"ဟိုအိမ်မှာ ပြောခဲ့တဲ့ စကားတွေက တစ်ခုမှအမှန်မဟုတ်ဘူးဆိုတာ ခင်ဗျားကိုသိထားချင်တယ်...နောက်ပြီး အိမ်အကူဌားဖို့ အစီအစဥ်ကဘယ်တော့မှရှိလာမှာလည်းမဟုတ်ဘူး...ဒါပေမယ့် လေးဆယ့်ငါးရက်မပြည့်မချင်း အကူတစ်ယောက်ခေါ်ထားပေးမယ်...လေးဆယ့်ငါးရက်ပြည့်တာနဲ့ အိမ်မှုကိစ္စတွေ အကုန်လုံးကို ခင်ဗျားတာဝန်ယူရမယ်..''
"ဟင်...''
သူပြောလိုက်တဲ့ စကားတွေကြောင့် ငွေ့ရည်လည်း မှင်သတ်သွား၏။ခဏတာလေးမှာလဲ သူပြောတဲ့ စကားတွေကို လက်ခံလိုက်သည့်အတိုင်း သူမပြောစရာစကား ပျောက်ရှသွားခဲ့တာကြောင့် ဘာတစ်ခွန်းမှ မဆိုမိပါ။
သူကပြောပြီးတာနဲ့ အပေါ်ကိုထပ်သွားတာနဲ့ငွေ့ရည်လည်း သူ့နောက်ကို လိုက်သွားလိုက်တော့သည်။ရည် အခန်းထဲရောက်တော့ မြင်လိုက်ရတဲ့အရာတွေကြောင့် အံ့သြမိတာအမှန်ပါ။သူပြင်ဆင်ထားတာလား သူ့မေမေဘဲ ပြင်ဆင်ပေးထားလားဆိုတာကိုတော့ မသိပါ။ကလေးပုခတ်ခြင်းလေးက အခန်းထဲတွင် ရှိနေသည်။ငွေ့ရည် သူ့ကိုကြည့်လိုက်တော့ အိပ်ရာပေါ်မှာ ထိုင်နေသည့် သူက ဘာတစ်ခွန်းမှ မပြောတာကြောင့် ငွေ့ရည်လည်း မမေးဘဲ နေလိုက်တော့သည်။သမီးလေးကို ထိုပုခတ်ခြင်းလေးထဲကို ထည့်လိုက်ပြီး သူ့ကို ဘာမှမပြောဘဲ အခန်းထဲက ထွက်ဖို့ ပြင်လိုက်၏။
"အဲဒါဘယ်လဲ...''
ငွေ့ရည် နောက်ကို သမင်လည်ပြန် ကြည့်လိုက်ပြီး
"ကားပေါ် အထုတ်သွားယူမလို့...''
"မယူနဲ့...ခဏနေ ယူလာပေးတဲ့ သူလာလိမ့်မယ်..ကိုယ့်ကလေးအနားမှာကိုယ်နေ..ကလေးငိုရင် ကျုပ် မချော့တက်ဘူး...''
"အင်း...''
ကိုယ့်ကလေးအနားမှာကိုယ်နေ ဆိုပြီးပြောလိုက်သည့် စကားက သူ့ကလေးမဟုတ်တဲ့အတိုင်းပဲ။သူ့အနားကိုသွားပြီး ဆံပင်ကို စောင့်ဆွဲကာ သူမတစ်ယောက်ထဲရဲ့ကလေးလားလို့ မေးလိုက်ချင်သည်။ငွေ့ရည်လည်း သူနဲ့စကားအများကြီးမပြောချင်တာနဲ့ အင်းလို့သာ ပြောလိုက်သည်။
သူကတော့ ပြောပြီးတာနဲ့ အိပ်ရာပေါ်တွင် ဖုန်းကြည့်နေသည်မှာ တစ်နာရီနီးပါး ကြာလေသည်။ထိုအချိန်တွေမှာ သူမကတော့ သမီးလေးဘေးမှာသာ ထိုင်ပြီး သမီးလေးရဲ့ပါးကို ထိတို့ပြီး နေနေရသည်။သူပြောတဲ့ အထုတ်ယူလာမယ့် သူလည်း အခုထိ ပေါ်မလာသေးတာကြောင့် သူ့ကို မေးကြည့်ချင်ပေမယ့် နူတ်ကမထွက်ပေ။
ထိုအချိန် အပြင်ကတံခါးခေါက်သံကြားတာနဲ့ သူမ ထိုင်နေရာကနေ ထလိုက်ပြီး တံခါးပွင့်ပေးလိုက်၏။သူမတို့ထက် အသက်အရွယ်အားဖြင့် အနည်းငယ်ကြီးတဲ့ အမျိုးသမီးတစ်ယောက်က သူမကို အထုတ်ကမ်းလာ၍
"ကျေးဇူးပဲနော် အစ်မ...''
