Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း၁၀

ကိုဟာ သူမကို ဘာပြောလိုက်သလဲဆိုကို ပျိုဟာမသိပေမယ် သူမရဲ့ မျက်လုံးထဲမှာတော့ ဒေါသတွေ ပြည့်လျှံသွားတာကို ပျိုတင်မဟုတ်ဘဲ ကို့ သူငယ်ချင်းတွေ အားလုံးလည်း မြင်တွေ့လိုက်ရသည်။

ပျိုလည်း ကိုက ဘာများပြောလိုက်တာလည်း ဆိုတာ သိချင်မိသည်။ ကို့ကို မေးကြည့်ချင်သည်။ ကို့ကို ကြည့်လိုက်တော့ ကို့ဟာ စိတ်အာရုံတွေ ပြန့်လွှင့်နေပုံပေါ်သည်။ ယောကျာ်းတစ်ယောက်ရဲ့ မာနတွေ ချိုးဖဲ့ခံလိုက်ရတော့ ခုထိ ဒေါသတွေမပြေသေးဘဲ စိတ်ထဲမှာ ခံရခက်နေတယ်နှင့် တူပါရဲ့လေ ။မေးကြောတွေ ထောင်လျက်နူတ်ခမ်းတွေကို တင်းစေ့ထားလေသည်။ကို့ ပုံစံကို ကြည့်ပြီး ပျိုတောင် ကြောက်လာမိသည်။

မင်းခန့်လည်း ပျို့ရဲ့ မျက်နှာကိုကြည့်လိုက်ထဲက ပျို့စိတ်ထဲက အတွေးတွေကို သိလိုက်တော့၏။

မင်းခန့် သူ့ကို ယောကျာ်းမပိသတဲ့ကောင် ထမိန်ဝတ်ထားရမှာ ဆိုတဲ့ စကားတွေက ရင့်သီးလွန်းတာကြောင့် သဒေါတွေက ပိုလို့ပင် ကြီးထွာခဲ့သည်။သူမကို နောက်ပြန်လှည့်ကြည့်လိုက်တော့ သူမက ထိုနေမှာ ရပ်လျက်ရှိနေသေးသည်။

"ခင်ဗျားပြောလိုက်တဲ့ စကားကို ခင်ဗျား တာဝန်ယူရမယ်...ကျုပ်ကလည်း ကျုပ်ပြောတဲ့အတိုင်း လုပ်မှာ..ခင်ဗျား ခံနိုင်ရည်ရှိအောင် ဒီရက်ထဲ အားမွေးထားလိုက်စမ်းပါ...''

မင်းခန့် ရပ်လျက်သား သူ့ကို ဝါးစားမတက်ကြည့်နေတဲ့ သူမကို ကြည့်ပြီး စိတ်ထဲကနေ ဆိုလိုက်၏။

ကားပေါ်ရောက်တော့ သူတို့အားလုံး ငြိမ်နေကြသည်။မင်းခန့်ကို ပြောချင်ပေမယ့် စိတ်မငြိမ်သေးတဲ့အနေအထားမို့ မပြောကြသေးတာလာတော့ မသိချေ။ထိုအခြေအနေကို ဖြိုခွင်းလိုက်သူက ကြွေရုပ်ပျိုပင်။

"ကို..''

"အင်း..''

"မိန်းကလေးတစ်ယောက်ကို လက်ပါမိတာ ကို မှားတယ် သိလား...အမှန်ဆို လက်မပါလည်း ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိနေတာပဲ...''

"ကိုယ်က ကိုယ့်ချစ်သူတစ်ယောက်လုံး ကိုယ့်မျက်စိရှေ့မှာ ရိုက်ခံရတာကို ဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား ပျို...အဲလို ကိုယ် မလုပ်နိုင်ဘူး ပျို...ကိုယ်ဟာ ဖေဖေ့လို လူမျိုး မဟုတ်ဘူး...မိန်းမသားတစ်ယောက်ဖြစ်လို့ ဂရုဏာထားမယ့် အထဲမှာ ကိုယ်မပါဘူး..

မိန်းမဖြစ်ဖြစ် ယောကျာ်းဖြစ်ဖြစ် ပျို့ကိုထိရင် ကိုယ်က သီးခံမှာ မဟုတ်ဘူး...''

