ရည်းစားတောင်မထားဖူးတဲ့ ပန်းငွေ့ရည် ချစ်သူမဟုတ်တဲ့ သူစိမ်းယောကျ်ားတစ်ယောက်ဆီမှာ သူမရဲ့ဘဝနစ်ခုလုံး နင်းခြေဖျက်စီးခံလိုက်ရတာဖြစ်၍ ယူကျုံးမရဖြစ်ကာ ခံပြင်းစိတ် ဒေါသစိတ် ကြောက်စိတ် ဝမ်းနည်းစိတ်တို့ကြောင့် ဝမ်းနည်းစွာ ငိုကြွေးနေသည်မှာ မနက်ပင်လင်းလာခဲ့သည်။
မင်းခန့် သူ့ကိုဘေးပေးပြီး ကိုယ်လေးတုန်အောင် ငိုကြွေးနေသည့် သူမကို ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်ပြီးမှ အောက်ကျနေတဲ့ သူ့အဝတ်တွေကိုကောက်ယူ၍ ဝတ်သည်။
"ခုလိုဖြစ်ရတာ ခင်ဗျားကြောင့်မို့လို့ ကျုပ်ကိုအပြစ်မတင်နဲ့ ကိုယ့်ကိုယ့်သာ အပြစ်တင်လိုက်ပါ...နောက်ဆက်တွဲ ဖြစ်လာမယ့်အရာကို ကြိုတင်ကာကွယ်ဖို့အတွက်..ရော့..ပိုက်ဆံယူထားလိုက်..ခင်ဗျားလည်း ဆေးပညာရပ်နဲ့ကျောင်းတက်နေတဲ့သူတစ်ယောက်မဟုတ်လား ကျုပ်ပြောတာကို သိမယ်ထင်တယ် ...''
မင်းခန့် ပြောပြီးတာနဲ့ ပိုက်ဆံကိုယူပြီး သူမရဲ့ ဘေးနားကိုချလိုက်ပြီး အောင်နိုင်သူ အပြုံးနဲ့ပြုံးလိုက်ပြီး အခန်းထဲကထွက်ဖို့ ပြင်လိုက်၏။
ငွေ့ရည် သူမအနား မင်းခန့်ထားသွားသည့် ပိုက်ဆံတွေနဲ့ ထွက်သွားသည့် မင်းခန့်ရဲ့ နောက်ကျောကို ပစ်ပေါက်ပြီး ဆိုလိုက်၏။
"မင်းလည်း တနေ့မှာ ဝဋ်လည်မှာ...မင်းမှာ နှမရှိရင် ..မင်းမှာ သမီးမိန်းကလေးရှိလာခဲ့ရင်ပေါ့လေ...''
အား!..
မင်းခန့် ငွေ့ရည်ပြောလိုက်တဲ့ စကားကြောင့် ခြေလှမ်းတွေနောက်ကိုပြန်ဆုတ်ပြီး အလျင်အမြန်ပဲ သူမရဲ့ လည်ပင်းကိုညှစ်ကာ
"ခင်ဗျား ဒီနေရာမှာ အသက်မသေချင်ရင် ပါးစပ်ကို ပိတ်ထားလိုက်...''
ငွေ့ရည် သူ့ရဲ့အားနဲ့လည်ပင်းကိုညှစ်ထားတာဖြစ်၍ လည်ပင်းအစ်လာပြီး အသက်ရှူမဝဖြစ်လာတာကြောင့် သူ့ရဲ့ ညစ်ထားတဲ့လက်တွေကိုအတင်းရုန်းကာ ဖယ်ထုတ်လေသည်။သူလွှတ်လိုက်တာနဲ့ ရင်ဘတ်လေး နိမ့်လိုက်မြင့်လိုက်နဲ့ အသက်ကိုမနည်းရှုရှိုက်လေ၏။ပါးပြင်နှစ်ဖက်မှာလည်း မျက်ရည်တွေ အပြိုင်စီးကျနေသည်။
"ဒုန်း...''
