"ဖြောင်း...''
သံစဥ်ချိုမှာ သားဖြစ်သူ၏ ပါးကို ရိုက်ချလိုက်သလို ငိုကြေးလေသည်။
"မင်း ငါ့သားမှဟုတ်ရဲ့လား မင်းခန့်ကိုကိုရယ်...ဟမ်...မင်းဘာလို့ မိန်းကလေးတစ်ယောက် ဒီလိုမျိုးလုပ်ရတာလဲ...ငါမွေးထားတဲ့ သားက ဒီလိုယုတ်မာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးသိလား...''
မေမေကို ဒီအကြောင်းတွေကို ဘယ်သူပြောလိုက်တာလည်းဆိုတာကို စဥ်းစားမရဖြစ်နေ၏။
"မေမေ့ကို အဲအကြောင်းတွေ ဘယ်သူပြောတာလဲ..''
"မင်းသိစရာမလိုဘူး မင်းခန့်ကိုကို...အဲမိန်းကလေးကို လက်ထက်ရမယ်ဆိုတာပဲ သိထားလိုက်...မင်းအဘိုးတွေအဘွားတွေကိုလည်း ဒီကြောင်းတွေ ငါအကုန်းလုံးပြောထားပြီးသွားပြီ..မနက်ဖြန် အဲမိန်းကလေးအိမ်သွားပြီး လက်ထက်ဖို့ကိစ္စအတွက် သွားရမယ်...''
"သား အဲမိန်းမကို လက်မထက်နိုင်ဘူး...သား မချစ်တဲ့မိန်းမတစ်ယောက်ကို မယူနိုင်ဘူး မေမေ...''
"မင်း ငါသေတာမြင်ချင်တယ်ဆိုရင် လုပ်ပေါ့..မင်းခန့်ကိုကိုရယ်...''
"ဟာဗျာ..သားဖက်ကိုလည်း ကြည့်ပေးအုန်းလေမေမေ...''
"တစ်ဖက်မိန်းကလေးရဲ့ဘက်ကို မင်းပြန်ကြည့်သင့်တာပေါ့...အရှက်သိက္ခာနဲ့လဲပြီးတောင် မင်းသွေးသားကို မွေးဖွားပေးထားတာ...ငါ့မြေးကို ဖခင်ရှိလျက်နဲ့ ဖခင်မဲ့နေတဲ့ကလေးတစ်လို မရှင်သန်စေချင်ဘူး...အဲတော့ မင်းအဲမိန်းကလေးကို လက်ထက်ရမယ်...မင်းငြင်းမယ်ဆိုရင် ငါ့မျက်နှာကို မင်းမြင်ရတော့မှာ မဟုတ်ဘူး...မေမေက စကားအပိုမပြောဘူးဆိုတာ သား သိပါတယ်...''
ထိုင်မှာကြိုးနဲ့တုတ်ချည်ထားသလို အခြေအနေတွေက အဆိုးဆုံးကို ရောက်ရှိနေတာဖြစ်၍ သူ့မှာ ဘာမှမလုပ်နိုင်တော့ပေ။သူ့မှာ နောက်ဆုံးတော့ မေမေ့စကားအတိုင်း လက်ခံလိုက်ရသည်။လက်သီးဆုပ်ကို ကျစ်နေအောင်ဆုပ်ပြီး အပေါ်တက်လာခဲ့သည်။
သံစဥ်ချို အပေါ်တက်သွားသည့် သားကိုကြည့်ပြီး တရှိုက်ရှိုက် ငိုကြွေးလေ၏။သူမသားကို တာဝန်မယူတဲ့သူတစ်ယောက်လို့ ခေါင်းစဥ်တပ်ခံရမှာကို သူမသေမတက်ကြောက်သည်။သားကို မောင်လိုမျိုး ယောကျာ်းမျိုးသာ ဖြစ်စေချင်သည်။သူမရဲ့သားကို လူယုတ်မာလို့ပြောလိုက်သည့် အသံကို နားထဲကပင် မထွက်ချေ။
"လွန်ခဲ့သော ငါးနာရီခန့်က''
ချို ဒီဇိုင်းတွေ ပုံကြမ်းတွေဆွဲနေ၏။ထိုအချိန် ဖုန်းလာ၍ ကြည့်လိုက်တော့ ဖုန်းနံပတ်က အစိမ်းဖြစ်နေပေမယ့်လည်း ချိုလည်း မဆိုင်းမတွကိုင်လိုက်လေသည်။သူမ ကိုင်လိုက်လျှင် မင်းခန့်ကိုကိုရဲ့မိခင်ဒေါ်သံစဥ်ချိုဟုတ်ပါသလား ဆိုသည့် တစ်ဖက်က ကြားလိုက်ရသည့်အသံကြောင့် ဖုန်းကိုင်ထားသည့် လက်က ဖုန်းကျလုမတက် တုန်ယင်သွားသည်။
"မောင်..''
