"ဟယ် ... မှုံနံ့သာ ငါတို့က ညဉ်းပျောက်လို့လိုက်ရှာနေတာ။
ညဉ်းက ဒီမှာ ရည်းစားနဲ့လာချိန်းတွေ့နေတာကိုအေ့ ... ဘာတုန်း
မခွဲနိုင်လို့ လိုက်လာတာလား။ "
နောက်ပါးဆီမှ ထွက်ပေါ်လာတဲ့ အသံနှင့်အတူ မှုံတို့ကို ပြုံးစိစိနှင့်ကြည့်နေကြတဲ့ အကြည့်တွေကြောင့် မှုံတစ်ကိုယ်လုံးတုန်သွားရပြီး
မှုံမျက်နှာတစ်ပြင်လုံး အရှေ့မှာချထားတဲ့ ရေနွေးပူနှင့် အပက်ခံလိုက်ရသလို ဖျင်းခနဲဖြစ်သွားရ၏။
မှုံ ခေါင်းကို ငုံ့ချလိုက်ပြီး ထွက်ပြေးချင်စိတ်သာ ပေါက်နေသည်။
အကိုကတော့ အေးအေးလူလူ ရှမ်းခေါက်ဆွဲစားတာတောင် မပျက်။
"ကဲ ... ငါတို့လည်း ခေါက်ဆွဲစားရအောင်လေ။ "
အန်တီအေးသီက ပြောတော့ ကျန်တဲ့သူတွေကလည်း ခေါင်းညိတ်ကာ ဘေးနားက ဝိုင်းတွေမှာ ဝင်ထိုင်လိုက်ကြ၏။
မှုံတို့ဝိုင်းမှာတော့ ဘယ်သူမျှ လာမထိုင်ကြပါ။
ဒါပေမယ့် အကြည့်တွေကတေယ့ မှုံတို့နှစ်ယောက်ဆီသို့ ရောက်နေကြသည်။
ဘယ်လိုပဲပြောပြော မှုံကတော့ သိတဲ့သူတွေရှိနေတယ်ဆိုသည့် စိတ်နှင့်တင် ဖိန်းတိန်းရှိန်းတိန်း ဖြစ်လာသည်။ အကိုနှင့် ခပ်ကွာကွာဖြစ်နေသည့် အနေအထားကိုပင် ခုံလေး မကာ ပိုဝေးအောင် ရွှေ့ဖို့လုပ်လျှင် အကိုက သိသည့်အလား လှမ်းဆုပ်ကိုင်လာသော လက်တစ်ဖက်ကြောင့် သူမ၏ လက်ကောက်ဝတ်တွင် နွေးထွေးတင်းကျပ်သွားသည်။
မှုံ အကို့ကို အလန့်တကြား မော့ကြည့်မိတော့ အကိုက မှုံ့ကို မျက်မှောင်ကြုတ်ကြုတ်နှင့် ပြန်ကြည့်နေ၏။
ထို့နောက် အကို့ဆီမှ ခပ်ကြိတ်ကြိတ် အသံကလည်း ထွက်ပေါ်လာသည်။
"အဲ့တာ ဘာပြေးဖို့ ကြံနေတာလဲ။ "
"မဟုတ်ပါဘူး ... ဒီဘက် နည်းနည်းတိုးမလို့ "
"မတိုးနဲ့ ... ဒီမှာပဲထိုင် "
"အင်း "
"အမ ခေါပျော့တစ်ပွဲနဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲထပ်ချပေးပါဦး "
"အေးအေး ရမယ် မောင်လေး "
"အကို ကုန်မှာမို့လို့လား။ "
မှုံက မျက်လုံးလေးပင့်ကာ ခပ်တိုးတိုးမေးတော့ အကိုက ဝက်ခေါက်ကြော်ကို ကျိုးကျိုးကြွပ်ကြွပ်နှင့် ဝါးရင်း ခေါင်းညိတ်ပြကာ ...
"ကုန်တယ်လေ ... ရှမ်းခေါက်ဆွဲက ကိုယ်စားမှာ။
ခေါပျော့က မင်းစားဖို့ "
"ဟာ ... မှုံက ဗိုက်မဆာပါဘူးဆို မစားနိုင်တော့ဘူး။"
"စားနိုင်သလောက်စားလေ ..."