မင်းခန့် တံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်သည့် ထိုအသံကြောင့် သူမရဲ့ကိုယ်လေးဟာ တုန်တက်သွားလေသည်။မျက်ရည်မိုးတွေ တသွင်သွင် စီးကျလျက် ရှိုက်ကြီးတငင် ငိုကြွေးလေ၏။
သူမ အိပ်ရာပေါ်က ဆင်းလာပြီး အောက်မှာရှိနေတဲ့ သူမရဲ့အဝတ်တွေကို အောက်ယူပြီး ဝတ်လိုက်၏။ပိုက်ဆံအိတ်ကလေးကို ယူပြီး အခန်းထဲကထွက်လာတော့ သူက ရှိမနေတော့ပေ။ခြံတံခါးကို သော့ခတ်ထားတာကြောင့် ငွေ့ရည် အပြင်ထွက်၍ မရခဲ့ပါ။
ပန်းငွေ့ရည် ရှေ့ဆက်ပြီး ဒီမှာမနေချင်တော့တာကြောင့် ကောင်းကောင်းမွန်မွန် ကျမ်းကျမ်းမာမာရှိနေတဲ့ ကိုကို့ကို ခုတုံးလုပ်လိုက်ရတယ်။ကိုကို နေမကောင်းလို့ဆိုပြီး ဆရာမကြီး သူမမလုပ်နိုင်တော့ကြောင်းနဲ့ တခြားတစ်ယောက်အစားထိုးပေးဖို့ကို အားနာနာနဲ့ပဲ ပြောလိုက်ရသည်။ဆရာမကြီးက သူမရဲ့ အခက်အခဲကို နားလည်ပေးတာကြောင့် ကျေးဇူးတင်မိသည်။
ဆေးရုံကိုလည်း အကျိုးအကြောင်းပြောပြီး နုတ်ထွက်စာတင်လိုက်လေသည်။သူမ ဖုန်းဆက်ပြီးတာနဲ့ ဖုန်းကဝင်လာခဲ့တယ်။တခြားသူဆီကမဟုတ်ပါ။ကိုကိုဆီက ဖုန်းဝင်လာတာဖြစ်၍ မျက်ရည်တွေ ထိန်းမရအောင် ကျပြန်တယ်။
"ဟလို...''
"မနေ့ညနေထဲက ကိုကိုဖုန်းဆက်နေတာ ဘာလို့မကိုင်တာလဲ...ကိုကို့မှာ ညဥ်းကို စိတ်ပူရလွန်းလို့ တစ်ညလုံးမအိပ်နိုင်ဘူး...ဘာလုပ်နေလို့ ဖုန်းကိုင်ဖို့တောင် မအားတာလဲ ပန်းငွေ့ရည်...''
ကိုကို ငွေ့ရည်ကို စိတ်ဆိုးရင် နာမည်အပြည့်အစုံကို ခေါ်လေ့ရှိသည်။ခု ကိုကိုက ငွေ့ရည်ကို စိတ်ဆိုးသွားပြီ။
"ညီမလေး ခွဲခန်းထဲ ဝင်နေရလို့ပါ ကိုကိုရယ်...အဲဒါကြောင့် ဖုန်းကိုစက်ပိတ်ထားလို့ ကိုကိုခေါ်တာကို မသိလိုက်တာပါ...နောက်ပြီး ညီမလေး မနက်ဖြန် ပြန်လာတော့မယ် ကိုကို...''
"ဘာဖြစ်လို့လဲ..အလုပ်လုပ်ရတာအဆင်မပြေလို့လား ညီမလေး...''
"ဒီလိုပါပဲ ကိုကိုရာ..အလုပ်ကအဆင်ပြေတယ်.. ညီမလေး ဒီမှာ မပျော်လို့လေ...''
"အဲဒါကြောင့် သူငယ်ချင်းလေးထားပါလို့ကိုကိုပြောပါတယ်...တစ်ယောက်ထဲ ဖြစ်နေတာထက်စာရင် သူငယ်ချင်းရှိတော့ ကောင်းတာပေါ့ မဟုတ်ဘူးလား...''
"ဒါပဲနော်ကိုကို..''
သူမကြုံတွေ့လိုက်ရတဲ့အရာကို အစ်ကိုဖြစ်သူကိုတောင် ဖွင့်ဟမပြောနိုင်တာကြောင့် ငိုပြန်သည်။သူမ နာရီပေါင်းများစွာ ငိုရပါများလို့ မျက်ရည်တွေမရှိတော့သည့်အလား ဆက်၍ မငိုနိုင်တော့ချေ။ငွေ့ရည်အကြောက်တရားတွေနဲ့ မင်းခန့်အလာကို စောင့်မျှော်နေရလေသည်။
************** **************
"ကို ကြွေရုပ်ပြောစရာရှိလို့..အဲဒါကို ကို လက်ခံပေးရမယ်နော်...ကြွေရုပ်က ပြောထားပြီးပြီဆိုတော့ မျက်နှာမပျက်ဘူး..''