နူတ်ခမ်းလေးလှုပ်ရုံလေး ရေရွတ်လိုက်မိသည်။မောင့်အသံနဲ့ တူနေတာကြောင့် မောင်များလာဆိုသည့်အသိကြောင့် ဝမ်းသာအားရ ဆက်ပြီးနားထောင်လိုက်ပေမယ့် ကြားလိုက်ရသည်မှာ
ချို့ရဲ့သားက မိန်းကလေးတစ်ယောက် လူပုံအလယ်မှာ လက်ပါခဲ့သလို မတရားစော်ကားအနိူင်ကျင့်ခဲ့ပါသည်ဆိုတဲ့ စကားတွေကြောင့် ပြာပြာသလဲလဲ ငြင်းလိုက်လေ၏။
"ရှင် လူမှားနေတာဖြစ်ပါလိမ့်..ကျွန်မသားက အဲလိုကလေးမဟုတ်ဘူး...ရှင်ပြောသလို အားနွဲ့တဲ့မိန်းကလေးတစ်ယောက်အပေါ်ကို လက်ပါမှာလဲမဟုတ်သလို ဘဝဖျက်ဆီးလောက်တဲ့အထိ ကျွန်မသားက ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး...''
"ခင်ဗျားသား ယုတ်မာတာခင်ဗျားဘယ်သိမလဲ...ခင်ဗျားသားကြောင့် ကျွန်တော့်ညီမလေးနဲ့တူမလေးဘာမှဖြစ်မသွားလို့ မဟုတ်ရင် ခင်ဗျားသားလူယုတ်မာကို ထိုးလိုက်ရုံမဟုတ်ပဲ ကျွန်တော်တစ်ခုခုလုပ်လိုက်မိမှာ...''
"ဟင်...''
အဲဆို လွန်ခဲ့တဲ့ရက်က သားမျက်နှာကဒဏ်ရာတွေက ဒီကိစ္စကြောင့်ပေါ့လေ။ချို့မှာ တစ်ဖက်ကဇာနည်ရဲ့စကားကို မငြင်းနိုင်တော့ဘဲ သူတို့ဘက်ကဖြစ်ချင်တဲ့ဆန္ဒကို လိုက်လျောပေးလိုက်ရတော့သည်။
ကြွေရုပ်ကလေးမဟုတ်တဲ့ တခြားမိန်းကလေးကို ချွေးမတော်ရမယ်လို့မထင်ခဲ့သလို တော်လည်းမတော်ချင်ခဲ့ပေ။သို့သော်...သားရဲ့ကလေးထိမွေးထားသည်ဆို၍ လက်မခံချင်လည်း လက်ခံရတော့သည်။
မောင့်ဖေဖေနဲ့မေမေတို့ဆီသွားပြီး မိန်းကလေးရှင်ဘက်ကိုသွားရောက်ဖို့ အကျိုးအကြောင်းသွားပြောရသည်။မောင့်မေမေကတော့ အရင်အတိုင်းမာန်မချပါ။ကလေးကိုသာခေါ်ယူပြီး တန်ရာတန်ကြေးပေးလိုက်ပါတဲ့လေ။သူ့မြေးရဲ့အဆင့်အတန်းနဲ့အနေအထားကိုသိလို့ ခေတ်မှီနေတဲ့ခေတ်ကြီးမှာ မကာကွယ်ဘဲ သူ့မြေးကို အပိုင်ကြံဖို့အတွက် ကလေးကို တမင်မွေးတာပါတဲ့လေ။ချို့ရဲ့မောင်နှမတွေက ဆရာဝန်တွေဘဲ သူမြေးရဲ့ ကလေးဟုတ်မဟုတ်စစ်ကြည့်အုန်းတဲ့။မောင့်မေမေရဲ့စကားသာ နားထောင်ပြီးပြန်လာခဲ့ရသည်။