"အဲလို မဟုတ်ဘူးလေ ကိုရယ်...ခုကိစ္စက ပျိုက စလိုက်တာ မဟုတ်လား...သူလည်း ရုတ်တရပ်ဆိုတော့ ယောကျ်ားလေး မိန်းမလေးမကြည့်မိလို့ ရိုက်လိုက်တာလည်း ဖြစ်မှာပေါ့ ကိုရဲ့..ခုတော့ သူအမှားကနေ ကိုယ့်အမှား ဖြစ်သွားပြီ...''

ကြွေရုပ်ပျိုရဲ့ ဖြေရှင်းချက်ပေးတာကို မိုးည ဇွဲပြည့် ကိုသူရိန်တို့က ခေါင်းညိတ်ကြလေသည်။

"ဟုတ်တယ် မင်းခန့်... ကြွေရုပ် ပြောတာ ငါတို့လည်း ထောက်ခံတယ်..အမှန်ဆို သူက မိန်းကလေး မင်းလက်မပါသင့်ဘူး...မင်းအားကြီး ရိုက်လိုက်တာ သူမ တော်တော်နာသွားတယ်...''

သူ့ရဲ့ ယောကျာ်းအားနဲ့ ရိုက်လိုက်တောင် မျက်ရည်ကျဖို့နေနေသာသာ သူမရဲ့ မျက်လုံးထဲမှာတောင် မျက်ရည်စတို့ ဝဲရစ်မနေပေ။

"တော်တော် အကြောတင်းတဲ့ မိန်းမ...ခင်ဗျားအချိုးတွေကို ကျုပ်က တစ်ခုချင်းစီ ရိုက်ကျိုးပေးမယ်...ကျုပ်ကြောင့် ခင်ဗျား မျက်ရည်ကျစေရမယ်...''

သူမကို စိတ်ထဲတွင် ကြိမ်းဝါနေသည်မှာ နှစ်ခါပင်ရှိသွားလေ၏။

ကြွေရုပ်ပျို မင်းခန့်ကို ကြည့်ပြီး မေးလိုက်၏။

"ကို.. ဟိုအမျိုးသမီးရဲ့ နားကိုကပ်ပြီး ဘာပြောလိုက်လို့လဲဟင်..ဟိုက တော်တော်လေး ဒေါသထွက်သွားပုံပဲ.. ပျို သိလို့ရမလားဟင်..''

"ကိုယ်က နောက်တစ်ခါဆို ကျုပ်ချစ်သူကို ထိရင် သတ်ပစ်ပြီး အလောင်းပါ ဖျောက်ပစ်လိုက်မယ်လို့ ပြောလိုက်တာ ပျိုရဲ့...''

"အဲဒါကြောင့်ကိုး...''

သူ ပြောလိုက်တာ ထိုသို့မဟုတ်ပေ။သူပြောလိုက်သည့် စကားကို သူမနဲ့သူသာလျှင် သိလေသည်။သူရဲ့ စကားကြောင့် မာနတွေခေါင်ခိုက်နေတဲ့ သူမတစ်ယောက် ဒေါသတွေ ရင်ဝယ်ပိုက်ထားမယ်ဆိုတာ သူ သိလေသည်။

"ကျုပ်ကို ခင်ဗျားပြောလိုက်တဲ့ စကားတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ခင်ဗျား အပြည့်အဝခံစားစေရမယ်...ကျုပ်လိုကောင်ကို စိန်ခေါ်မိတဲ့ ခင်ဗျားအတွက် မဟာအမှားပဲ...''

မင်းခန့်ရဲ့ စိတ်ထဲက ကြိမ်းဝါးစကားသံတွေကို ပန်းငွေ့ရည် ကြားမိရင် သူမရဲ့ အသွေးအသားတွေ ပြောင်းပြန်ဖြစ်သွားမလားမသိပေ။

"ဒါနဲ့ ပျို အဲမိန်းမက ပျိုတို့ ကျောင်းကပဲလား...''

"မသိဘူး ကို..ပျိုတော့ အဲအမကို မမြင်ဖူးဘူး..ပြောင်းလာတဲ့ အသစ်ဖြစ်မယ်ထင်တယ်...မနက်ကျရင်တော့ အကြောင်းစုံသိရမှာပါ...အဲကြမှ ပြောပြပေးမယ်နော်...''

"မလိုဘူး ပျို...''

"အင်းပါ ကိုရဲ့..မလိုရင်လည်းပြီးရောလေ...''

