Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၁၇)

ရှေ့သို့ ရောက်လာသည့် ကော်ဖီခွက်ကိုသာ ယမုံအာရုံစိုက်လိုက်ပြီး အာရုံထဲ ကပ်ညှိပါလာသည့် မျက်ဝန်းကို ယမုံ မေ့ဖျောက်ဖို့ အတင်းကြိုးစားလိုက်ရင်း ကော်ဖီခွက်ကို ယူလိုက်ကာ တစ်ငုံသောက်လိုက်သည်

"ကော်ဖီအရသာ အဆင်ပြေလား ယမုံ"

လွင်ပြင်မုန်းက ယမုံမျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်သည်၊ အမြင်အာရုံထဲ မပျောက်နိုင်သေးတဲ့ မျက်ဝန်းတစ်စုံကို မကြည့်မိအောင် ထိန်းထားလိုက်ရင်း

ခေါင်းညိတ်ပြလိုက်ကာ..

"အင်း မဆိုးပါဘူး အဆင်ပြေပါတယ် "

လွင်ပြင်က ပြုံးလျက်ဖြင့် ကိတ် ပန်းကန်ကို ယမုံ့ရှေ့သို့ ထပ်တိုးပေးလိုက်ပြီး

"ယမုံက တစ်ယောက်ထဲနေတာလား "

"အင်း '

"ညီကိုမောင်နှမ အရင်းအချာ ရော မရှိဘူးလား"

ယမုံ သက်ပြင်းချလိုက်ရင်း

"ရှိတယ် ဟိုတလောကမှ ဆုံးသွားတာ"

"ဗျာ "

လွင်ပြင်မေးလိုက်ပြီးမှ အားနာသလို ဖြစ်သွားရပြီး

"ကျွန်တော် တောင်းပန်ပါတယ် ယမုံ မမေးသင့်တဲ့ မေးခွန်းကို မေးလိုက်မိတဲ့ အတွက်ပါ "

ယမုံနှုတ်ခမ်းလုပ်ရုံပြုံးလိုက်ပြီးလွင်ပြင်မုန်းကို ပြန်ကြည့်လိုက်ကာ

"ရပါတယ် ကိစ္စမရှိပါဘူး ယမုံအချိန်မရတော့လို့ ပြန်ခွင့်ပြုပါဦး ကော်ဖီတိုက်တဲ့ ကျေးဇူးပါ "

ယမုံကပြောရင်းတန်းလန်းဖြင့် လက်ကိုင်အိတ်နဲ့ ကားသော့ကို ယူလိုက်ကာ စားပွဲထလိုက်တော့လွင်ပြင် မတားတတ်တော့ဘဲ ခေါင်းညိတ်လိုက်ရကာ

"ကောင်းပါပြီဗျာ ကျွန်တော်နဲ့ အခုလို လေး ခဏတဖြုတ် ကော်ဖီလိုက်သောက်ပေးတာကိုပဲ ကျေးဇူးအထူးတင်နေပါပြီ"

ယမုံ ခေါင်းညိတ်ပြလိုက်ရင်း ဆိုင်ထဲက အမြန်ထွက်လာခဲ့လိုက်သည်၊

ရင်ဘက်ထဲ တလိမ့်လိမ့်တက်လာတဲ့ ခံစားချက်က မွန်းကြပ်လွန်းလို့ ကားရပ်ထားတဲ့ ဆီကိုသာ ရောက်အောင် အမြန်လျှောက်လာမိသည်၊

ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးဝင်ထိုင်လိုက်ကာ ကားစတီယာရင်ပေါ်မျက်နှာမှောက်ချပြီးမျက်လုံးတွေ ဖိမှိတ်ထားမိသည်

ယမုံ နင်မေ့ပစ်သင့်နေပြီ သူ့ရဲ့ ဒီမျက်ဝန်းမျိုးလောက်နဲ့ နင်တုန်လှုပ်စရာ ဘာအကြောင်းရှိလို့လဲ သူက နင့်ကို မချစ်လို့ ပစ်ထားခဲ့သူ ပြီးတော့ နင့်အချစ်နဲ့ မထိုက်တန်တဲ့သူပဲ..

