ဆေးကောင်တာကနေထွက်လာခဲ့ပြီးနောက် ဗိုက်ထဲကနေ သမီးလေးက ကန်နေတဲ့နေရာလေးကို သူမလက်နဲ့ ကိုင်လိုက်ပြီး ငုံ့ကာပြုံးနေချိန်မှာ သူမနာမည်ကို ခေါ်လိုက်သည့်အသံကြောင့် အသံလာရာကို မော့ကြည့်လိုက်ရုံရှိသေး။ သူမတွေ့မြင်လိုက်ရတဲ့ တစ်စုံတစ်ယောက်ရဲ့မျက်နှာကို အမှတ်မထင် တွေ့လိုက်ရချိန်မှာ ခုနက ပြုံးနေတဲ့ သူမရဲ့အပြုံးတွေဟာ မရှိတော့ပေ။
ကြောက်လန့်မှုတို့ကြောင့် သူမရဲ့မျက်နှာပြင်တစ်ခုလုံးဟာလည်း သွေးမရှိတော့သည့်အလား ဖြူစွတ်သွားကာ လက်ထဲ၌ ကိုင်ထားသည့် ဆေးထုတ်ကလေးကိုလည်း ယောင်ရမ်းပြီး လွှတ်ချလိုက်မိပြီးနောက် ခြေထောက်တွေကလဲ မခိုင်တော့ဘဲ လဲချင်လာသလို ခံစားလိုက်ရ၏။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးခဲသွားမတက်ခံစားလိုက်ရပြန် ၏။
မတွေ့ဆုံနိုင်တော့ဘူးလို့ ထင်ထားတဲ့ သူတစ်ယောက်ကို တကယ့်လက်တွေ့မှာ ပြန်တွေ့လိုက်ရတဲ့အချိန်မှာ ငွေ့ရည်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အသွေးအသားတွေဟာ မူမမှန်တော့ဘဲ ဇောက်ထိုးမိုးမြှော်ဖြစ်နေသလို့ ပြောင်းပြန်ဖြစ်နေသည့်အလား ထင်မှတ်ရ၏။
သူမရဲ့ရှေ့က မလှမ်းမကမ်းမှာ ရှိနေသည့် ထိုယောကျ်ားကို ကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတစ်စုံမှာလည်း အကြောက်တရားတွေ ပြည့်နှက်နေ၏။သူမရဲ့ နူတ်ခမ်းကလေးကလည်း တဆတ်ဆတ်နဲ့ တုန်ယင်နေတော့သည်။ရပ်နေသည့် သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးလည်း အားမရှိတော့သလို့ ယိုင်နဲ့ချင်လာတယ်။ လက်ဖျားခြေဖျားတွေမှာလည်း ချွေးစေးတွေပြန်လာပြီး အေးစက်လာတော့သည်။
ငွေ့ရည်တို့ နေထိုင်သည့် ကမ္ဘာကြီးကပဲ ဒီလောက်ထိ ကျဥ်းမြောင်းနေရသလား။ငွေ့ရည်ရှေ့နားမှာ ရပ်လျက်ရှိနေပြီး ငွေ့ရည်ကို ကြည့်နေတဲ့ ထိုယောကျာ်းကို ငွေ့ရည် မုန်းသည် ။ထိုယောကျာ်းသည် ငွေ့ရည်အတွက် ရွံ့ရှာစက်ဆုပ်စရာ၊နာကြည်းစရာ၊နာကျင်မုန်းတီးရတဲ့သူ၊ ငွေ့ရည်ရဲ့ အညွှန့်တွေ ဝေဆာနေတဲ့ ငွေ့ရည်ရဲ့ဘဝကို အောက်ဆုံးရောက်အောင် ပန်းတစ်လို ဖျက်စီးနင်းခြေတဲ့သူကို ငွေ့ရည်မမြင်ချင်သလို ထိုယောကျာ်းရဲ့ သူမရင်ထဲကို သံမှိုတစ်ချောင်းလို ထိုးနှက်ထားတဲ့ စကားလုံးတွေကြောင့် မမြင်မတွေ့ချင်ပေ။
ထိုယောကျ်ားရဲ့ အေးစက်သောမျက်လုံးများဖြင့် ကြည့်နေသည့် အကြည့်စိမ်းစိမ်းတွေဟာ သူမရဲ့ မျက်နှာမှာရှိမနေဘဲ သူမရဲ့ဗိုက်ပူပူလေးဆီကိုလာသာ ကျရောက်နေခဲ့သည်။မျက်မှောင်ကျုံ့ပြီး ကြည့်နေတာကြောင့် နက်မှောင်ထူထပ်သောမျက်ခုံးတန်းများတွင် အရေးအကြောင်းတို့ ပေါ်လွင်နေပြီး သူ့ရဲ့မျက်နှာဟာလည်း ပျက်ယွင်းနေသည်။
ထိုယောကျာ်းရဲ့အကြည့်တွေကို ဆက်ကြည့်မနေတော့ဘဲ မျက်နှာလွှာကလေး ချလိုက်ပြီး လက်ထဲက လွတ်ကျသွားတဲ့ ဆေးထုတ်လေးကို ကောက်ဖို့လုပ်ပေမယ့် ဗိုက်ကထောင့်နေတာကြောင့် အနားကဖြတ်သွားတဲ့ ကလေးတစ်ယောက်ကို အကူအညီ တောင်းလိုက်ရသည်။
"ကလေး တီတီကို ဒါလေး ကောက်ပေးပါလားကွယ်...''