"အကိုကလည်း ပိုက်ဆံကိုဖြုန်းတယ်။ "
မှုန်ကြုတ်ကြုတ်ကလေးနှင့် ပြောလာတဲ့ ကောင်မလေးကြောင့် ဆွတ်ရိန်နော် အသည်းယားသွားရပြန်သည်။
ဘယ်လိုဟာလေးမှန်းမသိ။
"ရော့ ... စား "
ခေါပျော့ကို တူနဲ့ သေချာမွှေပြီးမှ မှုံ့အရှေ့ချလာပေးတော့ မှုံငြင်းလို့မရတော့ပဲ စားရပြန်သည်။
ဗိုက်ကမဆာပေမယ့် မကုန်ရင်လည်း ထားပစ်ခဲ့ရမှာ နှမြောတာကြောင့် ကုန်အောင် ထိုးသွတ်ခဲ့ရ၏။
"အကို ပြန်တော့မှာမလား။ "
စားသောက်ပြီးသွားတော့ မှုံက ခပ်တိုးတိုးလေးမေးလိုက်လျှင် အကိုတစ်ခါ စိတ်ဆိုးသွားပြန်သည်။
"ဟော ကြည့် ... လူကို ဘာလို့ နှင်ပဲထုတ်နေတာလဲ။ "
"မဟုတ်ပါဘူး "
"မပြန်ဘူး ... မင်းပြန်မှ ပြန်မှာ။ "
"ဟင် ... အဲ့တာဆို ညကျ ဘယ်လိုအိပ် "
"ဇရပ်ပေါ်မှာပဲ အိပ်မှာလေ။ "
"ဟင် ... ဇရပ်ပေါ်မှာက နေရာမရှိ ..."
"မရှိ မအိပ်ဘူးကွာ ... ဘာဖြစ်နေတာလဲ။ "
"ဘာမှ မဖြစ်ဘူး ... နေချင်ရင်လည်း နေတော့ "
"ဟာ ... အဲ့တာဘာဖြစ်တာလဲ ... မင်းက စိတ်ဆိုးသွားတာလား။
ကိုယ်က စိတ်ဆိုးရမှာနော်... လူကို ရောက်ကတည်းက မောင်းထုတ်နေတာ။ "
သူတို့နှစ်ဦး စကားပြောနေတုန်း အန်တီအေးသီက လှမ်းပြောလိုက်သည်။
"ကဲ ... မှုံနံ့သာရေ ညဉ်းတို့ အလွမ်းသယ်ချင်ရင်လည်း
နောက်မှသယ်တော့ လည်တဲ့သူတွေ ပြန်လာကြပြီ။
နေရာသွားဦးရတော့မှာ။ "
"ဟုတ် ဟုတ် "
ကျန်တဲ့သူတွေက မတ်တပ်ထရပ်တော့ မှုံကလည်း လိုက်ထလိုက်လျှင် အကိုက ထိုင်လျက်နှင့် မှုံ့လက်ကို ဆွဲထားပြန်၏။
မှုံ ငုံ့ကြည့်လိုက်တော့ အကိုက မှုံ့ကို မော့ကြည့်ကာ ...
"ကိုယ်က ဘယ်မှာနေရမှာလဲ။ "
"အကိုပဲ နေရာမရှိရင် မအိပ်ဘူးဆို "
"ဟာ ... မင်းနော်
မင်းကို လွမ်းလို့ အရောက်လာတဲ့သူကို ရက်စက်တော့မလို့လား။ "
"လိုက်ခဲ့ ..."
မှုံက ခပ်တည်တည်လေးနှင့်ပြောလိုက်တော့ အကိုက စပ်ဖြဲဖြဲနှင့် ချက်ချင်းထကာ လာကတည်းက ပါလာတဲ့ ကျောပိုးလွယ်အိတ်အားလွယ်ကာ ထလာလေသည်။
"ဟုတ်ကဲ့ဗျ "
ဇရပ်ပေါ်ရောက်တော့မှုံတို့က နေရာရပေမယ့် အကို့ကိုက ဘယ်နားမှာ နေခိုင်းရမယ်မှန်းမသိပေ။
အကိုကလည်း လွယ်အိတ်လွယ်ကာ မတ်တပ်ရပ်လျက်ဖြစ်နေပြီး မှုံလည်း ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်ဖြစ်နေတော့ အန်တီမာလွင်က ထိုင်ရာကနေ မှုံတို့အနားရောက်လာကာ ...
