ဘာလို့များ ကိုကို့အတွက် အရေးကြီးတဲ့ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် နေမကောင်းဖြစ်တဲ့ သူမကိုယ်သူမ မကျေမနပ်ဖြစ်မိလေသည်။သူမကြောင့်နဲ့ ကိုကို အလုပ်ပြုတ်သွားမှာကို စိတ်ပူရလေသည်။သူမကသာ စိတ်ပူနေတာပါ ကိုကိုကတော့ အလုပ်အတွက် စိတ်မပူပဲ သူမကိုသာ စိတ်ပူနေလေ၏။
"ညီမလေးကြောင့်နဲ့ ချိန်းထားတဲ့အလုပ်ကိစ္စမသွားလိုက်ရတာ တောင်းပန်တယ်နော် ကိုကို...ဒါနဲ့ ကိုကြီးထက်ဝေယံကို ကိုကိုအစားလွှတ်လိုက်တာ အဆင်ပြေပါ့မလားဟင်...''
သူ့ကို မော့ကြည့်ပြီး နွမ်းလျနေသည့် မျက်နှာကလေးနဲ့ ပြောလာသည့် သူမကို ဇာနည်တစ်ယောက် ပြုံးလိုက်ကာ ပြောလေ၏။
"အဆင်ပြေမှာပါ ညီမလေးရဲ့..အဲအတွက် စိတ်မပူနဲ့...ကိုကို့ညီမလေး စိတ်ပူရမှာက ဟောဒီ့ဗိုက်ထဲက ကိုကို့တူမလေးနဲ့ ညီမလေး ကိုယ်တိုင်ပဲ ..ဒီနေ့ ကိုကိုလေ ညီမလေးကို ကြည့်ပြီး ဘယ်လောက်လန့်သွားရလဲ ..''
"ညီမလေးကြောင့် အရမ်းလန့်သွားတာလားဟင် ကိုကို...''
"အရမ်းလန့်သွားတာပေါ့ ညီမလေးရဲ့.. ကိုကို့အတွက် တစ်ယောက်ထဲပဲရှိတဲ့ ညီမလေးမဟုတ်လား..အဲဒါကြောင့် ညီမလေး တစ်ခုခုဖြစ်သွားမှာကို ကိုကို အရမ်းကြောက်တာပဲကွာ..''
ကိုကိုရဲ့ စကားအဆုံးကို ကြားရလိုက်ချိန်မှာ အလွန်ပင်ပျော်သည်။ကိုကို သူမကို ဘယ်လောက်ထိ ဆိုးရိမ်သလဲဆိုတာ ဆေးရုံမှာတုန်းက ကိုကို့ရဲ့ ဇီးရွက်လောက်ပဲရှိတော့တဲ့ မျက်နှာနွမ်းနွမ်းလေးကို မြင်လိုက်ရထဲက သိနေပြီးသားပါ။ကိုကိုရဲ့ စကားလုံးတိုင်းက သူမအတွက် ပီတိလေးတွေဖြစ်လို့ ပြုံးလိုက်လေသည်။
"ဇာနည်လည်း သူရှေ့မှာ ပြုံးနေသည့် သူ့ညီမလေးကိုကြည့်ပြီး ''
"ဟောဗျာ..ကိုကိုပြောတဲ့ထဲမှာ ပြုံးရလောက်တဲ့ စကားတစ်လုံးမှ မပါဘဲနဲ့..ဘာလို့ ပြုံးတာလဲ ကိုကို့ကို ပြောပါအုန်း...''
"ကိုကိုက ညီမလေးကို အများကြီးချစ်တာ သိလိုက်ရလို့ပါ...ဒါနဲ့လေ ညီမလေးလည်း ကိုကို့ကို အများကြီးချစ်တာ ကိုကို ယုံလားဟင်...''
"ဇာနည်လည်း သူ့ကို ကလေးတစ်လို ပြောနေတဲ့ သူမရဲ့ နှာတံလေးကို သူ့လက်နဲ့ ဖွဖွလေး ဆွဲညစ်လိုက်ပြီးနောက် ''
"ကိုကို ယုံတာပေါ့ ညီမလေးရယ်...ကိုကို့ညီမလေးက ကိုကို့ကို ဘယ်လောက်ချစ်သလဲဆိုတာ ကိုကို သိတာပေါ့ ...''
