Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၁၅)

တောင်ပေါ်သားလေးရဲ့ရင်ခုံသံ

“ခွန်း နင် အိမ်မပြန်သေးဘူးလား”

ညနေ၅နာရီကျော်နေပြီ ရုံးခန်းထဲမှာ မှိုင်ပြီး ထိုင်နေတဲ့ ခွန်းကြောင့် မြဖူးမေးလိုက်တော့

“ငါဝင်စရာလေးရှိလို့အချိန်စောင့်နေတာ”

“ဘယ်လဲ”

“ဆေးရုံ”

“ဟမ် ဘာဖြစ်လို့လဲ နင် နေမကောင်းဘူးလား လာ ထ ငါလိုက်ခဲ့မယ်လေ”

“မဟုတ်ပါဘူးဟာ”

“အဲ့ဒါဆို ဘာသွားလုပ်မှာလဲ နင်က”

“စိုင်းနွန်းခမ်းကို သွားတွေ့မလို့”

တောင်ကြီးက ပြန်လာပြီးထဲက စိုင်းအကြောင်းကို မဟခိုင်းတဲ့ ခွန်းက သူကိုယ်တိုင်ပြောလာတာမို့

“ဟမ် နင်က သွားတွေ့မယ်”

“ဟုတ်တယ် ငါဘာသာဆို မတွေ့ပါဘူး မေမေတို့ကြောင့်လေ ဖြစ်ပုံက ဒီလို…………###################”

ကံအကြောင်းဖန်လို့ ပြန်တွေ့ တာကို ခွန်းပြောပြမှ မြဖူး အံ့ဩနေသလို

စိုင်း ဆိုတဲ့ကောင်လေးက ခွန်းတင်မကဘဲ အန်တီတို့ သုံးယောက်လုံးကိုပါ သူဘက်ပါအောင်သိမ်းသွင်းထားတာမို့ ပိုအံ့ဩရပြန်သည်။

“အဟီး ခွန်းတော့ မောင်လေးတွေက်ုမကြိုက်ဘူး မကြိုက်ဘူးနဲ့ ခုတော့ ဆေးရုံထိ မောင်လေးကို သွားချော့ရတော့မယ်”

“မချော့ပါဘူး ချော့စရာလား ထမင်းစားဘဲ ဖိတ်မှာ”

“ဖိတ်ရုံဘဲပေါ့”

“ဖိတ်ရုံဘဲပေါ့ ငါက ဘာလုပ်ရဦးမှာလဲ တော်ပြီ တော်ပြီ နင်နဲ့ပြောနေရတာနဲ့ နောက်ကျတော့မှာဘဲ ငါသွားတော့မယ်”

ပိုက်ဆဲအိတ်လေးကောက်ဆွဲကာ ထွက်သွားတဲ့ ခွန်းကိုကြည့်ပြီး

“ငါတို့အပျိုကြီးအတွက်တောင် မကြာခင် လက်ဖွဲ့ကြိုပြင်ဆင်ရတော့မှာဘဲ”

**************

ခွန်းဆေးရုံရှေ့ကနေ ဆယ့်ငါးမိနစ်လောက် စောင့်ပြီးချိန် ဆေးရုံထဲကနေ ထွက်လာတဲ့ စိုင်း

ဘယ်ဘက်လက်လေးမှာ ဂျူတီကုဒ်လေး တင်ပြီး လမ်းလျှောက်လာတဲ့ပုံက မတွေ့ရတဲ့အတောအတွင်း

တော်တော်လေး ခန့်ညားချောမောလာသလို

ကားရှေ့မှာ ရပ်ကာ အပြင်ကနေ သူကိုလှန်းကြည့်နေတဲ့ ခွန်းကို မြင်လိုက်တာနဲ့ နှုတ်ခမ်းလေးတွန့်ကွေးကာ ပြုံးယောင်သမ်းသွားပြီး

“ဒေါက်တာ…”

အနောက်က ခေါ်သံ ကြားလိုက်တာမို့ လှည့်ကြည့်လိုက်တော့ ဌာနတူ ဂျူနီယာ ဆရာဝန်မလေး ဖြစ်နေတာကြောင့်

“ဘာကိစ္စရှိလို့လဲ”

“မရှိပါဘူး ဒေါက်တာ ကော်ဖီလေး လာပေးတာပါ”

ချောလွန်းသလို ရှမ်းတရုတ်လေးမို့ အသားအရည်လေးက ဖွေးဥနုနေတဲ့ စိုင်း

နေ့စဉ် လူနာတွေ သူနာပြုတွေ ဆရာဝန်မလေးတွေအပြင် ပြင်ပကကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာက ဆေးရုံအတွင်း သာမာန်ဖြစ်စဉ်လိုပင်

“တော်ပြီ ညစာစားတော့မှမို့”

