လှောင်ရယ်ပြုံးနေတဲ့ အပြုံးတို့က သူမရဲ့မျက်လုံးထဲမှာ မြင်ယောင်နေတာကြောင့် ဘယ်လိုမှ ဆက်အိပ်၍မရပေ။အိပ်၍မရတော့သည့် အဆုံးမှာ အခန်းထဲကထွက်လာခဲ့သည်။ငွေ့ရည် အိမ်ရှေ့ကိုထွက်လာတော့ ကိုကိုနဲ့ကိုကြီးထက်ဝေယံတို့က အလုပ်သွားဖို့ ပြင်ဆင်နေကြသည်။
"ကိုကို အလုပ်ကပြန်လာရင် မာလာရှမ်းကောနဲ့ စတော်ဘယ်ရီသီး ဝယ်လာခဲ့ပေးနော်...ကိုကြီးထက်ဝေယံက ရေခဲမုန့်ဝယ်လာခဲ့ပေး...''
"ညဥ်းပြန်အိပ်နေတာမဟုတ်ဘူးလား..နိုးလာပြီလား ပန်းငွေ့ရည်...ငါတို့နှစ်ယောက်က အိပ်ချင်တာ အလုပ်သွားရမှာဟုတ်လို့..ညဥ်းမျက်လုံး ငါတို့ကို ခဏဌားလိုက်ပါလား...''
ထက်ဝေယံပြောတာကို ငွေ့ရည်ပြုံးရယ်လိုက်တော့သည်။
"သွားအိပ်နေပါ့လား ညီမလေး..ညကလည်း ကောင်းကောင်းအိပ်ရတာ မဟုတ်ဘဲနဲ့.. သွား..သွား..ပြန်သွားအိပ်ချေ...''
"ညီမလေး မအိပ်ချင်လို့ပါ ကိုကိုရယ်...''
"မအိပ်ချင်လည်းတရေးပဲ ဖြစ်ဖြစ်ပြန်အိပ်လိုက် ဒါမှ ကိုကိုညီမလေး အားရှိမှာ..ကိုကိုတို့ သွားပြီနော်...''
"ဟုတ်...''
ဇာနည် သူမရဲ့ ခေါင်းလေးကိုပုတ်ပြီး ပြောလေ၏။ထို့နောက် သူတို့နှစ်ယောက် သူမကို နူတ်ဆက်ပြီး အိမ်ထဲက ထွက်လာခဲ့သည်။
ငွေ့ရည်လည်း ကိုကိုတို့ အလုပ်သွားကြတော့ အိမ်မှာတစ်ယောက်ထဲသာ ကျန်ခဲ့လေ၏။ငွေ့ရည် ကိုကိုရဲ့ အခန်းထဲဝင်ပြီး ကိုကိုဆွဲထားတဲ့ ပုံလေးများကို ယူကြည့်လိုက်၏။စက္ကူပုံလေးမှာ ဆွဲထားသည့် မိန်းကလေးရဲ့အပြုံးက အသက်ဝင်လှသည်။ကလေးလေးကလည်း ချစ်စရာကောင်းလွန်းသည်။
"သူမတို့ သားမိ ဘယ်နေရာမှာများရှိနေမလဲ... ကိုကို့ကို သူ့မိသားစုလေးနဲ့ အမြန်ဆုံး ပြန်ဆုံစေချင်မိတယ်...ငွေ့ရည်လည်း ယောင်းမနဲ့တူလေးကို တွေ့ချင်တယ်...''
ဒီတစ်ခါတော့ ကိုကိုရဲ့စကားကို ငွေ့ရည် နားမထောင်လိုက်ပဲ နေလိုက်တော့တယ်။ကိုကိုကပြန်အိပ်လို့ ပြောသွားပေမယ့် ဆက်မအိပ်တော့ဘဲ ကိုကို အခန်းထဲက ထွက်လာတာနဲ့ ခြံထဲဆင်းပြီး စံပယ်ပန်းလေးများကို ခူးယူနေလိုက်သည်။တစ်ညလုံး မအိပ်ထား၍ နောက်ကျိကျိဖြစ်နေသည့် ခေါင်းဟာ စံပယ်ပန်းရနံ့သင်းသင်းလေးကြောင့် ကြည်လင်သွားတာတော့အမှန်။ငွေ့ရည် စံပယ်ပန်းလေးများကို ခူးရင်း ကိုကိုပြောနေကျ စကားကြောင့် ပြုံးလိုက်မိသည်။
"ပန်းတို့တွေ ဘယ်လောက်ပဲလှလှ သူ့အိပ်မက်ထဲက အလှနတ်သမီးလေးရဲ့ အလှကိုမမှီပါဘူးတဲ့လေ...''