သူမကိုယ်သူမ အားပေးရင် အသက်ကို ဝဝရှုလိုက်ကာ ကားကိုမောင်းထွက်လာခဲ့လိုက်သည်၊

🍂🍂🍂🍂

"အေးသူဇာ ညည်းအစ်ကိုလေး ပြန်မလာသေးဘူးလား မိုးတောင် အတော်ချုပ်နေပြီ တော်ပါသေးတယ် ကလေးကလည်း အခုမှ အငိုတိတ်ပြီး အိပ်သွားလို့ "

ဒေါ်မာလာခင် အိမ်အောက်ထပ်ဆင်းလာရင်း အေးသူဇာကို မေးလေသည်၊

အေးသူဇာက အဝတ်တွေမီးပူတိုက်နေပြီး အန်တီမာလာ အသံကြားတော့ မီးပလပ်ကိုဖြုတ်လိုက်ရင်း လှည့်ကြည့်ကာ

"ဟုတ်တယ် အန်တီ အစ်ကိုလေး ပြန်မလာသေးဘူးဒီနေ့ နည်းနည်းနောက်ကျသလိုပဲ"

"'အင်း ကလေးကတော့ အိပ်သွားလို့ တော်ပါသေးရဲ့ ဆရာမလေးတွေက်ုလည်း အားနာပါတယ် နှစ်ယောက်မို့ပဲ အတော်ပင်ပန်းရှာပါတယ် ဟယ် ငါလည်း စိတ်တွေ ညစ်တယ်အေးသူဇာရယ် "

အေးသူဇာ မေမေကြီးကိုကြည့်ပြီးမျက်လွှာချလျက် သက်ပြင်းချလိုက်ပြီး

"သမီးကော်ဖီ ဖျော်ပေးရမလား အန်တီမာလာ"

ဒေါ်မာလာခင် သန်းဝါးလိုက်ရင်း ခေါင်းညိတ်လိုက်ကာ

'အေး ဖျော်ရင်လည်း ဖျော်ပေး အေးသူဇာရယ် ငါလည်းအသက်က ကြီးလာတော့ အိပ်ရေးပျက်တဲ့ဒဏ်ကို သိပ်မခံနိူင်ဘူး ဖြစ်နေတယ် "

"ဟုတ်ကဲ့ အန်တီမာလာ"

အေးသူဇာ မီးဖိုခန်းဘက် အမြန်ပြေးသွားလိုက်ပြီးအန်တီမာလာခင်အတွက် ကော်ဖီဖျော်ပေးဖို့ ဝင်လာခဲ့လိုက်သည်!

တီ.တီ.

ဟင်

ကားဟွန်းသံကြားလိုက်ရတော့ ဒေါ်မာလာခင်အိမ်ရှေ့ကို လှမ်းကြည့်တော့ ခမ်းနားကားပြန်ရောက်လာတာကိုမြင်လိုက်ရသဖြင့် အခုမှ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်၊

အိမ်ထဲဝင်လာသည့် ခမ်းနားရဲ့ ပုံစံက ဆံပင်ရှုပ်ပွပွနဲ့ အနည်းငယ် နီမြန်းသော မျက်လုံးအစုံကြောင့် ဒေါ်မာလာခင် မျက်မှောင်ကြုတ်သွားရင်း

"သား မင်းအရက်တွေသောက်လာတာလား"

ဒေါ်မာလာခင်ရဲ့ အမေးကို ခမ်းနား ချက်ချင်းပြန်မဖြေမိ။ နှုတ်ခမ်းထောင့်စွန်းကို ခါးသက်သက်တစ်ချက်ကွေးရုံသာ တုံ့ပြန်ရင်း စုတ်ပြတ်သတ်နေတဲ့ သူ့ရင်ဘတ်တစ်ခုလုံးကို လက်သီးကျစ်ကျစ်ဆုပ်ပြီး ထိန်းထားရသည်။

အရက်ရှိန်ကြောင့် မျက်လုံးတွေ နီမြန်းနေရုံတင်မကဘဲ ရင်ထဲက တောက်လောင်နေတဲ့ ပူပြင်း နာကျင်မှုတွေက မျက်ဝန်းအစုံမှာ အထိုင်းအမှိုင်း အရိပ်ထင်နေသည်။

"မသောက်လို့ မရလို့ပါ မေမေ...ကျွန်တော့် ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရလို့..."