"အင့်..မမ ရော့...''
ကလေးလေးဟာ ငွေ့ရည်ရဲ့လက်ထဲကို အထုတ်ထည့်ပေးပြီးတာနဲ့ ပြေးသွားတော့တယ်။
သူမ လက်ထဲကို ထည့်ပေးသွားတဲ့ ဆေးထုပ်လေးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး မျက်လုံးလေးအသာမှိတ်လိုက် လေလေးမှုတ်ထုတ်လိုက်ပြီးမှ မျက်လုံးကလေးဖွင့်ကာ ရှေ့ကိုသာ အားယူပြီး ရှေ့ဆပ်လှမ်းဖို့ကိုသာ ခြေလှမ်းတွေပြင်လိုက်၏။ထိုယောကျာ်းနဲ့ နီးကပ်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာရှိတဲ့ အားအင်တွေ ယုတ်ဆုတ်လာသလို ခံရတာဟာ ဘာကြောင့်မှန်းမသိချေ။
"ပန်းငွေ့ရည်...ခဏလေး...''
သူမခေါ်နေပေမယ့်လည်း ခြေလှမ်းတွေကိုလည်း မရပ်တန့်သလို နောက်ကိုလည်း တစ်ချက်ပင်လှည့်မကြည့်ခဲ့ပါ။ခေါ်နေသည့် အသံကိုဆက်တိုက်ကြားနေပေမယ့် လှည့်ကြည့်ဖို့ရာအတွက် ထိုယောကျာ်းရဲ့ အကြည့်ကို သူမရင်မဆိုင်ရဲပေ။
"ပန်းငွေ့ရည်...အစ်ကိုတောင်းပန်တယ်...ခဏလောက်စကားပြောခွင့်လေးပေးပါလား...''
ဒီအချိန်မှာ ငွေ့ရည် ဘယ်သူ့ကို ရင်ဆိုင်ချင်သလို တွေ့လည်းမတွေ့ချင်တာကြောင့် ရှေ့ကိုသာ ဆက်လျှောက်လှမ်းလာခဲ့လေတယ်။ငွေ့ရည်ကို အကြိမ်ကြိမ် ခေါ်နေတဲ့သူကတော့ ဘယ်လို ကျန်ရစ်ခဲ့သည်ကိုတော့ ငွေ့ရည်မိပေ။
"ဦးငယ် အသိလား...''
"အင်း...''
"တီလေးနဲ့ရော အသိပဲလား...''
"အင်း...ဦးငယ်နဲ့သိသလို နုနယ်နဲ့လည်းသိတယ်..အဲဒါကြောင့် ဦးငယ် နုနယ်အတွက် ပန်းငွေ့ရည်ကို တောင်းပန်မှ ရမှာကွ...မင်းတို့လည်း ဆေးယူပြီး ပြန်တော့...ဦးငယ် သူ့နောက်ကို လိုက်သွားလိုက်အုန်းမယ်...''
တေဇာလည်း မင်းခန့်ရဲ့ ပုခုံးလေးကို ပုတ်ပြီး ပြောလိုက်၏။
"အဲဆို ကျွန်တော်တို့သွားပြီ ဦးငယ်...ဒီကြောင်းတွေ မေမေ့ကို လုံးဝပြန်မပြောနဲ့နော်..နောက်ပြီး လေးလေးဆက်ကိုရောပဲ...''
