တောင်းပေါ်သားလေးရဲ့ရင်ခုန်သံ
“ကျစ် ပြောလေဆိုးလေ ပါလား”
“မဆိုးစေချင်ရင် ပြန်ချစ်ပေးလေ မမရဲ့ မေတ္တာငတ်နေတာကြာပြီ “
“မေတ္တာတောင်းတဲ့လူမှားနေတယ် ဒေါက်တာ”
“လိုချင်တဲ့ မေတ္တာက မမဆီကဘဲ”
“တီးးးတောင်”
စကားမဆုံးခင်မှာတင် ပွင့်သွားတဲ့ ဓာတ်လှေကား တံခါး
“ဒေါက်တာ မင်္ဂလာပါ”
Nurse လေးတွေဝင်လာတာမို့ နှုတ်ဆက်တော့ စိုင်း ခေါင်းငြိမ့်ပြလိုက်ပြီး
“မ ဒီဘက်တိုး”
ခွန်းလက်ကို ဆွဲပြီး သူ့ဘေးကို ဆွဲလိုက်တာကြောင့် သူနာပြုလေးတွေရဲ့ အံ့ဩတဲ့အကြည့်က ခွန်းဆီ
“ဒေါက်တာ!!!!”
“ဘာ ဒေါက်တာလဲ မောင်လို့ဘဲခေါ်”
“ဟင်းးး”
ခွန်း သက်ပြင်းချပြီးဘဲငြိမ်နေလိုက်တော့သည်။
ထပ်ငြင်းနေလည်း စိုင်းဆိုတဲ့ ကောင်လေးက ပိုပိုပြီး ရှေ့ဆက်တိုးမှာ သိလို့ပင်
_________________
မောင့် ကိုရှောင်ချင်လို့ ဆေးရုံမသွားဘဲ တီလေးလိုအပ်တာမရှိအောင် ရုံးကလူတွေလွှတ်ကာ လုပ်ပေးပြီး အလုပ်အကြောင်းပြခါ ခွန်းကတော့ ဆေးရုံကို ခြေဦးမလှည့်
ဒီနေ့ ဆေးရုံဆင်းမယ့် နေ့မို့ ခွန်း မသွားချင်လည်း သွားရဦးမည်။
“သမီး တီလေးကို ကြည့်ထားဦး မေမေ သားဆီသွားလိုက်ဦးမယ်”
မေမေဆီက သားဆီဆိုတဲ့ စကားကြောင့် ခွန်း တော်တော်လေး အံ့ဩမိကာ
“သား ဘယ်ကသားလဲ မေမေ သမီးမသိအောင် တိတ်တိတ်ပုန်း မွေးထားတဲ့ သားတွေ ရှိသေးတာလား”
“ငါ လုပ်လိုက်ရ!!!! မတော်တရော်တွေ ပြောဦးမယ်
သားဆိုတာ ဆေးရုံကိုလာမှ ကောက်တော်လိုက်ရတဲ့သားလေ”
“ဘယ်သူလဲ”
“ဒေါက်တာလေး စိုင်းနွန်းခမ်းလေ”
“ရှင်”
“ရှင်မနေနဲ့ သားက အမေတို့ကို အကုန်ပြောပြပြီးပြီ”
“ဘာပြောပြတာလဲ”
“သမီးတို့က ချစ်သူတွေဆို ညည်းက စိတ်ကောက်နေတာတဲ့”
“ဟာ မဟုတ်ပါဘူး”
ထင်ပါတယ် မေမေ တိုကို ဆေးရုံတက်စထဲက တအားကပ်ချွဲနေမှတော့ မောင့်ရဲ့ ချွဲမှုတွေကြောင့် မေမေတို့လည်း အရေပျော်မယ်ဆိုတာ ထင်ပြီးသား
“ခွန်းရှင်နံသာ စိတ်ဆိုးတာ တော်ရုံဘဲ ကောင်းတယ်နော်”
မေမေအပြင် တီကြီးကပါ ခွန်းဘက်ကမရှိတာမို့ စိုင်းတော်တော်လေး သိမ်းသွင်းထားတာဖြစ်မယ်
“ဟာ တီကြီးနော် သမီးက တီကြီးတို့ ဥ နော်