အဲတုန်းက ကိုကိုအလိုပြောလို့ ကိုကြီးထက်ဝေယံနဲ့သူမ ကိုကို့ကို သူမတို့နှစ်ယောက်သား ပြောင်ခဲ့သည်။နှစ်ယောက်တစ်ယောက်ဆိုတော့ ကိုကိုက ငွေ့ရည်တို့ကို စိတ်ဆိုးပြီး စကားတောင်မပြောပေ။ငွေ့ရည်နဲ့ကိုကြီးထက်ဝေယံမှာ ကလေးများလို လိုက်ချော့ရသေးသည်။
ကိုကိုဆွဲထားတဲ့ ပုံလေးကိုမြင်တော့မှ ကိုကိုပြောတာကို တကယ်ယုံသွားရလေသည်။ပန်းချီပုံလေးထဲမှာတောင် တော်ဝင်တဲ့အလှမျိုးနဲ့ ကျက်သရေရှိလှတဲ့ သူမဟာ အပြင်မှာသာဆို ဘယ်လောက်များ လှလိုက်မလဲဆိုတာ မြင်ဖူးချင်သည်။
ကိုကိုကလည်း ချောမောခန့်ညားတဲ့သူ မမကလည်း လှပချောမောတဲ့ သူလေးဆိုတော့ သူတို့နှစ်ယောက်ကနေ မွေးဖွားထားတဲ့ ငွေရည့်ရဲ့ တူလေးကလည်း လူချောလေးဖြစ်မှာ ကျိန်းသေမှာရှိသည်။
ငွေ့ရည် ပန်းခူးနေရင်း အတွေးလေးနဲ့ ပြုံးနေတော့သည်။ထို့နောက် သူမရဲ့ အနားမှာ တစ်ခုခုရောက်နေသလို ခံစားလိုက်ရတာကြောင့် ကျောချမ်းသွားရလေသည်။
"မြွေလား...မဟုတ်လောက်ဘူး..ဒါဆို ကြောင်များလား မသိဘူး..''
သူမ တီးတိုးရွတ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည့် အချိန် မြင်လိုက်ရတာကြောင့် သူမခန္ခာကိုယ်လေး နောက်ကိုလှဲကျတော့မည့် အချိန်မှာ မင်းခန့်လည်း သူ့ရဲ့လက်တစ်ဖက်နဲ့ သူမရဲ့ခါးလေးကို လှမ်းထိန်းလိုက်၏။ငွေ့ရည်လည်း မျက်လုံးတို့မှိတ်လျက် မင်းခန့်ကို ဖက်ထားလေသည်။
"ခင်ဗျားဖက်ထားတဲ့ ကျုပ်ကို လွှတ်လို့ရပြီ...''
သူမလည်း မင်းခန့်ကို ဖက်တွယ်ထားသည့် လက်တွေကို ဖယ်လိုက်ပြီး ဝဲရစ်တွဲခိုလျက်ရှိသော ပုလဲလုံးသဏ္ဍာန်မျက်ရည်ဥတွေကို ပုတ်ခတ်လိုက်ပြီး တုန်ယင်နေတဲ့ လက်တစ်စုံတို့ဖြင့် ပန်းခြင်းလေးကို ကိုင်ပြီး အိမ်ထဲဝင်ဖို့ ခြေလှမ်းတွေပြင်လိုက်တော့သည်။
"အမှန်ဆိုရင် သူမဘဝကို ဖျက်စီးခဲ့တဲ့ ဒီယောကျ်ားကို လက်တုန့်ပြန်သင့်သည်မဟုတ်လား..အရင်လို သူမရဲ့ဒေါသစိတ်နဲ့သာဆိုရင် ဒီယောကျာ်းရဲ့ပါးပြင်ပေါ် သူမရဲ့လက်တင်မိမှာ
ဒါပေမယ့် သူမဘဝကို တစ်ခါဖျက်စီးထားသည့် သူက နောက်တစ်ခါ ဒီပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲအောင် လုပ်ခဲ့ရင်ဆိုသည့် အသိစိတ်က ကြောက်စိတ်တွေဖြစ်လာခဲ့တယ်...''
