Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၇)

"ယောက်ဖ ... လာပါကွာ အိမ်ပြန်ရအောင် ... မင်းနှုတ်ခမ်းမှာ သွေးတွေထွက်နေပြီ။ "

ဆိုင်ရှေ့ရောက်သည်နှင့် မျိုးမင်းထက်က ဆွတ်ရိန်နော့် လက်မောင်းကို ဆွဲကာ အိမ်ပြန်ပို့ရန် ပြင်‌ေလသည်။ သို့သော် ဆွတ်ရိန်နော်က လက်ကို ရုန်းဖယ်လိုက်ကာ ...

"ငါ အိမ်မပြန်ဘူး။"

ညလေအေးအေးက သူ့မျက်နှာပေါ်မှ ဒဏ်ရာနှင့် ချွေးစများကို

လာရောက်ထိတွေ့နေသော်လည်း သူ့ရင်ထဲက မီးကိုတော့ မငြှိမ်းနိုင်။

"ဘယ်သွားမလို့လဲ ... မိုးချုပ်တော့မှာကွ။"

"မှုံ့ဆီ သွားမယ် ... အခုချက်ချင်း သွားမေးမှရမယ်။"

"ဟာ ... မင်းကလည်းကွာ ... အခုမှ ရန်ဖြစ်လာတာလေ။

စိတ်လျော့စမ်းပါ စိုင်းမင်းနောင် လျှောက်ပြောတာကို မင်းယုံနေတာလား။"

"ငါမယုံဘူး ... ဒါပေမယ့် မှုံ‌ေလးပါးစပ်က 'မဟုတ်ဘူး' ဆိုတဲ့စကားကို ငါကြားချင်တယ်။"

ပြောပြောဆိုဆိုနှင့် ဆွတ်ရိန်နော်က သူ့ဆိုင်ကယ်ပေါ် ခွတက်လိုက်ကာ မျိုးမင်းထက်လည်း တားမရတော့သည့်အဆုံး သက်ပြင်းချကာ တစ်ယောက်တည်း သူ့အိမ်သူ ပြန်သွားလိုက်တော့သည်။

___________________

ဆောင်းတွင်းဖြစ်သည့်အလျောက် နေ့တာတို၍ ညတာရှည်ကာ

အချိန်က စောနေသေးပေမယ့် နေဝင်သွားသည်နှင့် တပြိုင်နက်

မှောင်လာတော့သည်။

‌နောက်ပြီး တောရွာဖြစ်တာကြောင့် မနက်အစောကြီး ထကြကာ

ညလည်း စောစောအိပ်ယာဝင်ကြ၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်တိတ်ဆိတ်နေ‌ေလသည်။

အိမ်ကြိုအိမ်ကြားမှ ခွေးဟောင်သံ သဲ့သဲ့သာ ကြားနေရပြီး

မှုံနံ့သာ အိမ်ရှေ့တံခါးပိတ်ပြီး အိပ်ရာဝင်ရန် ပြင်နေစဉ် ...

"ဗြွန်း ... "

ဆိုင်ကယ်မောင်းသံကြမ်းကြမ်းနှင့်အတူ ခြံရှေ့တွင် ထိုးရပ်လိုက်သံကို ကြားလိုက်ရ ပြီး ခြံတံခါးကို တွန်းဖွင့်ကာ ခြေသံပြင်းပြင်းတွေပါကြားလိုက်ရတာကြောင့် လှည့်ကြည့်ရန်ပြင်လိုက်လျှင် ...

"မှုံလေး "

အကို့ အော်ခေါ်သံကြောင့် မှုံ့ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရ၏။

အသံကလည်းပုံမှန်မဟုတ်။

အိမ်ရှေ့ လရောင် အောက်တွင် ရပ်နေသော အကို့ ပုံစံကို မြင်လိုက်ရချိန်တွင် မှုံ့မျက်လုံးများ ပြူးကျယ်သွားရသည်။

ဆံပင်များက ဖွာလန်ကြဲနေပြီး အင်္ကျီတွင် ဖုန်မှုန့်များ ပေကျံနေကာအဆိုးဆုံးကတော့ သူ့နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးစသွေးနများ။

"အကို ... အကို ဘာဖြစ်လာတာလဲဟင်။"

