Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း၉

"သွန်းသွန်း နင် ဒီနေ့တော့ တစ်ယောက်ထဲပဲ အတန်းတက်ပြီး တစ်ယောက်ထဲပဲ ပြန်လိုက်တော့ဟာ..ငါတို့ ပျို့ဆီ သွားမလို့..''

"ငါတစ်ယောက်ထဲတော့ အတန်းလည်းမတက်ချင်ဘူး တစ်ယောက်ထဲလည်း မပြန်ချင်ပါဘူး...နင်တို့နဲ့လိုက်ခဲ့မယ်လေနော်...''

"အဲဆိုလည်း လိုက်ခဲ့ သွားမယ်..''

မင်းခန့်ကိုကိုနဲ့တူတူ ဇွဲပြည့်မာန် မိုးည ကိုသူရိန် သွန်းသွန်းရွှေရည် တို့က ကြွေရုပ်ပျိုရှိတဲ့ ဆေး၁သို့ လာနေချိန်မှာပဲ.. မင်းခန့်တစ်ယောက် ကြွေရုပ်ပျိုဆိုသည့် ပျို့ဆီကို သူလာနေပြီဆိုသည့်အကြောင်းကို စာပို့လိုက်၏။

"ပျို ကိုယ်လာနေပြီ..ခဏနေ ရောက်လာတော့မယ်...''

"အင်း..ပျို ရှေ့ကနေ ထွက်စောင့်နေမယ် ကို...ကားကို မြန်မြန်မမောင်းဘဲ ပုံမှန်ပဲ မောင်းလာခဲ့နော်..ပျို စိတ်ပူလို့...''

"အဲအတွက် စိတ်မပူနဲ့ ပျို..ကားက ဇွဲပြည့်မောင်းတာ ကိုယ်မောင်းတာမဟုတ်ဘူး .. သူက ကားမောင်းတဲ့ နေရာမှာ စိတ်ချရတယ်..''

"အင်းအင်း...ဒါပဲနော် ကို...''

သူမလေးနဲ့ စာပို့ပြီးနောက် မကြာမှီအချိန်အတွင်းမှာ သူတို့ငါးယောက်သား သူမလေးရဲ့ဆေးကျောင်းတော်ကြီးရှေ့ကို ရောက်လာခဲ့သည်။ သူ သူမလေးကို တွေ့လို့တွေ့ညား လှည့်ပတ်ကြည့်ပေမယ့် သူမလေးကိုတော့ အရိပ်ယောင်တောင် မတွေ့ပေ။ခဏနေတော့မှ ကြည်လင်အေးမြသော အသံကလေးနဲ့ လှပသေသပ်စွာသည့် အပြုံးကလေးနဲ့အတူ သူ့ကို လှမ်းခေါ်လေသည်။

"ကို့..''

ကြည်လင်အေးမြသော အသံလေးက နားထဲကို တေးသွားတစ်ပုဒ်လို တိုးဝင်လာခဲ့သည်။ချစ်သူလေးရဲ့ လှပသေသတ်စွာ ပြုံးပြနေသည့် အပြုံးလေးက သူ့ရင်ကိုအေးချမ်းသွားစေသည်။ကြွေရုပ်ပျိုဆိုတဲ့ နာမည်လေးနဲ့ လိုက်အောင် ဝါဝင်းသော မျက်နှာကလေးက အပြစ်ကင်းစင်ကာ မြန်မာဝမ်းဆက်လေးရဲ့အပေါ်ကနေ ဂျုတီကုတ်လေးကို ဝတ်ဆက်ထားလျှက် ယဥ်စစလေးနဲ့ တင်ပါးထိရှိသော ဆံနွယ်ရှည်တို့နဲ့ ကြည့်ကောင်းလွန်းလှသည်။

"ကြွေရုပ်ကလေးလို ချောမောလှပလွန်းသည့် သူချစ်လေးကို ငေးမောကြည့်နေခိုက် ''

"ရွံ့စရာအကောင် ..''

သွန်းသွန်းတစ်ယောက် တိုးတိုးပြောကာ မင်းခန့်ကိုကြည့်လျက် စောက်မြစ်ကပ်ကပ်နဲ့ ကျောကိုတစ်ချက်ထုလိုက်သည်။

"ဘုန်း...''

