Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၆)

(🚨အပိုင်း ၅၅ ဖတ်ပြီးသူများ ပြန်ဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ရှင့်

တစ်ခန်းကျန်သွားလို့ပါ 🙏🏻)

အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသကာ ဒေါ်ဘောက်နူးနှင့် ဆွတ်ဆိုင်းပန်က ကွပ်ပျစ်ပေါ်တွင် ဟင်းရွက်တွေ စီးနေပြီး ဦးဆွတ်ဆိုင်းအောင်က မျက်မှန်ကြီးတပ်လျက် စာအုပ်ဖတ်နေလေသည်။

"ဒုန်း ... "

ထိုအချိန် တံခါးမကြီး ပွင့်သွားသံနှင့်အတူ ဆွတ်ရိန်နော် အိမ်ထဲသို့ ဝင်လာလေသည်။

"အနူး( အမေ) ... "

ဆွတ်ရိန်နော် အော်သံကြောင့် ဒေါ်ဘောက်နူး လန့်ဖျပ်သွား၏။

"ဟဲ့ ... သား ဘာဖြစ်လာတာလဲ။

မူးရူးပြီး အော်ကြီးဟစ်ကျယ်နဲ့။"

"မှုံလေးအိမ်သွားပြီ အနူး(အမေ) ဘာစကားတွေ ပြောခဲ့တာလဲ။ ဟမ် ... ပြောစမ်းပါဦး။"

ဆွတ်ရိန်နော်က ဒေါ်ဘောက်နူးရှေ့သို့ တိုးသွားကာ အသံကုန်အော်မေးလိုက်လျှင် ဒေါ်ဘောက်နူး မျက်နှာ ပျက်သွားသော်လည်း ဟန်ကိုယ့်ဖို့ လုပ်လိုက်သည်။

"အေး ... ဟုတ်တယ် သွားပြောတယ်။

ဘာဖြစ်လဲ။ နင့်လို အကောင်က မိန်းမနဲ့ပတ်သက်ရင် အသုံးမကျလို့ ငါက ဝင်ရှင်းပေးရတာ။

အဲ့ဒီလို အဆင့်အတန်းမရှိတဲ့ မိန်းမနဲ့ နင်က သင့်တော်လို့လား။"

"အမေ ... အဲ့ဒါ ကျွန်တော် ချစ်တဲ့ မိန်းကလေးဗျ။

အမေ သွားပြောလိုက်တဲ့ စကားတွေကြောင့် မှုံက ကျွန်တော့်ကို လမ်းခွဲမယ်လတဲ့ ...အမေ ဘာလို့ ကျွန်တော့်ဘဝကို ဝင်စွက်ဖက်ရတာလဲ။ "

ဆွတ်ရိန်နော် အသံတွင် နာကျင်မှု ဒေါသနှင့် ဝမ်းနည်းမှုတို့ ရောပြွန်းနေကာ မျက်ရည်များပင် ဝဲလာတော့သည်။

ထိုစဉ် အခြေအနေကို နားထောင်နေသော ဦးဆွတ်ဆိုင်းအောင်က ထိုင်ရာမှ ထလာကာ ...

"ဘောက်နူး ... မင်းကို ငါပြောသားပဲကွာ။ "

"တော်စမ်းပါ ... ရှင်ကပါ မီးလောင်ရာလေပင့်လာလုပ်မနေနဲ့။ "

" မင်းလုပ်ရပ်က လွန်လွန်းတယ်။ "

ထိုအခါ ဘေးနားတွင် နားထောင်နေသော ဆွတ်ဆိုင်းပန်ကလည်း မနေနိုင်တော့ဘဲ ဝင်ပြောလေသည်။

"ဟုတ်တယ် အမေ ... အမေ တကယ်လွန်တယ်။

အဲ့ကောင်မလေးက ရိုးရိုးအေးအေးလေးပါ။ "

"နင်တို့ ... နင်တို့ အကုန်လုံး ငါ့ကို ဝိုင်းပြောနေကြတာပေါ့လေ။ ငါက နင်တို့ ကောင်းစားဖို့ လုပ်ပေးနေတာကို။"

ဒေါ်ဘောက်နူးက မျက်ရည်များဝဲကာ အသံတုန်တုန်ဖြင့် ပြန်ပြောသော်လည်း မိသားစုဝင်အားလုံးက သူမကို အပြစ်တင်သည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။