"ကို့ရဲ့ပျိုလေးက ကို့ကို ဘာပြောပြော ကို့က လက်ခံပေးပို့အသင့်ပါပဲ...ကို့ကြောင့် ဘယ်တော့မှ ပျိုရဲ့မျက်နှာမညိုးစေရဘူးဆိုတာ ပျိုယုံမယ် မဟုတ်လား..''
"အင်း.''
"ပျို ဘာပြောချင်လို့လဲ ပြောလေပျို...''
ဟိုနေ့က ကို ရိုက်လိုက်တဲ့မမကိုလေ ပြန်တောင်းပန်စေချင်တယ်..ပျိုက နေ့တိုင်းတွေ့နေရတာဆိုတော့ ပျို မျက်နှာပူတယ်..နောက်ပြီး အဲမမက ပျိုတို့ ကျောင်းက!..
မင်းခန့် ဖုန်းလာ၍ ကြည့်လိုက်တော့ အန်ကယ်စိုင်းဝဏ္ဏဆိုတဲ့နာမည်လေးကြောင့်
"ပျို ခဏလေး..ပြီးမှဆက်ပြောနော်...ကို ဖုန်းပြောလိုက်အုန်းမယ်...''
"အင်းပါ...''
မင်းခန့် ဖုန်းကိုကိုင်လိုက်၏။
"ဟလို အန်ကယ်..ကျွန်တော်ကို ဘာပြောစရာရှိလို့လဲ...''
"အန်ကယ်နဲ့သားညီမလေး သားတို့ခြံထဲမှာ ကောင်မလေးတစ်ယောက်ကို တွေ့လို့ သားကိုလှမ်းမေးတာ... သားရဲ့ အသိလို့ပြောတယ် ဟုတ်လား...''
"ဟုတ်တယ် အန်ကယ်...ကျွန်တော့် သူငယ်ချင်းပါ...ခုရော အိမ်မှာ သူမရှိသေးလား အန်ကယ်..ဖုန်းလေးတစ်ချက်လောက်ပေးပေးပါလား..ကျွန်တော် သူမနဲ့ ဖုန်းပြောချင်လို့ပါ...''
"ခုလေးတင် ပြန်သွားပြီ...''
"အဲဆိုလည်း ဒါပဲနော် အန်ကယ်...''
မင်းခန့် စိုင်းဝဏ္ဏနဲ့ဖုန်းပြောပြီးတာနဲ့
"ပျို ကိုတို့ပြန်ကြရအောင်...ကို တစ်နေရာသွားစရာရှိလို့..''
"အင်း...''
သူတို့နှစ်ယောက်သား ထိုနေရာကနေ ထွက်လာခဲ့ကြသည်။ကားပေါ်ရောက်တော့လည်း ပန်းငွေ့ရည်ကို တောင်းပန်ဖို့အကြောင်းကို ကြွေရုပ်ပျိုတစ်ယောက် ဆက်မပြောတော့ပေ။
မင်းခန့် ကြွေရုပ်ကို အိမ်ထိ ပြန်လိုက်ပို့ပေးသည့်အခါ လေးလေးဆက်နဲ့ တွေ့တာကြောင့် စကားတွေအကြာကြီးပြောကြလေသည်။အိမ်ကိုပြန်ရောက်တာနဲ့ ရေမိုးချိုး ထမင်းစားလိုက်ပြီးမှ သူမနေတဲ့နေရာကို ရောက်လာခဲ့တော့ မှောင်သွားလေသည်။
ငွေ့ရည်ရဲ့အိမ်ရှေ့ကိုရောက်တော့ သူမအိမ်တစ်အိမ်ထဲ ကွက်ပြီးမှောင်နေတယ်။သူလည်း အချိန်တော်တော်ကြာသသည်အထိ ကားထဲကနေ သူမရဲ့အရိပ်ယောင်လေးများ တွေ့လိုတွေ့ငြား ငေးကြည့်မိသည်။
ဆယ်နာရီလောက်အချိန်ကြတော့ ထိုနေရာကနေ ပြန်လာခဲ့သည်။အိမ်ကိုပြန်ရောက်တော့ မေမေက ဧည့်ခန်းထဲမှာ လက်ပိုက်ပြီး သူ့ကို ထိုင်စောင့်နေတာဖြစ်၍ သူ့ခြေလှမ်းတွေ တန့်သွားတော့သည်။
"ဘယ်အချိန်ရှိနေပြီလဲ..သား ဒီရက်တွေထဲ ခြေလှမ်းတွေပျက်နေတယ်...မနေညက သားအဘိုးတို့အိမ်မှာ အိပ်မယ်ပြောပြီး အဲမှာလည်း သွားမအိပ်ဘဲ ဘယ်မှာသွားအိပ်တာလည်း မေမေ့ကို မှန်မှန်ပြောစမ်း...''
