Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၂၀)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

“မယ့်”

“သမီးလေး”

စိုင်းတို့ရဲ့ မန္တလေးရွှေမြို့တော်ကြီးမှာရှိတဲ့ ရှမ်းစော်ဘွားမျိုးနွယ်များ တည်းခိုတဲ့ နေရာမှာဘဲ မယ့် တို့က တည်းခိုတာမို့

“မယ့် ပြန်တော့မှာဆို”

“အွန်း ပြန်တော့မယ်လေ ကိုယ့်အရပ်ဒေသမဟုတ်တော့ မယ့် ကြာကြာမနေနိုင်ဘူး သမီးရယ်”

“လွမ်းနေရတော့မှာဘဲ မယ့်ရယ်”

စိုင်း အမေရဲ့ခါးလေးကို ဖက်ကာ ငိုပြီး ရင်ခွင်ထဲဝင်ကာ ချွဲနေတဲ့ ခွန်းကိုကြည့်ပြီး

စိုင်းနဲ့အစ်ကိုဖြစ်သူကတော့ သမီးမရှိတဲ့အပြင် သမီးကိုအရမ်းလိုချင်တဲ့ မေမေ့ အတွက်

သမီးရလိုက်သလိုမို့ မယ့်နဲ့ခွန်းကိုကြည့်ပြီး ပြုံးနေကြသည်။

“သား သမီးလေးကို အလိုလိုက်ရမယ်နော် သမီးလေးက စိတ်နုတယ် သမီးလေး စိတ်ခုစေမယ့်အရာဘယ်အရာမဆို သား ဆင်ခြင်နော်”

သားဖြစ်သူရဲ့ရုပ်ရည်နဲ့ စန်းကို သိထားတဲ့မိခင်မို့ ချွေးမလေး မငြိုငြင်ဖို့ အမှာတော်ပါးရတာ တောင်းရမ်းတဲ့နေ့ထဲကပင်

မန္တလေးရောက်မှ စတွေ့ဖူးပြီး သားထက် ချွေးမအကြောင်းပိုသိသလိုပြောနေကာ အချစ်ပိုပြနေတဲ့ မိခင်ကြောင့်

“မယ့် စိတ်ချပါ မ ကို သားဂရုစိုက်ပါ့မယ်”

“သမီးလည်း မောင့်ကို ဂရုစိုက်ပါ့မယ်နော် မယ့်”

“အို…သမီး ဂရုစိုက်စရာမလိုပါဘူး သမီးကိုဘဲ သားကဂရုစိုက်ရမယ်”

“ဟာ…မယ့် သားက မယ့်ရဲ့ပါးနော် ပီစိုင်းကူပြောပါဦး”

မိခင်ဖြစ်သူကို မနိုင်တော့တာကြောင့် အစ်ကိုဖြစ်သူကို အကူအညီတောင်းပေမယ့်လည်း

“ဘာမှ ကူပြောစရာမလိုဘူး သား မယ့် မှာတာတွေ မမေ့နဲ့နော်”

“စိတ်ချပါ မယ့် သား မကို သေချာဂရုစိုက်ပါ့မယ်”

ယောက္ခမနဲ့ချွေးမ အလွမ်းသည်ကြရင်း ညနေစာ တူတူစားကြပြီးမှ မယ့်တို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။

**************

“မ အပြင်မှာ အေးတယ် ဘာလုပ်နေတာလဲ”

ဝရံတာမှာ မတ်တပ်ရပ်နေတဲ့ ခွန်းကို အပေါ်ကနေ စောင်ပဝါလေး ခြုံပေးရင်း

အနောက်ကနေ သိုင်းဖက်ကာ လည်ပင်းသားလေးကိုနမ်းပြီး မေးမိတော့

“မယ့်ကို လွမ်းလို့”

“ဟင်”

သားအရင်းဖြစ်တဲ့ သူကိုယ်တိုင်တောင် ခွါနေကြမို့ စိတ်ထဲဘယ်လ်ိုမှမနေပေမယ့်

ပထမဆုံး မန္တလေးရောက်မှ တွေ့ဖူးပြီးချစ်သွားကြကာ အခုလည်း လွမ်းတယ်ဆိုကာ မျက်ရည်တွေ ဝဲနေတာမို့

“မ ရယ်”