" အမေ သဘောတူတူ မတူတူ မှုံနံ့သာကလွဲပြီး ဘယ်သူ့ကိုမှ မယူနိုင်ဘူး။ အမေ စီစဉ်ထားတဲ့ ဂျာမိုင်ဆိုတဲ့ မိန်းမကိုလည်း လုံးဝ လက်မထပ်နိုင်ဘူး။ ဒီနေ့ကစပြီး ကျွန်တော့်ကိစ္စ အမေ ဝင်မပါပါနဲ့တော့။"

ဆွတ်ရိန်နော်က ပြတ်သားစွာ ပြောလိုက်ပြီး အိမ်ပေါ်ထပ်သို့ ခြေဆောင့်တက်သွားတော့ကာ ဦးဆွတ်ဆိုင်း‌ေအာင်ကတော့ သက်ပြင်းချလျက် ခေါင်းခါရင်း ကျန်ရစ်ခဲ့ပြီး၊ ဆွတ်ဆိုင်းပန်ကတော့ အမေဖြစ်သူကို စိတ်ပျက်စွာ ကြည့်ရင်း ဟင်းရွက်တွေ ဆက်စည်းနေ၏။

_______________

ဆွတ်ရိန်နော် မနက်‌ေတာင်‌ေကာင်းကောင်းမိုးမလင်းသေးပဲ မှောင်ရီ မှောင်ဝေအချိန်မှာတင် ဆိုင်ကယ်ထုတ်ကာ မှုံတို့အိမ်ကို အမြန်ရောက်အောင် အရှိန်တင်မောင်းနှင်လိုက်သည်။

အမေ့ရဲ့ ရက်စက်သော စကားလုံးများကြောင့် မှုံလေး ဘယ်လောက်တောင် ခံစားခဲ့ရရှာမလဲဟု တွေးမိတိုင်း သူ့ရင်ဘတ်တစ်ခုလုံး ဆို့နင့်လာသည်။

သူမအိမ်ရောက်သည်နှင့် ဆိုင်ကယ်ကို ဒေါက်မထောက်တော့ပဲ

ပစ်လှဲချကာ ခြံတံခါးတွန်းဖွင့်ကာ ဝင်သွားလိုက်လျှင် မှုံနံ့သာ ဈေးရောင်းသွားဖို့အတွက် ပြင်နေရင်း သူ့ကို အကြောင်သားလေး မော့ကြည့်လေသည်။

"အကို ... အင့် "

မှုံ့စကားလေးတွေပင် အဆုံးမသတ်သေးခင် အကိုက မှုံ့ပခုံးနှစ်ဖက်ကို အတင်းဆွဲယူကာ ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။

မနက်ခင်းအေးအေးမှာတောင် အကို့ကိုယ်ငွေ့နွေးနွေးလေးက မှုံ့ကိုယ်လုံးလေးကို လွှမ်းခြုံသွားတော့ ရင်ထဲသိမ့်ခနဲဖြစ်သွားရကာ

နာကျင်နေတဲ့ နှလုံးသားလေးကလည်း ဖျင်းခနဲဖြစ်သွားရ၏။

"မှုံ ... ကိုယ် အားလုံးသိပြီးပြီ ... အမေ မင်းဆီလာပြောတဲ့ကိစ္စတွေ ကိုယ်သိပြီးပြီ။ "

"ဟင် ... "

မှုံ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည် ... သိသွားပြီတဲ့လား။

"ဘာလို့ မပြောတာလဲဟင် ... အမေလာပြောတာကို ဘာလို့ ကိုယ့်ကို မပြောဘဲ ကြိတ်ခံစားနေရတာလဲ ...

