Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၁၇

သံစဥ်ချိုပြောလိုက်သည့်စကားကြောင့် ငွေ့ရည်ရဲ့လက်က ကတ္တီပါဗူးလေးက အောက်သို့ ကျသွားသည်။သူမ ချစ်စရာကောင်းတဲ့ကလေးလို့ အမြဲတဖွဖွရေရွတ်နေသည့် ကလေးက သူမဘဝကို ဖျက်စီးလိုက်တဲ့ ထိုယောကျ်ားဖြစ်လိမ့်မည်လို့ ဘယ်တုန်းက မထင်ခဲ့တာကြောင့် အံ့သြမှင်သတ်ရလေသည်။

ကောင်းသန့်ကိုကိုကတော့ သံစဥ်ချိုကို နားမလည်သည့်အကြည့်တို့ဖြင့် ကြည့်လိုက်တော့သည်။ချိုဟာ သူ့ကိုခေါင်းလေးညိမ့်ပြလိုက်၏။

"ဟုတ်တယ်မောင်...မောင်သိတဲ့ မင်းခန့်ကိုကိုဆိုတာ ချိုနဲ့မောင့်ရဲ့ သားပဲ...နောက်ပြီး ချိုတို့မှာအမွှာသမီးလေးနှစ်ယောက်လည်း ရှိသေးတယ်..သူတို့လေးတွေက မောင်ပြန်အလာကို မျှော်နေကြတာ မောင်ရဲ့...မောင့်ကိုတွေ့ရင် သိပ်ပျော်နေတော့မှာပဲကွယ်...''

"ဗျာ...''

ဇာနည်ဟာ သူ့မှာအသက်နှစ်ဆယ်အရွယ်သားတစ်ယောက်ရှိလိမ့်မယ်လို့ မထင်ခဲ့ပါ။သူ့အိပ်မက်ထဲက ကလေးလေးက လိမ္မာပြီး ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ဖြစ်ပါ။အခု သူ့သားလို့ပြောတဲ့ ကောင်လေးက ကျစ်ကန်ကန်လေးနဲ့ ခေါင်မာသည့် ပုံစံကလေးဖြစ်နေသည့်ကို သဘောမကျချေ။နောက်ပြီး ဘာလို့သမီးလေးတွေကို သူ့မှတ်ဉာဏ်ထဲမှာ ပေါ်မလာခဲ့တာလည်းဆိုတာကို စဥ်းစား၍မရဖြစ်ရသည်။

"မောင်တို့ သားက ဒီလိုကလေးဆိုးလေးတစ်ယောက်ဖြစ်နေတာလား ...''

"မောင်..''

ချို ကောင်းရဲ့မောင်တို့သားဆိုတဲ့ နူးညံ့တဲ့ အသံလေးကြောင့် ကောင်းရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလျက် တရှိုက်ရှိုက် ငိုကြွေးနေသည်က ဝမ်းသာလွန်း၍ ဖြစ်သည်။

ကောင်း သူမဆုပ်နယ်နေတဲ့ သူမလက်တွေကို ဖယ်လိုက်ကာ သူမရဲ့ပါးပြင်ထက်က မျက်ရည်တွေကို ညင်သာစွာ သုတ်လိုက်၏။ပြီးမှ သူ့ရဲ့ဝဲဘက်ရင်အုံလေးကို လက်ညိုးထိုးလျက်...။

"မငိုပါနဲ့လားချို..မောင် ဒီနားက နာကျင်လို့ပါ...''

"ဟင်...''

မောင့်ရဲ့ ချိုလို့ ခေါ်လိုက်သည့်အသံလေးကို နှစ်တွေအကြာကြီးနေမှ ပြန်ကြားရသည့်အခါ သူမနားကိုပင် မယုံနိုင်ဖြစ်နေသည်။ကောင်းရဲ့စကားကို နာခံတက်သည့် ချိုဟာ ချက်ချင်းဆိုသလို ကျမည့်စဲစဲ မျက်ရည်ဥတွေ ပုတ်ခတ်သွင်းလိုက်၏။

"ချိုက ဟိုကောင်လေးလိုမဟုတ်ဘူး..လိမ္မာတယ်...''