မှုံ့နှုတ်မှ အလန့်တကြား ထွက်သွားပြီး သူ့အနားသို့ ပြေးသွားမိ၏။သို့သော် ဆွတ်ရိန်နော်က မှုံ့ပခုံးနှစ်ဖက်ကို ဖမ်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာနားသို့ ဆွဲယူလိုက်ကာ သူ့အသက်ရှူသံများက ပြင်းထန်နေပြီး အရက်နံ့သင်းသင်း ရနေတာကြောင့် မှုံ အသက်အောင့်လိုက်သည်။

"ဖြေစမ်း မှုံ ... မင်း တကယ်ပဲ စိုင်းမင်းနောင်နဲ့ တွဲနေတာလား။"

ဆွတ်ရိန်နော်၏ မေးခွန်းကြောင့် မှုံ ကြောင်အသွားရသည်။

"ဟင် ...အကို ဘာစကားပြောတာလဲ။"

" ဟိုကောင် စိုင်းမင်းနောင်က ဆိုင်မှာ လူကြားထဲ ကြေညာနေတယ်။မှုံလေးက သူ့ကို လက်ခံလိုက်ပြီတဲ့ ... တွဲနေကြပြီတဲ့။ အဲ့ဒါ ဟုတ်လား။"

"... "

မှုံ့ရင်ထဲ ဆို့နင့်သွားရသည်။ စိုင်းမင်းနောင်က ဒီလို ယုတ်မာတဲ့နည်းကို သုံးလိမ့်မည်ဟု ထင်မထားခဲ့။

အကို့ နှုတ်ခမ်းမှ သွေးစကို ကြည့်ရင်း မှုံ့လက်များ တုန်ရီလာပြီး လှမ်းသုတ်ပေးချင်စိတ်ကို မနည်းထိန်းထားရသည်။

"ပြောလေ မှုံ‌ ... ဟိုကောင် စိုင်းမင်းနောင် ပြောတာ လိမ်တာမလား။"

ဆွတ်ရိန်နော့် အသံတွင် ဒေါသသံတွေ ရောယှက်နေကာ မှုံ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော သူ့လက်များက တုန်ရီနေ၏။

ညလေအေးအေးက တိုက်ခတ်နေသော်လည်း သူတို့နှစ်ဦးကြားရှိ လေထုကတော့ ပူလောင်အိုက်စပ်နေလေသည်။

ဒီအချိန်မှာ 'မဟုတ်ပါဘူး' လို့ ငြင်းလိုက်ရင် အကိုက မှုံ့ကို ပြန်မျှော်လင့်လာပြီး အကို့အမေနဲ့ ပြဿနာတွေ ထပ်တက် အကို့ဘဝအတွက် ရှေ့ဆက်မတိုးနိုင်ဘဲ ဒီနွံထဲမှာပဲ ပိတ်မိနေလိမ့်မည်။

မှုံ မျက်လုံးကို တင်းတင်းမှိတ်အံကိုကြိတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသည်။ နှလုံးသားကို ဓားနဲ့မွှန်းသလို နာကျင်ရပေမယ့်။

မှုံ အကို့ လက်များကို ဖယ်ချလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ မျက်နှာကို တတ်နိုင်သမျှ တင်းထားလိုက်ပြီး ...

"စိုင်းမင်းနောင် ပြောတာ ... မှန်တယ်"

"ဘာ ... ဘာပြောလိုက်တယ် မှုံ။"

ဆွတ်ရိန်နော် မိုးကြိုးပစ်ခံလိုက်ရသလို ငြိမ်သက်သွား၏။

"မှုံတို့ တွဲနေကြတာ မှန်ပါတယ်လို့ ပြောတာ ။

သူက မှုံ့ကို နားလည်ပေးတယ် ... အကို့လို မိဘတွေရဲ့ ဖိအားတွေလည်း မရှိဘူး။ သူ့အသိုင်းအဝိုင်းက မှုံ့ကို လိုလိုချင်ချင် ကြည်ဖြူကြတဲ့သူတွေချည်းပဲ။

သူ့နားမှာနေရင် မှုံ စိတ်ချမ်းသာရတယ်။ အဲ့တာကြောင့် သူ့ကို ရွေးလိုက်တာ။"