ချိုလည်း မေမေတို့ဆီရောက်တော့မှ တစ်ဖက်ကအခြေအနေကို သိလိုက်ရတော့သည်။မောင်လေးအပြောအရ သားနဲ့ပက်သတ်တဲ့ မိန်းကလေးနဲ့နာမည်က ပန်းငွေ့ရည်တဲ့..နောက်ပြီး သားထက်အသက်ရှစ်နှစ်လောက်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဆိုတာကိုလည်း သိခဲ့ရသည်။ရန်ကုန်ဇာတိမဟုတ်တဲ့ မိုးကုတ်သူဆိုကိုရောပေါ့။ဒီလောက်အရေးကြီးတဲ့ကိစ္စကို သူမကိုမပြောပြလို့ မာမီနဲ့သူမနှစ်ယောက်သားက အကြီးဖြစ်ပြီး တူဖြစ်သူရဲ့စကားကို နားထောင်ရမလားဆိုပြီး ဆူခဲ့သေးသည်။
****************** *****************
"ကိုကိုနဲ့ကိုကြီးထက်ဝေယံက အလုပ်မသွားသေးဘူးလား...ကိုးနာရီထိုးနေပြီနော်...''
"အင်း...ဧည့်သည်တွေလာမှာမို့လို့စောင့်နေတာ...ကလေးရော အိပ်တုန်းလား ညီမလေး...''
"ဟုတ်တယ် ကိုကို...သမီးလေးက ညကလေနာတော့ ကောင်းကောင်းမအိပ်ဘူးလေ..မိုးလင်းပိုင်းမှ အိပ်ပျော်သွားတာ...ညီမလေးလဲ သမီးလေးအိပ်တုန်း ထမင်းစားမလို...''
ငွေ့ရည်လည်း ကိုကိုနဲ့ကိုကြီးထက်ဝေယံတို့ တစ်ခုခုပဲလို့ ခံစားမိသည်။ဗိုက်ဆာလို့သာ ထမင်းစားနေတာ သူမရဲ့စိတ်တွေက အိမ်ကကိုကိုတို့ဆီသာရောက်နေသည်။
"ဘယ်က ဧည့်သည်တွေများ လာမှာဟုတ်လို့ပါလိမ့်..မိုးကုတ်များလား..ထားလိုက်ပါတော့ ကိုယ့်ဧည့်သည်မှမဟုတ်တာပဲလေ..''
ခြံထဲဝင်လာတဲ့ ကားသံတွေကို ကြားရသည်။ကားကတစ်စီးထဲမဟုတ်ဘဲ သုံးလေးစီးဖြစ်လောက်မည်။သူမ ထွက်မကြည့်ဘဲ ထမင်းသာဆက်စားနေလိုက်သည်။
ဇာနည်နဲ့ထက်ဝေယံလည်း အိမ်ရှေ့ဝကနေ မတ်တက်ရပ်နေလိုက်သည်။ကားပေါ်ကနေ ဆင်းလာတဲ့ ချို့ကိုမြင်လိုက်ရချိန်မှာ ထက်ဝေယံတစ်ယောက်အံ့သြမှင်သက်သွားလို ဇာနည်ကလည်း မျက်တောင်မခတ် ငေးမောကြည့်နေမိသည်။
"ကိုကို ဘယ်သူတွေလဲ...''
ထက်ဝေယံလည်း သူမကို ခြံရှေ့ကိုမေးငေါ့ပြလိုက်၏။ငွေ့ရည် အိမ်ရှေ့ထွက်လာလိုက်ချိန် ခြံထဲက သူမကိုမြင်လိုက်ရတော့ အားရဝမ်းသာ ပြေးသွားပြီး ပွေ့ဖက်လိုက်တော့သည်။သူမရဲ့ လုပ်ရက်ကြောင့် ကားခေါ်ကဆင်းလာသည့် ကောင်းရဲ့မိဘတွေ ချို့ရဲ့မိဘပါ မောင်နှမတွေပါကြောင်သွားရလေသည်။
"မမ...''