ကောင်းရဲ့စကားကြောင့် ချို ခေါင်းလေးညိတ့်ပြီးပြုံးလိုက်၏။သားကတော့ မောင့်စကားကြောင့် မျက်နှာကလေးဆူပုတ် သွားမလား ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်၍ မသိမသာလေး မော့ချင်လိုက်တော့သည်။ချိုထင်သည့်အတိုင်း သားက မျက်မှောင်ကလေးကျုံ့နေပြီး မျက်နှာကလေး ဆူပုတ်နေတော့သည်။ချို သားရဲ့ဖြစ်ပျက်နေသည့် ပုံစံကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ပြီးမှ ချောမောခန့်ညားတဲ့ မောင့်မျက်နှာကို ကြည့်ပြီးမှ.. ။

"သားကို ချိုက အပြည့်အဝသွန်သင်စောင့်ရှောက်နိုင်မှုအားနည်းခဲ့လို့ ခုလိုဖြစ်ရတာပါ မောင်ရယ်..အခု မောင်ချိုတို့ဆီ ပြန်လာပြီဆိုတော့ သားကို မောင်ကပဲ အမှားနည်းအောင် ဆုံးမပေးပါနော်..''

ကောင်း မင်းခန့်ကို လှမ်းကြည့်လိုက်၏။မင်းခန့်ရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေဝဲရစ်နေကို သူတွေ့လိုက်သည်။ထို့ကြောင့် သူ့ရင်ဘတ်က နာကျင်ရလေသည်။ကောင်း မင်းခန့်ကို သေချာစိုက်ကြည့်မိသည်။သူ သေချာကြည့်တော့မှ သူ့နဲ့တူတာကို သတိထားမိလာသည်။

"အူဝဲ...အူဝဲ...''

ကလေးလေး ထငိုတော့မှ ရာရင်းကိစ္စကို သတိထားမိသွားသည်။ကလေးငိုတော့ အနောက်မှာရှိနေသည့် မင်းခန့်က ငွေ့ရည်နဲ့ကလေးအနားကို ဘယ်လို ရောက်လာသလဲမသိပေ။

"ခင်ဗျား ဘယ်လိုလုပ်လို့ ကလေးလေးက ငိုသွားတာလဲ...''

"ဟင်...''

ငွေ့ရည် သူ့ကို မော့ကြည့်လိုက်သည်။သူရဲ့ မျက်လုံးမှာ ငွေ့ရည်ကပဲ သူသမီးကို တမင်ဘဲ ငိုအောင်လုပ်လိုက်သလို မပြောနဲ့တင်မဟုတ်ဘဲ အကြည့်ပါ ပြောလေသည်။ငွေ့ရည်မှာ သူ့အကြည့်ကိုလွဲလိုက်ပြီး သမီးလေးကိုသာချော့မြူလိုက်တော့သည်။ငွေ့ရည် ဘယ်လိုချော့ချော့ သမီးလေးကအငိုမတိတ်တာကြောင့် ငွေ့ရည်ပါငိုချင်လာသည်။

"ကလေးက နို့ဆာလို့ထင်တယ်...နို့တိုက်လိုက်ပါလား...''

"ရှင်...ဟုတ်..ဟုတ်ကဲ့ မမ...''

ငွေ့ရည် နို့ဆာလို့ငိုနေသည့်သမီးဇောနဲ့ လူရှိနေတာကို သတိမမူပဲ အကျီကိုမတင်ဖို့ အလုပ်မှာ သူမရဲ့အကျီစကို ဆွဲချလိုက်တာကြောင့် မော့ကြည့်လိုက်မိသည်။

"ခင်ဗျား တကယ်ပဲ ဒီမှာတိုက်မလို့လား....''

"ဟင်...''

ငွေ့ရည်လည်း သူပြောမှ ဘေးပတ်လည်ကို သေချာကြည့်မိတော့သည်။ကိုကိုရဲ့ မိဘတွေနဲ့မမရဲ့မိဘတွေကတော့ သူမကိုပြုံးပြီ ဘာမှမဖြစ်ဘူးဆိုသည့်အကြည့်မျိုးနဲ့ ပြုံးပြကြသည်။ တေဇာကတော့ လက်သီးဆုပ်လေးကို နူတ်ခမ်းနားကပ်ပြီး မျက်နှာလွှဲထားသလို ကိုကိုနဲ့ကိုကြီးထက်ဝေယံကလည်း ထိုနည်း၎င်းပင်။

"ကျုပ်ကလေးငိုနေပြီ ခင်ဗျားနို့မတိုက်သေးဘူးလား...ကြည့်အုန်း ကလေးလေးကငိုလွန်းလို့ ကအသားလေးတွေတောင် ရဲတွတ်လာပြီ...''