သွန်းသွန်းကတော့ သူ့ကိူ လွန်တယ်မလွန်ဘူးဟူ၍ တစ်ခွန်းမှ ဝင်မပြောပေ။သူနဲ့ပျို့ကိုကြည့်ပြီး ပြုံးနေမိသည်။မေမေသာ သွန်းသွန်းအပေါ်ကို အမြင်ကြည်ပေးရင် ကောင်းမှာလို့ သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။

************* ****************

ပန်းငွေ့ရည် သူမဆောင့်တွန်းသွားသည့် မင်းခန့်ကိုကိုရဲ့ ထွက်သွားသည့် နောက်ကျောပြင်ကို မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများနဲ့ နူတ်ခမ်းသားကို ပြတ်လုမတက် အံကြိတ်ထားလျက် ကြည့်နေသည်မှာ သူမရဲ့ နူတ်ခမ်းသားများမှ သွေးပင်ဆို့လာ၏။

အောက်တန်းစားကောင်...

သူမရဲ့ဖရိုဖရဲဖြစ်နေသည့် အကျီကို ပြင်လိုက်ပြီး သူမရဲ့ ခြေလှမ်းတွေကို ကျောင်းထဲကို ဦးတည်လိုက်သည်။ကျောင်းသူကျောင်းသားတွေဟာ ငွေ့ရည်ကိုကြည့်ပြီး သို့လောသို့လော တီးတိုးပြောကြသည်။ထိုအခါ ဝဲရစ်လာတဲ့ မျက်ရည်တွေကို မကျမိအောင် ပုတ်ခတ်လိုက်ပြီး မသိချင်ယောင်ဆောင်ပြီး ရှေ့ကိုသာသွားလေသည်။

ငွေ့ရည်လည်း အလုပ်တွဲလုပ်ရတော့မယ့် ဆရာ ဆရာမတွေနဲ့တွေ့ဆုံပြီး မိတ်ဆက်လေသည်။ဆရာ ဆရာမတွေက ငွေ့ရည်ရဲ့ မျက်နှာကိုတစ်ချက်သာကြည့်ပြီး ဘာမှလည်းမမေးသလို မသိချင်ဆောင်ယောင်ကြီး ရယ်ရယ်မောမော နူတ်ဆက်ကြသည်။ငွေ့ရည် စာသင်ပေးရမည့် အတန်းထဲကိုရောက်တော့ ကျောင်းသားတွေတချို့က အမူအရာနဲ့ လုပ်ပြီး ငွေ့ရည်ကိုလှောင်ပြောင်ကြသည်။

ငွေ့ရည်ကို လှောင်ပြောင်နေတဲ့ ထိုကလေးတွေကို သဒေါမထွက်ချေ။ဒီလို ဖြစ်အောင်လုပ်သွားတဲ့ အောက်တန်းစားကောင်ကိုသာ သတ်ချင်စိတ်တွေက တစ်ဖွားဖွားရယ်ပါ။

ဒီလောက်ဆို ပြောလို့ဝသွားလောက်ရောပေါ့. တီချယ်တို့ စာသင်ကြတော့မလား ကလေးတို့ ...

ငွေ့ရည် သူမက ဆရာမဖြစ်ကြောင်းပြောလိုက်တာနဲ့ ကျောင်းသားတွေရဲ့ ဗျာ ရှင်ဆိုသည့် အာမေဋိာတ်အသံတွေနဲ့အတူ မျက်လုံးတွေထဲမှာလည်း ကြောက်ရွံ့နေတဲ့ ပုံရိပ်တွေ ကိန်းအောင်းနေတော့သည်။သူမ ကလေးတွေရဲ့ မျက်နှာလေးတွေကို ကြည့်ပြီး ပြုံးလိုက်မိသည်။ဆရာသမားဆိုရင် ကျောင်းသားတွေကြောက်တာ သဘာဝပေမဟုတ်လား..။

ရန်ကုန်ဆေး၁မှာ စာသင်ပေးတဲ့ ဆရာမကြီးက နိုင်ငံခြားကို မဖြစ်မနေသွားရမယ့် ကိစ္စလေးရှိလို့ ငွေ့ရည်ကို သူမအစား စာသင်ပေးဖို့ အကူအညီတောင်းတာကြောင့် ငွေ့ရည် မိုးကုတ်ကနေ ဒီကိုရောက်လာခဲ့တာ၊ဒီရောက်တော့လည်း ဆရာမကြီးက နေရာစရာနေရာပါ စီစဥ်ပေးထားသလို အလုပ်အတွက်ဆေးရုံတစ်ခုနဲ့တောင် ချိတ်ဆက်ပေးထားလေသည်။

