တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
မောင်နဲ့ ခွန်းမေမေတို့ရဲ့ အလျှင်အမြန်စီစဉ်မှုတွေကြောင့် ခွန်းတို့ မင်္ဂလာပွဲက နှစ်လအတွင်းကျင်းပဖြစ်သွားခဲ့သည်။
“ခွန်း နင်က ယောကျာ်းမယူတော့လည်း မယူချင်လို့ ယူမယ့်ယူတော့လည်း နှစ်လထဲ”
“ဟုပ ခွန်းရယ် ရတဲ့ယောကျာ်းကလည်း ချောလိုက်တာဆိုတာ မျိုးရိုးကလည်း ရှမ်းစော်ဘွားမျိုးရိုး
ပညာကျတော့လည်း ဆရာဝန်လေး”
“မမခွန်းက စီးပွါးရေးမှာလဲအောင်မြင် အိမ်ထောင်ရေးမှာလည်းအောင်မြင်”
ခွန်းရဲ့ အိမ်ထောင်ကျမြန်မှုကြောင့် သူငယ်ချင်းတွေနဲ့ ဝန်ထမ်းတွေ ကြားထဲ ပြောစမတ် တွင်နေသည် အထိပင်
“ကောင်လေး တစ်ယောက် ကောက်ရလိုက်တဲ့သဘောပါနော် ကလေးလေးက ငါ့မှမယူရင် ယူမယ့်သူမရှိလို့
သနားလို့ယူပေးလိုက်တဲ့သဘော”
ရှေ့မကြည့်နောက်မကြည့်ဘဲ ပစ္စည်းတွေ လိုက်စစ်ရင်းပြောနေတဲ့ ခွန်းကို
“နင်ကလည်း ချစ်လို့ယူခဲ့တာမလား”
“သနားလို့ပါဆို”
အနောက်မှာ ရောက်နေတဲ့ စိုင်းကို မြင်လိုက်တဲ့ ခိုင်နဲ့မြဖူးက မျက်နှာအရိပ်အကဲပြပြီး ပြောနေပေမယ့်
“ခွန်း နင်….ပြောပြီးမှ နောင်တရမယ်နော်”
“လုံးဝနောင်တမရဘူး မောင်လေးတွေက စွမ်းဆောင်ရည် ညံ့ပေမယ့် ပြောစကားတော့နားထောင်တယ်”
“စွမ်းဆောင်ရည်တော့မညံ့လောက်ပါဘူး”
စိုင်းရဲ့ ခန္တာကိုယ့် တောင်းတင်းမှုတွေက အထင်းသားမို့ စွမ်းဆောင်ရည် ညံ့မယ့်ထဲ မပါဘူးဆိုတာ မြဖူးတို့ သိပေမယ့်
စွမ်းဆောင်ရည်အပိုင်းမှာ ဆရာမကြီးသဖွယ်ပြောချင်နေတဲ့ ခွန်းကတော့
“ဘာလဲ တကယ်ပါဆို ငါအတွက်တော့ မောင်က ဝါနုတယ်”
“ဘယ်နေရာမှာ နုသွားတာလဲ ပြောကြည့်ပါဦး”
ခွန်း အနောက်ကနေ ခါးကို ဆွဲဖက်ကာ သူဘက်ကို လှည့်လိုက်တော့ မောင်နဲ့ခွန်း အကြည့်ချင်းစုံနေပြီး
“ပြောလေ”
မောင် မျက်ဝန်းလှလှတွေက စွဲဆောင်လွန်းနေတာမို့ ခွန်း မောင်မေးတာကိုမဖြေနိုင်သလို အကြည့်လွှဲလိုက်တော့
“မမြဖူးတို့ ကျွန်တော် မ ကို ခန ခေါ်သွားလို့ရတယ်မလား”
“ရတယ် စိုင်း ရတယ်”
“လာခဲ့”
မြူဖူးဆီက ရတယ်ဆိုတဲ့ အဖြေကြောင့် ခွန်း မကျေနပ်သလိုလေးကြည့်နေရင်းမှာဘဲ
မောင်ဆွဲခေါ်သွားတဲ့ဆိုင်အပေါ်ထပ်က ခွန်း ရုံးခန်းဆီ
“ပြောပါဦး ဘယ်နေရာမှာ စွမ်းဆောင်ရည် ညံ့တာတုန်း”