"သား မနေ့က ဟိုအိမ်မှာ အိပ်လိုက်တာပါ..
မေမေမယုံရင် အန်ကယ်စိုင်းဝဏ္ဏကို ဖုန်းဆက်ပြီး မေးလို့ရတယ်...''
"မေမေ သားကိုယုံတယ်...ဒါပေမယ့် မေမေက မိဘဆိုတော့ ကိုယ့်သားသမီးက အိမ်ပြန်ရောက်ကျတာမျိုးကိုတော့ စိတ်ပူကြတာ ဓမ္မတာပဲ သား...မေမေ့သားက မငယ်တော့ဘူးဆိုတာလည်း မေမေသိတယ်..''
"မေမေ့ကို စိတ်ပူစေမိလို့ သား တောင်းပန်တယ်...''
မင်းခန့် ချို့ရဲ့ ပါးကို ဘယ်ညာနမ်းပြီး မျက်နှာချိုသွေးလေ၏။ထို့အနောက်အပေါ်တက်သွားပြီး အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ် ပစ်လှဲလိုက်တော့သည်။သူ မျက်လုံး မှိတ်လိုက်တာနဲ့ မနေ့ညက ပုံရိပ်တွေကို မြင်ယောင်လာသပြီး ရင်ခုန်သံတွေက သူ့ရင်ထဲမှာ ကုလားလှည့်နေသလို ဝုန်းတိုင်းကျဲနေသည်။ သူမရဲ့အထိအတွေ့ကို လိုချင်မိပြန်သည်။
"ကျစ်..''
မင်းခန့် စုတ်သတ်လိုက်၏။
နောက်မနက် သူမရဲ့ခြံရှေ့ကို ရောက်လာတော့ သူမရဲ့ ဘုရားရှိခိုးသံလည်း မကြားရသလို သူမရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပေ။သူသိလိုက်ရတာက သူမက ဒီကနေ ပြောင်းသွားပြီဆိုတဲ့ သတင်းစကားသာဖြစ်လေသည်။
**************** ****************
ပန်းငွေ့ရည် မိုးကုတ်ကို ပြန်ရောက်ပြီး သုံးလလောက်အကြာမှာ ရုတ်တရပ် မူးလဲသွား၍ ဆေးရုံကိုရောက်သွားတော့မှ ကိုယ်ဝန်ရှိနေမှန်းဇာနည်နဲ့ထက်ဝေယံပါ သိသွားလေသည်။သူမကတော့ မေ့လျော့နေတာကြောင့် မသိသေးချေ။
"ညီမလေးမှာ ကလေးလေးရှိနေပြီတဲ့.. ကိုကို့ကို ပြောစမ်း.. ကလေးအဖေက ဘယ်သူလဲ...''
"ရှင်..''
ကလေးဆိုသည့် အသံကြောင့် သူမရဲ့ အသွေးအသားတွေ ဆူပွတ်သွားသလိုခံစားလိုက်ရတယ်။ရင်ထဲမှာ တမျိုးတမည်မသိတဲ့ ခံစားချက်ကြီးကြောင့် ဘယ်လိုဖြစ်လဲဆိုတာကိုတော့ မပြောတက်ပါ။မျက်ဝန်းတစ်စုံကနေ ပုလဲပုလဲလုံးသဏ္ဍာန်မျက်ရည်ဥတွေ ဝဲရစ်တွဲခိုလျက်။
"ကလေးအဖေ ဘယ်သူလဲ ကိုကို့ပြော..ကိုကိုဘာမှမလုပ်ဘူး..ကိုကို့ညီမလေးကို မိသားဖသားပီပီ လက်ထက်ဖို့ပဲ ပြောမှာပါ...''
"ဟင့်အင်း..ညီမလေး မသိဘူး..အဟင့်..ဟင့်..''
ငွေ့ရည် မသိဘူး ပြောပြီး ခေါင်းကိုပြုတ်ထွက်မတက် ရမ်းခါပြီး ငိုကြွေး၏။ဇာနည်နဲ့ထက်ဝေယံ ဘယ်လိုမေးမေး မသိဘူးဟုသာဖြေပြီး ငိုပဲငိုနေတော့သည်။
"ကိုကို့ညီမလေးက လိမ္မာပါတယ်...ကိုကို့ကို ပြောနော်..ကိုကို ညီမလေးကို မဆူဘူး...''