"အရင်လို လက်တွေ နှုတ်တွေ မသွက်တော့ပါလား မာနမင်းသမီးရဲ့...''
မင်းခန့် ထိုသို့ပြောလိုက်ပေမယ့် ငွေ့ရည်သူမရဲ့လက်သီးကို ကျစ်နေအောင်သာဆုပ်လိုက်ပြီး ရှေ့ကိုသာသွားလေသည်။မင်းခန့်လည်း သူ့စကားကို မတုန့်ပြန်ဘဲ သူ့ကို ကျောခိုင်းသွားသည့် သူမရဲ့ လက်ကို ဆွဲယူပြီး သူ့ဖက်ရောက်အောင် သူ့အားနဲ့ဆွဲယူလှည့်လိုက်သည်။
"အာ့...''
မင်းခန့် စောင့်ယူဆွဲလိုက်တာကြောင့် သူမလက်ထဲက ပန်းခြင်းလေးလည်း အောက်ကို လွတ်ကျသွားသလို စပယ်ပန်းကလေးတို့ဟာလည်း မြေပြင်ပေါ်မှာ ပြန့်ကျဲသွာသလို သူမရဲ့ ခါးနားက ဆစ်ခနဲ အောင့်လာပြီး နာကျင်လာတာကြောင့် ငြီးတွားလိုက်၏။
"ဘာလည်း ခင်ဗျားတို့မောင်နှမတွေက ကျုပ်ဘယ်လိုအနေအထားရှိသလဲဆိုတာ သိသွားလို့ အပိုင်ဖမ်းဖို့အတွက်နဲ့ ဒီလိုဖြစ်အောင် တမင်လုပ်တာ မဟုတ်လား..အဲလိုဆိုရင် ခင်ဗျားတို့အကြံတွေက သုံးစားလို့မရဘူး သိလား...ခင်ဗျားကိုလည်း ကျုပ်ဇနီးမယားမတော်နိုင်သလို ခင်ဗျားက မွေးတဲ့ကလေးကိုလည်း သားသမီးအဖြစ် မသတ်မှတ်ဘူး....''
မင်းခန့်လည်း သူပြောပြီးတာနဲ့ ပျက်စီးနေသည့် သူမရဲ့ မျက်နှာကို ကြည့်ပြီး ကျေနပ်ဟန်နဲ့ ခက်ထေ့ထေ့လေး ပြုံးလိုက်သည်။သူဆုပ်ကိုင်ထားသည့် သူမရဲ့လက်ကို လွှတ်ပေးလိုက်၏။
တဖြေးဖြေးနဲ့နာကျင်လာတဲ့ဆီးစပ်က ဝေဒနာကြောင့် ချွေးသီးချွေးပေါက်တွေ ကျလာလျက် မျက်လုံးတစ်စုံမှာလည်း ပြာဝေလာပြီး ခြေထောက်တွေဟာလည်း မြေပြင်ပေါ် ခွေကျလာတော့သည်။မင်းခန့်လည်း မြေပြင်ပေါ် ခွေရပ်သားကျသွားတဲ့ သူမကိုကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ချွေးစေးတွေ ပြန်နေပြီး သူမရဲ့အောက်ပိုင်းက သွေးတွေကို မြင်လိုက်ရတာကြောင့် သူ ထိတ်လန့်သွားလေသည်။
"သွေးတွေနဲ့ ခင်ဗျား ဘာဖြစ်သွားတာလဲ..''
မင်းခန့် သူမရဲ့ရှေ့က မုဆိုးဒူးထောက်လိုက်ပြီး မေးလိုက်၏။
"ငါ့ကလေး...ငါ့သမီးလေးကို ကယ်ပါပေးပါ...''
