Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၄၂)

"ဟေ့ကောင်... မင်း အဆင်ပြေရဲ့လား ... ဘာတွေဖြစ်လာတာလဲ"

ရွာထိပ်နားမှ သစ်သားအိမ်ပုံစံ အရက်ဆိုင်ငယ်လေးတွင် ဆွတ်ရိန်နော်နှင့် မျိုးမင်းထက်တို့နှစ်ယောက် ထိုင်နေကြသည်။

ပတ်ဝန်းကျင်သည် ဆိုင်ထဲမှ မှိန်ပျပျ မီးလုံးဝါအောက်တွင် လင်းလက်နေပြီး ဆိုင်ထဲမှ ဝိုင်းဖွဲ့စကားပြောသံများ၊ ရယ်သံများ ရှိသော်လည်း သူတို့နှစ်ယောက်ရဲ့ စားပွဲဝိုင်းကတော့ တိတ်ဆိတ်ခြင်းနှင့် ဖုံးလွှမ်းနေ၏။

မျိုးမင်းထက်သည် ခွက်ထဲမှ အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး မျက်နှာကို ရှုံ့မဲ့သွားသည်။ အာခေါင်မှ လည်ချောင်းသို့ စီးဆင်းသွားသော ပူလောင်မှုသည် ရင်ထဲမှ အေးစက်နာကျင်မှုကို ယာယီ ဖုံးလွှမ်းထားနိုင်သလို ရှိသယောင်။

မျိုးမင်းထက်က ခွက်ကို စားပွဲပေါ်သို့ ခပ်ဆတ်ဆတ်ချလိုက်ပြီး ခေါင်းကို ငုံ့ထား၏။

"ငါ... ငါ အငြင်းခံလိုက်ရတယ် "

"ဘာ ... မင်းက ဘယ်သူ့ကို သွားဖွင့်ပြောလိုက်တာလဲ။ "

"ကျစ် ... ဟူး ..."

"ငါ့*ီးပဲကွာ ... ဒီမှာ ငါ့အသည်းလေးကို လွမ်းလို့ဘူနေပါတယ်ဆို

မင်းကတစ်မှောက် "

"သူ... သူက လက်ထပ်ရမယ့်သူရှိတယ်တဲ့။ "

မျိုးမင်းထက် မျက်ဝန်းအိမ်များတွင် မျက်ရည်များ ရစ်ဝဲလာလေသည်။

"အေးပါကွာ ... ရော့... သောက်လိုက်ဦး"

"ငါ့ရင်တွေကွဲထွက်မတက်နာနေပြီကွာ "

"မင်းတော်တော်ကြီး ဖြစ်နေတာပဲ

သူ့မှာ လက်ထပ်ရမယ့်သူရှိတာပဲကွာ။

လက်ထပ်သွားတာမှမဟုတ်တာ။

မင်းမှာ ကြိုးစားပိုင်ခွင့်အများကြီးရှိသေးတယ်။ "

"ဟင် ... ဒါပေမယ့် ..."

"ဒါပေမယ့်မနေနဲ့ ... မင်းသူ့ကို အဆုံးရှုံးမခံနိုင်ဘူးမလား။

မေ့ဆေးအုပ်ပြီး ကားတင်ပြေးပစ်လိုက်ကွာ။ "

"ဟာ ...ဟေ့ကောင်... မင်း ဘာတွေပြောနေတာလဲ"

ဆွတ်ရိန်နော်စကားကြောင့် မျိုးမင်းထက်မှာ ရုတ်တရက် အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားကာ အမူးပင်ပြေချင်သွားသလိုပင်။

"ဟုတ်တယ်လေ ... လက်နှေးရင်ခွက်ဆေးနေရမယ် ငါ့ကောင် "

""မေ့ဆေးအုပ်ပြီး ကားတင်ပြေး..."

မျိုးမင်းထက်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

တပြိုင်နက်တည်းမှာပင် မျက်လုံးတွင် ညစ်နွမ်းသော အရိပ်အယောင်တစ်ခုလည်း ရောယှက်သွား၏။

________________

"ဟယ်လို ... မှုံလေး မနက်ဖြန်ပြန်လာမှာမလား။ "

"ဟုတ် ... အကို မှုံလည်း အဲ့ကိစ္စပဲ ဖုန်းဆက်မလို့ "

"ဟင် ... ဘာလို့လဲ ကိုယ်လာကြိုပေးရမှာလား။ "