မင်းက ကိုယ့်ကို မချစ်တော့လို့ လမ်းခွဲတာ မဟုတ်ဘူးမလား။ အမေ ပြောသွားတဲ့ စကားတွေကြောင့်မလား။"

ဆွတ်ရိန်နော်က မှုံ့မျက်နှာလေးကို အုပ်ကိုင်ကာ မေးလိုက်၏။

သူ့မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေသည်။

အမေ့စကားကို ဂရုစိုက်စရာ မလိုဘူး မှုံ။

ဘယ်သူမှ ကိုယ်တို့ကို မခွဲနိုင်ဘူး။"

အကို့စကားများကြောင့် မှုံ့နှလုံးသားလေး လှုပ်ခါသွား၏။

သို့သော် ဒေါ်ဘောက်နူး၏ မျက်နှာထားတင်းတင်းကို ပြန်မြင်ယောင်လာမိတော့ ခေါင်းကိုချက်ချင်းခါယမ်းပစ်လိုက်သည်။ '

အခုတောင် သူမကြောင့် သားအမိတွေ ပြဿနာတက်ကုန်ကြပြီ။ သူမသာ ပြန်လက်ခံလိုက်လျှင် အကို သူ့ အမေနဲ့ အဆက်အဆံပြတ်သွားနိုင်သည်အထိ ဖြစ်သွားနိုင်၏။

ထိုအတွေးဆုံးသည်နှင့် မှုံ ချက်ချင်းပဲ အကို ရင်ခွင်ထဲမှ အတင်းရုန်းထွက်လိုက်သည်။

"လွှတ် ... အကို လွှတ်ပါ။"

"မှုံ ... ဘာဖြစ်လို့လဲ။ အထင်လွဲတာတွေ ရှင်းသွားပြီလေ။"

"မရှင်းဘူး အကို ... ဘာမှ မရှင်းသွားဘူး။"

မှုံ မျက်ရည်များကို သုတ်ကာ ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်သည်။

"အကို သိသွားပြီဆိုတော့လည်း ကောင်းတာပေါ့။

ဟုတ်တယ် ... အကို့မအ‌ေမ လာပြောတယ်။

ဒါပေမယ့် အဲ့ဒါက အဓိက အကြောင်းရင်း မဟုတ်ဘူး။"

"ဘာ ... "

"အန်တီဘောက်နူး ပြောတာတွေက အမှန်တွေချည်းပဲ။

အကိုနဲ့ မှုံက လုံးဝ မတန်ဘူး။ အခုကြည့်လေ ... မှုံ့ကြောင့် အကိုတို့ သားအမိတွေ စကားများကြ၊ ရန်ဖြစ်ကြရပြီမလား။ မှုံက အကို့ဘဝအတွက် ဆူးညှောင့်ခလုတ်ပဲ ဖြစ်နေတာ။"

"မှုံလေးရာ ... အဲ့ဒါတွေ ထည့်တွက်စရာမလိုပါဘူးဆို။"

"လိုတယ် ...မှုံ့အတွက်တောါ လိုတယ် အကို။"

မှုံ အသံကုန်အော်ပစ်လိုက်ကာ မျက်လုံးထဲမှ မျက်ရည်များက ပါးပြင်ပေါ်သို့ တားမရဆီးမရ စီးကျလာပြန်သည်။

အမြဲတမ်း စိတ်တိုင်းကျ တာလို့မရတဲ့ ဒီမျက်ရာ်တွေကိုလည်း မုန်းလိုက်တာ။

"အကိုက အချစ်တစ်ခုတည်းကိုပဲ ကြည့်တယ်။

မှုံကတော့ လက်တွေ့ဘဝကို ကြည့်ရတယ်။

အကို့မိဘတွေ လက်မခံတဲ့ အိမ်ထောင်ရေးတစ်ခုကို မှုံ မလိုချင်ဘူး။ ပြီးတော့ ... ပြီးတော့ အကို့ကို ချစ်တဲ့စိတ်လည်း မှုံ့မှာ ကုန်သွားပြီ။"

"လိမ်နေတာ ... မင်း လိမ်နေတာ။"

ဆွတ်ရိန်နော်က မှုံ့ရှေ့သို့ တိုးလာပြီး ပခုံးကို လှုပ်ခါလိုက်သည်။

"မင်းမျက်လုံးတွေက ကိုယ့်ကိုချစ်သေးတယ်ဆိုတာ သေချာတယ်။ ဘာလို့ ကိုယ့်ကို တွန်းထုတ်နေတာလဲ။"

"မချစ်တော့လို့ပါဆို ... အကို့အမေ လာပြောလို့ သဘောပေါက်သွားတာ။ အကိုတို့လို လူတန်းစားနဲ့ ပတ်သက်ရတာ ပင်ပန်းလွန်းလို့။ စိတ်ကုန်လွန်းလို့။ ကျေးဇူးပြုပြီး မှုံ့ဘဝထဲက ထွက်သွားပေးပါ။