ငွေ့ရည် စာသင်ပြီးသွားတော့ အိမ်ကိုသာ တန်းလာခဲ့တယ်။ ဆရာမကြီး ချိတ်ဆက်ပေးထားသည့် ဆေးရုံကို ဒီပုံနဲ့ သွားဖို့အဆင်မပြေတာကြောင့် ဖုန်းဆက်ပြီး နှစ်ရက်သုံးရက်နေမှ အလုပ်စဝင်မည့် အကြောင်းကို ပြောလိုက်တော့တယ်။ဆေးရုံအုပ်ပေါ် မလေးမစားဖြစ်သွားတာကို သိပေမယ့်လည်း မတက်နိုင်တော့ပါလေ။

သန်မာတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အားနဲ့ လွှဲရိုက်လိုက်သည့်အရှိန်ကြောင့် ပါးပြင်းတစ်ခုလုံးလည်း နာကျင်နေသည်။နားတစ်ဖက်ဆိုလျှင်လည်း အခုထိတိုင် အူနေစဲပင်ဖြစ်၏။ထိုယောကျာ်းရှေ့မှာ နာကျင်လွန်းပေမယ့်လည်း မကျမိအောင် ထိန်းထားသည့် မျက်ရည်တို့ဟာ အိမ်ကိုရောက်လာသည့်အခါ ရှုံးပွဲချ၍ ငိုကြွေးလေသည်။

ပြင်းထန်သည့် ဒဏ်ရာကြောင့် ထမင်းပင် စား၍မရခဲ့ပေ။ဘဝမှာ တစ်ခါမှ အရိုက်မခံရဖူး၍ ဒီနာကျင်မှုတွေကြောင့် ခေါင်းတစ်လုံး တစ်ဆစ်ဆစ် ထိုးကိုက်အုံခဲလာတော့သည်။ငွေ့ရည် ခေါင်းကိုက်လာတာကို မခံနိုင်တော့၍ ရေပင်မချိုးနိုင်တော့ဘဲ ဆေးသောက်ပြီး အိပ်လိုက်တော့၏။အဖျားတွေတက်၍ တစ်ညလုံး ကောင်းကောင်းမအိပ်ရပေ။

ပြတင်းပေါက်နေ မနက်ခင်းနေရောင်ခြည်နွေးနွေးလေးရဲ့ အလင်းရောင်စူးစူးလေးကြောင့် မျက်လုံးမဖွင့်ပေမယ့် သူငယ်အိမ်သာလှုပ်ရှားလိုက်သည်။

ဖုန်းလာ၍ မှိတ်ထားသည့် မျက်လုံးတို့ကိုဖွင့်လိုက်တော့တယ်။အချိန်ကိုကြည့်လိုက်တော့ ကိုးနာရီပင်ထိုးနေပြီ။ငွေ့ရည် ဒီကိုစရောက်ထဲက မနက်ခင်းရှစ်နာရီဆို ကိုကို့ကို ဖုန်းဆက်နေကျပါ။ဒီနေ့တော့ ညကကောင်းကောင်းမအိပ်လိုက်ရ၍ မိုးလင်းပိုင်းမှသာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ထို့ကြောင့် ကိုကို့ကို ဖုန်းမဆက်ရပေ။

"ဟလို ကိုကိို..''

"ညီမလေးဖုန်းမဆက်လို့ ကိုကိုစိတ်ပူသွားပဲကွာ....နေမကောင်းဘူးလား ညီမလေး..

အသံလည်းမကောင်းဘူး...''

"ညီမလေး တအားလည်း နာနေတယ်...နားလည်းအူနေတယ်...ခေါင်းလည်းတအားကိုက်တယ်...ထမင်းလည်းမြိုချလို့မရဘူး ကိုကိုရယ်..''

ငွေ့ရည် သူမခံစားရသည့် ဝေဒနါတွေကို ဖြစ်သူအား ပြောပြပြီး ငိုလေသည်။သူမရဲ့ ငိုသံ သဲ့သဲ့လေးကြောင့် ဇာနည်ဇွဲရည်တစ်ယောက် စိတ်ပူလွန်ပြီး ရန်ကုန်ကို ပြေးလာချင်စိတ်တွေ ပေါက်လာတော့တယ်။ငွေ့ရည်ကို ကိုယ့်ဇာတိမွေးရက်ချက်မြေ မဟုတ်သည့်နေရာကို အဖော်မပါဘဲ တစ်ယောက်ထဲလွှတ်လိုက်မိတာကို နောင်တရမိလေသည်။

"ပြန်လာချင်လား ညီမလေး ကိုကို့ကိုပြောနော်.. ညီမလေးသာ ပြန်လာချင်တယ်ဆိုရင် ကိုကိုအခုပဲလာကြိုမယ်...''