"အေးပါကွာ...မပြောဘူး စိတ်ချ..ယောကျ်ားကတိ ဟုတ်ပြီးလား... ''
မင်းခန့်တို့ ငါးယောက်ကလည်း တေဇာ့ကို နူတ်ဆက်ပြီး ထိုနေရာကနေ ထွက်လာခဲ့တော့သည်။
တေဇာ မင်းခန့်တို့ကို နူတ်ဆက်စကားပြောနေချိန်မှာ သူမဟာ မရှိတော့ချေ။ဆေးရုံအပြင်ဘက် ထွက်ကြည့်မလို့ ခြေလှမ်းပြင်လိုက်၏။တိုက်တိုက်ဆိုင်ဆိုင် အရေးကြီးလူနာရောက်လာနဲ့ သူမနောက်လိုက်ဖို့ နောက်ဆုတ်လိုက်ရ၏။
"ညီမလေး မျက်နှာလည်းမကောင်းဘူး...ဖြူဖျော့နေတာပဲ..ဘာဖြစ်လို့လဲ...ကိုကို့ကို ပြောစမ်း...နေမကောင်းဘူးလား..''
"ကောင်းပါတယ် ကိုကိုရဲ့...ညီမလေး ဘာမှမဖြစ်ပါဘူး...''
ဇာနည် သူမရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ ဆိုးရိမ်တကြီး မေးလိုက်လေသည်။မေးလိုက်တာနှင့်အပြိုင် သူမရဲ့ နဖူးလေးပေါ်ကို သူ့လက်ဖမိုးလေးနဲ့ စမ်းလိုက်၏။သူမရဲ့ လက်ကလေးတွေကိုလည်း ဆုပ်ကိုင်ကြည့်လေ၏။
ဘာမှမဖြစ်ဘူးလို့ ပြန်ဖြေသံက တုန်ယင်နေ၏။သူမရဲ့ ဖြစ်ပျက်နေသည့်မူကိုကြည့်ပြီး အဖြေကို သူ သိလိုက်ရသည်။
"ညီမလေး ကိုကို့ကို အမှန်းတိုင်းပြောစမ်း..အဲအကောင်ကို တွေ့ခဲ့လို့လား..''
"ဟင်...''
သိနေသလိုပြောနေသည့် ကိုကို့ကြောင့် မျက်လုံးဝိုင်းဝိုင်းမှာ ပြူးသွားရပြီး ထိတ်လန့်သွားတာတော့အမှန်ပင် ။အမှန်တိုင်းသာ ကိုကို့ကို ပြောပြရင် ဆေးရုံအတွင်းမှာ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာမှာကို သူမ မလိုလားပေ။သူမကြောင့်နဲ့ ကိုကို့ကို နာမည်မပျက်စေချင်ပါ။
"မဟုတ်ပါဘူး ကိုကိုရဲ့..''
"ကိုကို့ကို မလိမ်းစမ်းနဲ့ ညီမလေး...ကိုကိုက ညီမလေးရဲ့ အစ်ကိုတစ်ယောက်ဆိုတာ မမေ့နဲ့...
ပထမတစ်ချက် ညီမလေးရဲ့ မျက်လုံးတွေကငြိမ်သက်မနေဘူး ...ဒုတိယတစ်ချက် လက်ဖျားတွေအေးစက်နေတယ်...တတိယတစ်ချက် နဖူးစပ်တွေမှာ ချွေးစေးတွေပြန်နေတယ်...အဲအချက်တွေက စိတ်လှုပ်ရှားလို့ ဖြစ်ပေါ်လာတဲ့ လဏ္ခာတွေပဲ...''
ငွေ့ရည်ကို စေ့စေ့ကြည့်ကာ ပြောနေသည့် ကိုကို့ရဲ့ စကားတွေကြောင့် ငွေ့ရည် ဘာပြန်ပြောရမှန်းမသိပေ။
"အဲအကောင်ကို တွေ့ခဲ့တယ် မဟုတ်လား ကိုကို့ကို မြန်မြန်စမ်း..အဲအကောင် အခုဘယ်မှာလည်း ဒီအထဲမှာပဲလား...''
"ညီမလေးက မဟုတ်ဘူးလို့ပြောတယ်နေတယ်လေ ကိုကိုရာ...ဘာလို့ မဟုတ်တာကို အတင်းလိုက်မေးနေရတာလဲ...''
"ပန်းငွေ့ရည်...''