"ဟင်..''
ချို သူမကို တရင်းတနှီး မမဟု ခေါ်သည့် သူမလေးကိုကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။
"မမကို ကိုကိုက လိုက်ရှာနေတာသိလား...ငွေ့ရည်တို့ရန်ကုန်ကို ရောက်နေတာလည်း မမနဲ့သက်ဆိုင်တယ်...အခုမမကို ပြန်တွေ့ပြီဆိုတော့ ငွေ့ရည် တာဝန်ပေါ့သွားပြီ သိလား...ဒါနဲ့ ငွေ့ရည်ရဲ့တူလေးရောဟင်...ပါမလာဘူးလား..အော်..ကျောင်းတက်နေတဲ့အရွယ်ဘဲ ကျောင်းတက်နေမှာပေါ့..ငွေ့ရည်တွေ့ချင်တာနဲ့လောသွားတယ်...''
သူမဟာ ချို့ရဲ့လက်မောင်းကိုတွဲပြီး သွေးသားရင်းချာတစ်ယောက်လို စကားတွေပြီး အိမ်ထဲခေါ်သွားလေသည်။
"မောင်...''
ချို သူမရဲ့ကကောင်းကိုတွေ့တာနဲ့ ပြေးဖက်လိုက်၏။
"မောင်မသေဘူးနော်...အသက်ရှင်နေပေးလို့ ကျေးဇူးပါမောင်ရယ်..ချိုတို့သားမိတွေဆီကို ပြန်လာပေးလို့ ကျေးဇူးပါမောင်ရယ်...မောင့်သမီးတွေသိရင် အရမ်းဝမ်းသာနေတော့မှာ သိလားမောင်...''
"ချို..''
ကောင်းမှာ သူမလေးကို ဦးနှောက်က ထင်ထင်ရှားရှားမမှတ်မိပေမယ့် နှလုံးက မှတ်မိနေသည်။သူ့နှလုံးသားက သူမရဲ့ကိုယ်ငွေ့လေးကြောင့် တဒုန်းဒုန်းနဲ့ မြင်းလိုကဆုန်ပေါက်ပြီးပြေးနေပေမယ့် သူမရဲ့ငိုသံလေးကြောင့် ချွန်မြတဲ့ ဓားသွားနဲ့ထိုးဆွနေသလို တဆစ်ဆစ်နဲ့ နာကျင်ရပြန်သည်။
"သား...''
ကောင်းသန့်ကိုကိုရဲ့ ဖေဖေနဲ့မေမေကလည်း သားဖြစ်သူကိုတွေ့လိုက်ရတာကြောင့် ပွေ့ဖက်ငိုကြွေးကြသည်။ထိုလူတွေထဲမှာတော့ အံ့သြမှုမရှိတိတ်ဆိတ်နေတာကတော့ တေဇာနဲ့မင်းခန့်သာ ဖြစ်လေသည်။
ငွေ့ရည် ဝမ်းသာလွန်း၍ မျက်ရည်တွေကျလာသည်။မျက်ရည်တွေကြား ပြုံးလိုက်၏။
"အား...အား...ခေါင်းကိုက်တယ်...နာတယ်...''
ကိုကိုဟာ သူ့မိသားစုအကြောင်းကိုအနည်းငယ်တွေးလိုက်၍ ခေါင်းက မခံမရပ်နိုင်ထိုးကိုက်လာတာကြောင့်အော်လိုက်၏။ကိုကိုရဲ့ ခေါင်းကိုက်ဝေဒနါခံစားနေရတာကိုကြည့် ကိုကို့မိန်မနဲ့ မိဘတွေအပါတခြားသူတွေပါ တုန်လှုပ်သွားရသည်။ထိုအချိန် ငွေ့ရည် ကိုကို့အနားဒူးလေးထောက်ပြီး ကိုကို့ရဲ့ နားထင်းကို သူမလက်ကလေးနှစ်ဖက်နဲ့ ကိုင်လိုက်ပြီး
"အရမ်းမတွေးနဲ့နော်ကိုကို...အချိန်တန်ရင် သူ့အလိုလို အားလုံးပြန်မှတ်မိလိုက်မယ်...နော်..နော်လို့..ဟီးဟီး...''
