Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၄

ငွေ့ရည် ခြံထဲမှာ လမ်းဆင်းလျှောက်တော့မှ ငွေ့ရည်တို့နေတဲ့ တိုက်ကလေးရဲ့အပြင်ဘက်ကို သေချာကြည့်မိတော့တယ်။ တိုက်ကလေးက တစ်ထပ်တိုက်လုံးချဥ်းလေးဖြစ်ပြီး ချစ်စရာလေးပါ။ခြံထဲခုမှကြည့်မိတော့ ခြံဝန်းကလေးကလည်းကျယ်ပြီး ကံံ့ကော် စံပယ် နှင်းဆီ စိန်ပန်း ခရေပန်းပင်တို့ ပြည့်နှက်လို့နေသည်။

ခရေပန်းပေါ်မှာ အိပ်တိုင်းဝင်နေကြပြီဖြစ်တဲ့ ကျေးငှက်တို့ဟာလည်း ကျလိ ကျလိနဲ့ သူတို့ဘာသာစကားနဲ့ တစ်ကောင်နဲ့တစ်ကောင် စကားပြောကြတာ ဆူညံနေကြသည်။

အရောင်အသွေးစုံလင်လှတဲ့ နှင်းဆီပန်းတွေကလည်း ပွင့်နေလိုက်တာ တကယ်လှသည်။ကြွေလည်းမွေးဝေလည်းမွှေးတဲ့ ပန်းခရေကတော့ မပွင့်သေးပေ။

အရင်တုန်းက ပန်းတို့ကို မချစ်တက်ခဲ့သူမဟာ ခုဆို ပန်းတို့ တယုတယကိုင်ကာ အပြုံးချိုချိုလေး နဲ့ညင်သာစွာ နမ်းရှိုက်လာခဲ့တယ်။အရင်လို တစ်စိတ်ရှိဒေါသထွက်တာ မာကျောမှုတွေမရှိတော့ဘဲ ကြောက်ရွံစိတ်ကလေးတွေဖြစ်ပေါ်လာခဲ့တယ်။ခုလိုတွေဖြစ်နေတာဟာ သူမရဲ့ဗိုက်ထဲက သမီးလေးကြောင့်များလားမသိတော့ပါ။

ဘဝရင်းပြီး ပေးဆပ်လိုက်ရတာကြောင့် ငွေ့ရည်ရဲ့စိတ်က ပြောင်းလဲသွားလားဆိုတာ မသဲကွဲပေ။

"ဘာလို့ သူကပဲ အောင်နိုင်သူတစ်ယောက်ဖြစ်နေရတာလဲ...ဘာလို့ ငွေ့ရည်ဗိုက်ထဲက ကလေးက မိန်းကလေးဖြစ်ရတာလဲ... ငွေ့ရည်ဗိုက်ထဲကလေးသာ သမီးလေးမဟုတ်ခဲ့ဘူးဆိုရင် ငွေ့ရည်လေ ဘုရားရှိခိုးတိုင်း ဝဋ်လည်ပါစေလို့ ဆုတောင်းနေမှာ..ခုတော့ ငွေ့ရည်မှာ ဘဝတစ်လုံးပျက်စီးခံခဲ့ရတာကိုတောင် ဘာတစ်ခုမတုန့်ပြန်နိုင်ဘဲ ရူံးပြီးရင်းရူံးနေတော့တာပဲ..''

သူ ငွေ့ရည်အပေါ် အနိုင်ကျင့်ခဲ့တွေက တချိန်မှာ သူ့သမီးဖြစ်တဲ့ ငွေ့ရည်ရဲ့သမီးလေးအပေါ်ကို တန်ပြန်သက်ရောက်ခဲ့ရင်သိတဲ့အသိက ငွေ့ရည်ရဲ့ရင်ဘတ်တစ်ခုလုံး ကျိုးကြေမတက် ခံစားရလေသည်။

"အကြိမ်ကြိမ် ဆုတောင်းခဲ့တာ သားလေးဖြစ်ပါစေလို့လေ...''

သို့ပေမယ့် သူမရဲ့ ဆုတောင်းစကားတွေကမပြည့်ဝခဲ့ပေ။

"ပန်းငွေ့ရည်..''

