Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၇

အမုန်းကြားက ချစ်ပန်းတစ်ပွင့်

(အပိုင်း ၇)

ထိခိုက်ဒဏ်ရာသေးသေးလေးကအစ စိတ်ပူတက်တဲ့ မေမေကြောင့် ဒီလက်ကဒဏ်ရာနဲ့ အိမ်ပြန်လို့ မဖြစ်နိုင်ချေ။ဒီတစ်ညတော့ ဖေဖေဘက်က အဘိုးတို့အိမ်ကိုသာ သွားဖို့ ဆုံးဖြတ်လိုက်သည်။သူ အဘိုးတို့ခြံရှေ့ကို ရောက်တာနဲ့ ကားဟွန်းတီးသံပေးလိုက်သည်။ခဏနေတော့ ခြံစောင်ဖြစ်တဲ့ ဦးတိုးမောင်က တံခါးလာဖွင့်ပေးသည်။တံခါးလာဖွင့်ပေးလိုက်တာနဲ့ ခြံထဲကို မောင်းဝင်ခဲ့သည်။

"မင်းခန့် အိမ်ထဲဝင်တော့ အဘိုးက ဧည့်ခန်းမှာ တရားစာအုပ်တစ်အုပ်ကို ဖက်နေတယ်။သူ မီးဖိုခန်းထဲဝင်တော့ အဘွားက ထုံးစံအတိုင်း မီးဖိုခန်းထဲမှာ မပိုးလေးတို့နဲ့ အလုပ်ရှုပ်နေလေရဲ့..''

"ညဥ်းတို့များအေ.. ဒီဟင်းလေး သုံးလေးမျိုးလောက်ချက်နေတာ နှစ်ကူးတော့မလား မသိပါဘူး...ကန်ဇွန်းရွက်ကို သင်နေတာ တစ်ချက်ချင်းနဲ့လုပ်နေမှတော့ ဘယ်ပြီးတော့မှာလဲ...ဇက်ဇက်နဿ့လုပ်လိုက်ပါလားအေ...လူငယ်တွေနဲ့ သွက်သွက်လပ်လပ်ကိုဘူး..ဒီအချိန် ငါ့မြေးများလာရင် ထမင်းစားရမယ့် ပုံမပေါ်ပါဘူး...''

မြေးကလာမယ်လို့ ဖုန်းဆက်လိုက်တာနဲ့ သူမမှာ မြေး ကြိုက်တဲ့ဟင်းတွေကို အိမ်ကအကူကလေးမနှစ်ယောက်ကို အကုန်ချက်ပြုတ်ခိုင်းလေသည်။သူမကပဲ လောနေတာလား လုပ်ကိုင်နေတဲ့ ကောင်မလေးနှစ်ကပဲ လေးနေလား မပြောတက်တော့ပေ။

"ကြီးကြီးကလည်း ပိုးလေးတို့လည်း မနားတမ်းလုပ်နေတာပဲဟာ...နောက်ပြီး ဟင်းတွေက တစ်မျိုးထဲမှ မဟုတ်ပဲ...''

မင်းခန့်လည်း အဘွားက ခုံပေါ်မှာ ထိုင်ပြီးစိတ်တိုင်းမကျ ပြောနေတာကို ကြည့်ပြီး နောက်ကနေအသံပေးလိုက်တော့သည်။

"ဟုတ်ပါ့ဗျာ... မပိုးလေးတို့ကလည်း အဘွားပြောလည်းပြောချင်စရာပဲကိုး...''

"အစ်ကိုလေးကလည်း မပိုးလေးတို့ လက်တွေက စက်တပ်ထားတာမှ မဟုတ်တာ...ဒီလောက်ပဲ မြန်မှာပေါ့လို့...''

"မြေးလေး ဘယ်တုန်းက ရောက်နေတာလဲ..''

"ခုလေးတင် ရောက်တာအဘွား...ဧည့်ခန်းမှာ အဘိုးကိုတွေ့ခဲ့တယ်...စာဖတ်နေတာတဲ့ မနူတ်ဆက်ခဲ့ဘူး..အဘွားကို အဲမှာ မတွေ့တာနဲ့ မီးဖိုခန်းထဲဝင်လာလိုက်တာ..''