"ငိုမှတော့ရဲမှာပေါ့...ငါ့ရှေ့ကဖယ်ပေး အခန်းထဲသွားမလို့...''

"ကျုပ်လည်းလိုက်မယ်...''

"မင်းက ဘာလိုက်လုပ်မှာလဲ...ကလေးနို့တိုက်ရမယ့်သူက ငါ့ညီမလား..မင်းလား..''

"ဖေဖေ...''

မင်းခန့် ကောင်းကို မကျေနပ်သော လေသံနဲ့ခေါ်လိုက်၏။

"ဟုတ်တယ်လေသားရယ်...သားဖေဖေပြောတာမှန်နေတာပဲကွယ်...သားကလိုက်သွားတော့ ညီမလေးက နို့တိုက်ရတာ ဘယ်လိုလုပ်လွတ်လပ်မှာလဲ...ဒီမှာပဲ ထိုင်နေလိုက်ပါ...''

သူမ နို့တိုက်ပြီး ထွက်လာတာတဲ့ မဂ်လာကိစ္စအကြောင်းကို ဆွေးနွေးကြသည်။သူမ လက်မခံချင်ပေမယ့် ကိုကို့ဆန္ဒကြောင့် အတွန့်မတပ်ပဲ ခေါင်းညိတ့်လိုက်သည်။သူကတော့ စာမေးပွဲလည်းနီးနေပြီ ကလေးလည်းရှိနေတာကြောင့် မဂ်လာမဆောင်ချင်ဘူးတဲ့။အဓိကက လက်ထက်လက်မှတ်ဘဲ လိုတာမဟုတ်လားတဲ့လေ။သူရဲ့စကားကြောင့် ကိုကိုမျက်နှာပျက်သွားတာကို ငွေ့ရည်မြင်လိုက်တာကြောင့် ငွေ့ရည်လည်း သူ့လိုဘဲ ဖြစ်ချင်ပါတယ်လို့ ပြောလိုက်သည်။နောက်ဆုံး သူပြောလိုက်သည့် စကားဟာ..။

"သားတို့ အိမ်ခွဲနေမယ် ဖေဖေနဲ့မေမေ...သားလည်းကျောင်းပြီးပြီဆိုတော့ အဘိုးရဲ့လုပ်ငန်းတွေကို သားဦးစီးလို့ရပြီ...နေမယ့်အိမ်ကတော့ မေမေသိတဲ့အတိုင်းပဲ...''

"သားရဲ့သဘောအတိုင်းပါပဲကွယ်...ဒါပေမယ့် မေမေတို့နဲ့ သားကျောင်းပြီးတဲ့အထိနေပြီးမှ ပြောင်းပါလား သားရယ်...''

"ဘယ်အချိန်ပြောင်းပြောင်းအတူတူပါပဲ မေမေရာ...သားကတော့ မနက်တရားရုံးသွားလက်မှတ်ထိုးပြီးတာနဲ့ ပြောင်းဖို့ဆုံးဖြတ်ထားတယ်...''

"ဒါပေမယ့်..''

"မတားနဲ့ ချို...ဒီကောင်လေးလည်း အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်ပဲ...သူ့ဆုံးဖြတ်ချက်အတိုင်း ထားလိုက်ပါ...''

"အွန်းပါ...''

မင်းခန့် သူ့ကိုခုချိန်ထိ သားလို့မခေါ်သေးသည့် ဖေဖေကြောင့် စိတ်ထဲမှာ ကလိကလိနဲ့ ကျိတ်မနိုင်ခံမရဖြစ်နေသည်။သူမအတွက်ကြောင့်နဲ့ သူ့ကိုသားလို့အသိအမှတ်မပြုသေးတာကြောင့် သူမကို မုန်းနေသည့်သူ့အမုန်းတွေက တစ်ဆတစ်ဆနဲ့ကြီးထွားလာတော့သည်။

ငွေ့ရည်မှာ ပြန်ခါနီး သူမကို ကြည့်သွားသောသူ့အကြည့်တို့ကြောင့် ကြောက်စိတ်တွေပြန်ပေါ်လာသည်။ဒီအကြည့်ကို သူမကောင်းကောင်း မှတ်မိတာပေါ့။အချိန်က သူမကို ကြိမ်းဝါးပြီး ကြည့်သွားတဲ့ အကြည့်မျိုးနဲ့ ထပ်တူကျလေရဲ့။