အကို့ကို မြင်ရတာ မှုံ ပိုပြီး စိတ်ဆင်းရဲတယ်။"

မှုံ့စကားလုံးတိုင်းက ဆွတ်ရိန်နော်၏ နှလုံးသားကို ဓားနှင့်မွှန်းနေသလိုပင်။

"မင်း ... မင်း တကယ်ပဲ ဒီလို ဆုံးဖြတ်လိုက်တာလား။

ကိုယ် အကုန်လုံးကို ရင်ဆိုင်ပေးမယ် ပြောတာတောင် မင်းဘက်က လက်မခံနိုင်ဘူးပေါ့။"

"ဟုတ်တယ် ... ပြန်တော့။ နောက်နောင် ဒီအိမ်ကို ခြေမချပါနဲ့တော့။"

မှုံ ကျောခိုင်းလိုက်သည်ကာ လက်သီးဆုပ်ထားသော လက်များ တုန်ယင်နေသည်ကို သူ မမြင်စေချင်။

"ကောင်းပြီလေ ... မင်း သိပ်ပင်ပန်းနေတယ်ဆိုရင်တော့ ကိုယ် ထွက်သွားပေးပါ့မယ်။

ဒါပေမယ့် မှတ်ထား ... မင်းဘယ်လောက်ပဲ တွန်းထုတ်ထုတ် ကိုယ့်အချစ်က ပြောင်းလဲမှာ မဟုတ်ဘူး။"

___________________

ညနေစောင်းဖြစ်၍ အရက်ဆိုင်ထဲတွင် လူစည်ကားနေလေသည်။ ဆွတ်ရိန်နော်နှင့် မျိုးမင်းထက်တို့ ဆိုင်ထောင့်တစ်နေရာတွင် ထိုင်နေကြကာ ဆွတ်ရိန်နော်၏ မျက်နှာက တည်တင်းနေ၏။

ထိုအချိန်တွင် စိုင်းမင်းနောင်က သူ့သူငယ်ချင်းတစ်သိုက်နှင့် ဆိုင်ထဲသို့ ဝင်လာကာ ဆွတ်ရိန်နော်ကို မြင်လိုက်သည်နှင့် စိုင်းမင်းနောင်က နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ပြုံးပြုံးလိုက်ပြီး တမင်အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဟေ့ကောင်တွေ ... ငါ့ကို ဂုဏ်ပြုကြအုံးကွ။"

"ဟေ ... ဘာကိစ္စလဲကွ။"

"ငါ ရည်းစားရသွားပြီ။ "

"ဟာ ... တကယ်လား ဘယ်သူလဲ။ "

"ဘယ်သူရှိရမှာလဲကွ ... ငါ့ရဲ့ နှလုံးသည်းပွတ်လေး မှုံနံ့သာပေါ့ "

ထိုစကားသံကြောင့် အကုန်ပါးစပ်အဟောင်းသားဖြစ်သွားကြကာ ဆွတ်ရိန်နော် လက်ထဲမှ ဆုပ်ကိုင်ထားတဲ့ အရက်ခွက်မှာ တုန်ခါသွားတော့သည်။

"မင်း တကယ်ပြောတာလား ...ဒါပေမယ့် ဟို ကိုဆွတ်နဲ့ ပြတ်တာ

မကြာသေးဘူးမလား။"

ကျော်လွင်ဦးက ခပ်တိုးတိုး‌မေးလိုက်ပေမယ့် စိုင်းမင်းနောင်က ခပ်မဲ့မဲ့ပြုံးကာ ...