မင်းခန့် လက်နှစ်ဖက်ကို နောက်ပစ်ပြီး အပြုံးလွင်လွင်လေးနဲ့ အဘွားဖြစ်သူကို ပြောလေ၏။အသက်ကြီးနေပြီဖြစ်တဲ့ အဘွားကိုလည်း သူ့အတွက်ကြောင့် စိတ်မပူချင်ပါ။မပိုးလေးက သိန်းဌက်သေလို့ ဝင်စားသလားမှတ်ရတယ်။သူ့လက်က ဒဏ်ရာစီးထားတဲ့ပတ်တီးကို မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

"အစ်ကိုလေး...''

ပိုးလေးက မင်းခန့်ရဲ့လက်ကပတ်တီးကို မြင်လိုက်တာကြောင့် မေးမလို့ ခေါ်လိုက်ယုံရှိသေးသည်။မင်းခန့်က ခေါင်းရမ်းပြလိုက်၍ ဆက်မပြောတော့ပေ။

"ထမင်းစားတော့မလားလို့..''

"မစားသေးဘူး မပိုးလေး...''

မင်းခန့် အဘွားနဲ့စကားပြောပြီး နှုတ်ဆက်ကာ အပေါ်ကိုတက်လာခဲ့လေသည်။ရေချိုးမိုးမလို့ အဝတ်အစား ချွတ်နေတုန်မှာ ဖုန်းဝင်လာ၍ ပြန်ဝတ်လိုက်ရ၏။ချစ်သူလေးဆီက ဖုန်းဖြစ်နေ၍ ပြုံးလိုက်သည်။သူ ကိုင်လိုက်တာနဲ့ သူမလေးရဲ့ သူ့အပေါ် ဆိုးရိမ်နေတဲ့ အသံက အဖျားစွတ်နေသည်။

"ကို ဒီနေ့ရန်ဖြစ်ကြလို့ ဒဏ်ရာရလာတယ်ဆို.အဲဒါ ဘာလို့ ပျို့ကို အသိမပေးရတာလဲ..ပျိုသိသိချင်း ဘယ်တောင် စိတ်ပူသွားရတယ်မှတ်လဲ..သူများပြောမှ သိရတာကို ပျိုစိတ်ဆိုးတယ် သိလား...''

ကြွေရုပ်ပျိုလည်း သွန်းသွန်းဆီကနေ ကြားကြားချင်း စိတ်ပူသွားပြီး ဖုန်းဆက်လိုက်ချင်းပင်။

"ကိုက ပျို စိတ်ပူနေမှာ ဆိုးလို့ပါကွာ...ကိုကြောင့်နဲ့ ကိုချစ်တဲ့ မေမေနဲ့ပျို့ကို စိတ်မပူစေချင်ဘူး.. အဲဒါကြောင့် မပြောတာ ကို့ကိုတော့ ရွှေစိတ်တော် မဆိုးလိုက်ပါနဲ့ နှမတော်ရယ်..''

"တော်ပါနော်...ဒီအပြောတွေနဲ့ သူများကို ချုပ်နေတာပေါ့လေ..မသိဘူး ဘယ်လိုပဲဖြစ်ဖြစ် ပျို့ကို ပြောရမှာပေါ့.. ပျိုက ကို့ရဲ့ ချစ်သူပဲကို...''

သူပြောလိုက်စကားကြောင့် ပျိုဟာ စိတ်ကျေနပ်လာပုံတူပေမယ့် ရစ်တဲ့ ပုံစံလေး ဖြစ်လာခဲ့၏။သူမလေး ရစ်တဲ့အပြုအမှုလေးတွေက သူ့အတွက် အချစ်ပိုတဲ့ အချက်တွေထဲတစ်ချက်ပင် မဟုတ်လား။

"ခု ဘယ်လို သိတာလဲ ကို့ကို ပြောပါအုန်း..ဦးငယ်ပြောတာလား..သွန်းသွန်းပြောတာလား...ဒါမှမဟုတ် ဟိုကောင်တွေလား..''