"ကိုကို ဘာမှမဖြစ်တော့ဘူး.. မငိုနဲ့နော်...''
သူမလေးဟာ သူခေါင်းကိုက်လာသည့်အခါတိုင်း ငိုသည်။သူ့မှာ ခေါင်းကိုက်သည့်ကြားကပင် ပြန်ချော့ရသေးသည်။
သူမတို့နှစ်ယောက်ကိုကြည့်ပြီး နောက်ကနေ မင်းခန့်မှာတော့ မျက်မုန်းကျိုးနေ၏။သူမကို ထိုသို့ဂရုစိုက်တာကိုမြင်ရလေလေ သူမကိုမုန်းလေလေဖြစ်သည်။
"မမ ခဏလေးနော်...''
သူမ ချို့ကိုပြောပြီး သူမအခန်းထဲ ပြေးဝင်သွားသည်။သူမပြန်ထွက်လာတော့ ကလေးလေးပါပါလာသည့်အပြင် သူမလက်ထဲတွင် ကတ္တီပါဘူးလေး တစ်ဘူးပါပါလာခဲ့သည်။
"ကိုကို မမကိုပေးလိုက်လေ...''
ငွေ့ရည် ထိုဘူးလေးကို ဖွင့်လိုက်တော့ ချိုလည်း ဟသွားတဲ့နူတ်ခမ်းလေးကို လက်ကလေးနဲ့အုပ်လိုက်၏။မင်းခန့်ကတော့ အံ့သြသွားသည်။ထိုဘူးထဲတွင်နေရာယူထားတဲ့ တစ်လက်လက်နဲ့တောက်ပနေတဲ့ပန်းရောင်စိန်လက်စွပ်ကလေးကြောင့်ပင်။
"မမ ကိုကိုကမမတို့ကို မမှတ်မိတာကို စိတ်မခုပါနဲ့လို့ပြောချင်တယ်..ကိုကိုက သေကံမရောက်ပေမယ့် ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်သွားတာကြောင့် မမတို့ကို မမှတ်မိဖြစ်နေတာပါ...''
"လွန်ခဲ့သော အတိတ်က...''
တစ်ယောက်ထဲ အထီးကျန်စွာ ရှင်သန်နေရသည့် ပန်းငွေ့ရည်ဆိုတဲ့ သူမရဲ့ဘဝထဲကို အမှတ်မထင်ပဲ ကိုကိုကို့ ဝင်ယောက်လာခဲ့သည်။ကလေးအတွေးနဲ့ပြောမယ်ဆိုရင်တော့ ငွေရည် ကိုကိုကို့ ကောက်ရတယ်လို့ ပြောရမှာပါပဲလေ။ကိုကို ရောက်လာသည့် နေ့ထဲက ဘဝမှာတစ်ခါမျှ မရဘူးတဲ့ နွေးထွေးမှုကို ခံစားလာရသည်။အထီးကျန်ခဲ့ရသည့် နေ့ရက်တွေဟာ ပျေက်ဆုံးသွားခဲ့လေတော့သည်။
ငွေ့ရည် ကိုကို့ကို တွေ့တုန်းက အလုပ်သင်ဆရာဝန်သာရှိသေးတယ်။အဝေးပြေးလမ်းမကြီးလည်းဖြစ် မှောင်စပျိုးနေသည့် ညနေ နေဝင်ချိန်လဲဖြစ်နေပြန်၍ မသမာသူတွေနဲ့ တွေ့မှာကို ကြောက်မိသည်။သူငယ်ချင်းမရှိခဲ့တာကို ထိုအချိန်နောင်တရမိသေးတယ်။
ဆိုးရိမ်သည့် အတွေးတွေနဲ့ ကားမောင်းရင်း ရှေ့ကနေ ဒုန်းဆိုးပြီး ပေါ်ထွက်လာသည့်အသံကြောင့် သူမ မျက်လုံးကလေးမှိတ်ပြီး လန့်သွားကာ အော်လိုက်တော့၏။ငွေ့ရည်လည်း ဘေးကိုထိုးကျနေသည့် ထိုကားဆီသို့ အတင်းပြေးဆင်းသွားလိုက်၏။
"ဒီမယ်..ဒီမယ်...ကျွန်မအသံကိုကြားရလား...''