ကိုယ့် ဥ ကို မနာဘဲ ဘယ်ဥသွားနာနေတာလဲ”
နှုတ်ခမ်းလေးဆူပြီး ပြောနေတဲ့ ခွန်းကို တံခါးဝကနေ ကြည့်နေတဲ့ စိုင်းကတော့ ပြုံးနေလိုက်တာများ
“မကြာခင် ငါတို့ဥ ဖြစ်လာမှာလေ”
“မဖြစ်ပါဘူး ဖြစ်စရာလား”
“ဖြစ်စရာပေါ့”
ခွန်းရဲ့အနောက်ကနေ အသံဝဲဝဲလေးနဲ့ ဝင်လာတဲ့ စိုင်းကြောင့်
မျက်လုံးလေးပြူးသွားကာ လန့်သွားပြီးမှ စိုင်းနဲ့အကြည့်ချင်းစုံမိတဲ့ မျက်ဝန်းလေးကို အကြည့် လွှဲလိုက်ကာ
“သားဆီ ခုဘဲ လာတော့မလို့”
“ဘာလိုလို့လဲ အမေ”
“မလိုပါဘူး သားရဲ့ လာနှုတ်ဆက်မလို့လေ ဒီနေ့ သား တီလေးက ဆေးရုံဆင်းမှာဆိုတော့ မနေ့ဖြန် အိမ်မှာ ထမင်းစားလာခဲ့လို့”
သားတွေ အမေတွေနဲ့ ဖြစ်နေကြတဲ့အပြင် အိမ်ကို ထမင်းစားက ဖိတ်လိုက်သေးတဲ့ မေမေတို့ကြောင့်
“မေမေ!!!”
“ဘာလဲ ညည်းအသံကြည့်ဘဲ”
“ဘာကိစ္စ ထမင်းဖိတ်ရတာတုန်း”
“ငါအိမ်ငါဖိတ်တာလေ ဘယ်သူ့ခွင့်ပြုချက်ယူရမှာတုန်း”
“ဒါပေမယ့် မေမေကလည်း တစိမ်းတွေ အိမ်မလာစေချင်လို့ပေါ့”
“ခွန်းနော်”
“ရပါတယ် မေမေရဲ့ မမ အဆင်မပြေဘူးဆို ကျွန်တော် မလာတော့ပါဘူး
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ စိုင်းကြောင့် ကိုယ့်စကားကိုယ် လွန်များသွားလားလို့ တွေးနေမိကာ
“ဒေါက်တာ 012က လူနာ အရေးပေါ်ဖြစ်နေလို့”
“ဟုတ်ပြီ ခွင့်ပြုပါဦးနော်အမေ”
သူနာပြုလေး လာခေါ်လို့ ချက်ချင်းလှည့်ထွက်သွားတဲ့မောင်က ခွန်းမျက်နှာကို တစ်စက်လေးတောင်မကြည့်
“အ့ မေမေ”
ဗိုက်ကို လိမ်ဆွဲလိုက်တဲ့ မေမေကြောင့် ဗိုက်ကလေးကိုပွတ်ကာ
“သားမလာလို့ကတော့ ခွန်းရှင်နံသာ ညည်းကြောင့်နော် ရအောင်ခေါ် သားကို ငါဒါဘဲပြောမယ်”
“မေမေတို့ကလည်း”
“ရအောင်ခေါ်ခဲ့ပါ သမီးရယ် သားက တီလေး ဆေးရုံတက်တဲ့တစ်လျှောက်လုံး ခနခန လာကြည့်ပေးတာ
ပြီးတော့ တီလေးက သားဆီ ကျေးဇူးရှိသွားပြီလေ”
“ဟုတ်တယ် သမီး သားက ကောင်းပေးတော့ အခြားဆရာဝန်တွေကပါ တီကြီးတို့ကို လေးလေးစားစား ဆက်ဆံပေးကြတယ်”
မေမေကလည်း တင်းမာနေတဲ့မျက်နှာထားတဲ့ ခွန်းကိုကြည့်နေသလို တီကြီးနဲ့တီလေးကပါ ခွန်းကို ဝိုင်းပြောနေကြပြီမို့
အခန်းမှတ်ချက်များ (0)