"ဟုတ်...''
ငွေ့ရည်လည်း ထိုအမျိုးသမီးလက်ထဲကနေ သူမရဲ့အထုတ်ကို လှမ်းယူလိုက်သည်။ထိုအမျိုးသမီးက မသွားသေးဘဲ ရပ်နေတာကြောင့် သူမ မေးလိုက်၏။
"ဘာပြောချင်လို့ အစ်မ...''
"ဟိုလေ..အခု ညီမတို့စားဖို့အတွက် ချက်ပြုတ်ရတော့မလားလို့ပါ...''
"သြော်..ဒါလား..ညီမတို့ကဒီနေ့မှပြောင်းလာတာဆိုတော့ ဘာပစ္စည်းမှ ဝယ်မထားရသေးဘူး အစ်မရဲ့..ညီမတို့လည်းစားလာတာဆိုတော့ မချက်နဲ့တော့နဲ့နော်...''
"အင်း..''
ငွေ့ရည်လည်း ပြောပြီးတာနဲ့ အခန်းထဲဝင်လိုက်ပြီး တံခါးပြန်ပိတ်လိုက်တယ်။အထုတ်လေးကို အောက်ကိုချကာ ဖုန်းကြည့်နေတဲ့ မင်းခန့်အနားကိုလာခဲ့ပြီး
"ပြောစရာရှိလို့..''
"ဘာလဲ..''
မင်းခန့် ရှတတအသံသြသြနဲ့ပြတ်သားစွာ ထွက်ပေါ်လာတဲ့ အသံကြောင့် အနည်းငယ်တော့ မဝင့်မရဲဖြစ်သွားတာ အမှန်ပါ။
"ဟို..ဟိုလေ..ငါရေချိုးမလို့ သမီးလေးကို ခဏကြည့်ပေးပါလား...''
"ခင်ဗျားမွေးထားမဟုတ်လား...ကိုယ့်ဘာသာကိုယ်ကြည့်..ကျုပ်မအားဘူး...သူငယ်ချင်းတွေနဲ့ စာဖို့နေတယ်... ''
"ခဏ..ခဏလေးပါပဲ...သမီးလေးက အိပ်နေတာပါ..နိုးနေတာမှမဟုတ်တာ...မင်းအလုပ်ကို မထိခိုက်ပါဘူး...''
သူမပြောတဲ့ စကားကမှန်နေတာဖြစ်၍
"မြန်မြန်ချိုးပြီး မြန်မြန်ထွက်လာခဲ့...ခင်ဗျားကလေးငိုရင် ကျုပ်မချော့တက်ဘူး..တစ်ခါတည်းပြောထားမယ်...''
"အင်း...''
ငွေရည် ရေချိုးခန်းထဲကို ဝင်သွားတာနဲ့ မင်းခန့် သူ့လက်ထဲကဖုန်းကို အောက်ချလိုက်ပြီး ကလေးပုခတ်ခြင်းဆီကို လာခဲ့သည်။အိပ်ပျော်နေတာသော ကလေးလေးရဲ့ ပုံစံလေးကိုကြည့်ပြီး သဘောကျနေလေရဲ့။သူ ကလေးလေးရဲ့ ပါးပြင်ကလေးကို သူ့လက်ညိုးနဲ့ထိတို့နေသည်က အိပ်ပျော်နေသော ကလေးငယ်ကို နိူးနေသလိုပင်။မျက်လုံးမှိတ်ရက်လား လှုပ်စိလှုပ်စီနဲ့တွန့်လိမ်လာသည့် ကလေးလေးကို ပွေ့ချီချင်စိတ် ဖြစ်လာ၍ အသာလေး ယူပြီး ချီလိုက်၏။သူချီလိုက်တာနဲ့အပြိုင် ကလေးက ကျွက်ကျွက်ညံညံအောင် ငိုပါတော့သည်။
"အူဝဲ...အူဝဲ...''