"မပြောဘူး..လုံးဝကို မပြောဘူး...သိချင်ရင် ကိုယ့်ဘာသာကိုယ် စုံစမ်းပါ..''

ကိုယ့်မှာတော့ သူမလေးစိတ်ပူနေရမှာဆိုးလို့ မပြောတာကို ဘယ်သူများ သွားပြောလိုက်တာလဲ မသိ။ဦးငယ်တော့ မဖြစ်နိုင်ဘူး ဆိုတာသေချာတယ်..သူ ဆေးရုံမှာ သေချာပြောထားခဲ့တာပါ..သွန်းသွန်းရဲ့ လက်ချက်များလား ဟု စိတ်ထဲ တွေးလိုက်မိသည်။

"ကို့ရဲ့ ပျိုက တကယ်မပြောဘူးပေါ့..''

"လုံးဝ မပြောပြဘူး ရှင်းလား...သူများကို စိတ်ပူအောင်လုပ်တဲ့ ကို့ကို မပြောဘူး...''

"ကို့ တောင်းပန်တယ်...ပျို့ကို စိတ်ပူစေမိလို့လေ..နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေရဘူးလို့လည်း ကတိပေးတယ်...''

သူပြောပြီး ခဏအကြာမှ သူမဆီကနေ သူပြောတာကို လက်ခံသွားသည်။

"တကယ်လား...''

"အင်း..''

"အဲဆိုလည်း ပြီးရော..''

"အဲဆို ဘယ်သူလဲ ပြောပြတော့ ကို သိချင်ပြီ...''

"မသွန်းပြောပြတာ...သွားပြီးတော့လည်း ရန်မလုပ်နဲ့နော်..ဒါနဲ့ ကို..ဒီနေ့ ဆေးရုံမှာ ..ဒါပဲနော် ကို..မနက်မှပဲ မေးတော့မယ်...မေမေ ဝင်လာလို့..ဘိုင်ဘိုင်.. ''

ပျိုနဲ့ ကိုကို ဖုန်းပြောနေချိန့မှာ မေမေက ပျိုရဲ့အခန်းထဲ ဝင်လာတာကြောင့် မေးချင်တဲ့စကားကိုတောင် ဆုံးအောင် မမေးလိုက်ရပေ။

မင်းခန့်လည်း ဖုန်းကိုခုံပေါ်တင်လိုက်ပြီး ရေချိုးဖို့ ပြန်လုပ်လေ၏။

**************** ****************

ဇာနည်တစ်ယောက် ဆေးရုံကနေအိမ်ရောက်လာထဲက အခန်းထဲကနေ ထွက်မလာသေးတဲ့ ငွေ့ရည်ကို သွားခေါ်ဖို့ ထက်ဝေယံကို ပြောလေ၏။ထက်ဝေယံ ထမင်းစားဖို့ ငွေ့ရည်ကို သွားခေါ်ပေမယ့် အိပ်ပျော်နေတာ၍ ပြန်လာခဲ့ရသည်။

ဇာနည်လည်း ထမင်းဝိုင်းမှ ထလိုက်ပြီး ငွေ့ရည်ရဲ့ အခန်းထဲကို ဝင်လိုက်၏။အိပ်ပျော်နေသည့် ငွေ့ရည်မှာ တဟင့်ဟင့်နဲ့ ရှိုက်သံကလေးများထွက်နေတော့သည်။အနားမှာရှိတဲ့ စောင်လေးကိူ ယူပြီး သေချာလေးခြုံပေးလိုက်၏။ပြီးမှ ငွေ့ရည်ရဲ့ ကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးပြီး နဖူးလေးကို နမ်းလိုက်လေသည်။သူမရဲ့ ခေါင်းလေးကိုကိုင်ပြီး

"ကိုကို ညီမလေးကို အော်မိတာ တောင်းပန်ပါတယ်...နောက်ဆို ကိုကို ညီမလေးကို မအော်တော့ဘူးနော်...''