မှုံ့စကားလုံးတိုင်းက ဆွတ်ရိန်နော်၏ နှလုံးသားတည့်တည့်ကို မြှားနှင့် ပစ်ခွင်းလိုက်သလိုပင်။

"မဖြစ်နိုင်ဘူး ... မင်း လိမ်နေတာ။ "

"အကို ယုံတာ မယုံတာ အကို့အပိုင်းပဲ။

"အကို ပြန်တော့ ... ပြီးတော့ စိုင်းမင်းနောင်နဲ့ ထပ်ပြီး ရန်မဖြစ်ပါနဲ့တော့။ မှုံ့ချစ်သူကို ထိခိုက်အောင်လုပ်ရင် မှုံ အကို့ကို ပိုမုန်းမိလိမ့်မယ်။""

မှုံ ခေါင်းကို ငုံ့လိုက်သည်။ ဆက်ကြည့်နေရင် မျက်ရည်ကျမိတော့မည်။

မှုံ့စကားအဆုံးတွင် ဆွတ်ရိန်နော့် မျက်လုံးထဲရှိ နာကျင်ရိပ်များ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဒေါသမီးတောက်များ အစားထိုး ဝင်ရောက်လာသည်။

ရုတ်တရက် ဆွတ်ရိန်နော်က မှုံ့လက်ကောက်ဝတ်ကို ဆောင့်ဆွဲလိုက်ပြီး အိမ်နံရံဘက်သို့ တွန်းကပ်လိုက်၏။

"အကို ... ဘာလုပ်တာလဲ။ လွှတ် ... "

မှုံ ရုန်းကန်သော်လည်း ဒေါသထွက်နေသော ယောက်ျားတစ်ယောက်ရဲ့ ခွန်အားကို မယှဉ်နိုင်။ဆွတ်ရိန်နော်က မှုံ့ကိုယ်လုံးလေးကို နံရံနှင့် သူ့ခန္ဓာကိုယ်ကြား ညှပ်ထားလိုက်ပြီး မှုံ့မျက်နှာကို မေးဖျားကနေ အတင်းဆွဲမော့လိုက်သည်။

"ပြော ... ကိုယ့်ကိုချစ်တယ်လို့ပြော ... ပြောစမ်း။"

"မချစ်ဘူး ... လွှတ် ... အွန်း ..."

မှုံ့စကား မဆုံးလိုက် ဆွတ်ရိန်နော်၏ နှုတ်ခမ်းများက မှုံ့နှုတ်ခမ်းပါးလေးအပေါ် ကြမ်းတမ်းစွာ ကျရောက်လာကာ နူးညံ့သိမ်မွေ့ခြင်းမရှိ၊ ပိုင်ဆိုင်လိုစိတ် ပိုများနေသည့် အနမ်းကြမ်းကြမ်းတို့က ကျရောက်လာတော့သည်။

အရက်နံ့နှင့်အတူ သူ့နှုတ်ခမ်းမှ သွေးစသွေးနများ၏ ငန်ကျိကျိအရသာကို မှုံ ခံစားလိုက်ရ၏။

မှုံ သူ့ရင်ဘတ်ကို လက်သီးဖြင့် ထုရိုက်၊ တွန်းထုတ်သော်လည်း

ဆွတ်ရိန်နော်က ဂရုမစိုက်ပဲ သူ့လက်တစ်ဖက်က မှုံ့ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်က မှုံ့လည်တိုင်ကို ထိန်းချုပ်ထားကာ အသက်ရှူမဝအောင် အတင်းအဓမ္မ နမ်းရှိုက်နေလေသည်။ ဒါဟာ အနမ်းတစ်ခုထက် ဒဏ်ခတ်မှုတစ်ခုနှင့် ပိုတူနေ၏။

"အွန်း ... အွန့် ... "

မှုံ့ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာကာ အသက်ရှူကြပ်လာပြီး ခြေဖျားတွေပါ အေးစက်လာလေသည်။

"အကို ... လွှတ် အွန်း ပြွတ်စ် ပြွတ်စ် "

အနမ်းကြမ်းတွေ အဆက်မပြတ်ပေးနေကာ ဆွတ်ရိန်နော်က မှုံနံ့သာ့ စကားကို နားမဝင်ပဲ စိတ်ရိုင်းတွေက သူ့ကို လွှမ်းမိုးထား၏။