"အမလေး..''

ညနေစောင်း ခြံထဲမှာ ဗိုက်ကလေးကို လက်ကလေးနဲ့မလျက် အတွေးလေးနဲ့ လမ်းလျှောက်နေသည့် ငွေ့ရည်မှာ ရုတ်တရပ် နောက်ကနေခေါ်ခံလိုက်ရတာကြောင့် ယောင်ရမ်း၍ လှည့်ကြည့်ရင်း လိုက်မိသည်။သူမကို ခေါ်လိုက်တဲ့သူဟာ သူမဆိုးရိမ်နေသည့် တခြားတစ်ယောက် မဟုတ်တာကြောင့် လက်တစ်ဖက်က ဗိုက်ကလေးကိုမလျက် ကျန်တစ်ဖက်က သူမရဲ့ ရင်ဘတ်လေးကို ဖိထားလိုက်ပြီး မျက်လုံးလေးမှိတ်လိုက်ကာ သက်ပြင်းလေးချလိုက်သေသည်တော့သည်။

ရန်ကုန်ကို ခြေချတာ နှစ်ရက်တစ်ပိုင်းပဲ ရှိသေးတယ်။သူမ နာမည်လေးခေါ်သံကြားလိုက်တာနဲ့ ကြောက်ရွံ့ဆိုးရိမ်မှုတွေက သူမရင်ထဲမှာ အပြည့်ပင်။တကယ်လို့များ သူနဲ့ထိပ်တိုက်ဆုံခဲ့ရင် သူမရဲ့ ခုလိုပုံစံကို မြင်ပြီး အောင်နိုင်သူ အပြုံးနဲ့ လှောင်ရယ်နေမလားဆိုတဲ့ အသိက သူမရဲ့စိတ်ကို သွေးပျက်မတက် တုန်လှုပ် ခြောက်ခြားစေသည်။

"လန့်သွားတာပဲ ကိုကြီးထက်ဝေယံရယ်...''

ထက်ဝေယံတစ်ယောက် သူ့မှာတော့ ခြံထဲမှာလမ်းလျောက်နေတာတွေ့လို့ အနောက်ကနေ အသံပြုပြီး လက်ထဲကပါလာတဲ့ သူမအတွက်ဝယ်လာတဲ့ သစ်သီးထုတ်လေးကိုင်ပြလိုက်ကို ကြောက်လန့်တကြီး ဖြစ်ကာ မျက်နှာကလေးသွေးမရှိသလို ဖြူဖွေးစွတ်သွားကြောင့် မျက်မှောင်ကုတ်လျက် ပြောလိုက်၏။

"ညဥ်းနဲ့လည်း..ငါ့ကိုများ လန့်ရတယ်လို့...ငါ တအားရုပ်ဆိုးနေလို့လား...သရဲမြင်လိုက်ရတဲ့အတိုင်းပဲ ညဥ်းမျက်နှာ ဖြူဖျော့သွားတာပဲ...''

"ငွေ့ရည်က ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျောက်နေတာကို.. ကိုကြီးထက်ဝေယံက ရုတ်တရပ်ကြီး အသံပြုလိုက်တော့ ငွေ့ရည်လန့်သွားတာပေါ့လို့...''

"ကဲ ညဥ်းအထဲဝင်တော့ ညနေစောင်းနေပြီ...နေမကောင်းနေတာကို အပြင်ထွက်ပြီး လေတိုက်ခံနေရတယ်လို့ကွာ...''

"ထက်ဝေယံ ပြောတာကို ငွေ့ရည် ခေါင်းတညိမ့်ညိမ့်နဲ့ လေးလေးနက်နက် နားထောင်ပြီးမှ''

"အင်းပါ..ငွေ့ရည် ခဏနေခဲအုန်းမယ်..ကိုကြီးထက်ဝေယံက ကိုကိုနဲ့အတူ ညနေစာအတွက် ပြင်ဆင်လိုက်ပါအုန်းနော်..ဒါနဲ့ ကိုကိုအစားသွားတဲ့ အလုပ်ကိစ္စ အဆင်ပြေရဲ့လား..''