"ဟ ... ပြတ်တာကြာတာ မကြာတာ ဘာဆိုင်လဲကွ။

တကယ်တော့ မှုံနံ့သာက ငါ့ကို အရင်ကတည်းက ကြိုက်နေတာကွ။ ဟိုကောင်က ကြားဝင်ရှုပ်နေလို့သာ။ ဟိုနေ့ကပဲ ငါ့အချစ်ကို လက်ခံပြီး ငါတို့ တွဲနေကြပြီ။ မှုံနံ့သာက ပြောတယ် ... ဟိုကောင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူးတဲ့။ စိတ်ကစားခဲ့တာတဲ့။ "

"ဒုန်း"

စားပွဲခုံကို ရိုက်ချလိုက်သံက ဆိုင်မိုးပွင့်ထွက်မတတ် ကျယ်လောင်သွားကာ ဆွတ်ရိန်နော်က ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။

သူ့မျက်လုံးများသည် ဒေါသကြောင့် မီးခဲများပမာ ရဲရဲတောက်နေ၏။

"ခွေးကောင် စိုင်းမင်းနောင် ... မင်း ပါးစပ်ပိတ်ထား။"

ဆွတ်ရိန်နော်က စိုင်းမင်းနောင်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မျိုးမင်းထက်က လှမ်းဆွဲသော်လည်း မရတော့။

"ဘာလဲ ... နာသွားတာလား ... အမှန်တရားက ခါးတယ်မလား။ ကိုဆွတ်ကို သူ မချစ်ဘူးဗျ... အခု ကျွန်တော့်ရင်ခွင်ထဲ ရောက်နေပြီ။ကိုဆွတ် မှုံနံ့သာနဲ့ တွဲတုန်းကလည်း ကျွန်တော် လက်ရှောင်ထားပေးတယ် အခု ကျွန်တော်နဲ့ တွဲနေလည်း ကိုဆွတ်ငြိမ်နေပေးပါ။ "

စိုင်းမင်းနောင်က ရွဲ့တဲ့တဲ့ပြောရင်း မျက်ခုံးပင့်ပြလိုက်လျှင် ထိုအရာက ဆွတ်ရိန်နော်၏ ဒေါသကို ဓာတ်ဆီလောင်းထည့်လိုက်သလို ဖြစ်သွားစေကာ ...

"လီးဖြစ်လို့ ငြိမ်ရမှာလားကွ ... လီးပဲ ... ခွပ်"

ဆွတ်ရိန်နော်၏ လက်သီးပြင်းပြင်းက စိုင်းမင်းနောင် မျက်နှာကို တည့်တည့်ဝင်သွားကာ စိုင်းမင်းနောင် နောက်သို့ လဲကျသွားပြီး စားပွဲခုံများ မှောက်ကုန်တော့သည်။

"ထွက်စမ်း ... ခွေးပါးစပ်ကနေ မှုံလေးနာမည်ကို ပရမ်းပတာ ထွက်ကြည့်စမ်း။ "

ဆွတ်ရိန်နော်က လဲကျနေတဲ့ စိုင်းမင်းနောင်ရဲ့ အင်္ကျီစကို ဆွဲမကာ ထပ်ထိုးဖို့ ပြင်လိုက်လျှင် စိုင်းမင်းနောင်ကလည်း အားမလျော့ဘဲ ပြန်ထိုးသည်။

"ခင်ဗျား ဘာတွေ ရှုံးမဲလာမဲနေတာလဲ။ "

"ဟာ ... ဒီခွေးကတော့ သေစမ်း ခွပ်ခွပ်ခွပ် "

ဆွတ်ရိန်နော်က စိုင်းမင်းနောင်ကို တွန်းလှဲလိုက်ပြီး အပေါ်မှ ခွကာ ထပ်ထိုးလိုက်သည်။

မျိုးမင်းထက်နှင့် အခြားသူများက ဆွတ်ရိန်နော်ကို အတင်းဆွဲခွာ

‌ေတာ့မှ စိုင်းမင်းနောင် လွတ်သွား‌၏။

ဆွတ်ရိန်နော်က အင်္ကျီကို ခါလိုက်ပြီး စိုင်းမင်းနောင်ကို လက်ညှိုးထိုးကာ ...

"နောက်တစ်ခါ မင်း စောက်ပါးစပ်က မဟုတ်မမှန် ထွက်တာကြားရင် ဒီလောက်နဲ့ ပြီးမှာမဟုတ်ဘူး။"

မျိုးမင်းထက်ကလည်း နှစ်ယောက်သားကွဲသွားသည်နှင့် ချက်ချင်းပဲ ဆွတ်ရိန်နော်ကို ဆိုင်ထဲမှ ခေါ်ထုတ်လာရတော့သည်။

အပိုင်း (၅၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၅) နောက်အခန်း - အပိုင်း (၅၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