"ဟဲ့ ကောင်မလေး ဘာလုပ်နေတာလဲ။ "
"ဟို ... ဟိုဟာ "
"ဪ ... ဒီကောင်လေး နေရာမရှိလို့လား။ "
"ဟုတ် "
"အဲ့မှာ လွတ်တဲ့နေရာ ဝင်နေလိုက်လေကွယ်
ပိုင်ရှင်လာတော့ ဖယ်ပေးလိုက်ပေါ့ ... ဒီနေ့ ပြန်တဲ့သူတွေလည်း ပြန်ကုန်ကြတော့ နေရာတွေ လွတ်သွားပါပြီ။ "
"ဟုတ် "
"အကို အဲ့မှာနေရာလွတ်တယ် ... အဲ့မှာနေလိုက်လေ။
ပိုင်ရှင်လာမှ ရွှေ့ပေးလိုက် "
အန်တီမာလွင်ပြောတာတွေ အကိုကြားနေရပေမယ့် အကိုက တုပ်တုပ်မျှမလှာပ်တာမို့ မှုံကပဲ ကြားထဲကနေ စကားပြန်ဝင်လုပ်ပေးနေရ၏။
မှုံပြောလိုက်မှ အကိုက ခေါင်းညိတ်ကာ လွယ်အိတ်ကိုချလျက်
ထိုင်လေသည်။
"ခဏနေရင် ကိုသန်းလွင်လည်း ရောက်လာမှာ ကောင်လေး
မင်းယောင်္ကျားလေးအဖော်ရတာပေါ့ "
ဒေါ်မာလွင်ရဲ့ ယောင်္ကျား ဦးသန်းလွင်က အလည်အပတ်ကနေ ပြန်မလာသေးပေ။
သူက ယောင်္ကျားလေးဆိုတော့ နယ်ခံယောင်္ကျားသားတွေနှင့် လျှောက်ပတ်လည်နေ၏။
"ဟုတ်"
အကိုနေရာ ရသွားပြီဆိုမှ မှုံတို့လည်း မိန်းကလေးဘက်အခြမ်းမှာ
ပြန်နေလိုက်သည်။
ဆွတ်ရိန်နော်ကတော့ မျက်နှာချင်းဆိုင်က ကောင်မလေးကိုကြည့်၍ တပြုံးပြုံး။
အခုမှ အလွမ်းပြေသွားတော့သည်။
အိမ်ကအမေကတော့ တစ်ရွာလုံးနှံ့နေအောင် လိုက်ရှာနေမှာမြင်ယောင်ပါသေးသည်။
အဲ့တာတွေသိလို့ကို တမင် ဖုန်းပါ စက်ပိတ်ပြီးထွက်လာတာပါ။
ပြန်ရောက်မှ ပွားချင်တာပွား။
______________
အချိန်သည် ညနေခင်း နေဝင်ရီတရော ဖြစ်ပြီး ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာပြီး လေအေးက တဖြူးဖြူး တိုက်ခတ်နေသည်။ ပတ်ဝန်းကျင်သည် ရွာ၏ ချောင်ကျသော ဝါးရုံတောလမ်းနံဘေးဖြစ်၍ တိတ်ဆိတ် ငြိမ်သက်နေ၏။
မျိုးမင်းထက်တစ်ယောက်သာ ထိုနေရာတွင် ရှိနေပြီး တမင် ဒီလိုနေရာကို ရွေးထားခြင်းပင်။ ပုံမှန်စိတ်ဖြင့်ဆိုလျှင် ဘယ်လိုမှ အဆင်မပြေမှန်း သိသောကြောင့် ရဲဆေး နည်းနည်း တင်လာခဲ့ရာ လူမှာ ရီဝေဝေ ဖြစ်နေသည်။
အေးစိမ့်စိမ့်ရာသီဥတုကြောင်ဘ လက်နှစ်ဖက်အား ပွတ်ရင်း အာငွေ့များပေးလိုက်ရင်း အင်္ကျီအိတ်ကပ်ထဲမှ ဆောင်လာသော လက်ကိုင်ပဝါအဖြူကို နောက်တစ်ကြိမ် ထပ်မံ အတည်ပြုလိုက်သည်။ ပြီးလျှင် ကျောက်ရောင်းနေကျ လောပန်းဆီမှ ငှားလာသော ကားတွင် မှီလျက် ရပ်နေလိုက်သည်။
မနက်ကတည်းက စိတ်တွေလှုပ်ရှားနေတာကြောင့် ကျောက်ရှာပင်မသွားပဲ အစောကြီးထွက်လာလိုက်တာပင်။
ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ပြန်လာပေမယ့် သူမျှော်နေတဲ့ မီးအိမ်ရှင်မလေးကတော့ ရောက်မလာသေးပေ။
သူမ လာရာလမ်းလေးဆီ လှမ်းမျှော်ကြည့်နေရင်း တော်တော်ကြာတော့မှ ခြင်းတစ်ဖက်၊စာအုပ်တစ်လက်နှင့် ခပ်ဖြေးဖြေးလျှောက်လာတဲ့ အရိပ်ကလေးအား တွေ့လိုက်ရလျှင် သူ့ရင်တွေ ဆောင့်ခုန်သွားကာ ကားမှာ မှီနွဲ့နွဲ့ရပ်နေရာကနေလည်း အလိုအလျောက်
မတ်သွားရ၏။
သူမက သူ့အနားသို့ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ သူ့ရင်အစုံလည်း လှုပ်ရှားလာရကာ ခုနက ချမ်းနေတာတောင် အခုတော့ဇောချွေးများ ပျံလာတော့သည်။
ဆွတ်ဆိုင်းပန်က သူအနားသို့တဖြည်းဖြည်းရောက်လာပြီး တစ်ချက်သာကြည့်လျှက် ကျော်သွားဖို့လုပ်လျှင် သူမအရှေ့မှ ပိတ်ရပ်ကာ တားလိုက်၏။
"ဆရာမ ... ခဏ "
"ဘာပြောစရာရှိလို့လဲ။ "
"ကျွန်တော် ဆရာမကိုချစ်တယ် ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူး။ "
"ဟင်း ... မင်းလည်း တော်တော်ခက်ပါလား။ "
မျိုးမင်းထက်အား စိတ်ပျက်သလိုကြည့်ကာ သက်ပြင်းချလျှက် ဆိုလိုက်၏။
ထိုပုံစံလေးကပဲ သူ့အား ပို၍ပင် နာကျင်စေသည်။
"ဆရာမ ကျွန်တော့်ကို ဘာလို့လဲ ... ကျွန်တော့်မှာ ဆရာမ မကြိုက်တဲ့အချက်ဘာရှိလဲ... ကျွန်တော်ပြင်ပါ့မယ်။ "
"မင်းဟာမင်း ဘာပြင်ပြင် ကျွန်မက တစ်ချိန်ကျ သူနဲ့ပဲ လပ်ထပ်ရမှာပဲ။ "
"ဆရာမ ချစ်သူလား။ "
"..."