သူ့မိန်းကလေးကို ပါးရိုက်မိတဲ့အတွက် သူမရဲ့ပါးကို ရိုက်ခဲ့တဲ့ ယောကျ်ား သူမကသူ့ကလေးကိိုရမှာဆိုး၍ ဆေးသောက်ဖို့ ပိုက်ဆံပေးသည့် ထိုယောကျာ်းက သူ့မိန်းကလေးကို ဆုံးရှုံးခံပြီး သူမအပေါ်ကို တာဝန်အရလက်ထက်ချင်တယ်လို့ မထင်မိပါ။နောက်ပြီး သူ ဘာလို့အိမ်ခွဲနေချင်တာလည်းဆိုတာကို စဥ်းစား၍မရပေ။မဟုတ်မှ..။

"ဟူး..''

ငွေ့ရည် ခြေကားယားလက်ကားယားနဲ့ နှစ်ခြိုက်စွာ အိပ်မောကြနေတဲ့ သမီးကို ကြည့်ပြီး သက်ပြင်းလေးရှိုက်ချလိုက်သည်။မမတို့ပြန်သွားပြီးထဲက ကိုကိုကတော့ပုံမှန်တိုင်းဆိုပေမယ့် ကိုကြီးထက်ဝေယံကတော့ မျက်နှာမကောင်းဖြစ်နေသည်။ကိုကိုကသူ့မိသားစုဆီကိုပြန်သွားရမည်ဖြစ်သလို ငွေရည်ကလည်း သူ့နောက်ကို လိုက်သွားရမှာမဟုတ်လား။အဲအတွက်ကြောင့် တစ်ယောက်ထဲကျန်ခဲ့မှာကို စိတ်မကောင်းဖြစ်နေနေမည်။

သံယောဇဥ်တွေက တကယ်ကိုပူလောင်စေသည်။သံယောဇဥ်တွေထပ်တွယ်မိမှာကြောက်လို့ တစ်ယောက်ထဲရှိခဲ့ဖူးတဲ့သူငယ်ချင်းကို ဆုံးရှုံးလိုက်ရထဲက ထပ်ပြီးမထားခဲ့တာ ယနေ့ထိပဲ။တစ်ယောက်ထဲ အထီးကျန်စွာ နေတက်နေပြီဖြစ်နေချိန်မှာ ကိုကိုဟာ သူမဘဝထဲကို နောက်ထပ်သံယောဇဥ်တစ်ခုထပ်ဖြစ်လာပြန်တယ်။သိပ့်မကြာခင်မှာ နေရာသစ်တစ်ခုကိုပြောင်းချိန်မှာ ကိုကြီးထက်ဝေယံလည်း သူမရဲ့အစ်ကိုရင်းတစ်ယောက်လို သံယောဇဥ် တွယ်မိပြန်တယ်။တစ်မိုးအောက်ထဲ အတူတူနေလာခဲ့ကြတဲ့ သူမတို့သုံးယောက် တစ်ယောက်တစ်နေရာဆီ သွားရတော့မှာတော့ ရင်ထဲမှာ လစ်ဟာနေသလိုခံစားရသည်။မျက်ရည်တွေလည်း အလိုလိုစီးကျလာသည်။

"ဒေါက်...ဒေါက်...''

အပြင်က တံခါးခေါက်သံကြောင့် မျက်ရည်တွေကိုသုတ်လိုက်ပြီး

"လာပြီ...''

"ညဥ်းကလည်းနော်..ထမင်းစားဖို့တောင်အမြဲလာခေါ်ရတယ်...''

ငွေ့ရည် ငိုချင်နေသည့်စိတ်ကိုထိန်းထားလိုက်ပြီး မချိပြုံးလေးပြုံးလျက်

"နောက်ရက်ဆို... ငွေ့ရည်ကို လာခေါ်ပြီး ကျွေးစရာမလိုတော့ပါဘူးနော်...ဟီးဟီး...''

ထိန်းချုပ်ထားသည့် ငိုချင်စိတ်တို့ကို လွတ်ချလိုက်တာကြောင့် မျက်ရည်တွေက မိုးပေါက်ပမာ ကျလာပြီး ရှုံးပွဲချ၍ ငိုကြွေးလိုက်လေသည်။ထက်ဝေယံလည်း သူမကို မငိုပါနဲ့လို့ မနှစ်သိမ့်ပေးနိုင်ဘဲ သူကိုယ်တိုင်လည်း မျက်လုံးတွေနီမြန်းလာပြီး အသံတိတ်ငိုကြွေးတော့သည်။

ကောင်းကိုယ်တိုင်လည်း ထိုမြင်ကွင်းကို အကွယ်ကနေကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ထိုကြောင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။သူမသိချင်ယောင်ဆောင်ပြီး ချောင်းဟန့်ပြီး အသံပြုလိုက်၏။

"ကဲကဲ..မငိုနဲ့တော့..ညဥ်းငိုတော့ ငါလည်းစိတ်မကောင်းဘူး...ဇာနည်လည်း စိတ်မကောင်းဖြစ်လိမ့်မယ်...''