သူမရဲ့ တုန်ယင်လှိုင်းခက်သည့် အသံလေးနဲ့အကူအညီတောင်းသည့်အသံမှာ သိပ့်ကိုဆွေ့မြေ့လှ၏။
မင်းခန့်လည်း သူမရဲ့ ကိုယ်လေးကို ကောက်ပွေ့ချီလိုက်ပြီး အသင့်ရှိနေသော သူ့ကားထားရာ နေရာသို့ သူမကို ခေါ်လာခဲ့သည်။ ထို့နောက် သူမကို ကားပေါ်တင်လိုက်ပြီး ဆေးရုံကို အမြန်မောင်းလာခဲ့လေသည်။နာကျင်လွန်း၍ ငြီးညူသဲသဲ့သဲ့ထွက်ရင်း သတိလစ်သွားတဲ့ သူမကြောင့် ဆိုးရိမ်သွားတော့သည်။ဆေးရုံကိုရောက်တော့ သူမကို အရေးပေါ်ခန်းထဲ ခေါ်သွားကြသည်။
"လူနာက ခွဲမွေးမှအဆင်ပြေလိမ့်မယ်..မဟုတ်ရင် မိခင်ရောကလေးပါ အသက်ဆုံးရှုံးသွားနိုင်တယ်..အဲတော့ လူနာရှင် လက်မှတ်ထိုးပေးရပါမယ်...''
သူလည်း ဘာမှမတွေးတော့ဘဲ လက်မှတ်ထိုးပေးလိုက်သည်။သူ့ရဲ့အကျီတွေမှာလည်း သွေးတွေပေကျန်နေသည်။လက်ဖဝါးနှစ်ဖက်နဲ့ အဆက်မပြတ် ပွတ်သပ်နေတာများ၍ မျက်နှာတစ်ခုလုံးလည်း ရဲနေချေပြီ။
သူကြောင့် ဒီလိုပုံစံမျိုး ဖြစ်သွားတာကို မြင်လိုက်ရ၍ မင်းခန့် တုန်လှုပ်သွားရသည်။သူ သူမကိုမုန်းပေမယ့် ခုလိုအခြေအနေဖြစ်သွားတာမျိုးကိုတော့ မဖြစ်စေချင်ပါ။ခုလောက်ထိ ဖြစ်သွားဖို့လည်း သူ မရည်ရွယ်ခဲ့ပေ။
"လူနာရှင် ဘယ်မှာလဲ...''
"ကျွန်တော်ပါ ဒေါက်တာ...''
"မိန်းကလေး မွေးပါတယ် ..မိခင်ရော ကလေးရော ကျန်းမာပါတယ်...ဒါပေမယ့် ကလေးက ခုနစ်လနဲ့ခွဲမွေးလိုက်ရလို့ ပေါင်မပြည့်ဘူး..အဲဒါကြောင့် အထူးကြပ်မတ်ဆောင်မှာ စိတ်ချရလောက်တဲ့အထိ ထားရပါမယ်..''
"ဗျာ...''
"မင်းခန့်...''
"ဦးငယ်...''
တေဇာ မျက်နှာမကောင်းသည့် မင်းခန့်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး
"ဒီနေ့ ဦးငယ်ရဲ့တူလေးက လူ့အသက်နှစ်ချောင်းကို ကယ်တင်လိုက်တာပဲကွာ..အဲအတွက် ဦးငယ်ဂုဏ်ယူတယ်...''
"ဦးငယ်က ကျွန်တော် ဟိုနေ့က အလုပ်ကိစ္စသွားတွေ့တဲ့ သူကို ဆက်သွယ်ပေးပါလား...ကျွန်တော့်ဖုန်း ကားထဲမှာ ကျန်ခဲ့လို့.. မေမေဆီက တောင်းလိုက် ရမယ်ထင်တယ်...''
"အင်း...ဒါနဲ့ ကျောင်းသွားရမယ်မဟုတ်လား..''
"မသွားတော့ဘူး ဦးငယ်..အဝတ်အစားတွေလည်း ညစ်ပေသွားတာဆိုတော့ ပြန်လဲမယ့်အချိန်နဲ့ မမှီတော့ဘူး...''
"သဘောပါပဲ...''
တေဇာလည်း အစ်မဖြစ်သူ သံစဥ်ချိုဆီကနေ ထက်ဝေယံရဲ့ ဖုန်းနံပတ်ကို တောင်းယူပြီး သူမရဲ့ အကြောင်းကို ပြောပြလိုက်တော့သည်။
"ဦးငယ် ကျွန်တော် ကလေးလေးနဲ့တွေ့ချင်တယ်..''
"အင်း...''