"ဟာ...ဟိတ်...ကလေးလေး မငိုရဘူးလေ...''
"အူဝဲ...အူဝဲ...''
"ဘာလဲ..နို့ဆာလို့လား...မငိုနဲ့... မငိုနဲ့...ကလေးမေမေကို ခေါ်ပေးမယ်နော်... တိတ်..တိတ်...''
မင်းခန့် ကလေးကဘယ်လိုမှ မြူလို့မလုပ်တက်တာနဲ့ ရေချိုးခန်းရှေ့ကိုသွား၍ တံခါးခေါက်သံ ပေးလိုက်ပြီး
"ခင်ဗျား မပြီးသေးဘူးလား...ခင်ဗျားကလေးငိုပြီ နို့ဆာလို့ထင်တယ် ...မြန်မြန်ထွက်လာပြီး နို့တိုက်အုန်း...''
"လာပြီ...''
ငွေ့ရည်လည်း အပြင်ကနေ သူ့ရဲ့ခေါ်သံရယ် သမီးလေးရဲ့ငိုသံကိုကြားရတာကြောင့် ရေချိုးခန်းထဲကနေ အသံပေးပြီး ရင်လျားကြီးနဲ့ ထွက်လာခဲ့၏။သူမရဲ့ပုံစံကိုလည်း သတိမထားမိသလို သူ့ကိုလည်း သတိမထားမိတော့ဘဲ သူ့လက်ထဲက သမီးလေးကိုသာ ယူဖို့ပြင်လေ၏။သူကကလေးကို သူမကိုမပေးဘဲ သူ့ရဲ့မျက်လုံးတွေက သူမရဲ့ကိုယ်ကိုဝှေ့ပတ်ကြည့်ပြီးမှ မျက်မှောင်ကုတ်လျက် ဆိုလိုက်၏။
"ဒီပုံစံနဲ့ ကလေးကိုခေါ်မလို့လား..ဘာလည်း ခင်ဗျားက ကျုပ်ကို မြူဆွယ်မလို့လား...''
"ဟင်...''
သူမလည်း မင်းခန့်ပြောမှ သူမထွက်သည့် ပုံစံကို ပြန်ကြည့်မိတော့မှ မျက်နှာကလေးပူထူသွားပြီး ရဲသွားတော့သည်။သမီးလေးရဲ့ငိုသံကြောင့်သာ အလောတကြီးထွက်လာခဲ့တာပါ။သူ့ကို မြူဆွယ်ဖို့ စိတ်ကူးထဲမှာတောင် မရှိခဲ့တာ သူမသာလျှင် အသိဆုံးပါ။ကမ်းထားသည့် သူမရဲ့ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အိတ်ထဲက အဝတ်အစားကိုယူကာ ရေချိုးခန်းထဲ ပြန်ဝင်သည်။သူမ ပြန်ထွက်လာပြီး သူ့လက်ထဲကနေ သမီးလေးကို ယူချီလိုက်၏။
သမီးလေးက ငွေ့ရည် လက်ပေါ်ကို ရောက်တာနဲ့ အငိုရပ်သွားသည်။ထိုအခါ သူက ငွေ့ရည်ကိုကြည့်ပြီး မျက်မှောင်ကျုံ့သွားလေသည်။ဘာကြောင့်ဆိုတာလည်းကိုတော့ ငွေ့ရည်လည်း မခန့်မှန်းတက်တော့ချေ။
ငွေ့ရည်လည်း သူ့ကိုအကြောင်းကို အာရုံလွဲလိုက်ပြီးအိပ်ရာပေါ်တွင် တင်မလွေခွေထိုင်လိုက်ကာ သမီးလေးကို နို့တိုက်ဖို့အရေး သူ့ကို ကြည့်လိုက်သည်။မင်းခန့်ကလည်း ဘာကြည့်တာလဲ ဆိုသည့် အကြည့်မျိုးနဲ့ ပြန်ကြည့်တာကြောင့် သူမလည်း မျက်လွှာကလေး ချလိုက်တော့သည်။နို့ဆာနေသည့် သမီးလေးက နို့မဆို့ရသေး၍ ငိုပြန်သည်။
"အူဝဲ...အူဝဲ...''