"အား..သွန်းသွန်းမ နင့်အားကြီးနဲ့ နာတယ်ဟ..''

မင်းခန့်လည်း သူ့ကျောပြင်ကို ပွတ်လျက် ပြောလိုက်၏။

"တော်ယုံဘဲကောင်းတယ် သိလား မင်းခန့်...ခုမှတွေ့ဖူးသလိုနဲ့ ငေးကြည့်နေတာများ မပြောလိုက်ချင်ဘူး...နေ့တိုင်းလည်း တွေ့နေကြတာကို အပိုတွေသိပ့်လုပ်တာပဲ...''

"ဟား..ဟား...''

"မင်းခန်းလည်း သွန်းသွန်းရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ဟားတိုက်ရယ်ပြီးနောက်''

"ဘာလဲ နင့်ကို အဲလိုကြည့်မယ့်သူ မရှိလို့ မနာလိုနေတာလား...''

"ဖြစ်စရာလား...''

"ဖြစ်နေပါတယ်..ကောင်မလေးတစ်ယောက် မနာလိုနေပါတယ်..သနားစရာ ကောင်းလိုက်တာကွာ...ဟား..ဟား...''

"သူမကို ခနဲ့တဲ့တဲ့ပြောနေသည့် မင်းခန့်ရဲ့ မျက်နှာက ဘယ်လောက်ဆွဲကုတ်ချင်စရာကောင်းသလဲ မမေးနဲ့..''

"အိုး..ငါထပ်ရိုက်ထည့်လိုက်ရနော်...''

"ဟေး..ဟေး..ငါ့ကို ရိုက်ဖို့မကြံနဲ့နော်...ဟိုမှာတွေ့လား ငါ့ချစ်ချစ်လာနေပြီ..ငါ့ကိုထိရင် သူမလေးနဲ့ ငြိသွားလိမ့်မယ်...အပျိုကြီးရဲ့...''

မင်းခန့်လည်း စပ်ဖြီးဖြီးနဲ့ သွန်းသွန်းကို သူတို့ဆီကို လာနေသည့် ပျို့ကို လက်ညိုးထိုးပြီး တစ်ဖန်စနောက်ပြန်သည်။

"မင်းခန့် နင်နော်...''

"အဲလိုမပြောနဲ့ မင်းခန့်ရာ...မင်းလည်းမင်းကောင်မလေးကိုကြည့်သလို သွန်းလေးကို ဇွဲပြည့်ဆိုတဲ့ ငါကလည်း အရိပ်တကြည့်ကြည့် ကြည့်နေတာပါကွာ..''

"ပြောလိုက်စမ်းပါ ဇွဲပြည့်ရယ်... ငါ့ကိုဆို ဒီကောင် အထင်သေးလွန်းတယ် သိလား...''

"ကြောင်နဲ့ကြွက်က ဒီလိုကျတော့ အတိုင်ပေါက်ညီသားပါလား..''

"ဟုတ်တယ် မိုးည.. မင်းပြောတာ ဒီတစ်ပေါက်တော့ မှန်သွားပြီကွ..ဒါနဲ့ မင်းတို့နှစ်ယောက်က ငါတို့မသိအောင် ကြိတ်ပုန်းခုတ်နေတာပေါ့..''

"မသာကောင် အစုတ်ပလုပ်တွေ သူတို့ပြောမှ ပိုဆိုးကုန်ပြီ...အထူအပါးကို နားမလည်ဘူး...ဘယ်လိုလုပ်ပြီး TU ကျောင်းသားဖြစ်လာလည်း မသိဘူး...''

"စိတ်လျော့..စိတ်လျော့ထား သူငယ်ချင်းလေး..နဂိုတည်းက မလှတဲ့ရုပ်ခံလေး ဒေါသကြောင့် ပိုရင့်သွားမယ်..ဟား...ဟား..''

"သေနာကောင်လေး...''