"အဲဆိုရင် ညီမလေးကို ထားမသွားရဘူးနော် ကိုကို...ညီမလေးမှာ ကိုကိုပဲ ရှိတာ သိတယ်မဟုတ်လား ဟင်...ညီမလေးကို ချစ်တဲ့သူဆိုလည်း ကိုကိုတစ်ယောက်ထဲပဲရှိတာပါ..အဲဒါကြောင့် ညီမလေးကို ဘယ်တော့မှ ထားမသွားပါနဲ့ နော်...''
ပုလဲနက်လို စူးလဲ့တောက်ပနေတဲ့ မျက်ဝန်းအိမ်လှလှကလေးကနေ ကြည့်လဲ့နေသည့် မျက်ရည်ဥတို့ဟာ ဝဲရစ်တွဲခိုလျက် ပါးပြင်မို့မို့လေးထက်သို့ ပြိုကျလာခဲ့ပြီး ကလေးတစ်ယောက်လို ငိုရှိုက်ရင်း သနားခံနေသည့် ညီမလေးကြောင့် ဇာနည်တစ်ယောက် ပြာယာခက်သွားတော့သည်။
သူ့ညီမလေးရဲ့ ခုလိုဝမ်းနည်းငိုရှိုက်နေသည့် ပုံစံကို သူမလိုလားပါ။ညီမလေးရဲ့ စူးလဲ့တောက်နေတဲ့ မျက်ဝန်းအိမ်လှလှကလေးကနေ မျက်ရည်တွေ ကျနေတာကို သူမကြိုက်ပေ။ညီမလေးရဲ့ မျက်ဝန်းလှလှကတွေထဲမှာ ဝမ်းနည်းမှုမရှိပဲ ပျော်ရွှင်မှုတွေနဲ့ တောက်ပနေတာကိုပဲ သူမြင်ချင်သည်။
ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ သူမရဲ့ ပါးမို့မို့ထက်က မျက်ရည်စတွေကို သူ့လက်ကလေးနဲ့ သုတ်လိုက်ပြီးနောက် သူမကို သူ့ရင်ခွင်ထဲ သိမ်းဖက်လိုက်ကာ ချော့မြူလေနော့သည်။
"ကိုကို ကတိပေးတယ် ဟုတ်ပြီလား... မငိုနဲ့တော့ကွာ...ညီမလေးက ငိုနေရင် ညီမလေးရဲ့သမီးလေးက ဝမ်းနည်းနေမှာ...နောက်ပြီး ကိုကိုလည်း ဝမ်းနည်းတယ်...''
"ဟုတ်ကဲ့...''
သူပြောလိုက်တာနဲ့ ငိုတာရပ်ပြီး ခေါင်းညိမ့်ပြနေသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်လေသည်။သို့ပေမယ့် ရှိုက်သံကလေးကတော့ တသိမ့်သိမ့်နဲ့ပင် ဖြစ်နေသေးလေသည်။
*********** **************
မင်းခန့် အလုပ်ကိစ္စ ဆွေးနွေးပြီးပြီတာနဲ့ အိမ်ကိုတန်းမပြန်သေးဘဲ သူ့ရဲ့အသည်းအသက်လို ချစ်ရတဲ့ ကြွေရုပ်ပျိုဆိုတဲ့ ဆေးကျောင်းသူ ချစ်သူလေးဆီကို သူ လာကြိုနေသည့်အကြောင်း ဖုန်းဆက်ပြောလိုက်လေသည်။
သူနဲ့သူမဟာ ချစ်သူတွေဆိုပေမယ့် တက်ရောက်နေသည့် ကျောင်းတွေက မတူတဲ့အခါ အမြဲလိုလို မတွေ့ဖြစ်ပေ။သူတို့ တွေ့ရသည့် အချိန်တွေကိုလည်း လက်ချိုးရေလို့တောင်ရလေသည်။
သူ သူမရှိရာ ကျောင်းရှေ့ကို ရောက်လာခဲ့သည်။ကားထဲကနေ ဆင်းလိုက်ပြီး သူမအလာကို စောင့်မျှော်နေသည်။ခဏကြာတော့ မြန်မာဝမ်းဆက်လေးနဲ့ လွယ်အိတ်ကလေးကို ပုခုံးတင်လွယ်လျက် ဂျုတီကုတ်လေးကို လက်ကလေးပေါ် တင်ထားပြီး ယိမ်းနွဲ့ကာ လျှောက်လှမ်းလာသည့် ပုံစံ မြင်ရသူတွေရဲ့ ရင်ကို အေးသည့်အလှမျိုးပင် ဖြစ်သည်။ ခါးထိရှည်တဲ့ ဆံနွယ်ရှည်တို့ဟာလည်း ခြေတစ်လှမ်း လှမ်းလျှောက်လိုက်တိုင်း လှုပ်ရမ်းသွားလေသည်။
"ပျို...ကို ဒီမှာ...''