"ခင်ဗျားကလေး ငိုနေတာကို နို့မတိုက်ဘဲဘာလုပ်နေတာလဲ...နောက်တစ်ခါ မငိုခင်ထဲက နို့ကိုကြိုတိုက်ထားလိုက်..ကျုပ် ကလေးငိုသံမကြားချင်ဘူး..နာငြီးတယ်...''
မင်းခန့် ပြောလည်းပြော သူမအနားကိုလာပြီး သူမရဲ့အကျီကို မတင်လိုက်ကာ ကလေးပါးစပ်ထဲကို သူမရဲ့နို့ကို ကိုင်ထည့်ပေးလိုက်တော့သည်။ထိုအခါမှ သမီးလေးရဲ့ငိုသံလေးကလည်း ရပ်သွားသည်။ငွေ့ရည် မထင်ထားသည့် မင်းခန့်ရဲ့လုပ်ရက်ကြောင့် မျက်နှာတစ်ခုလုံး ပူထူသွားတော့သည်။
"မင်း.. မင်းအပြင်ထွက်ပေး...မင်းဒီမှာရှိနေတော့ ငါ့ကလေးနိူ့တိုက်ရတာ အဆင်မပြေဘူး...''
ငွေ့ရည် သူ့ရဲ့မျက်နှာကို မကြည့်ဘဲ တုန်ယင်နေတဲ့ အသံလှိုင်းကလေးနဲ့ ပြောလိုက်၏။
"ဘာကိုအဆင်မပြေတာလည်း...အဆင်မပြေစရာ ဘာတစ်ခုမှမရှိဘူးလို့ ကျုပ်ထင်တယ်...ခင်ဗျားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျုပ်မြင်ဖူးပြီးသား ထိတွေ့ဖူးပြီးသားမို့လို့ ခင်ဗျားကလေးဖြစ်တည်လာတာလေ...ကျုပ်ပြောတာ ဟုတ်တယ်မဟုတ်လား...''
"မင်း...''
ပြောလာသည့် စကားတွေဟာ သူမရဲ့မျက်နှာကို ပူထူအမ်းလာကာလေးလံလာပြီး အကြီးကြီးဖြစ်လာသလို ခံစားလာရသည်။ထိုကြောင့် ရှက်စိတ်နဲ့ ခုနက ပြောတုန်းက မော့မကြည့်တဲ့သူမဟာ အခုမင်းခန့်ရဲ့ စကားကြောင့် ခေါင်းမော့လာပြီး အော်လိုက်တော့၏။
"ကျုပ်တာ တစ်ခုမှအမှားပါဘူးလေ..အကုန်အမှန်တွေကြီးပဲဆိုတာ ခင်ဗျားအသိဘဲမဟုတ်လား..''
"ငါက မင်းကိုဒီပုံစံနဲ့ မြူဆွယ်နေတယ်ဆိုရင်ဘယ်လိုလုပ်မလဲ...''
သူပြောတဲ့စကားနဲ့သူ့ကို အပြင်ထွက်အောင် တမင်ပြောလိုက်ပေမယ့် သူ့ဘက်က ပြန်ပြောလာသည့် စကားသည်မှာ
"ခင်ဗျား..ကျုပ်ကိုမြူဆွယ်စရာမလိုဘူး..ကျုပ်လိုချင်ရင် ဖြည့်ဆည်းပေးရမယ့် တာဝန်က ခင်ဗျားမှာရှိတယ်တဲ့...''
ငွေ့ရည်လည်း သူ့ကို ဆက်မပြောတော့ဘဲ ခေါင်းသာငုံ့ပြီး နို့သောက်ရင်း မှိန်းနေတဲ့ သမီးလေးကိုသာကို ကြည့်နေလိုက်တော့သည်။သူကလည်း သူမရဲ့ဘေးနားကနေ သမီးလေးရဲ့ ပါးပြင်လေးနုနုကို ထိတို့ပြီး
"ခင်ဗျားကလေးကို နောက်တစ်ခါ ငိုအောင်မထားနဲ့ နို့တိုက်စရာရှိတာကိုတိုက် ကြားလား...''