ဦးငယ် ခေါ်ရာနောက်ကို သူလိုက်သွား၏။အထူးကြပ်မတ်ဆောင်ရှေ့ရောက်တော့ နာစ့်မလေးက အထဲမှ လိုက်ကာလေးကို လာဖွင့်ပေးလေသည်။ထိုအထဲမှာ ကလေးတွေအများကြီးလည်း ရှိနေသည်။
ကလေးလေးကို ပထမဦးဆုံးအကြိမ် တွေ့လိုက်ရချိန်မှာ သူ့ခန္ဓာကိုယ်မှာရှိတဲ့ အသွေားအသားတွေ ပြောင်းပြန်ဖြစ်သွားခံစားလိုက်ရသည်။သူ့ကြောင့် ပေါင်မပြည့်ဘဲ မွေးလာသည့် ကလေးလေးက တကယ်သေးသေးလေပင်။
သွေးကစကားပြောလားမသိပေ။
ကလေးလေး ခက်ခက်ခဲခဲ အသက်ရှုမဝဖြစ်နေသည့် ပုံစံလေးကြောင့် သူကြည့်ရင်း မျက်ရည်တွေကျလာသည်။ သူ့ရင်ထဲမှာ မီးမြိုက်နေသလို ပူလောင်သွားရသည်။
"စိတ်မကောင်းမဖြစ်ပါနဲ့ငါ့တူရာ..ကလေးလေးက ပေါင်မြန်မြန်ပြည့်ရင် ဒီထဲမှာ ဘယ်လောက်မနေရဘူး...''
"အင်း...''
တေဇာ မင်းခန့်ရဲ့ ပျက်စီးနေသည့် မျက်နှာအမူအရာကြောင့် ထူးဆန်းသလိုခံစားလာရသည်။ကလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတာကို လက်ခံပေးနိုင်သည်။ခုအခြေအနေက ကလေးကိုကြည့် မျက်ရည်တွေကျပြီး ခံစားနေပုံကို ကြည့်ပြီး စတင်ပြီး မသင်္ကာဖြစ်လာခဲ့သည်။
ပန်းငွေ့ရည်ဟာ ဒီအနေအထားနဲ့တော့ ဆေးရုံထိုင်မည်မဟုတ်သလို မနက်အစောစောကြီး အပြင်ထွက်ရအောင်လည်း မဖြစ်နိုင်ချေ။သူမနဲ့ မင်းခန့်ကြားက ပက်သတ်ဆက်နွယ်မှုကို သူ သိချင်စိတ်တွေ ဖြစ်လာခဲ့သည်။မနေ့ကဆေးရုံမှာ သူမကို အမှတ်မထင်တွေ့လို့ ခေါ်လိုက်ပေမယ့် သူ့ကို မော့ကြည့်တဲ့သူမရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာကိုပြန်မြင်လိုက်ရတာ မင်းခန့်ဆိုတာ တန်းသွားလေ၏။
"မင်းခန့် ဦးငယ် ငါ့တူကို တစ်ခုမေးချင်တယ်...မှန်မှန်ဖြေစေချင်တယ်ကွာ...''
"အင်း...''
တေဇာက မင်းခန့်ရဲ့ မျက်နှာကိုတည့်တည့်ကြည့်ပြီး ဆိုလိုက်၏။
"မင်းနဲ့ ပန်းငွေ့ရည်နဲ့ကြားမှာ တစ်ခုခုရှိနေတယ် မဟုတ်လား..ကလေးနဲ့လည်း တစ်ခုခုပက်သတ်နေတယ်လို့ ဦးငယ်ထင်တယ်..ပန်းငွေ့ရည်ရဲ့ကလေးက မင်းရဲ့ကလေးလား...ဦးငယ် အမှန်တိုင်းသိချင်တယ်...''
မင်းခန့် တေဇာရဲ့ မေးခွန်းတွေကြောင့် ချက်ချင်းပဲ မျက်နှာလွဲလိုက်ပြီး
"ဘာမှမပက်သတ်ပါဘူး ဦးငယ်...ကျွန်တော့မှာ ပျိုတစ်ယောက်လုံးရှိနေတာ နောက်တစ်ယောက်နဲ့ ပက်သတ်ဖို့မှ မလိုတာ...နောက်ပြီး ကလေးလေးကလည်း ကျွန်တော်နဲ့ ဘာပက်သတ်မှုမှ မရှိဘူး..''
ထိုအချိန် အထဲမှာရှိတဲ့ ကလေးလေးရဲ့ ငိုသံလေး ထွက်လာခဲ့တော့သည်။သူ ပြောလိုက်သည့်စကားကိုများ ကြားသွားသလားပင်။