သူ့စကားတွင် ဆိုင်းပန် ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်သည်။
ဆိုက်းပန်အတွက် နှလုံးသားကို ရှေ့တန်းတင်နေလို့မှမရပဲ။
"ဖယ်ပေးပါ ... ကျွန်မ အိမ်ပြန်နောက်ကျလိမ့်မယ်"
ဆိုင်းပန်က တိုးထွက်ဖို့လုပ်လျှင် မျိုးမင်းထက်က သူမသွားတဲ့ဘက်သို့ လက်တစ်ဖက်နှင့်ကာကာ လိုက်တားလေသည်။
"မဖယ်ဘူး ... ကျွန်တော် ဆရာမကိုချစ်တယ်။ "
"ကျစ် ... ကျွန်မ စိတ်မတိုချင်ဘူး။ "
"ကျွန်တော်ကလည်း ဆရာမကို အဆုံရှုံးမခံနိုင်တာသေချာတယ်။ "
"အဲ့တာ မင်းအပိုင်းပဲ ... အရှေ့ကနေဖယ် အွန့် အွန်း "
ဆွတ်ဆိုင်းပန် အငိုက်မိနေချိန်အား ဖမ်းကာ အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပဝါအဖြူလေးအားထုတ်ကာ သူမ နှာခေါင်းမှာ
အုပ်ချလိုက်လျှင် ရုန်းရင်းဆန်ခတ်ဖြင့် သူမကိုယ်လေးက ပျော့ခွေကျလာကာ လက်ထဲမှ စာအုပ်နှင့် ခြင်းတို့ကလည်း ပြုတ်ကျသွားတော့သည်။
"တောင်းပန်ပါတယ် ... ကျွန်တော် ဆရာမကို အဆုံးရှူံးမခံန်ိုင်လို့ပါ။ "
ခပ်တိုးတိုးသာဆိုလိုက်ပြီး သူ့ရင်ခွင်ထဲ ခွေကျနေတဲ့ ပိန်ပိန်ပါးပါး သူမကိုယ်လုံးသေးသေးလေးအား ဘယ်သူမျှမမြင်ခင် ကားပေါ်တင်လိုက်သည်။
ပြီးလျှင် သူမစာအုပ်နှင့် ခြင်းတွေပါတင်ကာ အသင့်စီစဉ်ထားပြီးသား နေရာသို့ လေလိုအလျင်နှင့် မောင်းထွက်ခဲ့တော့၏။
အိမ်ကိုတော့ ခေါ်သွားလို့မရပါ။
အိမ်က အဖေနှင်ြအမေက ချက်ချင်းအပြန်ပို့ခိုင်းမှာသေချာပါသည်။
သူလည်း ဒီလိုနည်းနဲ့ လိုချင်ခဲ့တာတော့ မဟုတ်ပါပဲ။
ကားနောက်ခန်းမှာ အပြစ်ကင်းစင်းစွာ မှေးစက်နေတဲ့ မျက်နှာလေးကို ကြည့်မိတော့ သူ့အပိုင်ဖြစ်တော့မယ်ဆိုတဲ့ ရင်ခုန်စိတ်နှသင့်အတူ သူ့ကိုမုန်းတော့မှာပဲ ဆိုတဲ့အတွေးတို့ကြောင့် ဆစ်ခနဲအောင့်မျက်ကာ နာကျင်သွားရပြန်၏။
အပိုင်း (၄၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)