ငွေရည် ကားမှန်ကို ထုပြီး အသံပြုနေပေမယ့် အထဲက လူက ဘာမှမတုန့်ပြန်ခဲ့ပေ။
ငွေ့ရည်လည်း ဘေးပတ်လည်မှာ အမာသားတစ်ခုခုများ ရှိလိုရှိငြား လိုက်ရှာကြည့်လိုက်လေသည်။အုတ်ခဲကျိုးတစ်ခုကိုတွေ့တာနဲ့ ဝမ်းသာအားရကောက်ယူလိုက်ပြီး ကားမှန်ကို ထုလေသည်။ငွေ့ရည် သူမရဲ့လက်ကိုထည့်လိုက်ပြီး ကားလော့ကို ဖွင့်လိုက်တော့၏။
ကားထဲကနေ သတိလစ်မေ့မြောနေသည့်ကိုကို့ကို တွဲပြီး အောက်ကို ရောက်တာနဲ့ အခြေအနေမဟန်တာကြောင့် အရေးပေါ်ကုသနည်းနဲ့ အချိန်ဆွဲလိုက်ပြီး သူမကားထဲထည့်လိုက်၏။ထိုအချိန်မှာဘဲ ကိုကိုရဲ့ကားက ပေါက်ကွဲသွားတော့သည်။ငွေ့ရည့်လည်း လူနာရဲ့အသက်ကအရေးကြီးတာကြောင့် ဘယ်ကိုမှအကြောင်းမကြားမိဘဲ ဆေးရုံကိုသွားသာ အာသီသရှိလေသည်။
ဆေးရုံကိုရောက်တော့ ကိုကို့ရဲ့လက်ထဲတွင် ကျစ်နေအောင် ဆုပ်ကိုင်ထားတဲ့ ဗူးလေးကို သူမယူပြီး သိမ်းထားလိုက်သည်။ကိုကိုဟာ ခွဲစိတ်ခန်းထဲမှာ နာရီပေါင်းကြာခဲ့သည်။နောက်မနက် ကိုကိုပြန်သတိရလာတော့ ကိုကိုဟာ သူ့နာမည်ကိုတောင်မမှတ်မိတော့ပါ။ကိုကိုဆေးရုံက ဆင်းလာတဲ့အခါ သူမရဲ့အိမ်ကိုသာခေါ်လာခဲ့သည်။ပတ်ဝန်းကျင်ရဲ့သို့လောသို့လော စကားတွေကြောင့် ပတ်ဝန်းကျင်သစ်တစ်ခုကိုပါ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
"မောင့်အသက်ကိုကယ်ပေးပြီး လမ်းမပျောက်အောင်အစ်ကိုတစ်ယောက်အနေနဲ့မွေးစားပေးလို့ ကျေးဇူးပါပဲနော်...''
"အခု ကိုကို့ကို မမရဲ့လက်ထဲပြန်ထည့်ပေးမလို့ ငွေ့ရည်ရဲ့ကိုကို့ကို လက်ခံပေးမယ်မဟုတ်မလားဟင်...''
ချို ကလေးလေးရဲ့ ပါးပြင်လေးကို ထိတို့လိုက်ပြီး ခေါင်းညိတ်လိုက်၏။စိတ်ထားဖြူစင်တဲ့ ဒီမိန်းကလေးက သူမရဲ့ချွေးမလောင်းလေးဖြစ်နေ၍ သားအတွက် စိတ်အေးသွားရသည်။ဒီလိုမိန်းကလေးမျိုးကို သားက ဘာလို့များ မုန်းနေတာလည်းဆိုကို စဥ်းစား၍မရပါလေ။
"အခု ချိုက ချွေးမလောင်းလေးနဲ့မြေးမလေးကို သားအတွက် မောင့်ဆီကနေ လာတောင်းတာ...ပေးမယ်မှတ်လား မောင်...''
"ရှင်...''
"ဟမ်..''