သူမကို ကိုကိုဟာ ညီမလေးဟု မခေါ်တော့ဘဲ သူမရဲ့ နာမည်အပြည့်အစုံကို ကျယ်လောင်စွာ မခေါ်လိုက်ပေမယ့် အံကျိတ်သံကြီးနဲ့ခေါ်လိုက်တာကြောင့် သူမကိုယ်လေး တုန်တက်သွားတော့၏။နခိုထဲကမှ မကျမိအောင် တင်ခံထားသည့် မျက်ရည်တွေဟာ အထိန်းအကွပ်မရှိ ပြိုဆင်းလာတော့သည်။
"တောင်းပန်ပါတယ် ကိုကိုရယ်..ဒီနေရာကနေ မြန်မြန်ပြန်ရအောင်နော်...''
ဇာနည် သူရှေ့မှာ ငိုနေသည့် သူမရဲ့ပုံသဏ္ဍာန်ကို ကြည့်လိုက်တာနဲ့ သူမှန်းဆထားတဲ့အဖြေနဲ့ တပ်ထူကျနေတာကို တန်းသိသွားလေသည်။သူ့ညီမလေးရဲ့ ဘဝကို ပျက်စီးနင်းချေသွားတဲ့သူဟာ ဒီအနီးအနားမှာ ရှိနေတာကို သိလိုက်ရတာကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဆေးရုံထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်သည်။
"ငွေ့ရည့် ကိုကို့လက်မောင်းကို ဆွဲကိုင်ပြီး ''
"တောင်း... တောင်းပန်ပါတယ်... ညီမလေး တောင်းပန်ပါတယ်... အထဲမဝင်ပါနဲ့...''
"အဲအကောင် ဘယ်မှာလဲ ကိုကို့ကိုပြောနော်...''
"အဟင့်...ဟင့်..အဟင့်..''
"ကိုကို့ညီမလေးက ကိုကို့ကို ဒီထဲမှာ ရန်ဖြစ်မှာ ဆိုးရိမ်နေတာမဟုတ်လား...ကိုကိုက လူမိုက်မှမဟုတ်တာ ဒီအထဲမှာ ရန်ဖြစ်စရာလားကွာ...''
ဇာနည် သူမရဲ့ ခေါင်းလေးကိုကိုင်ပြီး ချော့မော့ပြောပေမယ့် သူမလေးက မပြောဘဲ ရှိုက်သံလေးထွက် နူတ်ဆိတ်ကာ ခေါင်းသာ အတွင်တွင် ခါရမ်းနေသည်။
"ဇာနည် ငွေ့ရည် ဘာဖြစ်လို့ ငိုနေတာလဲ...ဗိုက်နာလို့လား...မွေးရက်က လိုသေးတယ် မဟုတ်လား...''
"မဟုတ်ဘူး...''
"ဘာမှမဖြစ်ဘူး ဆိုလည်း လာတော့ဟ..ငါဗိုက်ဆာနေပြီ...ဟိုတစ်ယောက်ကလည်း မငိုနဲ့.. အဲလောက်ငိုနေရင် မွေးလာတဲ့ကလေးကျရင် ငြိမ်းချမ်း ဖြစ်လိုက်မယ်... ''
ထက်ဝေယံက ပြုံးလာအောင် စနောက်ပြောလိုက်ပေမယ့် သူမကတော့ ဘာမှမတုန့်ပြန်ခဲ့ပေ။
ထက်ဝေယံ ကားမောင်းလာတဲ့ တစ်လျောက်လုံး ဇာနည်ကလည်း သူ့ကိုလည်း စကားမပြောသလို သူမကို စကားတစ်လုံးမှ မပြောပေ။ကားရဲ့ဘတ်မှန်ကနေ သူမလေးကို ကြည့်လိုက်တော့လည်း သူမလေးကလည်း တအင့်အင့်နဲ့ ရှိုက်နေဆဲ။စကားသံတွေ ငြိမ်သက်နေတဲ့ မောင်နှမနှစ်ယောက်ကို ကြည့်ကာ ခေါင်းဆက်မိ၏။
သူမလေးလည်း ငိုးကြွေးရလွန်းလို့ မောသွားဟန်တူ၏။ဇာနည်ရဲ့ ပုခုံးကိုမှီပြီး အိပ်ပျော်နေတော့သည်။
"အမှန်ဆို ငါ ညီမလေးကို မအော်ခဲ့သင့်ဘူးမဟုတ်လား ဝေယံ...''