"အာ ... မဟုတ်ပါဘူး... အန်တီမာလွင်တို့က ဒီအနီးတစ်ဝိုက်က ရွာတွေပါ လျှောက်လည်ကြမလို့တဲ့။

အဲ့တာ ၂ရက်ထပ်တိုးတယ် ၅ရက်ဖြစ်သွားပြီ

နောက်သုံးရက်နေမှ ပြန်လာတော့မှာ။ "

"ဟာ ... အဲ့လောက်ကြီးကျ ... ကိုယ် ဒီမှာ လွမ်းလို့သေတော့မယ်လေကွာ "

အကိုသည် ဖုန်းတစ်ဖက်မှနေ၍ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းဆူနေမည်ကို မှုံက မြင်ယောင်နေမိသေးသည်။

"အကိုကလည်း နောက်၂ရက်ပဲဟာ နည်းနည်းလေးလောက်သည်းခံလိုက်နော်။ "

"ဟင်း "

အကိ့အသံက မကျေမချမ်း ဖြစ်နေလျှင် မှုံလည်းနည်းနည်းတော့ မချင့်မရဲဖြစ်သွားရသည်။ ထိုအချိန်တွင် မှုံ့အနားမှ ခေါ်သံ ထွက်လာသည်။

"မှုံနံ့သာရေ လာလေ။ "

"ဟုတ် လာပြီ လာပြီ ... အကို အဲ့တာဆို ဒါပဲနော်။ "

တစ်ဖက်က လေးဖင့်နေတဲ့ အကို့အဖြေကိုလည်းမစောင့်တော့ပဲ မှုံဖုန်းချလိုက်တော့သည်။

အကို စိတ်ဆိုးနေမှာသိပေမယ့် ပြန်ရောက်မှပဲ အတိုးနှင့်ပြန်ချော့ရတော့မည်။

"ဟာ ... ဖုန်းချသွားပြီ "

စကားတောင် ကောင်းကောင်းမပြောရသေးပဲ ဖုန်းချသွားတာကြောင့် ဆွတ်ရိန်နော် စိတ်ထဲ တော်တော်တင်းသွားရ၏။

ဒီကောင်မလေးကတော့ မဟုတ်သေးပါဘူး။

သူ့မှာတော့ ဘယ်လောက်တောင် မျှော်လင့်ထားရမှာမို့လဲ။

သူမနဲ့ မတွေ့ရတဲ့ နေ့ညတွေကလည်း ကုန်ဆုံးတာ ကြာနေသယောင်။

ဒီကောင်ကြီးက မင်းကိုလွမ်းလွန်းလို့ ရူးချင်သလိုလိုတွေဖြစ်နေပြီကွ။

နောက်ထပ်စောင့်ရမယ့်ရက်တွေကြောင့် ရင်တွေမောလာကာ

တိုးတက်လာတဲ့ အလွမ်းဒဏ်တို့က တရိပ်ရိပ်နှင့်။

နောက်ဆုံးတော့ သက်ပြင်းမောကြီးတစ်ချက်ချကာ ...

______________

မျိုးမင်းထက်တစ်ယောက် အိမ်ခန်းထဲတွင် ထိုင်လိုက်၊ထလိုက်နှင့်

ကဏာမငြိမ်ဖြစ်နေလေသည်။

တခြားတော့မဟုတ် ယောက်ဖလောင်းကြီးရဲ့ အကြံကောင်းကို ဘယ်လိုအကောင်အထည်ဖော်ရမလဲ စဉ်းစားခန်းဝင်နေရ၏။

ဒီကိစ္စအထိကျတော့လည်း အဲ့ကောင်ကို သွားတိုင်ပင်လို့မရ။

အခုတောင် သူ့အမမှန်းမသိသေးလို့ ဒီလိုအကြံပေးလိုက်တာပင်။

အကောင်ထည်ပေါ် သွားလျှင်လည်း လက်သီးလား၊မိုးမွှန်နေအောင်ဆဲမလား မြင်ယောင်မိသေးသည်။

ဒါပေမယ့် အဓိကက အဓိကပဲ‌မို့ သူငယ်ချင်းမျက်နှာလည်း

မထောက်နိုင်ပါ။

မင်းကိုခင်ပြီး မင်းအမကိုတော့ တကယ်ချစ်တာပါ ယောက်ဖကြီးရာ။

______________

ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြိတ်ကြိတ်တိုးသော လူအုပ်ကြီး၊ ဈေးရောင်းသံများနှင့် ဆူညံလှုပ်ရှားနေသည်။ လမ်းဘေးဝဲယာရှိ ခေတ္တဆိုင်ခန်းများတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အထည်အလိပ်များနှင့် အစားအသောက်များကို ရောင်းချနေကြသည်။