သူ ညီမလေးရဲ့ အခန်းထဲက ထွက်လာတော့ ထက်ဝေယံက အကုန်ပြင်ဆင်ပြီးသားဖြစ်နေသည်။ဒီနေ့ရဲ့ညစာထမင်းဝိုင်းမှာ သူနဲ့ထက်ဝေယံ နှစ်ယောက်ထဲသာ စားဖြစ်လိုက်သည်။စားပြီးတာနဲ့ သူတို့နှစ်ယောက်လည်း ကိုယ့်အခန်းကို လာခဲ့သည်။ဒီနေ့တော့ ထက်ဝေယံက သူနဲ့မအိပ်တော့အခန်းထဲရောက်တာနဲ့ ပန်းချီဆွဲဖို့ လုပ်လေ၏။ သူ ပန်းချီဆွဲနေတုန်း ညီမလေးရဲ့ အခန်းက အသံကြားလိုက်တာကြောင့် သူ့အခန်းထဲက ပြေးထွက်လာခဲ့သည်။သူ့နည်းတူ ထက်ဝေယံလည်း ပြေးထွက်လာခဲ့သည်။ အခန်းထဲရောက်တော့ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့နှစ်ယောက်လုံး ငွေ့ရည်ကို ဆိုးရိမ်သွားတော့သည်။

"ညီမလေး...''

"ကိုကို ညီမလေး သူ့ကိုမုန်းတယ်..အရမ်းမုန်းတာပဲ ကိုကိုရယ်..သူတို့လေ ညီမလေးကို လှောင်နေကြတယ်...''

အောက်ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ ဖန်ကွဲစတွေရယ် အသိစိတ်မရှိသလိုကြောက်ရွံ့နေတဲ့ ညီမလေးက သူ့ကိုမြင်တော့ ပြေးဖက်ပြီး ပြောလာသည့်စကားကြောင့် သူပွေ့ဖက်လိုက်တော့သည်။ဆေးရုံမှာ ညီမလေးတွေ့ခဲ့တာကြောင့် အိပ်မက်တွေမက်သည်အထိ ဖြစ်နေတဲ့ ညီမလေးရဲ့ ပုံစံကိုကြည့်ပြီး သူနဲ့ထက်ဝေယံလည်း စိတ်မကောင်းဖြစ်ရသည်။

ပြန်ချော့သိပ်ပြီး သူတို့ပြန်မယ်လုပ်တော့ သူရဲ့လက်ကို ဆွဲထားပြီး မသွားခိုင်းတာကြောင့် သူရောထက်ဝေယံရော ညီမလေးအနားမှာ ရှိနေပေးရလေသည်။

"ပြန်အိပ်လေ ညီမလေး..ကိုကို ညီမလေးအိပ်သွားလည်း မသွားဘူး...ညီမလေးအနားမှာ ရှိနေပေးမယ်..အိပ်လိုက်တော့နော်...''

"ဟင့်အင်း...ညီမလေး မအိပ်ချင်ဘူး...ညီမလေး အိပ်လိုက်ရင် သူတို့တွေ လှောင်ပြောင်နေတဲ့ ပုံတွေ မျက်လုံးထဲဝင်လာအုန်းမှာ...''

ညီမလေးရဲ့ အသံက ဆွေးမြေ့နေသည်။

ငွေ့ရည် ကိုကိုရဲ့လက်ကို ဆုပ်ကိုင်ထားသည့် မနက်ပင် မိုးလင်းခဲ့သည်။ကိုကြီးထက်ဝေယံကတော့ အောက်မှာ အိပ်နေသည်။ကိုကိုကတော့ သူမ ဆုပ်ကိုင်ထားသည့်တိုင် သူမလက်ကိုမလွတ်ဘဲ အိပ်ပျော်နေသည်။ခဏကြာတော့ ကိုကြီးထက်ဝေယံ နိုးလာခဲ့ကြလေသည်။

"ညဥ်းဘယ်အချိန်ထဲက နိုးနေတာလဲ ငွေ့ရည်...ညကလည်း ထမင်းမစားထားဘူးဆိုတော့ ခုစားတော့မလား ငါ သွားလုပ်ပေးမယ်...''

