်လာသလို ရှင်းသန့်လက်တွေကလည်း သီဟ ရင်ဘတ်ကြွက်သားတွေအား ပွတ်သပ်ပေးနေလေသည်။

"အင်း ပြွတ် ပြွတ် "

ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုမှာ အချင်းချင်းပွတ်တိုက်မှုတို့ကြောင့် ပူလောင်ပြင်းပြလာကာ ရှင်းသန့်က သီဟ ဝတ်ထားတဲ့ တီရှပ်အင်္ကျီကြယ်သီးတို့အား ချွတ်လေသည်။

ကြယ်သီးအစုံက ပြုတ်သွားလျှင် အင်္ကျီက ဟသွားကာ ပေါ်လာတဲ့

ဖွံ့ထွားထွား ရင်အုပ်ကျယ်ကျယ်ကြီးနှင့် ကြွက်သားအမြှောင်းမြှောင်းတို့အား စိတ်ကြိုက် ထိတွေ့ကိုင်တွယ်တော့သည်။

"အား ... အင်း ပြွတ် ပြွတ် "

သီဟသက်လင်းမှာလည်း သူမရဲ့ အထိအတွေ့နှင့် ခန္ဓာကိုယ်နှစ်ခု နီးကပ်လွန်းတဲ့အနေအထားတို့ကြောင့် နှစ်အတော်ကြာ ပုန်းအောင်းနေခဲ့ရတဲ့ အောက်က သူ့အရာကြီးက ထိုးထောင်က ထွက်လာတော့သည်။

ပုဆိုးအောင်ကနေကို ဘောက်ဆာမဝတ်ထားတာကြောင့် အထိန်းအကွပ်မဲ့စွာ ရှည်လျားတုတ်ခိုင်နေတဲ့ အရာကြီးက သူမ ပေါင်သားလေးတွေအား ထိတွေ့မိသွားလျှင် သူမက မျက်လုံးဝိုင်းလေးတွေနှင့် မော့ကြည့်လာကာ နှစ်‌ယောက်သား

အကြည့်ချင်းဆုံသွားကြသည်။

"ဆောရီး ... ကိုယ် "

သီဟ သူမကိုယ်လေးအား လွှတ်ပေးကာ ခန္ဓာကိုယ်နှစ်ခုအား ခွာလိုက်လျှင် သူမက သူ့အား ငေးကြည့်လာရင်း သူ့အောက်က အရာကြီးဆီ အကြည့်တို့က ရောက်သွားတော့သည်။

ထိုအခါ သီဟသက်လင်းလည်း သူမကြည့်တဲ့နေရာလိုက်ကြည့်ရင်း

တော်တော်ဆိုးနေတဲ့ ကိုယ့်အခြေအနေကြောင့် တစ်ဖက်သို့လှည့်ကာ ...

"ကိုယ် ‌ကိုယ် toilet ခဏဝင်လိုက်ဦးမယ်။ "

တစ်ကိုယ်လုံးပူလောင်ပြင်းရှလာကာ အိမ်သာခန်းထဲသို့ အမြန်ပြေးဖို့လုပ်လျှင် နောက်ပါးမှ သူမအသံလေးက ထွက်လာလေသည်။

"ဘယ်သွားမလို့လဲ။"

"ဟို ဟို toilet လေ "

သူမက လှည့်မကြည့်ပဲ ပြန်ဖြေလိုက်လေသည်။

"ဘာလုပ်မလို့လဲ။ "

"ဟင် "

"အိမ်သာ သွားပြီး ဘာလုပ်မလို့လဲလို့။ "

"..."

သိရဲ့သားနဲ့ လာမေးနေတဲ့ လူဆိုးမလေးကြောင့် သူ့မှာ ပူထူကာ ဖြေရခက်နေတုန်း သူမထံမှ နောက်ထပ်ထွက်လာတဲ့ စကားကြောင့်

ခန္ဓာကိုယ်ကြီး တောင့်မတ်သွားရသည်။

"လက်ခံတယ်။

ရှင်းသန့်လက်ခံတယ်။ "

အပိုင်း (၃၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၉ ) နောက်အခန်း - Love Battery အပိုင်း ( ၃၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