“ယူသွားပေးပါ ဒေါက်တာရယ် ဒေါက်တာအတွက်ဆိုပြီး ဝယ်ခဲ့တာမို့”

“အွန်း ကျေးဇူးဘဲ”

စိတ်က မမ ဆီရောက်နေပြီမို့ ပေးတဲ့ကော်ဖီကို အမြန်ယူကာ ထွက်လာလိုက်တော့သည်။

_______________

“မ ဆေးရုံကို ဘာကိစ္စရှိလို့လဲ”

“မင်းနဲ့တွေ့ချင်လို့”

“မောင်နဲ့ တွေ့ချင်တာ”

မင်းလို့သေချာပြောလိုက်ရဲ့သားနဲ့ မောင်နဲ့လို့ ပြန်ပြောလာတဲ့ စိုင်းကြောင့်

စိုင်းစလိုက်တဲ့အချိန် ဖြစ်သွားတဲ့ မရဲ့မျက်နှာလေးက စိုင်းအတွက် ဆွဲငင်ရာလေးတစ်ခုလိုပင်

“ဘာ မောင်လဲ”

“မရဲ့မောင်လေ”

“စိုင်းနွန်းခမ်း!!!!”

“ဗျာ”

“ကျစ် တော်ပြီ”

“ဟော ဗျာ မမ ခေါ်လို့လဲ ထူးရသေးတယ် မရယ် ဘာကိုမလိုမကျနေတာလဲ”

အလိုမကျနေတာလဲလို့ မေးတဲ့ချိန် ခွန်းအကြည့်ရောက်သွားတာက ကော်ဖီခွက်ဆီ

“ကော်ဖီကြောင့်လား”

“မဟုတ်ပါဘူး”

“မ မကြိုက်ဘူးဆို နောက်ခါ ဘယ်သူပေးပေး မယူခဲ့တော့ဘူး ဂတိပေးတယ်”

“မယူနဲ့ပြောမိလို့လား”

“အဲ့ဒါဆို ယူပေါ့”

“သဘောဘဲ”

ကော်ဖီလာပေးတဲ့ ဆရာဝန်မလေးကိုရော မောင့်ကိုရော စိတ်ဆိုးနေတာတော့အမှန်

မောင့်ကို သဝန်တိုနေပေမယ့် မောင်မသိအောင် ဖုံးကွယ်နေရင်းက

“ဘယ်လဲ မ”

ကားတံခါးဖွင့်ဖို့ လုပ်နေတဲ့ ခွန်းရဲ့လက်ကို ဆွဲလိုက်ကာ

“အိမ်ပြန်မလို့လေ”

“မောင်နဲ့တွေ့ဖို့လာတာဆို လာတွေ့တဲ့အကြောင်းရင်းတော့ ပြောဦးမှပေါ့”

“မပြောချင်တော့ဘူး လာမတွေ့ခဲ့ဘူးဘဲ သဘောထားလိုက်တော့ မေ့လိုက်”

“ဟာ အဲ့လိုလုပ်လို့ ရမလား”

“ရတယ်”

မောင့် လက်ကနေ အတင်းရုန်းပြီး ကားထဲ ဝင်သွားတဲ့ ခွန်းကြောင့်

စိုင်းလည်း ခွန်းကားပေါ်ကိုဘဲ အမြန်လိုက်တက်လိုက်တော့

“ဘာလုပ်တာလဲ”

“ဗိုက်ဆာတယ် ညစာလိုက်ကျွေး”

“ကိုယ့်အိမ်ကိုယ်ပြန်စား”

“တောင်ကြီးထိပြန်စားရမှာလား”

“ခါတိုင်းမင်းဘယ်မှာစားလဲ အခုလည်း အဲ့မှာစားပေါ့”

“အားးမရတော့ဘူး တကယ် ဗိုက်တာနေပြီ မရဲ့”

ဗိုက်လေးကို ဖိကာ အော်နေတဲ့ ကောင်လေးကြောင့် နာရီကိုကြည့်လိုက်တော့လည်း နောက်ကျနေပြီ

“ဘာစားမှာလဲ”

“မ ချက်ကျွေးတာ”

“အချိန်မရှိတော့ဘူးလေ ဘာဝယ်ပြီး ဘာချက်ကျွေးရမှာလဲ ဗိုက်ဆာပြီဆို”

“အပြင်ဆာတွေမစားချင်လို့ပါ”

“ခါတိုင်းစားပါတယ်”

“ဒီနေ့မစားချင်လို့”

သပ်သပ်ရစ်နေမှန်းသိပေမယ့် ဗိုက်ဆာနေပြီဆိုတာကတော့မလိမ်နေမှန်း သိတာမို့

“အဲ့တာဆို ခွန်း တိုက်ခန်းသာ လိုက်ခဲ့လိုက်တော့”

« ရှေ့အခန်း - အပိုင်း(၁၄) နောက်အခန်း - အပိုင်း(၁၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