"ငါလည်းအစအဆုံး မသိလိုက်တော့ မပြောတက်ဘူးကွာ...ဘယ်ကဘယ်လို စဖြစ်တာလည်း ငါ့ကိုလည်းပြောစမ်းပါဟ...မင်းအတွက် ငွေ့ရည်က ညီမလေးဖြစ်သလို ငါ့အတွက်လည်း ညီမလေးတစ်ယောက်လိုပါပဲ...''
"ဆေးရုံမှာ ညီမလေးက ကလေးအဖေကို တွေ့ခဲထင်တယ် ဝေယံ...ဆေးရုံထဲကထွက်လာထဲက ညီမလေး မူပျက်နေတာကို ငါသတိထားမိတယ်...ငါမေးတာ မဟုတ်ဘူး ငြင်းနေပေမယ့် ငါသိနေတယ် ဝေယံ...''
"သူ မဖြေချင်တာကို မမေးပါနဲ့ကွာ...ငါတို့နေတဲ့ ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပါ...ဒီနေ့မတွေ့ရပေမယ့် နောက်ရက်တွေမှာ တွေ့နိုင်ပါတယ်...''
ဝေယံပြောတာလည်း မှန်နေတာကြောင့် ခေါင်းညိတ်လိုက်၏။သူ့ပုခုံးပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်ပျော်နေတဲ့ သူမကို ကြည့်ပြီး သနားသွားလေသည်။
"ဘာလို့ ပတ်ဝန်းကျင်က ကိုကို့ညီမလေးတစ်ယောက်ထဲကိုပဲ အပြစ်တင်နေကြတာလဲ..ဘာလို့ အပြစ်လုပ်တဲ့သူကိုကြတော့ မေးမငေါ့ကြတာလဲကွာ...''
သူ မိုးကုတ်ကို မပြန်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။သူ့ညီမလေးကို ဟိုးအောက်ဆုံးထိရောက်အောင် ထိုးနှက်နေတဲ့ ပတ်ဝန်းကျင်နားမှာ သူ့ညီမလေးကို မထားချင်ပေ။
ဒီအခြေအနေမဖြစ်ခင်ကတောင် ပတ်ဝန်းကျင်က သူမကို မေးငေါ့နေကြသည်။
သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ တစ်ယောက်ထဲ သီးသန့်နေတက်တဲ့ မိန်းမလေးတစ်ယောက်၊ ဒါကို လူတွေက မာနကြီးထင်လို့ ပြောကြလေတယ်။စကားပြောမတက်တာက ငယ်စဥ်ထဲက မိဘနှစ်ပါးလုံးက ဆုံးပါသွားတာကြောင့် ဆုံးမမယ့်သူ မရှိခဲ့ကြောင့် သူမရဲ့ စကားတွေက တစ်ဘက်သူတွေအတွက် ရင့်သီးနေခဲ့လေသည်။ဒါကို လူတွေက မာနကြီးတယ် ရိုင်းသည်ဟု သတ်မှတ်ကြလေသည်။
"ငါ့ညီမလေး ခုလိုဖြစ်ရတာ ငါ့ကြောင့်ထင်တယ်..ငါ သွန်တာညံ့လို့..ငါ ဆုံးမတာညံ့လို့မဟုတ်လား..''
"မဟုတ်ပါဘူးကွာ...မင်းက ငွေ့ရည်အတွက် အကောင်းဆုံးအစ်ကို တစ်ယောက်ပါ...''
သူနဲ့ဝေယံ စကားပြောရင်း အိမ်ကိုရောက်လာခဲ့သည်။ညီမလေးက အိပ်ပျော်နေဆဲပါ။မနိုးရက်တာနဲ့ ကားထဲကနေအသာလေး နိူးမသွားအောင် ပွေ့ချီလိုက်၏။
"ဝေယံ အိတ်တွေ မင်းယူလာခဲ့တော့..ငါက ညီမလေးကို ပွေ့သွားလိုက်မယ်...''
"အေးပါကွာ...''
ဝေယံကတော့ သူမရဲ့ အိတ်ကိုယူပြီး ဇာနည့် နောက်ကနေ လိုက်ပါလာခဲ့သည်။
"မင်းက ငါ့ကို ဒီနည်းနဲ့ အနိူင်ပိုင်းနိုင်ထင်နေတာလား...အဲဆို မင်းမှားသွာပြီ...''
ထိုသို့ပြောပြီး ထွက်လာတော့မည့် အချိန်မှာ မြင်လိုက်ရသည့် လူတစ်ယောက်ကြောင့် မျက်မှောင်ကျုံ့လိုက်၏။
"ဒီလူက.... ''
ဟင်..
.ဒီလူက...