မှုံတို့အဖွဲ့ကလည်း အပြန်လက်ဆောင် ဝယ်ယူရန်အတွက် အထည်ဆိုင်တစ်ခုအတွင်း ဝင်ရောက်ကြလက်ဆောင်ပစ္စည်းလေးတွေကိုလက်ဆောင်ပစ္စည်းလေးတွေကြ စိတ်ဝင်တစား ကိုင်တွယ်ကြည့်ရှုနေတုန်း ရင်းနှီးနေသော ခေါ်သံတစ်ခုက ဆူညံသံများကြားမှ ဖောက်ထွက်လာသည်။

"မှုံလေး "

"ဟင် "

မှုံခေါင်းလှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော ပုံရိပ်ကြောင့် မျက်လုံးအစုံတို့သည် ဝိုင်းစက်တာထက် ပို၍ ပြူးကျယ်သွားခဲ့သည်။ ရင်ခုန်နှုန်းတွေကလည်း ချက်ချင်း မြန်ဆန်သွားတော့၏။

မှုံဘာစကားမျှ မဆိုနိုင်ခင် အကိုက မှုံ့လက်အား ဆွဲကာ ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြားထဲမှ ဆွဲခေါ်သွားလေသည်။

မှုံတို့အဖွဲ့က တခြားသူတွေကလည်း သူတို့ဟာသူတို့ အရှေ့မှာ ပစ္စည်းတွေလျှောက်ကြည့်နေကြတာကြောင့် မသိကြပါ။

"အကို ... အကို လွှတ်ဦး ဘယ်ထိသွားမလို့လဲ။ "

ထိုအခါမှ ခပ်ကျဲကျဲလှမ်းနေတဲ့ အကို့ခြေလှမ်းတွေက ရပ်တန့်သွား

မှုံ့လက်တွေကိုတော့ လွှတ်မပေးပါ။

ပြီးလျှင် ဘာစကားမျှလည်းမဆိုပဲ မှုံ့မျက်နှာကိုသာ မမြင်ဖူးသည့်အလား အပြင်းအထန်စိုက်ကြည့်နေလေ၏။

မသိလျှင် နှစ်ရှည်လများခွဲနေရတဲ့ ချစ်သူတွေလိုပင်။

"အကို ဘယ်လိုရောက်လာတာလဲ။ "

"ဆိုင်ကယ်နဲ့ "

အကို့ အဖြေကြောင့် မှုံ မျက်ခုံးပင့်သွားပြီး ...

"ဟင် ... မဟုတ်ဘူးလေ။

အကို ဘယ်လိုဖြစ်ပြီး လိုက်လာရတာလဲလို့ "

ထိုအခါ အကိုက မှုံ့လက်ကို ညင်သာစွာ ဆုပ်နယ်ရင်း နူးညံ့သော အပြုံးနှင့် ပြန်ဖြေသည်။

"မေးဖို့လိုသေးလို့လား ... မင်းကိုလွမ်းလို့ပေါ့။ "

"အကိုလည်း နောက်ထပ်သုံးရက်ပဲစောင့်ရမှာကို "

"အခု လိုက်လာတော့ တွေ့ရတာပဲလေ။

ဘာလဲ မင်းက ကိုယ့်ကိုမတွေ့ချင်ဘူးလား။ "

"အကိုနော် ... ဘုရားရောက်နေတာ လာမရစ်နဲ့။ "

"ဘယ်မှာ ရစ်ရသေးလို့လဲ။ "

"အခု အကိုက ဘယ်လိုလုပ်မှာလဲ။ "

"ဘာကိုလဲ။ "

"ဘယ်အချိန်ပြန်မှာလဲလို့။ "

"ဟာ ... မင်းနော် အခုမှရောက်တဲ့သူကို

အဲ့တာ နှုတ်ဆက်လိုက်တဲ့သဘောလား။

ဒီကတော့ သု့ကိုတွေ့ချင်လွန်းလို့ အစောကြီးကတည်းက လာတာကို "

"မဟုတ်ပါဘူး ... သူများတွေသိသွားရင်လည်း မ‌ကောင်းလို့ပါ။"

"ဘာ မကောင်းတာလဲ။ "

"ကျစ် ... အကို။

မဟုတ်ရင်လည်း ဒီမှာ အကိုလည်း ဘာမှလုပ်စရာမှမရှိတာ။ "

"မပြန်ဘူးကွာ ... မင်းပြန်မှ ပြန်မှာ။ "

"အကို့ ..."