"အင်း..အဆင်ပြေတယ်..အစကတော့ အင်တင်တင်နဲ့ပေါ့ဟာ..နောက်တော့ ထက်ဝေယံရဲ့ အကွက်ထဲဝင်လာတော့ ဘယ်ထွက်လို့ရပါ့မလဲဟ..''

"ငွေ့ရည် ယုံပါတယ်နော်...''

သူ့မှာ အလုပ်အဆင်ပြေအောင် နည်းနည်းဆို အများများပြောလိုက်တာ ဆေးရုံတက်နေလို့ဆိုသည့် သူပြောလိုက်ရသည့်စကားသာ ဇာနည်နဲ့ငွေ့ရည်သာ ပြောလိုက်ရရင် သူ့ကို စိတ်ဆိုးမှာအသေအချာပင်။ ငွေ့ရည်လေးက လက်ခံလောက်ပေမယ့် ဇာနည်ကတော့ရမည်မထင်ပေ။ညီမထိ ဓားကြည့်ဆိုတဲ့ အစ်ကိုမျိုး မိုးကိုတောင် မီးတက်ရှို့မယ့်လူမျိုးပင်။

"ခဏနေ အိမ်ထဲဝင်လာတော့နော်..အပြင်မှာအေးတယ်..ညဥ်းနေမကောင်းဖြစ်ရင် ညဥ်းအစ်ကို ပြာရာခက်နေတာ ငါ မျက်စိနှောက်လို့ပါဟာ..''

"အင်းအင်း...''

ကိုကြီးထက်ဝေယံရဲ့ စကားကြောင့် သူမပြုံးရယ်လိုက်လေ၏။

အလုပ်ကအဆင်ပြေသွားပြီဆိုတော့ အနည်းဆုံး ဒီရန်ကုန်မှာ သုံးလေးလလောက်တော့ နေရအုန်းမည်။ဒီအချိန်အတောအတွင်းတော့ သူနဲ့ ပြန်မတွေ့ဖြစ်ကိုဖို့ စိတ်ထဲမှာ အကြိမ်ကြိမ် ဆုတောင်းနေမိလေသည်။

************ **************

"သား ဘယအလိုလဲ အဆင်ပြေလာခဲဲရဲ့လားကွယ်..''

"ဟုတ်ကဲ့ မေမေ..အားလုံးအဆင်ပြေတယ်...သားအပေါ်တက်ပြီး ရေမိုးချိုးလိုက်အုန်းမယ်...ဒါနဲ့ ဟိုနှစ်ကောင်ရော မေမေ...''

"သား..မင်းညီမလေးတွေက လူလေးတွေနော်..ကျွဲတွေနွားတွေ မဟုတ်ဘူး..ဟိုနှစ်ကောင်မခေါ်ပါနဲ့လားကွယ်...''

"ဘာလဲ မေမေက သားခေါ်တာကို မကြိုက်ဘူးလား...စိတ်ဆိုးတာလား..အဲဆိုလည်း နောက်မခေါ်တော့ဘူး...ဒါနဲ့ သားအပြင်မှာ စားလာလို့ ထမင်းမစားတော့ဘူးလား..မေမေတို့သားမိတွေပဲ စားလိုက်ပါ..''

ရုပ်တည်ကြီးနဲ့ မေမေ့ကို ပြောပြီးတာနဲ့ အပေါ်တက်လာခဲ့သည်။မေမေကတော့ စိတ်မကောင်း ဖြစ်သွားမှာကို သူသိလေ၏။သူ့နောက်ကို လိုက်ပြီး ချော့မှာဘဲလို့ သူထင်မိတာ မှားသွားလေသည်။မေမေဟာ သူအခန်းထဲရောက်လာတဲ့အထိ ရောက်မလာခဲ့ပေ။

"ကျစ်..''

သူလည်း ခေါင်းကို ကုတ်ခါ စုတ်သတ်လိုက်၏။

"ဘာလဲကွာ..မေမေ့ကို ပြန်ချော့ရမှာ ငါဖြစ်သွားလား...မေမေကလည်း မမိုက်ပါဘူးကွာ..''