ငွေ့ရည် ခေါင်းရမ်းလိုက်သည်။ပြီးတော့မှ

"ငွေ့ရည် မစားချင်ဘူး... ငွေ့ရည်ကြောင့် ကိုကြီးထက်ဝေယံနဲ့ကိုကို အိပ်ရေးပျက်သွားရတာ တောင်းပန်တယ်..ညက ငွေ့ရည် စိတ်လွတ်သွားတယ်...''

"အင်း..''

ထက်ဝေယံလည်း ခေါင်းညိတ်ပြီး အင်းလို့သာ ပြောလိုက်သည်။

ငွေ့ရည်နဲ့ကိုကြီးထက်ဝေယံ စကားပြောနေစဥ် ကိုကိုက နိုးလာခဲ့သည်။ငွေ့ရည် ကိုကို့ကိုကြည့်ပြီး ပြုံးပြလိုက်၏။

"ညီမလေး...''

"ဟုတ်...''

"ကိုကိုတို့ အလုပ်သွားရင် တစ်ယောက်ထဲ နေခဲ့လို့ အဆင်ပြေပါ့မလား...အဆင်မပြေရင် ကိုကို ခွင့်ယူလိုက်မယ်...''

"ရတယ် ကိုကို...ညီမလေး ဘာမှမဖြစ်ဘူး...ညက အိပ်မက်မက်ပြီး စိတ်ကယောင်ခြောက်ခြားဖြစ်သွားတာ...ညီမလေးကို စိတ်မပူဘဲ အလုပ်ကိုပဲသွားလိုက်ပါ...''

အိပ်မက်ထဲမှာ ငွေ့ရည်ကိုကြည့်ပြီး လှောင်ပြုံးပြုံးနေသည့် သူ့ရဲ့မျက်နှာရယ် သူတို့အားလုံးရဲ့ မျက်နှာတွေကြောင့် လန်းနိုးလာခဲ့ပြီး အနားရှိ ခုံပေါ်က ဖန်ခွက်ထဲက ရေတွေကိုသောက်လိုက်၏။မျက်လုံးထဲက မထွက်သွားသေးသည့် သူ့ရဲ့ ပုံရိပ်ယောင်ကြောင့် ဖန်ခွက်ကိုယူပြီး ပစ်ပေါက်လိုက်သည်။

ထိုယောကျ်ားကို ရွံ့ရှာမုန်းတီးပေမယ့် ထိုယောကျ်ားမှ ဖြစ်တည်လာတဲ့ သူမရဲ့ သွေးသားကိုတော့ အမုန်းရက်ပါ။အဲတာကြောင့် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ခါးဆီးခံပြီး ကလေးလေးကို မွေးဖို့ ရွေးချယ်ခဲ့သည်။

"အဲဆို ကိုကိုအလုပ်သွားမယ်နော်..ညီမလေးက ပြန်အိပ်လိုက်နော်...ညက မအိပ်ထားတော့ ကိုကို့တူမက အိပ်ချင်နေလောက်ရောပေါ့ကွာ...''

"ဟုတ်...''

ကိုကိုတို့ ထွက်သွားပြီးတာနဲ့ ပြန်လှဲလိုက်သည်။အတွေးတွေက သူမရဲ့စိတ်ကို ခြောက်လှန့်သလိုပင်။တစ်နေ့မဟုတ်တစ်နေ့ ပြန်တွေ့မှာကို ကြောက်ရွံ့နေမိသည်။ကိုယ့်ကိုကိုယ် သန်မာတယ် ရဲရင့်တယ်ထင်ခဲ့တာ ထိုယောကျ်ားနဲ့ တွေ့ဆုံလိုက်ချိန်မှာတော့ ထိုအချက်တွေ ဘယ်ကိုပျောက်သွားမှန်းမသိတော့ချေ။

« ရှေ့အခန်း - အပိုင်း ၆ နောက်အခန်း - အပိုင်း၈ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