"ညီမလေးကို ယုံကြည်လို့ ဆရာမကြီး သူ့တာဝန်တွေကို လွှဲပေးထားတာလေ ကိုကိုရယ်...ညီမလေး ဆရာမကြီးကို စိတ်မပျက်စေချင်ဘူး...''

"ကိုကို့ညီမလေးသဘောပါဗျာ...ဒါပေမယ့် ဒီနေ့တော့ အိမ်မှာဘဲ နားနားနေနေလေးနေနော်..ကျောင်းလည်းမသွားနဲ့ ခွင့်လှမ်းယူလိုက်..ဆေးရုံလည်း မသွားနဲ့...ကိုကိုပြောတာ ကြားတယ်နော်...''

"ဟုတ်ကဲ့ပါရှင့်... ကိုကိုမပြောလည်း ညီမလေးက ဒီနေ့နဲ့မနက်ကို နားမလို့ဘဲ...ခုနေမကောင်းတဲ့အချိန် ကိုကိုပြုတ်တိုက်တဲ့ ဆန်ပြုတ်လေး သောက်ရရင် ကောင်းမှာပဲလို့ တွေးနေတာ သိလား ...''

"ကိုကို လာပြုတ်တိုက်ရမလား...''

"ဟီးဟီး.. အဲဆိုရင် ညီမလေးက ပျော်တာပေါ့...ဒါနဲ့လေ ကိုကို..ဆေးတွေသောက်ဖို့လည်း မမေ့နဲ့နော်...တစ်ခုကိုမြင်ယောင်ပြီး ခေါင်းရမ်းကိုက်လာရင် ဆက်မစဥ်းစားနဲ့ ရပ်လိုက် သိလားကိုကို...''

"အင်း...ဒါပဲနော် ကိုကို့ညီမလေး...''

"ဟုတ်...''

ကိုကိုဟာ ငွေ့ရည်အပေါ်မှာ အမေလိုအဖေလို အစ်ကိုလို သူငယ်ချင်းလို မေတ္ထာအမျိုးအမျိုးပေးစွမ်းတဲ့သူတစ်ယောက်ပါ။

ငွေ့ရည်ဒီမှာတစ်ယောက်ထဲဖြစ်လို့ ကိုကိုက ငွေ့ရည်ကို စိတ်မချသလို တစ်ခါခါ သေလောက်အောင်ခေါင်းကိုက်ဝေဒနါကို ခံစားနေသည့် ကိုကို့ကိုလည်း ဟိုမှာ တစ်ယောက်ထဲထားခဲ့ရတာကို သူမလည်း စိတ်မချပါလေ။

သူမသာ ဒီမှာ ယောကျာ်းတစ်ယောက်ရဲ့ပါးချလိုက်တာကို သိရင် ကိုကို ဘယ်လိုများ တုန့်ပြန်လိမ့်မလဲ..။ငွေ့ရည်ကတော့ ကြောက်စရာကောင်းသည့် သူ့ရဲ့စကားတွေကြောင့် သူ့ကို ကြောက်မိသလိုလိုပဲ။

"ခင်ဗျားပြောလိုက်တဲ့ ယောကျာ်းမပီသဘူးဆိုတဲ့ကောင်က ခင်ဗျားကို ယောကျ်ားပီသကြောင်းပြမယ်..ဒီရက်ထဲ ခင်ဗျား အားမွေးထားလိုက်..ကျုပ် ဘယ်လောက်ယောကျာ်း ပီသလဲဆိုတာ နောက်ကျရင် ခင်ဗျားသိစေရမယ်...''

သူပြောသွားသည့် သူရဲ့စကားတွေကို သူမ တွေးလေတွေးလေ ဒေါသလည်းထွက်ရသလို ကြောက်စိတ်လည်းဝင်မိသည်။သူ့စကားအတိုင်း တကယ်ပြုမူလာမှာကိုပေါ့။ဒါပေမယ့် ဒီတိုင်းစကားနဲ့သာ ငွေ့ရည်ကို တုနိ့ပြန်တာနေမှာပါလေ။သူ့မှာ မိန်းကလေးရှိနေတာဘဲ မလုပ်လောက်ပါဘူးဟု ထင်ခဲ့မိသည်။သို့သော်......။

« ရှေ့အခန်း - အပိုင်း၉ နောက်အခန်း - အပိုင်း ၁၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