"ကလေးပဲ သူ့သဘဝအတိုင်း ငိုမှာပေါ့...ကလေးငိုတိုင်းနို့တိုက်ရမယ်ဆိုရင် ငါ ဘာအလုပ်မှ လုပ်ရမှာမဟုတ်ဘူး...''
"အဲဆိုခင်ဗျားက ခင်ဗျားကလေးကို နို့မတိုက်ဘဲ ငိုအောင်မယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...အခု ခင်ဗျားကို ကျုပ်က ဘာအလုပ်တွေခိုင်းနေလို့လဲဟမ်..ပြောစမ်းပါ...''
"မင်းပြောတော့ လေးဆယ့်ငါးရက်ပြည့်ရင် အိမ်ကိစ္စတွေက ငါ့အလုပ်တွေဆို...ငါအိမ်အလုပ်တွေလုပ်တဲ့အခါ သမီးလေးအနားမှာ ငါအချိန်ပြည့်မရှိပေးနိုင်မှတော့ ကလေးလည်း ငိုရင်ငိုမှာပေါ့..နောက်ပြီး ငါ့ကလေးငိုတာ မင်းကလေးငိုတာမဟုတ်ဘူး...''
"ဘာပဲဖြစ်ဖြစ် ခင်ဗျားကလေးကို မငိုစေနဲ့ ကျုပ်မကြိုက်ဘူး...ခင်ဗျားကလေးငိုသံကို မကြားချင်တာ ရှင်းလား...ခင်ဗျားကလေးလေးအိပ်မှ အိမ်အလုပ်တွေကလုပ်လို့ရတယ်...ကျုပ်မေမေလည်း ကျုပ်ကိုဒီလိုပဲ အိမ်အလုပ်တွေ ပျိုးထောင်လာတာ သိလား....''
သမီးလေးကို မငိုစေနဲ့ပဲအမိန့်တွေပေးနေသည့် သူ့ကို ဒေါသထွက်ရသည်။သမီးလေးရဲ့ ငိုသံမကြားချင်ရင်လည်း သူဒီမှာမနေနဲ့ပေါ့လို့ ပြောလိုက်ချင်သည်။သမီးလေးကို မိသားစုဆိုတဲ့ ဒီရပ်ဝန်းထဲကို ခေါ်သွင်းခဲ့မိတာ မှားပြီလားလို့ တွေ့မိတယ်။ဖခင်ရဲ့ ချစ်ခြင်းမေတ္ထာတွေ မရရှိဘဲ အမုန်းတွေကြောင့် စိတ်ဒဏ်ရာရမှာကို ကြောက်မိပြန်သည်။သူမ သူ့ကိုလက်ခံလိုက်တာ မှားသွားပြီလားဆိုတဲ့ အသိက သူမရဲ့ စိတ်ကို နှိပ်စက်နေတော့သည်။ဝမ်းနည်းလာတာနဲ့အမျှ မျက်ရည်တို့ဟာ စီးကျလာသည်။မှိန်းပြီး နို့သတ်ခံဆို့နေသည့် သမီးလေးရဲ့ ပါးပြင်နုနုလေးပေါ်သို့ သူမရဲ့ မျက်ရည်ပူတွေက တစ်ပေါက်ချင်းကျလို့နေတော့သည်။
"ခင်ဗျား ဘာလို့ငိုတာလဲ...ခင်ဗျားငိုလို့ နို့လည်သွားရင် ခင်ဗျားကလေးငိုလိမ့်မယ်...ခင်ဗျားကလေးငိုသံကို ကျုပ်မကြားချင်ဘူးလို့ပြောထားပြီးသား...''
ငွေ့ရည် မျက်ရည်တွေကြောင့် မှုန်ဝါနေသည့်ကြားကနေ ခပ်ရဲ့ရဲ့လေး ပြုံးလိုက်ကာ ခေါင်းဆတ်လိုက်တော့သည်။