ခမ်းနား အသံက တုန်ရီပြီး အက်ရှနေသည်။ ဒေါ်မာလာခင်က သားဖြစ်သူရဲ့ ပုံစံကိုကြည့်ပြီး စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။

ခမ်းနားရဲ့ အာရုံထဲမှာ ညနေက ကော်ဖီဆိုင်ထဲမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းက ဖျောက်ဖျက်မရအောင် ခြောက်လှန့်နေဆဲ။

သူမ... ယမုံ...

သူ့ကိုဆို အမြဲတမ်း အေးစက်စက် မျက်နှာထား၊ဥပေက္ခာတရားတွေ နာကျင်စရာ စကားလုံးတွေနဲ့ ဝေးရာကို တွန်းပို့ခဲ့တဲ့ ယမုံက အခြားလူတစ်ယောက်ရှေ့မှာတော့ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ထိုလူက ယမုံ့ကို ဂရုတစိုက်နဲ့ ကိတ်မုန့်ပန်းကန် အသာတိုးပေးနေတာကို ခမ်းနား အခြားဝိုင်းကနေ လက်သည်းချင်း စိုက်ဝင်မတတ် ဆုပ်ကိုင်ရင်း ကြည့်ခဲ့ရတာဖြစ်သည်။

ပိုပြီး ရင်နာဖို့ကောင်းတာက ထိုလူသည် အခြားသူမဟုတ်။ ခမ်းနားတို့ ကုန်သွယ်ရေးလုပ်ငန်းမှာ အဓိက ရှယ်ယာရှင်အဖြစ် ကမ်းလှမ်းထားပြီး လုပ်ငန်းသဘောအရ ရင်းနှီးကျွမ်းဝင်ရသည့် လွင်ပြင်မုန်း ဖြစ်နေခြင်းပင်။

'ဘာလို့ လွင်ပြင်မုန်းဖြစ်‌ေနရတာလဲ... ယမုံ။ ကိုယ်မှားခဲ့တယ် ပြန်ပြင်မရအောင် မှားခဲ့လို့ မင်းရဲ့ အဝေးမှာ နေပေးခဲ့တာ မင်း ကို ဒီအတိုင်းပဲ မြင်နေပါစေ ယမုံရယ် အခြားသူလက်ထဲ ကိုယ်မမြင်ပါရစေနဲ့ လား!

'ကလေးအိပ်သွားပြီလား မေမေ '

ခမ်းနားအိမ်ပေါ်တက်ခါနီးပြန်လှည့်လိုက်ပြီး မေမေ့ကို လှည့်မေးလိုက်သည်၊ ဒေါ်မာလာခင် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ

"အိပ်သွားပြီ သားရေ အခုလေးတင်ပဲ သားရေချိုးပြီးထမင်းတစ်ခါထဲ စားလိုက်မလား မေမေ အေးသူဇာက်ု ပြင်ခိုင်းလိုက်မယ်"

ခမ်းနား ခေါင်းခါလိုက်ပြီး

"မစားတော့ဘူး မေမေ ကျွန်တော် စားချင်စိတ်မရှိတော့လို့ မေမေ"

ပြောရင်းအိမ်ပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်၊

ဒေါ်မာလာခင် သားဖြစ်သူရဲ့ ပုံစံကိုကြည့်ပြီး စိတ်ဓာတ်ကျခြင်းပါ အတူ ကူးစက်လာခဲ့ရသည်၊

🍂🍂🍂🍂🍂

အိပ်ယာထက် ကန့်လန့်ဖြတ် လှဲချလိုက်ရင်း မျက်နှာကျက် ဖြူဖြူတွေကို စိုက်ကြည့်ရင်း တဆစ်ဆစ်နာလာတဲ့ ဝဲဘက် ရင်အုံကြောင့် ခမ်းနားမျက်လုံးတွေကို ဖိမှိတ်ထားခဲ့လိုက်သည်

ဘာ့ကြောင့်များသူ ဒီပြင်မရတဲ့ အမှားကြီးကို ကျုးလွန်ခဲ့မိပါလိမ့် ယမုံက သူ့ကို ခွင့်လွှတ်တယ်ပဲ ထားပါဦး သူ့လို မုဆိုးဖို ကလေးတစ်ယောက် အဖေက ယမုံနဲ့ မထိုက်တန်တော့ဖူး မဟုတ်လား

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ဒီနေ့ ယမုံအနားမှာ အခြားယောက်ျားတစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန် သူ့ရင်ဘက်ထဲ ခံစားလာရတဲ့ နာကျင်မှုက ဘာနဲ့မှကို မတူအောင် ဖြစ်နေရသည်၊