"ကျစ် ... မှုံလေးရာ။

ကို အခုမှရောက်တာ တစ်လမ်းလုံး ဆိုင်ကယ်မောင်းလာရတာကွာ။

မင်းက ဘာတွေ တွေးပူနေပြန်တာလဲ။ "

"မဟုတ်ဘူးလေ။ "

"တော်ပြီ ... ကိုယ်ဗိုက်ဆာတယ်။

မနက်ကတည်းက ဘာမှမစားရသေးဘူး။ "

ဆွတ်ရိန်နေည် စကားလမ်းကြောင်းပြောင်းပြီး ကလေးဆန်စွာ ဆန္ဒပြလိုက်သည်။

"ဟင် ... အဲ့တာဆို လာ လာ ဟိုမှာရှမ်းခေါက်ဆွဲဆိုင်ရှိတယ်။ "

"အင်း "

"အကို ဘာစားမလဲ။ "

"ဘာတွေရလဲ။ "

"ရှမ်းစာအစုံရတယ် မောင်လေး။ "

ဆိုင်ရှင်အစ်မကြီးက လူတွေအများကြီး အုံနေတဲ့ကြားထဲကနေ

အကို့အမေးအား ပြုံးလျှက် လှမ်းဖြေလေသည်။

"မှုံလေးရော ဘာစားမလဲ။ "

ဆိုင်ထဲမှာ ချထားတဲ့ စားပွဲခုံအနိမ့်ကလေးဘေးမှ ခုအပုလေးမှာဝင်ထိုင်လိုက်ရင်းနှင့် အကိုကမေးတော့ မှုံခေါင်းရမ်းပြလိုက်သည်။

"ဟင့်အင်း ... မှုံက စားပြီးပြီ။

အဲ့တာဆို အကို စားနေရစ်တော့နော်...

မှုံ ဟိုဘက် ပြန်သွားတော့မယ်။ "

"ဟာ ... ကိုယ်တစ်ယောက်တည်းစားရမှာလား။ "

"အင်းလေ အကိုရဲ့ ... မှုံပျောက်သွားတာသိရင် ရှာနေကြလိမ့်မယ်။ "

"တော်ပြီ မစားတော့ဘူး။ "

အကိုက မျက်မှောင်ကြီးကြုတ်ကာ ထိုင်နေရာမှ ပြန်ထလေသည်။

"ဟင် ... ခုနကပြောတော့ အကိုပဲ ဗိုက်ဆာနေတာဆို "

"..."

အကိုက ဘာမျှ ပြန်မဖြေဘဲ မျက်မှောင်ကြီးကြုတ်ကာ ရပ်နေသည်။

အကို စိတ်ဆိုးနေမှန်း သိသောအခါ မှုံကပဲ တစ်ထစ်လျှော့လိုက်ရသည်။ ဤလူသားကို မည်သို့မျှ အနိုင်ယူ၍ မရနိုင်မှန်း သိပါသည်။

မှုံ ခုံပုလေးမှာ ဝင်ထိုင်လိုက်ပြီး အကို့ လက်မောင်းကိုပါ လှမ်းဆွဲ၍ ထိုင်ခိုင်းလိုက်ရသည်။

"ကဲပါ ထိုင်ပါအကိုရယ်။

မှုံဗိုက်တော့ မဆာလို့ အကိုစားတာပဲ ထိုင်စောင့်မယ်နော်။ "

"ဗိုက်မဆာရင်လည်း တစ်ခုခုတော့ စားလိုက်လေ ဟိုမှာ ဝက်ခေါက်ကြော်ဖြစ်ဖြစ်၊ငါးမုန့်ကြော်ဖြစ်ဖြစ် "

ခေါက်ဆွဲတို့ တို့ဟူးပျော့တို့ထဲ တချို့ထည့်စားကြတဲ့ အတွဲလေးတွေတွဲထာသည့် မုန့်တွဲတွေကို လှမ်းမေးငေါ့ကာပြောတော့ မှုံခေါင်းရမ်းကာ ...

"အကိုပဲစားပါ ... မှုံက ဗိုက်တော်တော်ပြည့်နေလို့။ "

"ပြီးတာပဲ ... စောင့်နေနော်။ "

"အွန်းပါ "

အပိုင်း (၄၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၁) နောက်အခန်း - အပိုင်း (၄၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