နီးကပ်လာတဲ့ အနေအထားတစ်ခုရတာနဲ့ သူမလေးကို လက်ပြကာ ပြောလိုက်လေ၏။သူ့ကို တွေ့လိုက်တာနဲ့ သူမလေးက မျက်လုံးလေးမှိတ်သွားသည်အထိ ပြုံးပြကာ သူ့ဆီကို အပြေးလေးလာလေသည်။
"ဘာလို့ ပြေးလာတာလဲကွာ..ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ...''
"အဲတော့လည်း ကိုက ပျို မလဲအောင် ပြေးထိန်းပေးပေါ့..ဘာလည်း ကိုက မထိန်းပေးချင်လို့ အဲလိုပြောတာလား...''
သူ့ကို နူတ်ခမ်းလေးဆူပြီး ရစ်နေသည့်ပုံစံလေးက အသဲယားစရာလေးဖြစ်နေတာကြောင့် ပါးပြင်လေးကို သူမအငိုက် အနမ်းခြွေလိုက်လေသည်။
"ဟင်..''
ပျို့မှာ ကိုရဲ့ နမ်းလိုက်တာကြောင့် ရှက်သွားလေတယ်။နမ်းလိုက်တဲ့ ကို့ကို ရှက်တာတော့ မဟုတ်ပေ။လူတွေများ မြင်သွားမလားသိသည့် အသိကြောင့်ပင်။ဘေးပတ်လည်ကို ကြည့်မိတော့ တချို့က မသိလိုက်ဖာသာ နေကြပေမယ့် တချို့က ပြုံးစိစိနဲ့ ကြည့်နေကြလေသည်။ထို လူတွေရဲ့ အကြည့်တွေကြောင့် သူမရဲ့မျက်နှာကလေး နီမြန်းလာတော့လေသည်။
မင်းခန့်လည်း မကူမလည်နဲ့ ဟိုကြည့်ဒီကြည့်နဲ့ ရှက်နေသည့် သူမရဲ့ ပါးပြင်လေးကို နောက်တစ်ခါ နမ်းလိုက်လေ၏။
သူနမ်းလိုက်တာနဲ့ သူမလေးရဲ့ မျက်နှာကလေးက ရှက်သွေးဖြာသွားပြီး ပါးမို့လေးတွေမှာ စတော်ဘယ်ရီအရောင်ကလေး သမ်းလို့သွားလေ၏။
"ကိုနော်..လူတွေကြည့်နေတယ်..ကို မရှက်ပေမယ့် ပျိုရှက်တယ် သိလား..မနက်အတန်းတက်ရင် မျက်နှာဘယ်နားသွားထားရမှန်း မသိတော့ဘူး...အဲဒါ ကိုကြောင့်သိလား..''
"ကြည့်တာ ဘာဖြစ်လဲ ပျိုရဲ့ ကို့ချစ်သူ ကိုယ်နမ်းပဲကိုကွာ...ဘာကို ဂရုစိုက်ရမှာလဲ...မနက် ပျိုရဲ့ မျက်နှာလှလှလေး ဘယ်နားထားရမှန်းမသိရင် ကို့ဆီမှာ ထားလို့ရတယ်...''