"ဟူး...''

ခေါင်းကဆံပင်တွေပွတ်ခါလိုက်ပြီး လေမှုတ်ထုတ်လိုက်၏။

"ရေချိုးပြီးတာနဲ့ ဖုန်းကိုယူပြီး ဇွဲပြည့်ဆီကို ဖုန်းဆက်လိုက်တယ်''

"ဟလို..''

"အေး..သားရီး ပြောလေကွာ''

"ဇွဲပြည့် ငါ့ကို ဒီနေ့စာတွေကို ဓာတ်ပုံရိုက်ပြီး ပို့ပေးစမ်းပါကွာ...သွန်းသွန်းက ငါ့ကို စိတ်ဆိုးသွားလို့ သူ့ဆီက တောင်းရင်ပေးမှာ မဟုတ်ဘူး..မင်းပဲ အားကိုးရမှာပဲ...''

"အေးပါ...ခဏနေ ငါပို့ပေးထားလိုက်မယ်..ခုတော့ ငါ့အသည်းလေးနဲ့ ပြောလိုက်အုန်းမယ် သားရီးရေ...မင်းကိုတောင် စိတ်ဆိုးသေးတာ ငါ့ကိုစိတ်ကောက်သွားရင် ငါမချော့တက်ဘူးကွ..ဟား...ဟား...''

"ငါ့ကို ပို့ပေးပြီးမှ မင်းတို့နှစ်ယောက် အေးဆေးပြောပါကွာ..ငါအလုပ်အတွက်လည်း စာရင်းတွေ စစ်ရအုန်းမှာ...ငါ့ကိုအရင် ပို့ပေးစမ်းပါကွာ...''

"အဲဆိုလည်း ခဏလေးစောင့်...ဓာတ်ပုံရိုက်လိုက်အုန်းမယ်...''

"ကျေးဇူးပဲကွာ..''

မင်းခန့်လည်း ဇွဲပြည့်နဲ့ ဖုန်းပြောပြီးတာနဲ့ လိုင်းဖွင့်လိုက်၏။ ဇွဲပြည့်ပို့ပေးလာတဲ့ ဖုန်းထဲက စာတွေကို ကြည့်ပြီး ကူးလိုက်သည်။သူ စာတွေကူးပြီးလို့ ဇာတ်ကိုဟိုဘက်ဒီဘက်ရမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ပြီး အကျောဆန့်လိုက်၏။

"ဒေါက်..ဒေါက်...ကိုကိုကြီးရေ..တံခါးပွင့်ပေး..''

"ဝင်လာခဲ့ ဆေ့ထားတာ မပိတ်ထားဘူး...''

သူပြောလိုက်တာ သူ့အခန်းထဲကို ဝင်လာပြီး စာလုပ်နေသည့် သူ့နားကို တွန့်ဆွန့်တွန့်ဆွန့်နဲ့ တစ်လှမ်းခြင်းဆီ လျောက်လာလေသည်။

"ကိုကိုကြီး...''

"ဘာလဲ..မုန့်လာယူတာလား...အိပ့်ရာပေါ်က အိတ်ထဲမှာ ချောကလက်ဝယ်လာတယ် ယူသွားလိုက်...တစ်ယောက်ထဲမစားနဲ့အငယ်မကိုပါကျွေးလိုက်အုန်း...''

"ဟုတ်ကဲ့...''

"မွ..မွ..''

ညီမလေးဟာ သူပါးနှစ်ဖက်ကို အသံမြည်အောင် နမ်းပြီး မုန့်ထုပ်ကို ယူပြီး လှစ်ခနဲ ပြေးထွက်သွားလေသည်။သူ့မှာတော့ ညီမလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကြောင့် ပြုံးပြီး ကျန်ရစ်ခဲ့သည်။

"ခွီ..ခွီ...''

"မေမေ့ကိုသာ မစားတော့ဘူးလို့လွယ်လွယ်ပြောလိုက်ပေမယ့် ဗိုက်က ဆန္ဒပြနေသည်မှာ တခွီခွီနဲ့ပင်။ဗိုက်ဆာတာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။မီးဖိုခန်းထဲရောက်တော့ ရှိုက်သံလေးကို ကြားလိုက်ရ၏။သူနားကြားမှားတာများလားလို့ ရှေ့တိုးပြီး သေချာ နားထောင်တော့ ''

"အဟင့်...ဟင့်...''