ယမုံက်ု သူ မပိုင်ဆိုင်ရရင်နေပါစေ၊အခြားသူပိုင်ဆိုင်သွားမှာကို သေမတတ်ကြောက်ရွံ့နေမိတာ အမှန်ပဲ

ဘာဆက်လုပ်ရမှန်း မသိခင် လက်ထဲက စမ်းမိတဲ့ ဖုန်းလေးကို ယူလိုက်ပြီး ယမုံလို့ မှတ်ထားတဲ့ နာမည်လေးက်ု ခေါ်လိုက်မိသည်၊

တူ.....တူ.....တူ

ဖုန်းလေး ဝင်သွားသည့် အတွက် ခမ်းနားစိတ်လှုပ်ရှားစွာဖုန်းက်ု စိုက်ကြည့်နေမိသည်၊ပထမ တစ်ကြိမ်မကိုင်ပဲ ကျသွားသည့် ဖုန်းလေးကြောင့် နောက်တစ်ကြိမ်သူ ပြန်လည်ခေါ်ဆိုလိုက်သည်၊

တူ......တူ......တူ...

"ဟလို"

တစ်ဖက်ကဖုန်းကိုင်လိုက်ရင်း ထူးလိုက်တဲ့ အသံကြောင့် ခမ်းနားထထိုင်လိုက်ရင်း ဖုန်းကို နားနဲ့ ကပ်လိုက်ကာ

"ဟလို ယမုံ ကိုယ်ပါ"

ဟင်...

တစ်ဖက်ကဘာသံမှ မထွက်လာတော့ဘဲ တိတ်ဆိတ်သွားတဲ့ အတွက် ခမ်းနား စိတ်တွေ အပြင်းအထန်လှုပါရှားလာရကာ

"ယမုံ ဖုန်းမချပါနဲ့ ခဏ ခဏလေးပဲ နားထောင်ပေးပါ ကိုယ်ပြောစရာရှိနေလို့"

"......"

တစ်ဖက်က ယမုံ့ အသက်ရှုသံ မျှင်းမျှင်းလေးကို သူကြားနေရသည်မို့ ယမုံ ဖုန်းမချသေးဘူးဆိုတာကို သူသိလိုက်ရသည်မို့ သက်ပြင်းချလိုက်ရင်း

"ယမုံ ကိုယ် ... ကိုယ်မင်းကို ဒီအတိုင်းလေးပဲ မြင်နေလို့ မရဘူးလား ယမုံရယ်"

'ရှင်ဘာကိုပြောတာလဲ?'

ယမုံပြန်မေးလိုက်တဲ့ စကားကြောင့် ခမ်းနားရုတ်တရပ်ဘာဖြေလို့ ဖြေရမှန်းမသိတော့ဘဲ ဆံပင်တွေထဲ လက်ငါးချောင်းထိုးဖွလိုက်ရင်း

"ကိုယ်မှားခဲ့တယ် ယမုံရယ် ကိုယ်တကယ်မှားခဲ့ပါတယ် ကိုယ့်အမှားတွေကြောင့် မင်းအနားကို ပြန်လာခွင့် မရှိတော့ပေမယ့် မင်းကို အခြားလူတစ်ယောက်နဲ့ အခုလို တွေ့လိုက်ရတာ ကိုယ်လေ ကိုယ်ရူးတော့မလိုခံစားနေရတယ် "

"သိပ်ကို တရားတယ်နော် ခမ်းနားသွင်ပြင်"

"ယမုံ"

"နောက်ဆို ကျွန်မဆီ ကိုဒီလိုအဓိပ္ပါယ်မရှိဖုန်းမဆက်နဲ့ ဒါနောက်ဆုံးဖြစ်ပါစေ "

ပြောရင်းဖုန်းချသွားသည့် ယမုံကြောင့်ရင်ဘက်တစ်ခုလုံးနာကျင်လာရကာ ယောက်ျားတန်မဲ့ မျက်ရည်စတို့ပါးပြင်ထက် စီးကျလာရင်း

လွန်ခဲ့သော နှစ်များဆီသို့ အတွေးနဲ့အတူ နောင်တ တရားက ရောက်ရှိသွားခဲ့ရသည်၊

« ရှေ့အခန်း - အပိုင်း(၁၆) နောက်အခန်း - အပိုင်း(၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