အတန်ကြာသည်အထိ သူ့စိတ်ကြိုက်နမ်းရှိုက်ပြီးချိန်မှာတော့ နှုတ်ခမ်းချင်း ခွာလိုက်သည်နှင့် ဆွတ်ရိန်နော့် မျက်လုံးများက နီရဲတောက်နေဆဲ။

အသက်ကိုလုရှူနေသော သူမ မျက်နှာလေးအား စူးစူးရဲရဲစိုက်ကြည့်လျက် သူမလက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် အိမ်ထဲသို့ အတင်းဆွဲခေါ်သွားလေသည်။

"ငါ့ကို လမ်းခွဲပြီး အဲ့ဒီကောင်ဆီ သွားချင်တယ်ပေါ့လေ။ မရဘူး ...

သေတောင် ခွင့်ပြုမပေးနိုင်ဘူး။ "

ဆွတ်ရိန်နော်က အိမ်ရှေ့တံခါးကို ခြေထောက်ဖြင့် ကန်ပိတ်လိုက်ပြီး

အိပ်ခန်းထဲရောက်သည်နှင့် ဆွတ်ရိန်နော်က မှုံ့ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်၏။

"အ... "

မှုံ ကုတင်ပေါ်သို့ ပက်လက်လန်ကျသွားပြီး ထထိုင်ရန် ကြိုးစားသော်လည်း ဆွတ်ရိန်နော်က အပေါ်မှ အုပ်မိုးလိုက်ကာ မှုံ့လက်နှစ်ဖက်ကို ခေါင်းရင်းတွင် ချုပ်ကိုင်ထားလိုက်သည်။

"ငါ့ကို ကြည့်စမ်း မှုံနံ့သာ ... မင်း တကယ်ပဲ ငါ့ကို မချစ်တော့တာလား။ "

ဆွတ်ရိန်နော့် မျက်လုံးများသည် သားရဲတစ်ကောင်လို အရိုင်းဆန်နေပြီး အသက်ရှူသံများက ပြင်းထန်နေကာ သူမလည်တိုင်လေးအား မျက်နှာအပ်ကာ ကြမ်းတမ်းစွာ နမ်းရှိုက်လိုက်ပြန်သည်။

"အကို ... မလုပ်ပါနဲ့ ... အဟင့် ... "

မှုံ့ကိုယ်လုံးလေး တုန်ခါနေကာ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။

လည်တိုင်ထက်မှ အနမ်းတို့ကိုလည်း မပြတ်စေပဲ အကို့လက်တွေက မှုံ့ရဲ့ ရင်စေ့အင်္ကျီလေးဆီသို့ ကျူးကျော်လာလျှင် မှုံ့ရင်ထဲ ထိတ်ခနဲဖြစ်သွားရ၏။

"အကို ... ဘာလုပ်မလို့လဲ။"

"မင်း ငါ့ကို မချစ်ဘူးလို့ ပြောတယ်မလား။

ဒါဆို ငါ့ကို တကယ်မချစ်ဘူးလားဆိုတာ ဒီည သက်သေပြရမယ်။"

"ဟင့်အင်း ... အကို ရူးနေပြီလား ... "

"ဟုတ်တယ် ရူးနေပြီ ... မင်းကြောင့်ငါ ရူးနေပြီ။ "

"အကို့ကို မှုံ မချစ်တော့ဘူးလို့ ..."

"ငါကတော့ မင်းကိုချစ်တယ် ... မင်းကို ဘယ်သူ့လက်ထဲမှလည်း

မထည့်နိုင်ဘူး ... မင်းက ငါ့မယားပဲ ဖြစ်လာရမယ်။ "

တိတ်ဆိတ်မှုကိုဖြိုခွင်းကာ အံကြိတ်သံကြီးနှင့် ဆိုလိုက်ပြီး

သူ့လက်အစုံကလည်း သူမအင်္ကျီကြယ်သီး‌ေတွကို သွက်လက်စွာ ဆွဲဖြုတ်ပစ်လိုက်လေသည်။

အပိုင်း (၅၈) ဆက်ရန် ....

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၆) နောက်အခန်း - အပိုင်း (၅၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