သူအဲလိုပြောလိုက်တော့ သူမလေးက ဘာတစ်ခုမှ မပြောတော့ဘဲ မျက်စောင်းလေးထိုးပြီး ခြေထောက်လေး စောင့်ပြီး ကားတံခါးကို ဖွင့်ပြီး ဝင်သွားလိုက်တာ ကိုယ်တောင် ဖွင့်ပေးချိန်မရလိုက်ပေ။
ဒီလိုပုံစံလေးနဲ့ ဆန္ဒပြလာပြီဆိုရင် သူ့ကို သူမလေး စိတ်ကောက်သွားတဲ့ လဏ္ခာပင်။ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတော့ သူ့မှာ အသဲယားပြီးရင်ယားနေတော့သည်။ဆူထားသည့် ကကြီးပုံစံနုတ်ခမ်းဖူးဖူးလေးကို နမ်းချင်တာကြောင့် သူမမျက်နှာကလေးကို သူ့ဖက်ဆွဲလှည့်လိုက်ပြီးနမ်းလိုက်လေ၏။
"အချိန်ကြာသည်အထိ မက်မက်မောမော နမ်းရှိုက်ပြီးမှ သူမကို လွှတ်ပေးလိုက်ပြီး သူမရဲ့ နုတ်ခမ်းကလေးကို သူရဲ့ လက်မကလေးနဲ့ ထိကပ်ပွတ်လိုက်ပြီး ''
"ကိုတို့ မြို့ပတ်ကြမလား ပျို...ညနေကြမှ ပြန်ကြမယ်လေ...''
"အဲအချိန်မှ ပြန်မှတော့ မေမေက ပျို့ကိုဆူမှာပေါ့ ကိုရဲ့....''
"ပျို မဆူခံရအောင် ကိုက လေးလေးကို ဖုန်းဆက်လိုက်မှာပေါ့...လေးလေးက ကိုနဲ့ဆိုပျို့ကို စိတ်ချပြီးသားပဲ မဟုတ်လား..နောက်ပြီး ပျိုက ကို့ရဲ့ အနာဂတ်ဇနီးလောင်းလေးပဲဟာ...''
ပျိုနည်းနည်းလေးငြင်းလိုက်တာနဲ့ လှုပ်မရအောင် ပျိုက ကိုရဲ့ အနာဂတ်ဇနီးလောင်းဆိုတဲ့ လက်သုံးစကားနဲ့ပဲ ကိုင်ပေါက်နေတော့သည်။
"အဲဆိုလည်း ဒီနေ့တစ်နေ့ပဲ ကို..နောက်ရက်ဆို ပျိုလည်း မအားတော့သလို ကိုလည်းမအားတော့ဘူး...စာမေးပွဲကလည်း နီးနေပြီဆိုတော့ စာတွေနဲ့ နပန်းလုံးရတော့မယ်လေ...''
"အင်း...''
ပျို ပြောတာလည်း မှန်လေသည်။သူရော ပျိုရောအတွက် အရေးကြီးတဲ့ စာမေးပွဲကြီးက နီးကပ်လို့ နေသည်။စာတွေနဲ့ပဲ နပန်းလုံးရတော့မှာတော့ ပျိုနဲ့ ခုလိုအေးအေးဆေးဆေး တွေ့နိုင်တော့မယ်မဟုတ်ပေ။
ဒီနေ့ဟာ သူတို့နှစ်ယောက်အတွက် အမှတ်တရအများကြီးနဲ့ ပျော်ရွှင်စရာနေ့လေး တစ်နေ့ဖြစ်ခဲ့လေသည်။ရွှေတိဂုံဘုရားကြီးကို ချစ်သူနှစ်ဦးအတူ ဖူးမြှော်ခဲ့လေတယ်။အလှူခံနေရာမှာ ဆိုရင်လည်း နှစ်ဦးအတူတူလှူဒါန်းလေ၏။ခိုလေးတွေကို နှစ်ဦးသား ပျော်ရွှင်စွာ ကျွေးလေသည်။ပြုံးရယ်ရင်း ခိုလေးတွေကို ပဲတွေပစ်ကျွေးနေတဲ့ သူမရဲ့ အပြစ်ကင်းစင်တဲ့ ရုပ်ပုံလေးကို အမိအရ ဓာတ်ပုံရိုက်ထားလိုက်သေးသည်။
ပလာဇာထဲ ရောက်တော့လည်း သူမလေးအတွက် သူမလေးလိုချင်တဲ့ ပစ္စည်းတွေကို ဝယ်ပေးလေသည်။ထိုအခါ သူမလေးရဲ့ မျက်နှာကလေးမှာ အပြုံးတွေယိုဖိတ်နေတော့လေသည်။
"ကို ပျို ချောကလက် စားချင်တယ်...ဝယ်ကျွေးပါအုန်းနော်...''