"အင်းပါ...ဒါနဲ့ကိုကြီးထက်ဝေယံမှာ ချစ်သူရှိလား..မရှိရင်လည်း အခုထားတော့ သိလား...ကိုကိုကလည်းသူ့မိသားစုဆီကို ပြန်မှာ ငွေ့ရည်လည်းမရှိတော့ဘူးဆိုတော့ ကိုကြီးထက်ဝေယံ တစ်ယောက်ထဲ ကျန်နေမှာ အဲဒါကြောင့် အဖော်ရှာတော့လို့...''

"ငါကအဖြစ်မရှိလို့ ညဥ်းရှာပေးလေ...''

"ဟိဟိ..''

ငွေ့ရည် ပါးစပ်လေးပိတ်ပြီး ရယ်လိုက်၏။

"ကဲဒီမောင်နှမနှစ်ယောက်ဘာတွေပြောနေတာလည်းကွာ..ကိုကို့ကိုလည်း ပြောပြပါအုန်း...ကိုကိုလည်း သိချင်တယ်...''

"ဒီလိုပါပဲ ကိုကိုရာ..ကိုကို့ရဲ့ ပုံသေနည်းအတိုင်းပဲ..ဟိဟိ..ကိုကြီးထက်ဝေယံကို ရည်းစားထားခိုင်းနေတာ ကိုကိုရဲ့..တစ်ယောက်ထဲကျန်ခဲ့ပြီး ပျင်းနေရမှာဆိုးလို့လေ...''

"တစ်ယောက်ထဲကျန်ခဲ့စရာလား...ကိုကိုက သူ့ကိုအပါခေါ်သွားမှာလေ...ပြီးရင် မိန်းမပါရှာပြီးပေးစားမလားလို့ စဥ်းစားထားတယ်...''

"ဟိဟိ...ကောင်းတယ် ကိုကို...ညီမလေးလည်း သဘောတူတယ် သိလား...''

"မင်းတို့မောင်နှမကို ငါတကယ်မနိုင်တော့ဘူးကွာ...''

သူမတို့တွေ ထမင်းစားပြီးတာနဲ့ နေရာခွဲလိုက်ကြသည်။သူမအခန်းထဲရောက်တော့ သမီးလေးက နိုးနေသည်။ သူ့လက်ကလေးကို စုတ်ပြီး ငြိမ်နေ၏။သမီးလေးရဲ့ ချစ်စရာပုံစံလေးကို ကြည့်ပြီး ပြုံးရယ်လိုက်သည်။

"မေမေ့သမီးလေးက လိမ္မာလိုက်တာ...မငိုဘူးကွယ်...''

ငွေ့ရည် အိပ်ရာထဲဝင်လှဲလိုက်ပြီး အကျီလေးလှန်ပြီး သမီးလေးကို နို့တိုက်လိုက်တော့သည်။သမီးလေးက နို့ကိုအငမ်းအရဆို့လေတော့သည်။နို့သတ်လာတဲ့အချိန်ကျတော့ ငြိမ်ပြီးဆို့နေလိုက်တာများ သူမဟုတ်သည့်အတိုင်းပင်။

"အလည်မလေးပဲ...''

မနက်ဖြန်ကစလို့ သူမရဲ့အပြုံးအရယ်တွေက ဒီနေ့လို တောက်ပနိုင်ပါ့မလားဆိုတာကတော့ သူမကိုယ်တိုင်လဲ မသိပေ။အငြိုးကြီးတဲ့ ယောကျာ်းနဲ့တစ်အိမ်ထဲ အတူတူနေမှာကို တွေးပြီး ကြောက်မိတာတော့အမှန်ပါ။

"မင်း ဘာတွေတွေးနေတာလည်း ငါမသိပေမယ့် ငါ ဝဋ်ရှိသလောက်တော့ ခံပါမယ်...''

« ရှေ့အခန်း - အပိုင်း ၁၆ နောက်အခန်း - အပိုင်း ၁၈ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