မင်းခန့်ကလည်း အချစ်ဆုံးသူငယ်ချင်းလေးဖြစ်တဲ့ သွန်းသွန်းကို မထိတထိ စနောက်နေတော့သည်။သွန်းသွန်းကလည်း မကျေမနပ်မျက်နှာဘေးနဲ့ ကြည့်နေတော့သည်။သွန်းသွန်းရဲ့ ထိုပုံစံကို ကြည့်ပြီး မင်းခန့်တို့တစ်စု ရယ်မောနေကြသည်။

ထိုအချိန် ကြွေရုပ်ပျိုဆိုတဲ့ ကြွေရုပ်လေးလိုလှပတဲ့ မင်းခန့်ရဲ့ ဆေးကျောင်းသူချောချောလေးက မင်းခန့်တို့ အနားကို ရောက်လာခဲ့တော့သည်။သူမလေးက ရောက်ရောက်ချင်းမှာပါပဲ သွန်းသွန်းကို ကြည့်လိုက်ပြီး သူ့ကိုကြည့်လာသည်။

"ကိုကလည်း ကလေးလည်းမဟုတ်တော့ဘဲနဲ့ ဘာလို့ မသွန်းကို လိုက်စနေတာလည်း ဟိုမှာငိုတော့မယ်...''

"သူကအရင် ကိုယ့်ကို စတာ ပျိုရဲ့...အဲတော့ ကိုယ်က ပြန်စပေးလိုက်တာပေါ့ကွာ...''

"မသွန်းက စတာနည်းနည်းပဲဖြစ်မှာပါနော်..ကို စတာက များများ မဟုတ်လား...ကို့အကြောင်းကို ပျို မသိတာကြလို့...''

"တွေ့ရတုန်းလေးမှာ ကိုယ်တို့ရဲ့ အချစ်ကြောင်းတွေပဲ ဆိုကြရအောင်နော် ပျို...''

"ကိုနော် သူငယ်ချင်းတွေရှိတယ်လေ.. ဘယ်လိုဖြစ်နေတာလဲ.. ''

"အဟန့်...ဟန့်...ချစ်သူနှစ်ဦးက အချစ်ကြောင်းပြောမလို့တဲ့ အားလုံးပဲ အလိုက်တသိ ရှောင်ပေးရမယ်လေ...''

မျက်နှာကလေးကို ချီလျက် ထိုသို့ပြောလိုက်သူက သွန်းသွန်းပင်။

"အာ..မသွန်းကလဲ...''

သွန်းသွန်းက ထို့သို့ပြောလိုက်တဲ့အခါ ဇွဲပြည့် မိုးည သူရိန်တို့က ဟားတိုက်ပြီး ရယ်မောကြတော့ ဘေးပတ်လည်က ကျောင်းသူကျောင်းသားတွေ ဝိုင်းကြည့်လာတော့ ကြွေရုပ်ပျို ရှက်သွားပြီးလေသည်။ရှက်ရှက်နဲ့ နောက်ဆုတ်ရင်း ဆုတ်ရင်း အလှည့်မှာ ခြေထောက်ခေါက်ပြီး လဲကျမလို ဖြစ်သွားခဲ့သည်။ ထိုချိန် အနားမှာရှိတဲ့ အမှီကို အမိအရ လှမ်းဆွဲလိုက်၏။

"ဗြုတ်..ဗြုတ်..ဗြိ...ဗြိ..''

"ဖြန်း...''

ငွေ့ရည်ကို တစ်ယောက်ယောက်က ဆွဲလိုက်တာကြောင့် အကျီကြယ်သီးတွေကနှိပ်စိတွေဖြစ်တာကြောင့် ပြုတ်ကုန်သလို အပေါ်ထပ် အကျီလေးဟာလည်း လက်နဲ့ထိုးထားသည့် ဟန်းမိတ်ဆွယ်တာလေးဖြစ်တာကြောင့် ပြဲသွားလေသည်။ဒီအကျီလေးဟာ သူမကို ပထမဆုံးအကြိမ် သူမရဲ့ကိုကိုဝယ်ပေးထာသည့် သူမအတွက်တန်ဖိုးမဖြတ်နိူင်သည့်အရာလေးဖြစ်တာဖို့ ဖျက်စီးခံလိုက်ရချိန်မှာ မျက်လုံးထဲ မီးပွင့်သွားပြီး ယောကျာ်းလေး မိန်းကလေး မခွဲခြားနိုင်ဘဲ လက်ပါမိလိုက်သည်။

ကြွေရုပ်ပျိုလည်း ပန်းငွေ့ရည်ရဲ့ ရိုက်ချက်ကြောင့် နာသွားတာရယ် လူတွေဝိုင်းကြည့်နေတာကြောင့် ရှက်တာရယ် နှစ်ခုပေါင်းပြီး မျက်ရည်တွေ ရစ်ဝဲလျက်။

"ပျို တောင်းပန်ပါတယ်.. ပျို ခြေထောက်ခေါက်သွားလို့ ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်မိတာပါ...ပျိုကြောင့် ဖြစ်သွားတဲ့ အကျီဖိုးလည်း ပြန်လျော်ပေးပါ့မယ်...''