ခွန်းလက်နှစ်ဖက်ကို အပေါ်မြှောက်ကာ တရားခံစစ်မေးသလို မေးနေတဲ့မောင့်ကြောင့်
“ဟို ဟို”
ခွန်း ရဲ့ခေါင်းအခြားတစ်ဖက်ကို လှည့်ပြီး ရှောင်လွှဲနေတဲ့ ခွန်းမျက်နှာကို သူလက်လေးနဲ့ ကိုင်ထိန်းကာ
“စွမ်းဆောင်ရည်မြှင့်ကြောင်း ခုတစ်ခါတည်း သက်သေ ထပ်ပြခဲ့ရမလား”
“ရုံးခန်းထဲမှာနော် မောင်”
“ခံစားချက်အသစ်လေးပေါ့”
ခွန်း လည်ပင်းကို ဖိကပ်နမ်းနေရင်း ကိုက်လိုက် လည်ပင်းသားကို အတင်းစုပ်လိုက်လုပ်နေတဲ့ မောင့်ကြောင့်
“အ့ မောင် နာတယ်”
“တော်ပြီ မောင် နာတယ်လို့”
နာတယ်ပြောပေမယ့် မလွှတ်ဘဲ အချိန်တော်တော်ကြာမှ လွှတ်ကာ
“ဒါမှ လည်ပင်းလေးက ပြည့်စုံသွားတာ”
သူလုပ်လိုက်တဲ့ အရာလေးကို ကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးနေတဲ့မောင်က မုန်းစရာကောင်းလွန်းပေမယ့်
ခွန်းရင်ထဲမှာတော့ အမည်မသိလှိုင်းတွေ ရိုက်ခက်နေဆဲပင်
“အရာ ထင်ကုန်ပြီမလား မောင်”
“အွန်း အဟက် မောင့်မိန်းမ ဖြစ်ကြောင်းသက်သေတွေလေ”
“မောင်နော် ဆိုင်မှာ ဝန်ထမ်းတွေနဲ့”
“ဘာဖြစ်လဲ မောင် ပေးရဲ့အချစ်အရာတွေလေ ဂုဏ်တောင် ယူရဦးမယ်”
“ဖယ်တော့ ကွာ”
မောင့်ကို တွန်းထုတ်လိုက်ကာ မှန်သွားကြည့်တော့ တကယ်လည်း အရာက အကြီးကြီး
“လှလား မ ကြိုက်လား”
“မကြိုက်ဘူး”
“အဟက် မေမေ တို့က လာခေါ်ခိုင်းလို့”
“မေမေတို့ကလား ခွန်းကိုဖုန်းဆက်မထားဘူးနော်”
ခွန်း အမေတို့က ခေါ်ခိုင်းတယ်ထင်ကာ မောင့်ဘက်ကို လှည့်ပြီး ပြောလိုက်တော့
“မဟုတ်ဘူး မောင့် မေမေ တို့က”
“ဟာ ဒီအရာကြီးနဲ့ အဲ့ဒါဆို ခနနေဦး”
ခွန်း အိတ်ထဲက makeup foundation ဘူးလေးထုတ်လိုက်ကာ လည်ပင်းမှာ ထူထူလေးဖုံးပေမယ့်
မာကင်ရာက ရဲလွန်းမို့ သိပ်မပျောက်သွား
“မောင် ကြည့်ပေးဦး အရာက တအားထင်လား”
“ထင်တော့ ဘာဖြစ်လဲ”
မောင်က အေးအေး ဆေးဆေးခုံပေါ် ခြေချိတ်ထိုင်ကာပြုံးပြီး ခွန်းကိုကြည့်နေပေမယ့် ခွန်းကတော့ မာကင်ရာကြောင့် အလုပ်ရှုပ်နေတုန်း
“ထင်သေးလား မောင်”
ခေါင်းလေးကို စောင်းကာ လည်ပင်းလေးကို မောင်
နားကပ်ပြီးပြတော့
“ထပ်နမ်းချင်စိတ်ဖြစ်အောင် မြူစွယ်နေတာလား”
“တော်ပြီနော် သွားမယ်”
ရသလောက်ဘဲ သေချာဖုံးဖိကာ မောင်နဲ့တူတူ ရှမ်းပြည်ပြန်တော့မယ့် မောင့် မေမေနဲ့ကိုကြီးတို့ကို သွားတော့ရတော့သည်။
အခန်းမှတ်ချက်များ (0)