"ညီမလေး..အဟင့်..တကယ် မသိဘူး..ကိုကို...သူ့ နာမည်တောင် မသိဘူး...ညီမလေး....ညီမလေးလေ စော်ကားခံလိုက်ရတာ ကိုကိုရဲ့...အဟင့်..ဟင့်..''
"ဘာ...''
ဇာနည်တစ်ယောက် ညီမလေးရဲ့စကားအဆုံး၌ သူ့ရင်ထဲကို အပ်စက်နဲ့ပက်လိုက်သလို ခံစားလိုက်သည်။ငိုရှိုက်နေ၍ တသိမ့်သိမ့်တုန်နေသည့် သူမရဲ့ ကိုယ်လေးကို ပွေ့ဖက်ထားလိုက်ပြီး သူပါ ငိုကြွေးတော့၏။ဘေးကနေ သူမတို့ မောင်နှမနှစ်ယောက်ကို ကြည့်ပြီး ထက်ဝေယံမှာလည်း စိတ်မကောင်းဖြစ်မိသည်။
"အဲဒါကြောင့် ကိုကို့ညီမလေးက ဒီကိုပြန်လာခဲ့တာကိုး...အဲဒါကြောင့် အရင်က လူမကြောက်တက်တဲ့ ကိုကို့ညီမလေးက လူကြောက်သွားကိုး..အရင် ပျော်ပျော်နေတက်တဲ့ ကိုကို့ညီမလေးက ရန်ကုန်ကပြန်ရောက်ထဲက တမှိုင်မှိူင် ဖြစ်နေခဲ့တာကို...အဲအချက်တွေကို ကိုကိုမစမ်းစားခဲ့မိဘူးကွာ...ကိုကိုက အစ်ကိုတစ်ယောက်ဖြစ်ပြီး ကိုကို့ညီမလေးကို ဂရုမစိုက်မိတာ ကိုကို့ကို ခွင့်လွတ်ပါ ညီမလေးရယ်...''
"ကိုကို့အမှားမဟုတ်ရပါဘူး ကိုကိုရယ်...ညီမလေးရဲ့ ကံကြမ္မာကိုက ဒီလိုဖြစ်ဖို့ကံတရားက ဖန်လာပြီးသားဖြစ်နေတာ နေပါလိမ့်မယ်...''
ငွေ့ရည်လည်း ကိုကိုနဲ့ကိုကြီးထက်ဝေယံကို သူမနဲ့သူ့ကြားက အကြောင်းကို ပြောပြလိုက်၏။ထိုအခါ ကိုကိုနဲ့ကိုကြီးထက်ဝေယံရဲ့ မျက်နှာတွေဟာ ဒေါသကြောင့် နီမြန်းသွားတော့လေသည်။
နောက်လေးလအကြာမှာတော့ သူမရဲ့ ဗိုက်ကလေးက ပူပူကလေး ဖြစ်လာခဲ့၏။ညီမလေးဆိုတာ သိလိုပ်ရတဲ့အချိန်မှာ သူမရဲ့မျက်နှာဟာ လငဖုတ်ဖမ်းခံလိုက်ရသလို ညိုသွားတော့သည်။
မိခင်ရဲ့ စိတ်ထဲကနေ နှစ်နှစ်ကာကာ ကျိန်လိုက်သည့်စကားက သူတို့ရင်ကမွေးဖွားတဲ့ရင်သွေးတွေကို ထိရောက်တယ်လို့ သူမကြားဖူးသည်။ထို့ကြောင့် သူ့ကို နာကျဥ်းသည့်စိတ်ကြောင့် မရည်ရွယ်ဘဲ ကျိန်လိုက်သည့်စကားက သမီးလေးကိုများ..။
"အို မဖြစ်ရပါဘူး...''
"မင်းမှာ သမီးရှိလာခဲ့ရင် ဝဋ်လည်မှာလို့ သူမကျိန်လိုက်တဲ့ သူမရဲ့စကားသံ သူမအတွက် အိပ်မက်ဆိုးသဖွယ်..!''
ငွေ့ရည်မှာ ဘုရားရှိခိုးတိုင်း မွေးမလာသေးသည့် သမီးတွေ အဖေဖြစ်သူရဲ့လုပ်ရက်တွေ တဖန်သမီးအပေါ်မကျရောက်အောင် မေတ္ထာဓာတ်တွေနဲ့ ဆုတောင်းပေးသံတွေက စကြာဝဋာ အနံ့ပျံ့လွင့်လျက်..။