"မောင်...သားကလေ ဒီနေ့ ချို့စကားကို စိတ်မကောင်းဖြစ်သွားတယ်နဲ့တူတယ်....သူ့ကို အချစ်လျော့သွားတယ် ထင်သွားလား မသိပါဘူး မောင်ရယ်...ချို့ကြောင့် ချိုတို့သားလေး စိတ်မကောင်းဖြစ်သွားရပြီ မောင်...ချို မကောင်းဘူး..''

မီးဖိုခန်းရဲ့နံရံဘေးမှာ နံရံကိုမှီလျက် သူမရဲ့ ရင်ဘတ်ကို ထဘုန်းဘုန်းနဲ့ ထုရိုက်ပြီး ငိုကြွေးနေတော့သည်။

"မေမေ...''

"ဟင်....''

"သား တောင်းပန်ပါတယ် မေမေရယ်..အဲလိုမလုပ်ပါနဲ့... သား မေမေ့ကို စိတ်မဆိုးပါဘူး...မေမေ့ဆီက ချော့တာလိုချင်လို့ ပြောလိုက်မိယုံပါ...သား စိတ်ထဲကမပါ ပါဘူး...''

ချို့ရဲ့ လက်ကလေးတွေကို ဖမ်းယူဆုပ်ကိုင်လိုက်ပြီး သူမရဲ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး ဖက်ထားလိုက် ကလေးပမာ ငိုကြွေးနေတော့သည်။

"မေမေ မငိုတော့ပါဘူး သားရယ်..တိတ်တော့နော်..''

"ဟုတ်...ဟုတ်ကဲ့ မေမေ...''

"ချို သူမရဲ့ မျက်ရည်တွေ အလျင်အမြန် သုတ်လိုက်ပြီးနောက် သူမကို ဖတ်ပြီးပြီး ငိုနေသည့် သားဖြစ်သူ မင်းခန့်ရဲ့ ပါးနှစ်ဖက်က မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး''

"မေမေ့သားက ဒီအချိန်ပြီး မီးဖိုခန်းထဲကို ဘာလာလုပ်တာလဲ...''

"ဗိုက်ဆာလို့ ထမင်းလာစားတာ မေမေ...''

ချို ပြုံးလိုက်သည်။သားအကြောင်းကို ချိုအသိဆုံးမဟုတ်လား...ဘယ်လောက်ပဲ အပြင်မှာ စားလာပါစေ..အိမ်ရောက်ရင်လည်း နည်းနည်းပဲဖြစ် ထပ်စားရမှ နေတက်သည့် ကလေး..အဲဒါကြောင့် လာနိုးလာနိုးနဲ့ သူမ မီးဖိုခန်းထဲမှာ ရှိနေတာဖြစ်လေ၏။

"ခဏစောင့်နော်.. မေမေ ဟင်းတွေ ပြန်နွှေးလိုက်အုန်းမယ်...''

"မေမေရော စားပြီးပြီလား...''

"မစားရသေးဘူး သား.. ''

သူကြောင့် မေမေ့ကို မျက်ရည်ကျစေခဲ့မိသည်။စိတ်မကောင်းဖြစ်အောင် ဝမ်းနည်းအောင် လုပ်မိသည်။

"ဖေဖေသာရှိရင်လည်း မေမေ့ကို စိတ်မကောင်းဖြစ်အောင် ပြောမိလို့ သူ့ကို ဘယ်လိုတုန့်ပြန်မလဲ..''

ညဥ့်မှ ထမင်းပြန်စားရတော့ အငယ်ငယ်တုန်းက အကြောင်းကို သတိရပြန်တော့ ဖေဖေ့ကို ပို၍ လွမ်းဆွတ်မိပြန်သည်။

"သတိရတယ် ဖေဖေ...''

« ရှေ့အခန်း - အပိုင်း ၃ နောက်အခန်း - အပိုင်း ၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