သူရင်ခွင်ဘက်ကို လှည့်ကာ ရင်ခွင်ထဲ ခေါင်းလေးအပ်ပြီး ငိုနေကာ

“ဟင့် ဟင့်”

“မ ငိုတာ မောင်မကြိုက်ဘူး မ မျက်ရည်မြင်ရင် မောင်ရင်တွေ တအားပူတာ မရဲ့ မငိုနဲ့ မောင် မယ့်ကို ပြန်ခေါ်လိုက်မယ်”

“မလုပ်ပါနဲ့ မယ့်က လူကြီးလေ ဟိုသွားရ ဒီသွားရနဲ့ ခွန်းကြောင့် ခရီးပန်းလိမ့်မယ်”

“မောင့် မိန်းမဘဲ လွမ်းတယ်ဆို”

“မယ့် က မေမေတို့ တီလေးတို့ထက်တောင် ခွန်းကို အလိုလိုက်တယ် ချစ်ပေးတယ်”

“ဟာဗျာ..မေမေတို့ကလည်း ချစ်တာဘဲကို”

“မတူဘူး မောင်ရဲ့ မယ့်ကလေ ခွန်းဘာလေးပြောပြော

သေချာဂရုတစိုက်ရှိတယ် နားဝင်အောင်ပြန်ရှင်းပြတယ် စိုင်း လိမ္မာနေတာ မထူးဆန်းပါဘူး မယ့် က ဒီလောက် နူးညံ့သိမ့်မွေ့ပြီး အပြောအဆိုကောင်းတာ”

ရင်ခွင်ထဲမှာ တအီအီလုပ်နေတဲ့ ကောင်မလေးကို မျက်ရည်တွေသုတ်ပေးရင်း

“မယ့်က ခုကစပြီး မရဲ့ မယ့်ဖြစ်သွားပြီလေ ပြီးတော့ မေမေတို့က အပြောအဆိုက တိုက်ရိုက်ဆန်ပေမယ့်

စေသနာအရမ်းကောင်းတယ်လေ မရဲ့ လူတစ်ယောက်နဲ့တစ်ယောက်က မတူကြဘူးလေ”

“မေမေတို့ တီလေးတို့ သုံးယောက်လုံး တူတူဘဲ တစ်စိတ်ထဲ”

“မ ထင်လို့ပါ မောင်ကတော့ မေမေတို့ကို ကျေးဇူးတင်တဲ့ မ ကိုဒီအရွယ်အထိ အပွန်းအပဲ့မရှိဘဲ ထိန်းကြောင်းနိုင်လို့လေ”

“မေမေတို့ ဆူလွန်းလို့ ဘယ်လောက်ခံစားခဲ့ရတာတွေတော့ မောင်မသိဘူးမလား”

“သိတာပေါ့ အဲ့တာကြောင့် ခု မောင်မိန်းမကို အချစ်တွေနဲ့ ဖြေသိမ့်ပေးမလို့လေ”

ဆိုကာ ပွေ့ချီလိုက်တဲ့ မောင့် ကြောင့်

“တော်ပြီနော် မောင်ရေ”

“တော်လို့ မရတော့ဘူး ချစ်ရည်လှုးရမယ့် အချိန်ရောက်နေပြီလေ အချစ်ကလေးရဲ့”

ခွန်း ကို မွေ့ယာပေါ်ချပေးပြီးတာနဲ့ အကျီတွေ အတင်းချွတ်ပေးလိုက်တဲ့ မောင့်ကြောင့်

“တော်ပြီ ဘယ်ချစ်ရည်မှ မလှုးချင်ဘူး ဟင့် တော်ပြီလို့”

လက်တွေနဲ့ စိုင်းကို အတင်းတွန်းကာ ရုန်းရင်းဆန်ခက် လုပ်နေတဲ့ မ ကြောင့်

“ဆိုးလိုက်တာ မ ရယ်”

“ဆိုးတယ်ဆို ဖယ်ပေးလေကွာ”

“မဖယ်ချိန်ဘူး မောင် အရမ်းဖြစ်နေပြီ”

စိုင်း ခွန်းအပေါ်ကနေ အုပ်မိုးကာ နှုတ်ခမ်းသားလေးတွေကို စုပ်ယူ နမ်းရှိုက်ရင်း

« ရှေ့အခန်း - အပိုင်း(၁၉) နောက်အခန်း - အပိုင်း(၂၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