"ချောကလက်မှမဟုတ်ဘူး...ပျိုစားချင်တဲ့ဘယ်အရာမဆို ကိုက ဝယ်ကျွေးမှာပေါ့ကွာ...''
"အဲဒါကြောင့် ပျိုက ကို့ကို အရမ်းချစ်နေရတာ သိလား...ဒါနဲ့ ညီမလေးတွေအတွက်လည်း ဝယ်သွားမယ်နော်...ပန်းနဲ့နှင်းကလည်း ပျို့လို ချောကလက် ကြိုက်လေ...''
"အာ..ကိုမေ့နေတာ..ပျို ပြောမှပဲ သိရတော့တယ်..အကြီးမကို မုန့်ဝယ်ခဲ့မယ်လို့ ပြောထားတာ.. တော်သေးတယ်ကွာ...ပျိုပြောလို့ မဟုတ်ရင် ကို့ကို စိတ်ကောက်တော့မှာ...''
"ပန်းအတွက် မပါဘူးလား ကိုရဲ့...''
"မပါဘူး..သူက ကို့စကားနားမထောင်ဘူးလေ...''
"အဟက်...အဟက်..''
ပျိုလည်း လူမရှောင် ရယ်လိုက်တော့၏။
"ဘာ ရယ်တာလည်းကွာ..''
"ကိုယ့်ကြောင့်လေ..ကလေးမဟုတ်သူငယ်မဟုတ်နဲ့ ကလေးနဲ့အပြိုင် စိတ်ကောက်ရတယ်လို့ ကိုရယ်...''
"ကိုပြောတာကိုလည်း နားထောင်ကြည့်ပါအုန်း ပျိုရာ..အငယ်မ ဘယ်လောက် မကျောတင်းသလဲဆိုတာကိုပေါ့..''
ပျို့ကို ကို ပြောပြတော့မှ ပျို့မှာ ပိုပြီးတော့တောင် ရယ်လိုက်ရသည်။ကိုပြောသလိုဆို နှင်းလေးကအေးသလောက် ပန်းလေးက သေးသေးတင်မခံသည့် ကလေးမျိုး ကို့လို အကျောတင်းတင်း ခေါင်းကျောမာတဲ့ လူမျိုးပေါ့လေ။သူလိုကိုယ်လိုမျိုး တွေ့လာတော့ ကိုခံလာရတာကို တွေးတွေးပြီး ရယ်မောနေသည်မှာ ကားစီးလာသည့် လမ်းတစ်လျှောက်လုံးပင်။
ပျိုတို့ အိမ်ရှေ့ရောက်တော့ ကားလေးရပ်လိုက်၏။မင်းခန့် အရင်ဆင်းလိုက်ပြီး သူမလေးကို ကားတံခါးဖွင့်ပေးလိုက်သည်။
"ပျို ကိုယ် အိမ်ထဲထိ လိုက်မပို့ပေးတော့ဘူးနော်..''
"ရတယ် ကို..ကားကို ပုံမှန်ပဲ မောင်းသွားနော်..ဘယ်မှမဝင်ဘဲ အိမ်ဘဲတန်းပြန်နော်..အန်တီ စိတ်ပူနေလိမ့်မယ်...''
"အင်းပါ..ပျို ဝင်တော့လေ..''
"အွန်း... ''
ပျို အိမ်ထဲဝင်သွားသည့်တိုင်အောင် ကားထဲကနေ ပြုံးပြီး ကြည့်နေသည်။ယဥ်စစလေးနဲ့ သူမလေးက သူ့ရင်ကို အေးစေသည်။မေမေနဲ့တူတဲ့ မိန်းကလေးဖြစ်သလို မေမေ့လို အိမ်ထောင်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက် ဖြစ်မယ်ဆိုတာ သူယုံကြည်တာကြောင့် အချစ်ပိုနေရသည်။
"ကို ပျို့ကို ပိုင်ဆိုင်ချင်ပြီကွာ...''