ငွေ့ရည်လည်း ရိုက်လိုက်ပြီးမှ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့သည်။သူမကို တောင်းပန်နေတဲ့ ထို မိန်းကလေးကို ကြည့်လိုက်တော့လည်း မျက်လုံးဝိုင်းလေးမှာ မျက်ရည်စတွေ ခိုအောင်းနေတာကို မြင်လိုက်ရသည့်အခါ စိတ်မကောင်းဖြစ်သွားလေသည်။

"ရတယ်..ဒို့လည်း ရုတ်တရပ်ဆိုတော့ စိတ်လွှတ်သွားလို့ လက်ပါမိတာ တောင်းပန်တယ်...ဒို့ကို ပြန်ရိုက်ချင် ရိုက်လိုက်ပါ...''

"အိုး..မဟုတ်တာ မှားတာ ပျို ''

"ဖြန်း...''

"ကို့...''

"မင်းခန့်...''

ကြွေရုပ်ပျိုနဲ့ သူ့သူငယ်ချင်းတွေရဲ့ စကားတောင် မဆုံးသေးပါ မင်းခန့်က လက်က ပန်းငွေ့ရည်ရဲ့ ပါးပြင်ပေါ်သို့ ရောက်လာခဲ့လေသည်။အနားမှာရှိတဲ့ ပျိုတောင် တားချိန်တောင်မရလိုက်ပေ။

မင်းခန့်လည်း ပျို သူ့ရှေ့မှာ ရိုက်ခံလိုက်ရတော့ မျက်လုံးထဲမှာ ဘာမှမမြင်တော့ဘဲ သူမတို့နားကို အလျင်အမြန် ရောက်လာခဲ့သည်။

သူအမြတ်တနိူး နမ်းရှိုက်တဲ့ ချစ်သူလေးရဲ့ ပါးပြင်နုနုလေးကို ရိုက်ခံရတာကြောင့် ဒေါသတွေ အလွန်အမင်းဖြစ်သွားခဲ့ပြီး ယောကျာ်းတစ်ယောက်အနေနဲ မိန်းကလေးတစ်ယောက်အပေါ် ပထမဦးဆုံး လက်ပါခဲ့သည်။ အဲတွက်လည်း သူ့ နောင်တမရပေ။

ယောကျာ်းတစ်ယောက်အားနဲ့ ရိုက်လိုက်တာကြောင့် ငွေ့ရည် ထိုနေမှာ ပုံရပ်လေးခွေကြသွားခဲ့သည်။နားအူသွားသလို ပါပြင်လည်း ပူထူသွားခဲ့ပြီး ခေါင်းကမိုက်ခနဲဖြစ်ကာ အမြင်တွေဝေဝါးလျက် သူမကို ရိုက်လိုက်သည့် ထိုယောကျာ်းရဲ့ မျက်နှာကို မျက်တောင်မခတ် နာနာကျည်းကျည်း ကြည့်လိုက်သည်။

"တောက်..''

မျက်လုံးများမှာလည်း ဒေါသမီးတောက်တွေ အပြည့်အလျှံနှင့်၊နူတ်ခမ်းကို ထိကိုက်ထားသည်မှာ ပြတ်လုမတက်၊သူကို ကြည့်နေသည့် သူမရဲ့ ပုံစံက နည်းနည်းလေးကိုမှ မချိုးမပြေပေ။သူမကို ကိုင်ပေါက်ချင်တဲ့စိတ်ကို မနည်းထိန်းလိုက်ပြီး မင်းခန့်လည်း တောက်ခတ်လိုက်တော့သည်။

"ကို့...''

နောက်တစ်ချိန် ကိုက တောက်ခတ်လိုက်တာဖြစ်လို့ ပြဿနာမကြီးအောင် ပျိုလည်း ကို ခေါ်လိုက်ပြီး ခေါင်းရမ်းပြလိုက်ရသည်။မဟုတ်ရင် ပြဿနာတွေ ကြီးလာမှာ ဆိုးတယ်။ပျိုတို့အနား ရောက်လာတဲ့ မသွန်းနဲ့ပျိုလည်း ကို့ကြောင့် လှဲသွားသည့် အမျိုးသမီးကို ထူပေးဖို့ သွားသည်။သို့ပေမယ့် ထိုအမျိုးသမီးက လက်မခံခဲ့ပေ။

"ငွေ့ရည်လည်း သူမကို ကောင်မလေး နှစ်ယောက်က လာထူပေးတာကို လက်မခံဘဲ ကိုယ်တိုင်သာ မတ်တက်ရပ်ထလိုက်ပြီး နူတ်ခမ်းလေး ကွေးသွားသည်အထိ မဲ့လိုက်ပြီး မင်းခန့်ကိုကိုရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီးနောက်''

"ထပ်ရိုက်အုန်းမလား...ရိုက်လိုက်စမ်းပါ...နင်က အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ကို လက်ပါတဲ့ ယောကျ်ားမပီသတဲ့အကောင်ဆိုတာ တလောကလုံးသိသွားအောင်လေ...''

"ဘာ..''

မင်းခန့်ရဲ့ ဘာဆိုတဲ့ အသံကြီးက ဟိန်းထွက်လာတော့သည်။

"မဟုတ်လို့လား .. မိန်းမလိုမိန်းမရအကောင်ရဲ့..အမှန်ဆို နင်လိုကောင်က ထမိန်ဝတ်ထားရမှာ သိလား..''

မင်းခန့် သူ့ရှေ့တည့်တည့်ကနေ သူ့ကို မဲ့ကာရွဲ့ကာနဲ့ သူ့ကို ထိုးနှက်နေသည့် စကားလုံးက ပြင်းထန်းကာ ယောကျာ်းမပီသဘူးလို့ ပြောသည့်စကားကြောင့် ဒေါသတွေက မီးကို ဓာတ်ဆီးလောင်းလိုက်သလို မီးဟုန်းဟုန်းတောက်လောင်လာခဲ့ပြီး ယောကျာ်းတွေ မိန်းမတွေ နားမလည်တော့ဘဲ သူမရဲ့အကျီစကို စောက်ဆွဲလိုက်ပြီး ထိုးဖို့လက်ရွယ်လိုက်၏။

"ကို့..''

"မင်းခန့်...''

ပျိုနဲ့ သူ့ငယ်ချင်းတွေဟာ သူ့ကို သံပြိုင်ခေါ်ပြီး လက်ရွယ်နေချိန်မှာ ဝင်ဆွဲလိုက်တာကြောင့် သူ့ သူမကို မထိုးတော့ဘဲ သူမရဲ့ နားနားကို ကပ်ပြောလိုက်ပြီးနောက် စောက်တွန်းလိုက်၏။

မင်းခန့်ရဲ့ ယောကျ်ားအားနဲ့တွန်းလိုက်သည့်အချိန်ကြောင့် လှဲမကျသွားပေမယ့် ယိုင်သွားလေသည်။သူမကို ကြောက်စရာကောင်းသည့် အပြုံးနဲ့ကြည့်ပြီး ထိုနေကနေ ထွက်လာခဲ့သည်။

ငွေ့ရည် သူမကို ပြောသွားသည့် စကားကြောင့် အသားဆက်ဆက်တုန်ပြီး ရှက်ရွံ့ပူထူသွားကာ လက်တွေကို ကျစ်နေအောင် ဆုပ်ထား၏။ နူတ်ခမ်းအတွင်းသားကို ပြတ်မတက် ဖိကိုက်ထားပေမယ့် ထိုနာကျင်မှုကို မေ့လျော့ပြီး ဒေါသတွေ အလိတ်လိတ်ထွက်ကာ ထိုနေရာမှာ ကျန်ရစ်ခဲ့သည်။

« ရှေ့အခန်း - အပိုင်း၈ နောက်အခန်း - အပိုင်း၁၀ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